လူငယ်တို့အတွက် ခွန်အား
ကျွန်ုပ်တို့ဗတ္တိဇံခံသည့်အခါ မည်သည်ကို အသေအချာကတိပြုကြသနည်း။
ဇွန် ၂၀၂၄


“ကျွန်ုပ်တို့ဗတ္တိဇံခံသည့်အခါ မည်သည်ကို အသေအချာကတိပြုကြသနည်း။” လူငယ်တို့အတွက်ခွန်အား၊ ဇွန် ၂၀၂၄။

လစဉ် လူငယ်တို့အတွက်ခွန်အား အမှာစကား၊ ဇွန် ၂၀၂၄

ကျွန်ုပ်တို့နှစ်ခြင်းခံသည့်အခါ မည်သည်ကို အသေအချာကတိပြုကြသနည်း။

ရုပ်ပုံ
ဗတ္တိဇံ

အန်းနီ ဟန်နီး နေးဒါး ၏ ဗတ္တိဇံ

ကျွန်ပ်တို့ဗတ္တိဇံခံသည့်အခါ၊ ယေရှုခရစ်တော်၏နာမတော်အား ကျွန်ုပ်တို့အပေါ်၌ ခံယူရန်၊ ဘုရားသခင်အား အစေခံရန်နှင့် သူ၏ပညတ်တော်များကိုစောင့်ထိန်းရန် ပဋိညာဉ် (သို့မဟုတ် ကတိပြုကြသည်)(ရှု မောဇိယ ၁၈း၁၀ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၂၀း၃၇၊၇၇)။

ဗတ္တိဇံသည် ကျွန်ုပ်တို့အား “ဘုရားသခင်၏သိုးစုထဲသို့ဝင်၍၊ သူ၏လူမျိုးဟုခေါ်ရန်” အလိုရှိသောစိတ်ဆန္ဒကို ဖြည့်ဆည်းရန်ကူညီကြောင်း ကျမ်းစာများ၌ သင်ကြားခဲ့ရသည် (မောဇိယ ၁၈း၈)။ တနည်းဆိုရသော်၊ ကျွန်ုပ်တို့ ဗတ္တိဇံခံကြသည်မှာ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်သို့ ဝင်ရောက်လိုခြင်းဖြစ်ပြီး ယေရှုခရစ်တော်၌ပေါင်းစည်းခြင်းဖြင့် ရရှိလာသော အသိုက်အဝန်းနှင့်ချစ်ခြင်းမေတ္တာကို ခံစားရန်ဖြစ်သည်။

ကိုယ်တော်ရှင်အား အစေခံရန်နှင့် သူ၏ပညတ်တော်များကို စောင့်ထိန်းရန် ကတိပြုခြင်း၌ ကျွန်ုပ်တို့ဘဝတစ်လျှောက်လုံးတွင် များပြားလှသည့်အရာများ ပါဝင်နိုင်သည်။ ဥပမာအားဖြင့်၊ “တစ်ယောက်နှင့်တစ်ယောက်၏ဝန်များကိုပေါ့စေခြင်းငှာ ထမ်းဆောင်ရန်လိုလားပြီး၊…နှစ်သိမ့်ခြင်းကို လိုအပ်လျက်ရှိသူတို့ကို နှစ်သိမ့်ပြီး၊ ခပ်သိမ်းသော ကာလတို့ ၌လည်းကောင်း၊ ခပ်သိမ်းသောအရာတို့ ၌လည်းကောင်း၊ သင်တို့ရှိကြမည့် ခပ်သိမ်းသောအရပ်တို့၌လည်းကောင်း ဘုရားသခင်၏ သက်သေများအဖြစ် ရပ်တည်ရန်”ပါဝင်ပါသည် (မောဇိယ ၁၈း၈-၉)။