လက်စွဲစာအုပ်များနှင့်အမှုတော်ဆောင်တာဝန်များ
၃၂။နောင်တရခြင်းနှင့်အသင်းတော်အသင်းသားတိုင်ပင်ခြင်းများ


“၃၂။ နောင်တရခြင်းနှင့်အသင်းတော်အသင်းသားတိုင်ပင်ခြင်းများ၊” အထွေထွေလက်စွဲစာအုပ်-ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်တွင်အမှုတော်ဆောင်ခြင်း (၂၀၂၀)။

“၃၂ နောင်တရခြင်းနှင့်အသင်းတော်အသင်းသားတိုင်ပင်ခြင်းများ,” အထွေထွေလက်စွဲစာအုပ်။

ရုပ်ပုံ
စကားပြောနေသည့် အမျိုးသားများ

၃၂။

နောင်တရခြင်းနှင့်အသင်းတော်အသင်းသားတိုင်ပင်ခြင်းများ

၃၂၊၀

နိဒါန်း

နောင်တရခြင်းအများစုသည် မိမိကိုယ်တိုင်၊ ဘုရားသခင်နှင့် လူတစ်ယောက်၏အပြစ်ကြောင့် ခံစားခဲ့ရသောသူတို့၏ကြားမှာ တည်ရှိပါသည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အသင်းတော်အသင်းသားများအား သူတို့၏နောင်တရဖို့ကြိုးစားအားထုတ်မှုများ၌ကူညီရန်လိုအပ်ပါသည်။

အသင်းသားများကိုနောင်တရခြင်းနှင့် ပတ်သက်၍ ကူညီခြင်းတွင်၊ သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌများသည် ချစ်ခြင်းနှင့် ဂရုစိုက်ပေးခြင်းရှိပါသည်။ သူတို့သည် တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား ကယ်မ ပေးပြီး အပြစ်ကိုကျောခိုင်း၍၊ ဘုရားသခင်ဆီသို့လှည့်ရန် ကူညီပေးသော ကယ်တင်ရှင်၏ ပုံသက်သေနောက်ကို လိုက်လျှောက်ကြပါသည် (ရှု မဿဲ ၉း၁၀-၁၃ယောဟန် ၈း၃-၁၁)။

အောက်ပါဖော်ပြချက်ကဲ့သို့ပင်၊ ဤအခန်းတွင် ခေါင်းဆောင်များအတွက် အဓိကကျသောဆုံးဖြတ်ချက်များနှင့် လူတစ်ယောက်အား ပြင်းထန်သောအပြစ်မှနောင်တရရန်ကူညီပေးရန်နှင့် အခြားလူများအား ကာကွယ်ပေးရန် လိုအပ်သည့် လုပ်ဆောင်ချက်များကို စုပေါင်းဖော်ပြထားပါသည်။

  • လူတစ်ယောက်နောင်တရရန်ကူညီပေးခြင်း၌အသင်းတော်၏အခန်းကဏ္ဍ။ အပိုင်း ၃၂၊၁-၃၂၊၄ တွင်ကိုယ်တော်ရှင်၏ဩဝါဒဖြစ်သည့် နောင်တရခြင်းနှင့်ခွင့်လွှတ်ခြင်းကိုရှင်းပြပါသည်။ ဤအပိုင်းများတွင် အသင်းတော်အသင်းသား ကန့်သတ်ချက်များ သို့မဟုတ် ရုပ်သိမ်းမှုများ၏ ရည်ရွယ်ချက် ၃ မျိုးအကြောင်းကိုလည်းရှင်းပြပါသည်။ ထပ်လောင်း၍၊ နောင်တရခြင်းနှင့်ပတ်သက်၍ ကူညီခြင်းတွင် သင်းအုပ်များနှင့်ပန္နက်ဥက္ကဋ္ဌတို့၏ အခန်းကဏ္ဍကိုလည်းရှင်းပြပါသည်။

  • လူတစ်ယောက်နောင်တရဖို့ ကူညီခြင်းအတွက် အခင်းအကျင်းကိုဆုံးဖြတ်ခြင်း အသင်းသားတိုင်ပင်ခြင်းအဖွဲ့တစ်ဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ရေးရာတိုင်ပင်ခြင်းသည် တစ်စုံတစ်ယောက်နောင်တရရန်ကူညီခြင်းအတွက် သင့်လျော်သော အခင်းအကျင်းဟုတ်မဟုတ် ဆုံးဖြတ်ခြင်းအတွက် အပိုင်း ၃၂၊၅-၃၂၊၇ ကလမ်းညွှန်ချက်များ ပံ့ပိုးပေးပါသည်။

  • ပုဂ္ဂိုလ်ရေးရာတိုင်ပင်ဆွေးနွေးခြင်းအတွက်စီမံဆောင်ရွက်ခြင်း အပိုင်း ၃၂၊၈ တွင်သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌအားဖြင့် ပုဂ္ဂိုလ်ရေးရာ တိုင်ပင်ဆွေးနွေးခြင်းများအတွက်လမ်းညွှန်ချက်များဖော်ပြထားပါသည်။ အသင်းတော်အသင်းဝင်ဖြစ်ခြင်းတွင်အတည်မပြုရသေးသော သာမန်ကန့်သတ်ချက်များကိုလည်းရှင်းပြထားပါသည်။

