လူငယ်တို့အတွက် ခွန်အား
လူငယ်တို့အတွက်ခွန်အား၊ သင့်ထံသို့ ကယ်တင်ရှင်၏အမှာစကား
မတ် ၂၀၂၄


“လူငယ်တို့အတွက်ခွန်အား၊ သင့်ထံသို့ ကယ်တင်ရှင်၏အမှာစကား၊” လူငယ်တို့အတွက်ခွန်အား၊ မတ်၊၂၀၂၄။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ မတ် ၂၀၂၄

လူငယ်တို့အတွက်ခွန်အား၊ သင့်ထံသို့ ကယ်တင်ရှင်၏အမှာစကား

ဤလမ်းညွှန်ချက်သည် သင်၏ရွေးချယ်မှုများကို ယေရှုခရစ်တော်နှင့်သူ၏ဩဝါဒတို့နှင့် ဆက်စပ် စေပါသည်။

ရုပ်ပုံ
ယေရှုခရစ်တော်

ကျွန်ုပ်သည် တံခါး၌ရပ်၍ ခေါက်သည်၊ ဂျေ၊ ကာခ့် ရစ်ချတ်

သင်သည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်က ဂါလိလဲပြည်တွင် နေထိုင်သည်ဟု စိတ်ကူးကြည့်ပါ။ သင်နှင့်သင့်မိတ်ဆွေများသည် နာဇရက်မြို့သား ယေရှုမှ အထူးဧည့်သည်ဟောပြောသူအဖြစ် ပါဝင်သွားမည့် ဒေသခံတရားဇရပ်ရှိ လူငယ်ဝတ်ပြုဆုတောင်းပွဲသို့ ဖိတ်ကြားခြင်းခံရသည်။ သူ၏ ဟောပြောမှုတစ်နေရာအရောက်တွင်၊ ယေရှုက ပရိတ်သတ်ထဲရှိလူငယ်များကို သူ့အားမေးခွန်းများမေးရန် ဖိတ်ခေါ်ခဲ့သည်။

သင်သည် မည်သည့်မေးခွန်းများ ကြားရမည်ဟုထင်ပါသနည်း။

တချို့သောမေးခွန်းများသည် ခေတ်ကာလ၏ ယဉ်ကျေးမှုနှင့်အခြေအနေများကို ထင်ဟပ်လိမ့်မည်ဟု ကျွန်ုပ်ထင်ပါသည်။ သို့ရာတွင် မေးခွန်းအများစုသည်ကား ယနေ့တွင် ကျွန်ုပ်တို့မေးသောမေးခွန်းများနှင့် အတော်လေးဆင်တူလိမ့်မည်ဟု ကျွန်ုပ် အမှန်တကယ် ယုံကြည်ပါသည်။

ဥပမာပြရလျှင်၊ ဓမ္မသစ်ကာလတွင်၊ လူများသည် ကယ်တင်ရှင်အား ဤကဲ့သို့သောမေးခွန်းများကိုမေးခဲ့ကြသည်၊

  • ထာဝရအသက်ကိုရရန် ကျွန်ုပ် ဘာလုပ်ရမည်နည်း။

  • ကျွန်ုပ်ကို လက်ခံပါသလား။ ကျွန်ုပ်သည် ဝင်ဆန့်မှုရှိပါသလား။

  • ကျွန်ုပ်၏ ညီအစ်ကိုသည် ကျွန်ုပ်အား အပြစ်ကျူးလွန်ပါက၊ သူ့အား အကြိမ်ရေမည်မျှ ခွင့်လွှတ်သင့်သနည်း။

  • အနာဂတ်တွင် ဤမြေကြီးပေါ်၌ မည်သည့်အရာများဖြစ်ပျက်လာမည်နည်း။ ကျွန်ုပ် ဘေးကင်းပါမည်လား။