  • အသင်းတော်အသင်းသားတိုင်ပင်ခြင်းများကို စီမံခန့်ခွဲခြင်း။ အပိုင်း ၃၂၊၉-၃၂၊၁၄ တွင် မည်သူက အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအတွက်တာဝန်ရှိသည်၊ မည်သို့လုပ်ဆောင်ရမည်နှင့် ဖြစ်နိုင်သောဆုံးဖြတ်ချက်များကိုရှင်းပြထားပါသည်။ ထိုဆုံးဖြတ်ချက်များ၏ ရလဒ်များကိုလည်းရှင်းပြထားပါသည်။

  • အသင်းတော်၌အသင်းဝင်ပြန်ဖြစ်လာခြင်း၏အထူးအခွင့်အရေးများ အပိုင်း ၃၂၊၁၅-၃၂၊၁၇ တွင် လူတစ်ယောက်သည် နောင်တရခြင်းအားဖြင့် အသင်းတော်တွင်အသင်းဝင်ဖြစ်ခြင်းဖြင့် မည်ကဲ့သို့အထူးအခွင့်အရေးရရှိနိုင်ခြင်းကိုရှင်းပြထားပါသည်။

အခြားမှတ်ချက်မပါရှိပါက၊ ပန္နက်ဥက္ကဋ္ဌကို ရည်ညွှန်းခြင်းများသည် သာသနာပြုဥက္ကဋ္ဌကို ရည်ညွှန်းခြင်းလည်းဖြစ်နိုင်ပါသည်။ သင်းအုပ်များကိုရည်ညွှန်းခြင်းများသည်လည်း အသင်းတော်ခွဲဥက္ကဋ္ဌများကိုရည်ညွှန်းခြင်းလည်းဖြစ်နိုင်ပါသည်။

ပြင်းထန်သောအပြစ်မှနောင်တရခြင်းအတွက် မူဝါဒများနှင့်လုပ်ငန်းစဉ်များကို ပထမဥက္ကဋ္ဌအဖွဲ့က ပြဋ္ဌာန်းထားပါသည်။ ပထမဥက္ကဋ္ဌအဖွဲ့သည် အသင်းတော်၏လျှို့ဝှက်သောမှတ်တမ်းများရုံးအားဖြင့် ကူညီပေးထားပါသည်။ ပန္နက်ဥက္ကဋ္ဌ သို့မဟုတ် သင်းအုပ်သည်ထိုရုံးသို့ စီမံခန့်ခွဲခြင်း သို့မဟုတ် မူဝါဒနှင့်ဆိုင်သောမေးခွန်းများနှင့် ဆက်သွယ်နိုင်ပါသည်။ ထိုရုံးက ပထမဥက္ကဋ္ဌအဖွဲ့၏ရုံးသို့ မည်ကဲ့သို့တောင်းဆိုချက်များတင်ပြနိုင်ကြောင်းကိုလည်းညွှန်ကြားချက်များပေးနိုင်ပါသည်။ ဆက်သွယ်ရမည့်အချက်အလက်များကို အောက်တွင်ပြသထားပါသည်။

၁-၈၀၁-၂၄၀၂၀၅၃ သို့မဟုတ် ၁-၈၀၀-၄၅၃-၃၈၆၀ ၊ လိုင်းခွဲ၂-၂၀၅၃

ခေါ်ဆိုမှုအခမဲ့ (GSD ဖုန်း)- ၈၅၅-၅၃၇-၄၃၅၇

အီးမေးလ် ConfidentialRecords@ChurchofJesusChrist.org


လူတစ်ယောက်နောင်တရရန်ကူညီပေးခြင်း၌အသင်းတော်၏အခန်းကဏ္ဍ


၃၂၊၁

နောင်တရခြင်းနှင့်ခွင့်လွှတ်ခြင်း

ကိုယ်တော်ရှင်က “မစင်​ကြယ်သော​အရာသည် ကောင်းကင်​နိုင်ငံတော်ကို အမွေ​မခံနိုင်ကြောင်း” မိန့်​တော်မူလေ၏။ (အယ်လမာ ၁၁း၃၇၊ လည်းရှု ၃ -နီဖိုင်း ၂၇း၁၉)။ ကျွန်ုပ်တို့၏အပြစ်များကကျွန်ုပ်တို့ကို မသန့်ရှင်းစေ—ကောင်းကင်ဘုံရှင်အဘ၏ မျက်မှောက်တော်၌နေထိုင်ဖို့ထိုက်တန်ခြင်းမရှိအောင်လုပ်သည်။ ဒီဘဝတွင်လည်းစိတ်နှလုံးပူဆွေးသောကများရောက်စေသည်။

ဘုရားသခင်၏တရားသောဓမ္မသတ်သည် ကျွန်ုပ်တို့အပြစ်လုပ်သည့်အချိန်တွင် အပြစ်၏အကျိုးဆက်ရှိကြောင်းပါဝင်သည် (ရှု အယ်လမာ ၄၂း၁၄၊၁၇-၁၇)။ သို့သော်လည်း၊ သူ၏ကြီးမားသောကရုဏာအကြံအစည်သည် “အပြစ်ပေးခြင်း ဥပဒေ​တစ်ခုလုံး၏ လိုအပ်ချက်များနှင့် ရင်ဆိုင်​ရစဉ်မှာ၊ သူတို့ကို ဘေးလွတ်ရာ​လက်ဖြင့် ပွေ့ထား​တော်မူ၏။” (အယ်လမာ ၃၄း၁၆၊ လည်းရှု မောဇိယ ၁၅း၉)။

သူ၏ကရုဏာအကြံအစည်ကို ပြီးမြောက်ရန်၊ ကောင်းကင်ဘုံရှင်အဘက သူ၏တစ်ဦးတည်းသား၊ ယေရှုခရစ်တော်အား၊ ကျွန်ုပ်တို့၏အပြစ်များအတွက် အပြစ်ဖြေပေးရန် စေလွှတ်ခဲ့သည် (ရှု အယ်လမာ ၄၂း၁၅)။ ကျွန်ုပ်တို့၏အပြစ်များအတွက် အပြစ်ပေးခြင်းဥပဒေကလိုအပ်သော အပြစ်ဒဏ်ကို ယေရှုခံစားခဲ့ရပါသည်(ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၉း၁၅-၁၉၊ လည်းရှု အယ်လမာ ၄၂း၂၄ -၂၅)။ ထိုပေးဆပ်ခြင်းအားဖြင့်၊ အဖနှင့်သားတော် နှစ်ဦးစလုံးတို့သည် ကျွန်ုပ်တို့အပေါ်ရှိသောသူတို့၏ မရေမတွက်နိုင်သောချစ်ခြင်းမေတ္တာကိုပြခဲ့ပါသည် (ရှု ရှင်ယောဟန် ၃း၁၆)။

“ယုံကြည်ခြင်းမှနောင်တရခြင်း” ကိုကျွန်ုပ်တို့လုပ်ဆောင်သောအခါ၊ ကောင်းကင်ဘုံရှင်အဘကကျွန်ုပ်တို့အားခွင့်လွှတ်ပေးပြီး၊ ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းအားဖြင့်ကရုဏာကို ရရှိစေပါသည် (အယ်လမာ ၃၄း၁၅၊ လည်းရှု အယ်လမာ ၄၂း၁၃)။ ကျွန်ုပ်တို့သန့်ရှင်းပြီးခွင့်လွှတ်မှုရသောအခါ၊ နောက်ဆုံးတွင်ဘုရားသခင်၏နိုင်ငံတော်အားအမွေဆက်ခံနိုင်မည် (ရှု ဟေရှာယ ၁း၁၈ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၅၈း၄၂)။

နောင်တရခြင်းသည် အပြုအမူပြောင်းလဲခြင်းထက်ပိုပါသည်။ အပြစ်ဆီမှထွက်ခွာပြီး ကောင်းကင်ဘုံရှင်အဘနှင့်ယေရှုခရစ်တော်ဆီသို့ ဦးတည်ခြင်းဖြစ်ပါသည်။ နှလုံးသားနှင့် စိတ်ကိုပြောင်းလဲခြင်းသို့ဦးတည်စေသည် (ရှု မောဇိယ ၅း၂အယ်လမာ ၅း၁၂-၁၄ဟေလမန် ၁၅း၇)။ နောင်တရခြင်းအားဖြင့်၊ ကျွန်ုပ်တို့ သည်လူသားအသစ်များဖြစ်လာပြီး ဘုရားသခင်နှင့်စေ့စပ်ညှိနှိုင်းသူများဖြစ်လာကြသည် (ရှု ၂-ကောရ်ိန္ဒု ၅း၁၇-၁၈မောဇိယ ၂၇း၂၅-၂၆)။

နောင်တရခြင်းအခွင့်အရေးသည် သားတော်အားဖြင့်ပေးခဲ့သော ကောင်းကင်ဘုံရှင်အဖ၏အကြီးမြတ်ဆုံးသောကောင်းချီးမင်္ဂလာများထဲမှတစ်ခုဖြစ်သည်။

၃၂၊၂

အသင်းတော်မှအသင်းဝင်ဖြစ်ခြင်းကန့်သတ်ချက်များ သို့မဟုတ် ရုပ်သိမ်းမှု

လူတစ်ယောက်ဗတ္တိဇံခံသောအခါ၊ သူ သို့မဟုတ် သူမသည် “ဘုရားသခင်၏အိမ်တော်သား” ဖြစ်လာသည် (ဧဖက် ၂း၁၉)။ ဗတ္တိဇံပဋိညာဉ်တွင် ခရစ်တော်၏သင်ကြားမှုများနှင့်ပညတ်တော်များအတိုင်းနေထိုင်မည်ဟူသော ကတိပါရှိပါသည်။ လူတစ်ယောက်အမှားပြုလုပ်သည့်အခါ၊ သူ သို့မဟုတ် သူမ သည်ယေရှုခရစ်တော်၌ယုံကြည်ခြင်းကို ကျင့်သုံး၍နောင်တရပြီး ကိုယ်တော်၏ကရုဏာကိုအားကိုးပါက ခွန်အားနှင့်ခွင့်လွှတ်ခြင်းရနိုင်သည်။

အသင်းသားတစ်ဦးပြင်းထန်သောအပြစ်ကိုကျူးလွန်ပါက၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက သူ သို့မဟုတ် သူမကို နောင်တရရန် ကူညီပေးသည်။ ဤလုပ်ငန်းဆောင်တာ၏တစိတ်တပိုင်းအဖြစ်၊ အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းအထူးအခွင့်အရေးတချို့အား အချိန်အတိုင်းအတာတစ်ခုထိ ကန့်သတ်ထားမှုမျိုး သူလုပ်ရန်လိုအပ်ကောင်းလိုအပ်မည်။ အချို့သောအခြေအနေများတွင်၊ လူတစ်ဦး၏အသင်းဝင်ဖြစ်ခြင်းကိုရုပ်သိမ်းရန်လိုအပ်ကောင်းလိုအပ်မည်။