  • သင်သည် ကျွန်ုပ်ချစ်ရသူအား ကုသနိုင်ပါသလား။

  • သမ္မာတရားဆိုသည်မှာ အဘယ်နည်း။

  • ကျွန်ုပ်သည် မှန်ကန်သောလမ်းကိုလျှောက်နေကြောင်း မည်ကဲ့သို့သိနိုင်မည်နည်း။

ကျွန်ုပ်တို့အားလုံးသည် တစ်ခါတစ်ရံတွင် တူညီသောအရာအား စူးစမ်းမိတတ်ကြသည် မဟုတ်ပါလား။ ရာစုနှစ်များတစ်လျှောက်တွင်၊ မေးခွန်းများ ပြောင်းလဲခဲ့ခြင်း သိပ်မရှိပါ။ ထိုမေးခွန်းမေးသူများထံသို့ ယေရှုခရစ်တော်၏ကရုဏာတော်သည်လည်း ပြောင်းလဲခဲ့ခြင်းမရှိပါ။ အသက်တာသည် မည်မျှပူပန်ရပြီး သောကဖြစ်စေနိုင်ကြောင်း သူသိတော်မူသည်။ ကျွန်ုပ်တို့ လမ်းပျောက်ရန် မည်မျှလွယ်ကူကြောင်းကိုလည်း သူသိတော်မူသည်။ ကျွန်ုပ်တို့သည် ရံဖန်ရံခါတွင် အနာဂတ်အတွက် ပူပန်တတ်ကြောင်းကိုလည်း သူသိတော်မူသည်။ ရှေးယခင်က သူ၏နောက်လိုက်များအား မိန့်တော်မူသကဲ့သို့ သင်နှင့်ကျွန်ုပ်အားလည်း ကိုယ်တော်မိန့်တော်မူသည်မှာ၊

  • “သင်တို့စိတ်နှလုံး ပူပန်ခြင်းမရှိစေနှင့်။”

  • “ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။”

  • “ငါ့နောက်သို့လိုက်လော့။”၁၀

သင့်၌ အရေးတကြီး ရွေးချယ်စရာများ ရှိလျှင်၊ ယေရှုခရစ်တော်နှင့် သူ၏ပြန်လည်ဆောင်ယူထားသော ဧဝံဂေလိသည် အကောင်းဆုံးရွေးချယ်မှုဖြစ်၏။ သင့်၌ မေးခွန်းများ ရှိလျှင်၊ ယေရှုခရစ်တော်နှင့် သူ၏ပြန်လည်ဆောင်ယူထားသော ဧဝံဂေလိသည် အကောင်းဆုံး အဖြေဖြစ်၏။

ထို့ကြောင့် ကျွန်ုပ်သည် လူငယ်တို့အတွက်ခွန်အား၊ ရွေးချယ်မှုများပြုလုပ်ရာ၌လမ်းညွှန်တစ်ခု ကိုနှစ်သက်ခြင်းဖြစ်သည်။ ၎င်းသည် ယေရှုခရစ်တော်အား ညွှန်ပြသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် သူ၏ခွန်အားကို လက်ခံရရှိခြင်းဖြစ်သည်။ ကျွန်ုပ်သည် အိပ်ကပ်ထဲ၌ မိတ္တူတစ်စုံ အချိန်တိုင်းဆောင်ထားသည်။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းသားများအနေဖြင့်၊ကျွန်ုပ်တို့၊လုပ်ဆောင်နေသည့်အရာများကို အဘယ့်ကြောင့် လုပ်ဆောင်ကြောင်း၊ သိချင်ကြသည့် ကမ္ဘာအရပ်ရပ်မှ လူများနှင့်တွေ့ဆုံသည့်အခါ၊ ကျွန်ုပ်သည် ဤလမ်းညွှန်အား ဝေငှလိုက်ပါသည်။