လူတစ်ဦး၏အသင်းဝင်ဖြစ်ခြင်းအားကန့်သတ်ထားခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းတို့သည် အပြစ်ဒဏ်ပေး​ရန်ရည်ရွယ်သည်မဟုတ်ပါ။ ထိုလုပ်ဆောင်မှုများသည် တစ်ခါတစ်ရံတွင် လူတစ်ဦးအားနောင်တရဖို့ကူညီပေးရန်နှင့် စိတ်နှလုံးသားပြောင်းလဲသောအတွေ့အကြုံရရန်အတွက် လိုအပ်ခြင်းသာဖြစ်ပါသည်။ ထိုလုပ်ဆောင်မှုများက လူတစ်ဦးအား ဝိညာဉ်ရေးရာပြန်လည်တည်ဆောက်ခြင်းနှင့် သူတို့၏ပဋိညာဉ်များကို တဖန်ပြန်လည်ထိန်းသိမ်းဖို့ပြန်ဆင်ရန်အချိန်လည်းပေးနိုင်ပါသည်။

သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက အသင်းဝင်ဖြစ်ခြင်းကန့်သတ်ထားမှု သို့မဟုတ် ရုပ်သိမ်းခြင်းတို့ကို ၃၂၊၅-၃၂၊၁၄ တို့အားဖြင့်ကြီးကြပ်ကွပ်ကဲပါသည်။ ထိုလုပ်ဆောင်ချက်များသည်နောင်တရခြင်းအခြေအနေအားဖြင့်အတူဒွန်တွဲနေပါသည်။ လူတစ်ယောက်စစ်မှန်စွာနောင်တရပါက၊ သူ သို့မဟုတ် သူမသည် အသင်းတော်၏အသင်းဝင်ဖြစ်ခြင်းအခွင့်ကိုပြန်လည်ရရှိနိုင်ပါသည်။

အသင်းဝင်ဖြစ်ခြင်းကန့်သတ်ထားခြင်းနှင့်ရုပ်သိမ်းခြင်းများလိုအပ်လာသည့်အခါ၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည်သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုနှင့် ဒီအခန်းတွင်ပါဝင်သော ညွှန်ကြားမှုများကိုလိုက်နာပါသည်။ ချစ်သောစိတ်ဖြင့် လုပ်ဆောင်ပါသည် (ရှု ၃၂၊၃)။

အသင်းတော်မှအသင်းဝင်ဖြစ်ခြင်းကန့်သတ်ချက်များသည် ဘာသာတရားဆိုင်သည်၊ ‌အရပ်ဘက်၊ သို့မဟုတ် ပြစ်မှုဆိုင်ရာဥပဒေချိုးဖောက်ခြင်းမျိုး မဟုတ်ပါ။ လူတစ်ဦး၏အသင်းတော်၌ ရပ်တည်မှုပေါ်၌သာ အကျိုးသက်ရောက်မှုရှိသည်။ (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၃၄း၁၀။)

အသင်းတော်မှအသင်းဝင်ဖြစ်ခြင်းကန့်သတ်ချက်များ သို့မဟုတ် ရုပ်သိမ်းမှုများ၏ ရည်ရွယ်ချက် ၃ မျိုး‌‌မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၃၂၊၂၊၁။

တခြားသူများအားကာကွယ်ရန်ကူညီပေးခြင်း

ပထမဆုံးရည်ရွယ်ချက်သည် တခြားသူများအားကာကွယ်ရန်ကူညီပေးခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် လူတစ်ဦးသည် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဝိညာဉ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုကိုပြသည်။ အာဏာရှင်ဆန်သောအပြုအမူများ၊ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ပြုမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ ဆေးဝါးများအလွန်အမင်းသုံးစွဲမှု၊ လိမ်လည်မှုနှင့်ဖောက်ပြန်သင်းကွဲခြင်းတို့သည် ထိုအရာဖြစ်ပေါ်နိုင်ခြင်း၏ အကြောင်းပြချက်တချို့ဖြစ်သည်။ တစ်စုံတစ်ဦးကထိုအရာများနှင့် တခြားပြင်းထန်သောနည်းလမ်းများဖြင့်ခြိမ်းခြောက်မှုများပြုလုပ်လာပါက တခြားသူများအားကာကွယ်ရန် သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် လမ်းပြလှုံ့ဆော်မှုဖြင့်လုပ်ဆောင်ရမည် (ရှု အယ်လမာ ၅း၅၉ -၆၀)။

၃၂၊၂၊၂။

ယေရှုခရစ်တော်၏ရွေးနှုတ်ခြင်းတန်ခိုးအား နောင်တရခြင်းအားဖြင့်ရရှိစေရန် လူတစ်ယောက်အားကူညီပေးခြင်း

ဒုတိယရည်ရွယ်ချက်သည် ယေရှုခရစ်တော်၏ရွေးနှုတ်ခြင်းတန်ခိုးအား နောင်တရခြင်းအားဖြင့်ရရှိစေရန် လူတစ်ယောက်အားကူညီပေးခြင်းဖြစ်သည်။ ထိုလုပ်ငန်းစဉ်အားဖြင့်၊ သူ သို့မဟုတ် သူမသည် တဖန်ပြန်သန့်ရှင်းလာနိုင်ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများအားလုံးကိုရရှိရန် တစ်ဖန်ထိုက်တန်နိုင်သည်။

ကယ်တင်ရှင်က “ကျိုးပဲ့သော​နှလုံးသားနှင့် ကြေကွဲသော​စိတ်” တို့သည် အပြစ်ခွင့်လွှတ်ခြင်းအတွက်သူလိုအပ်သော ပေးဆပ်ခြင်းဖြစ်သည်ဟု သွန်သင်ပေးပါသည် (၃-နီဖိုင်း ၉း၂၀)။ ထိုအရာတွင် အပြစ်နှင့် သူတို့၏ အကျိုးဆက်များအတွက်စစ်မှန်သောနောင်တရခြင်းပါဝင်သည် (ရှု ၂- ကောရိန္သု ၇း၉-၁၀)။

လူတစ်ဦးပြင်းထန်သောအပြစ်ကျူးလွန်သောအခါ၊ အသင်းဝင်ဖြစ်ခြင်းကန့်သတ်ခြင်းနှင့် ရုပ်သိမ်းခြင်းတို့က နောင်တရရန်လိုအပ်သော ကျိုးပဲ့သောနှလုံးသားနှင့် ကြွေကွဲသောစိတ်ထားရရှိရန်၊ အပြစ်မှအမှန်တကယ်ကျောခိုင်းထွက်ခွာရန်နှင့် အပြစ်၏အကျိုးဆက်တို့ကိုနားလည်စေရန် ကူညီပေးပါသည်။ ထိုနားလည်ခြင်းက လူတို့အား ဘုရားသခင်နှင့်ပြုလုပ်ခဲ့သောသူတို့၏ပဋိညာဉ်များကိုပို၍နက်ရှိုင်းစွာတန်ဖိုးထားရန်နှင့် ထိုပဋိညာဉ်များကိုအနာဂတ်တွင်ဆက်လက်ထိန်းသိမ်းဖို့ ဆန္ဒရှိရန်ကူညီပေးပါသည်။

၃၂၊၂၊၃။

အသင်းတော်၏စုံလင်ဖြောင့်မတ်ခြင်းအားကာကွယ်ခြင်း

တတိယရည်ရွယ်ချက်သည် အသင်းတော်၏စုံလင်ဖြောင့်မတ်ခြင်းအား ကာကွယ်ခြင်းဖြစ်သည်။ သူ သို့မဟုတ် သူမ၏အပြုအမူသည် အသင်းတော်အားသိသာထင်ရှားစွာထိခိုက်မှုရှိရင် အသင်းတော်မှအသင်းဝင်ဖြစ်ခြင်းအား ကန့်သတ်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း လိုအပ်နိုင်သည် (ရှု အယ်လမာ ၃၉း၁၁)။ အသင်းတော်၏စုံလင်ဖြောင့်မတ်ခြင်းကိုကာကွယ်ခြင်းသည် ပြင်းထန်သောအပြစ်များကိုဖုံးကွယ်ခြင်း သို့မဟုတ် သေးငယ်အောင်ပြုလုပ်ခြင်းမဟုတ်ပါ၊ ထိုအရာတို့အားဖော်ပြခြင်းအားဖြင့်ဖြစ်သည်။

၃၂၊၃

ဣသရေလမှတရားသူကြီးများ၏အခန်းကဏ္ဍ

ရုပ်ပုံ
အမျိုးသားတစ်ဦးကို စကားပြောနေသည့်သင်းအုပ်

သင်းအုပ်များနှင့်ပန္နက်ဥက္ကဋ္ဌတို့သည် ဣသရေလတရားသူကြီးများဖြစ်စေရန် အခေါ်ခံရပြီး တာဝန်ပေးခံသူများဖြစ်ကြသည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀၇း၇၂-၇၄)။ သူတို့သည် အသင်းတော်၏အသင်းသားများနောင်တရစေဖို့ကူညီရန်အတွက် ယဇ်ပုရောဟိတ်အခွင့်အာဏာသော့ကိုကိုင်ဆောင်ပြီး ကိုယ်တော်ရှင်အား ကိုယ်စားပြုကြပါသည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၃း၁၁၀၇း၁၆-၁၈)။

မကြာခဏဆိုသလို သင်းအုပ်နှင့် ပန္နက်ဥက္ကဋ္ဌတို့သည် ပုဂ္ဂိုလ်ရေးရာတိုင်ပင်ဆွေးနွေးခြင်းအားဖြင့် နောင်တရရန်ကူညီပေးကြပါသည်။ ထိုကူညီပေးမှုတွင် အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းအတည်မပြုရသေးသောကန့်သတ်ချက်များပါ၀င်သည့်အထူးအခွင့်အရေးများကိုအချိန်အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထားခြင်းများပါဝင်နိုင်သည်။ (ရှု ၃၂၊၈။)