လူငယ်တို့အတွက်ခွန်အား သည် ကယ်တင်ရှင်နှင့်သူ၏နည်းလမ်းအကြောင်း ထာဝရသမ္မာတရားများ ကို သင်ကြားသည်။ ၎င်းသည် သင့်အား ထိုသမ္မာတရားများအပေါ်အခြေခံ၍ ဆုံးဖြတ်ချက်များပြုလုပ်ရန် ဖိတ်ခေါ်သည်။ ထို့နောက် ၎င်းသည် ကိုယ်တော့်နောက်သို့လိုက်သူများထံသို့ ဖြန့်ကျက်ပေးထားသည့် ကတိပေးထားသောကောင်းချီးများကို ဝေငှပေးသည်။ ကျေးဇူးပြုပြီး ဤလမ်းညွှန်အား ဖတ်ပါ၊ အလေးအနက်တွေးတောပါ၊ ဝေငှပါ။

ကိုယ်တော့်အား ဖိတ်ခေါ်ပါ

ယေရှုခရစ်တော်သည် သင့်ဘဝ၏အစိတ်အပိုင်းတစ်ခုဖြစ်ရန် အလိုရှိသည်—ဆိုးသည်ဖြစ်စေ၊ကောင်းသည်ဖြစ်စေ မပြောင်းလဲသည့် နေ့ရက်တိုင်းတည်ရှိမှုတစ်ခုဖြစ်သည်။ သူသည် လမ်းအဆုံးတွင်သာ ရပ်နေပြီး၊ သင်နှင့်တွေ့ဆုံရန် စောင့်ဆိုင်းနေသည်မဟုတ်ပါ။ သင်နှင့်အတူ ခြေလှမ်းတိုင်းကို လိုက်လျှောက်ပေးမည်ဖြစ်ပါသည်။ သူ သည် လမ်းခရီးဖြစ်ပါသည်။

သို့ရာတွင် ကိုယ်တော်သည် သင့်ဘဝထဲသို့ အတင်းအကျပ်ဝင်ရောက်မည်မဟုတ်ပါ။ သင်၏ ရွေးချယ်မှုဖြင့် ၊ သူ့အား ဖိတ်ခေါ်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ရွေးချယ်မှုများအတွက် လမ်းညွှန်တစ်ခုဖြစ်သည့်၊ လူငယ်တို့အတွက်ခွန်အား၊ သည် တန်ဖိုးအလွန်ရှိခြင်းဖြစ်သည်။ ကယ်တင်ရှင်၏ထာဝရတည်မြဲသောသမ္မာတရားများအပေါ်အခြေခံ၍ မှန်ကန်သောရွေးချယ်မှုတစ်ခုပြုလုပ်သည့်အခါတိုင်းတွင်၊ သင်၏အသက်တာတွင် သူ့အားလိုအပ်ကြောင်း ပြသခြင်းဖြစ်သည်။ ထိုရွေးချယ်မှုများသည် ကောင်းကင်တံခါးများကို ပွင့်စေ၍ သူ၏ခွန်အားကိုလည်း သင်၏အသက်တာထဲသို့ သွန်းလောင်းစေမည်ဖြစ်သည်။၁၁

ခိုင်မာသော ဆက်နွယ်မှုတစ်ခု ပြုလုပ်ပါ

ကယ်တင်ရှင်သည် သူဟောပြောသောစကားများကို ကြားနားထောင် သူများကို “ကျောက်ပေါ်တွင်အိမ်ဆောက်သော“ပညာရှိ နှင့်ခိုင်းနှိုင်းခဲ့သည်ကို သင်မှတ်မိပါလိမ့်မည်။ ကိုယ်တော် ရှင်းပြခဲ့သည်မှာ၊

“မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာ တည်သောကြောင့် မပြိုမလဲနေ၏။”၁၂