တချို့ပြင်းထန်သောအပြစ်များအတွက်၊ ခေါင်းဆောင်တို့သည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ပြီးနောင်တရရန်ကူညီပေးပါသည် (ရှု ၃၂၊၆ နှင့် ၃၂၊၉-၃၂၊၁၄)။ ထိုကူညီပေးမှုတွင် အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းအထူးအခွင့်အရေးများအားကန့်သတ်ထားခြင်း သို့မဟုတ်အတည်ပြုထားသည့်လူတစ်ဦး၏အသင်းဝင်ဖြစ်ခြင်းအား ရုပ်သိမ်းခြင်းတို့ကိုအချိန်အတိုင်းအတာတစ်ခုထိပြုလုပ်နိုင်သည် (ရှု ၃၂၊၁၁၊၃ နှင့် ၃၂၊၁၁၊၄)။

သင်းအုပ်နှင့်ပန္နက်ဥက္ကဋ္ဌတို့က ဘုရားသခင်သည်သူ၏သားသမီးများကိုချစ်ကြောင်းအသင်းသားများနားလည်ရန်ကူညီပေးသည်။ သူက သူတို့အား ပျော်ရွှင်ပြီးကောင်းချီးမင်္ဂလာများရရှိစေချင်သောကြောင့်၊ သူတို့၏နောင်တရခြင်းနှင့်နာခံခြင်းတို့ကိုအလွန့်အလွန်အလေးထားပါသည်။

အသင်းသားများကိုနောင်တရရန်ကူညီပေးသည့်အခါ သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌများသည် ချစ်ခြင်းနှင့် ဂရုစိုက်ပေးခြင်းရှိပါသည်။ မှားယွင်းသောအမှုကိုပြုလုပ်ခဲ့သောအမျိုးသမီးကိုကယ်တင်ရှင်၏တုံ့ပြန်ခြင်းသည် လမ်းညွှန်မှုတစ်ခုဖြစ်ပါသည် (ရှု ရှင်ယောဟန် ၈း၃-၁၁)။ သူမ၏အပြစ်များသည် ခွင့်လွှတ်ခြင်းရရှိသည်ဟု သူ မပြောခဲ့သော်လည်း၊ သူမအားပြစ်တင်ရှုတ်ချခြင်းမရှိခဲ့ပါ။ ထိုအစား၊ “နောင်တဖန်ဒုစရိုက်ကိုမပြုနှင့်”ဟု—နောင်တရရန်နှင့်သူမ၏ဘဝကိုပြောင်းလဲရန် မိန့်မှာတော်မူခဲ့ပါသည်။

ထိုခေါင်းဆောင်များက “ကောင်းကင်သားတို့သည် နောင်တရသောလူဆိုးတစ်ယောက်၌သာ၍ဝမ်းမြောက်ခြင်းရှိကြ၏” ဟုသွန်သင်ပေးခဲ့ကြပါသည် (ရှင်လုကာ ၁၅း၇)။ သူတို့သည် စိတ်ရှည်ခြင်း၊ ကူညီထောက်ခံပေးခြင်းနှင့် အကောင်းမြင်ခြင်းတို့ရှိကြပါသည်။ မျှော်လင့်ခြင်းကိုသူတို့လှုံ့ဆော်ပေးပါသည်။ ကယ်တင်ရှင်၏အပြစ်ဖြေခြင်းယဇ်ကြောင့်၊ အလုံးစုံသောသူတို့သည် နောင်တရနိုင်ပြီးသန့်ရှင်းလာနိုင်သည်ကို သူတို့သွန်သင်ပေးပြီး သက်သေခံကြပါသည်။

သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌတို့သည် လူတစ်ဦးချင်းစီအား နောင်တရရန်မည်ကဲ့သို့ကူညီပေးရမည်ကိုသိရှိရန် ဝိညာဉ်တော်၏လမ်းပြမှုကိုရှာဖွေကြပါသည်။ အပြင်းထန်ဆုံးသောအပြစ်များအတွက်သာ ခေါင်းဆောင်များ မည်သို့လုပ်ဆောင်မှုများပြုလုပ်သင့်သည်ကို အသင်းတော်ကသတ်မှတ်ထားပေးခြင်းဖြစ်သည် (ရှု ၃၂၊၆ နှင့် ၃၂၊၁၁)။ မည့်သည့်အခြေအနေနှစ်ခုကမှတူညီခြင်းမရှိပါ။ ခေါင်းဆောင်များမှပေးသော တိုင်ပင်ဆွေးနွေးမှုနှင့် နောင်တရရန်ကူညီပံ့ပိုးပေးသော လုပ်ငန်းစဉ်သည် ဝိညာဉ်တော်၏လှုံ့ဆော်မှုအားဖြင့်သာဖြစ်ရမည်ဖြစ်ပြီး လူတစ်ဦးချင်းဆီတိုင်းတွင် ကွာခြားမှုရှိနိုင်ပါသည်။

ကိုယ်တော်ရှင်က လူတစ်ဦးချင်းစီတိုင်း၏အခြေအနေများ၊လုပ်ဆောင်နိုင်စွမ်းနှင့် ဝိညာဉ်ရေးရာရင့်ကျက်မှုကိုသိသည်။ အသင်းသားများလိုအပ်သောပြောင်းလဲမှုများပြုလုပ်ကာ ကုသရန်နှင့် အပြစ်ထပ်လုပ်စေသော စုံစမ်းနှောင့်ယှက်မှုများကို ကြံ့ကြံ့ခံနိုင်ရန် လမ်းပြကူညီပေးရန်အတွက်သန့်ရှင်းသောဝိညာဉ်တော်ကခေါင်းဆောင်တို့အားသိမြင်စေပါသည်။

တစ်စုံတစ်ယောက်အားနောင်တရရန်ကူညီပေးပြီး ဘုရားသခင်ဆီသို့ပြန်လာစေခြင်းနှင့် ယေရှုခရစ်တော်၏အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ကုသမှုရရှိရန်ကူညီပေးခြင်းသည် လူတစ်ဦးခံစားရသောဝမ်းမြောက်စရာများထဲမှ ဝမ်းမြောက်စရာအကောင်းဆုံးဖြစ်သည်။ ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၈း၁၀-၁၃ တွင်ရှင်းပြသည်။

“ဘုရားသခင်၏​အမြင်၌ လူတို့၏​ထိုက်တန်မှု​ကြီးမြတ်ကြောင်းကို သတိရကြလော့၊

“အကြောင်းမူကား၊ ရှုလော့၊ ကိုယ်တော်ရှင် သင်၏​ရွေးနှုတ်ရှင်သည် ဇာတိ​ကိုယ်​ခန္ဓာအားဖြင့် သေခြင်းကိုခံစား၏။ သို့ဖြစ်၍၊ သူသည် ခပ်သိမ်းသော လူသားတို့နောင်တရ၍ သူ့ထံသို့ လာနိုင်ကြ​စေကြောင်း၊ ခပ်သိမ်းသောလူသား​တို့၏ နာကျင်မှုကို ခံစားတော်မူ၏။

“ခပ်သိမ်းသော လူသား​အပေါင်းတို့ကို နောင်တရခြင်း​အခွင့်များဖြင့် သူ့ထံသို့ ဆောင်ယူနိုင်​စေကြောင်း၊ သေခြင်းမှ တစ်ဖန်​ထမြောက်တော်မူ၏။

“နောင်တရသူ၌ သူ၏​ဝမ်းမြောက်ခြင်းမှာ ကြီးမြတ်လှပေစွ​တကား။”

၃၂၊၄

ဝန်ခံခြင်း၊ လျှို့ဝှက်ထားခြင်း နှင့် အစိုးရအခွင့်အာဏာပိုင်များအား အကြောင်းကြားခြင်း

၃၂၊၄၊၁

ဝန်ခံခြင်း

နောင်တရခြင်းတွင် အပြစ်များအားကောင်းကင်ဘုံရှင်အဖထံတွင် ဝန်ခံခြင်းလိုအပ်သည်။ ‌ယေရှုခရစ်တော်မိန့်တော်မူခဲ့သည် “ဤသို့​အားဖြင့် သင်တို့သည် လူတစ်ဦး မိမိ​အပြစ်များမှ နောင်တရ​မရကို ​သိနိုင်​ကြ၏—ရှုလော့၊ သူသည် ၎င်းတို့ကို ဝန်ခံပြီး၊ စွန့်ပစ်​လိမ့်မည်” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၅၈း၄၃၊ လည်းရှု မောဇိယ ၂၆း၂၉)။

အသင်းတော်မှအသင်းသားများ ပြင်းထန်သောအပြစ်များကိုကျူးလွန်သောအခါ၊ သူတို့၏နောင်တရခြင်းတွင် သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌတို့တွင် ဝန်ခံခြင်းလည်းပါဝင်သည်။ ထိုမှသူသည်ဧဝံဂေလိ၏အဓိကသော့ချက်ဖြစ်သော နောင်တရခြင်းအားဖွင့်ရန် သူတို့အစားလုပ်ဆောင်နိုင်သည် (ရှု ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃း၁၈၄း၂၆-၂၇၁၀၇း၁၈၊၂၀)။ ထိုအရာကယ်တင်ရှင်၏အပြစ်ဖြေခြင်းမင်္ဂလာတန်ခိုးအားဖြင့် သူတို့အား ကုသပျောက်ကင်းရန်နှင့် ဧဝံဂေလိလမ်းပေါ်သို့ပြန်လည်ရောက်ရှိရန်ကူညီပေးသည်။

ဝန်ခံခြင်း၏ရည်ရွယ်ချက်သည် အသင်းသားများအားသူတို့၏ဝန်ထုပ်ဝန်ပိုးများလျှော့ကျစေရန်အားပေးခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းနှင့်ကုသခြင်းတွင်ကိုယ်တော်ရှင်၏အကူအညီ အလုံးစုံရှာဖွေနိုင်ရန်ဖြစ်သည်။ “ကျိုးပဲ့သောနှလုံးသားနှင့်ကြေကွဲသောစိတ်” ဖြစ်ပေါ်လာခြင်းသည် ဝန်ခံခြင်းအားဖြင့် အကူအညီရနိုင်ပါသည် (၂- နီဖိုင်း ၂း၇)။ မိမိ၏ဆန္ဒအလျှောက်ဝန်ခံခြင်းက လူတစ်ဦး၏နောင်တရရန်စိတ်ဆန္ဒရှိခြင်းကိုပြပါသည်။