အိမ်တစ်လုံးသည် ခိုင်ခန့်သောကြောင့် မုန်တိုင်းမှ လွတ်မြောက်နိုင်ခြင်းမဟုတ်ပါ။ အောက်ခံကျောက်သည် ခိုင်ခန့်သောကြောင့် လွတ်မြောက်နိုင်ခြင်းလည်းမဟုတ်ပါ။ အိမ်သည် မုန်တိုင်းမှ လွတ်မြောက်နိုင်ခြင်းမှာ ခိုင်ခန့်သောအောက်ခံကျောက်ကို ခိုင်မာစွာတွယ်ဆက်ထားသောကြောင့် ဖြစ်ပါသည်။ အရေးကြီးသည်မှာ အောက်ခံကျောက်ကို ဆက်နွယ်ထားသည့် အင်အားပင် ဖြစ်ပါသည်။

အလားတူစွာပင်၊ ကျွန်ုပ်တို့၏အသက်တာများကို တည်ဆောက်ရာ၌၊ ကောင်းမွန်သောရွေးချယ်မှုများပြုလုပ်ရန် အရေးကြီးပါသည်။ ကယ်တင်ရှင်၏ ထာဝရတည်မြဲသောသမ္မာတရားကို နားလည်ရန်လည်း အရေးကြီးပါသည်။ သို့ရာတွင် ကျွန်ုပ်တို့၏ ရွေးချယ်မှုများကို ယေရှုခရစ်တော်နှင့်သူ၏ဩဝါဒတို့နှင့် ဆက်နွယ် လိုက်သည့်အခါ ဘဝမုန်တိုင်းများကို ခံနိုင်ရည်ရှိစေရန် ကျွန်ုပ်တို့လိုအပ်သည့် ခွန်အားကို ရရှိလာပါသည်။ ၎င်းသည် လူငယ်တို့အတွက်ခွန်အား မှ ကျွန်ုတို့အား ကူညီပေးသည့်အရာဖြစ်ပါသည်။

ဥပမာအားဖြင့်၊ သင့်မိတ်ဆွေများသည် သင့်အနေဖြင့် စိတ်ထိခိုက်စေသော သို့ နာကျင်စေသော စကားများကို မပြောမိအောင်ကြိုးစားကြောင်း သိကြပေလိမ့်မည်။ လူအများစု လျစ်လျူရှုထားသော သို့ အနိုင်ကျင့်ရန်ပင်ကြိုးစားသော ကျောင်းမှ ကလေးငယ်တစ်ဦးထံသို့ သင်ရောက်သွားသည်ကို ၎င်းတို့ မြင်ကြပေလိမ့်မည်။ သို့ရာတွင် ယေရှုခရစ်တော်မှ “သင်နှင့်ကွဲပြားသူများ—အပါအဝင် … လူအားလုံးတို့သည် သင်၏ညီအစ်ကိုမောင်နှမများဖြစ်ကြသည်”ဟုသင်ကြားထားသောကြောင့် သင် ဤရွေးချယ်မှုများပြုလုပ်ကြောင်း ၎င်းတို့ သိရှိကြပါသလား။၁၃

သင်၏မိတ်ဆွေများသည် သင် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းသို့ သွားကြောင်း သိကြပေလိမ့်မည်။ သင်သည် သီချင်းတစ်ပုဒ်ကို ပိတ်လိုက်သည့်အခါ သို့မဟုတ် ရုပ်ရှင်ကြည့်ရန် ဖိတ်ခေါ်ချက်ကို ငြင်းပယ်လိုက်သည့်အခါ ၎င်းတို့ သတိပြုမိကြပေလိမ့်မည်။ သို့ရာတွင် သင်သည် “ကောင်းကင်ဘုံရှင်အဖ၊ ယေရှုခရစ်တော်တို့နှင့် ဝမ်းမြောက်ဖွယ် ပဋိညာဉ်ဆက်ဆံရေး”ရှိပြီး ၊ ကယ်တင်ရှင်နောက်လိုက်ရန် ထိုကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းအနေနှင့် “သန့်ရှင်းသောဝိညာဉ်တော်အား ခိုင်မြဲသောအဖော် အဖြစ်ထားရှိရခြင်း”ကို ကျေးဇူးတော်ချီးမွမ်းသောကြောင့် ဤရွေးချယ်မှုများပြုလုပ်ကြောင်း ၎င်းတို့သိကြပါသလား ။၁၄

သင်သည် အရက်မသောက်၊ ဆေးလိပ်မသောက်၊ တခြားအန္တရာယ်ရှိသည့် မူးယစ်ဆေးဝါးများလည်း မသုံးစွဲကြောင်း လူများ သိကြပေလိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏ပုံရိပ်ဖြင့် ဖန်ဆင်းသော “သင်တို့၏ဇာတိကိုယ်ခန္ဓာသည် မြင့်မြတ်၏၊”“ကောင်းကင်ဘုံရှင်အဖထံမှ အံ့ဖွယ်ဆုကျေးဇူးဖြစ်၏၊” ဟု ယေရှုခရစ်တော်မှ သွန်သင်ခဲ့သည့်အတွက် ဤရွေးချယ်မှုများပြုလုပ်ကြောင်း ၎င်းတို့သိကြပါသလား။၁၅

သင်သည် မသမာခြင်း၊ လိမ်လည်ခြင်း မပြုလုပ်ဘဲ ပညာရေးကို အလေးအနက်ထားကြောင်း သင်၏မိတ်ဆွေများ သိကောင်းသိကြပါလိမ့်မည်။ သို့ရာတွင် ထိုသို့ဖြစ်ခြင်းမှာ “သမ္မာတရားသည် သင့်အားလွတ်လပ်စေလိမ့်မည်” ဟု ယေရှုခရစ်တော်မှ သွန်သင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ၎င်းတို့သိကြပါသလား။၁၆

အရေးအကြီးဆုံးမှာ၊ “ယေရှုခရစ်တော်သည် သင်၏ခွန်အားဖြစ်သည်” ဟု သိသောကြောင့်ခရစ်တော်၏စံနှုန်းများအတိုင်း စစ်မှန်စွာနေထိုင်ရန် တစ်ခါတစ်ရံ လူကြိုက်မများသည့် ဤရွေးချယ်မှုများကို ပြုလုပ်ကြောင်း သင့်မိတ်ဆွေများ သိကြပါသလား။၁၇

ကိုယ်တော်သည် သင်၏ခွန်အားဖြစ်သည်

ယေရှုခရစ်တော်သည် တောက်ပပြီး ဘုန်းကျက်သရေရှိသောအနာဂတ်—သင်၏အနာဂတ်သို့ သွားရာလမ်းခရီးဖြစ်ကြောင်း ကျွန်ုပ်၏သေချာသော သက်သေခံချက်အား သင့်ကိုပေးပါမည်။ ကိုယ်တော်သည် တောက်ပပြီး ဘုန်းကျက်သရေရှိသော ပစ္စုပ္ပန်သို့ သွားရာလမ်းခရီးလည်း ဖြစ်တော်မူသည်။ ကိုယ်တော်၏လမ်းခရီး၌ လျှောက်လှမ်းလျှင်၊ သူသည်လည်း သင်နှင့်အတူလျှောက်လှမ်းပါလိမ့်မည်။ သင်လုပ်နိုင်ပါသည်။

ကျွန်ုပ်၏ ချစ်စွာသော ငယ်ရွယ်သည့် မိတ်ဆွေများ၊ ယေရှုခရစ်တော်သည် သင်တို့၏ခွန်အားဖြစ်ပါသည်။ ကိုယ်တော်နှင့်အတူ ဆက်၍လျှောက်လှမ်းပါက၊ သင့်အတွက် ကိုယ်တော်ပြင်ဆင်ထားသည့် ထာဝရပျော်ရွှင်ခြင်းဆီသို့ “လင်းယုန်ကဲ့သို့တောင်ပံများဖြင့်”၁၈ ပျံသန်းနိုင်ရန် ကူညီပေးပါလိမ့်မည်။