အသင်းသားတစ်ဦးဝန်ခံသောအခါ၊ သင်းအုပ်နှင့် ပန္နက်ဥက္ကဋ္ဌသည် တိုင်ပင်ဆွေးနွေးရန်အတွက် ၃၂၊၈တွင်ရှိသော လမ်းညွှန်မှုများကိုလိုက်နာသည်။ သူသည် အသင်းသားတစ်ဦးနောင်တရဖို့ကူညီပေးရန်အတွက် သင့်တော်သောနေရာအချိန်အခင်းအကျင်းများကိုသိရှိရန် ဆုတောင်းခြင်းဖြင့်လမ်းညွှန်မှုရှာဖွေသည် (ရှု ၃၂၊၅)။ အသင်းသားတိုင်ပင်ဆွေးနွေးခြင်း အစည်းအဝေးက အကူအညီပေးနိုင်မည်လားဆိုတာ သူစဉ်းစားသုံးသပ်ပါသည်။ အသင်းတော်၏မူဝါဒအရ အသင်းသားတိုင်ပင်ဆွေးနွေးမှုလိုအပ်လျှင်၊ သူသည် (ရှု ၃၂၊၆ နှင့် ၃၂၊၁၀) တို့ကိုရှင်းပြပါသည်။

တစ်ခါတစ်ရံတွင် အသင်းသားတစ်ဦးက အိမ်ထောင်ဘက် သို့မဟုတ် တခြားအရွယ်ရောက်ပြီးသူတစ်ဦးအား မှားယွင်းမှုပြုလုပ်သည်။ နောင်တရခြင်း၏တစ်စိတ်တစ်ပိုင်းအဖြစ်၊ သူ သို့မဟုတ် သူမသည် ထိုသူ၌ဝန်ခံပြီး ခွင့်လွှတ်မှုရယူရမည်။ ပြင်းထန်သောအပြစ်ကို ကျူးလွန်သောလူငယ်တစ်ယောက်အား ပုံမှန်အားဖြင့် သူ သို့မဟုတ် သူမ၏ မိဘများနှင့်တိုင်ပင်ဆွေးနွေးရန်တိုက်တွန်းသည်။

၃၂၊၄၊၂

ဝန်မခံသော သို့မဟုတ် ငြင်းပယ်သော ပြင်းထန်သည့်အပြစ်များ

ပုံမှန်အားဖြင့် သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည်ပြင်းထန်သောအပြစ်များအကြောင်းကို ဝန်ခံခြင်း သို့မဟုတ် တခြားလူတစ်ဦးဆီမှ သိရှိရသည်။ ဖြစ်နိုင်ဖွယ်ရှိသော ပြင်းထန်သောအပြစ်များအကြောင်းအား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သူ လှုံ့ဆော်မှုများရရှိနိုင်သည်။ သူသည် တစ်စုံတစ်ဦးအပြစ်ကြောင့် အခက်အခဲများနှင့်ရင်ဆိုင်နေရသည်ဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လှုံ့ဆော်မှုရရှိပါက၊ လူတွေ့မေးမြန်းရန်အတွက်အစီအစဉ်ဆွဲနိုင်သည်။ လူတွေ့မေးမြန်းခြင်းတွင်၊ သူ၏စိုးရိမ်မှုများကို ကြင်နာခြင်းနှင့်လေးစားမှုတို့ဖြင့်ဝေငှသည်။ စွပ်စွဲခြင်းသဘောလက္ခဏာမှန်သမျှကို ရှောင်ကြဉ်ပါသည်။

အသင်းသားတစ်ဦးက ပြင်းထန်သောအပြစ်ကိုကျူးလွန်ခြင်းအားငြင်းဆိုသော်လည်း သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌတွင် သက်သေခံအချက်အလက်များရှိပါက အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအစည်းအ​ဝေးပြုလုပ်နိုင်သည်။ သို့သော်လည်း၊ ဝိညာဉ်တော်ခံစားမှုတစ်ခုတည်းအားဖြင့် တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန် မလုံလောက်ပါ (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀း၃၇)။ ခေါင်းဆောင်သည်လိုအပ်ပါက ထပ်လောင်းအချက်အလက်များကို စုစည်းနိုင်ပါသည်။ သူသည် ၃၂၊၄၊၃ နှင့် ၃၂၊၁၀၊၂ မှလမ်းညွှန်မှုများကို လိုက်နာသည်။

၃၄၊၄၊၃

အချက်အလက်စုစည်းခြင်း

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းမပြုလုပ်မီ၊ သင်းအုပ်သို့မဟုတ်ပန္နက်ဥက္ကဋ္ဌသည် သူလိုအပ်သည့်အချက်အလက်များကိုရနိုင်သလောက်စုစည်းသည်။ ယေဘုယျအားဖြင့်၊ အသင်းသားတစ်ဦး၏ဝန်ခံချက်မှ အချက်အလက်များသည်ပြည့်စုံပါသည်။ အချက်အလက်များကို မိသားစုဝင်တစ်ဦးမှ၊ အခြားအသင်းတော်ခေါင်းဆောင်မှ၊ထိခိုက်ခံရသူမှ၊ သို့မဟုတ် အပြစ်လုပ်ရာတွင်ပါဝင်ခဲ့သူတစ်ဦးထံမှလည်း ရရှိနိုင်ပါသည်။

အချက်အလက်များကိုစုစည်းရာတွင်၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူတစ်ဦးအနေဖြင့် သင့်လျှော်သောနည်းလမ်းများကိုသာ အသုံးပြုသင့်သည်။ သူ သို့မဟုတ် သူမ၏သဘောတူညီမှုမပါဘဲ တစ်ဦးတစ်ယောက်အိမ်အားစောင့်ကြည့်ခြင်း သို့မဟုတ် ရိုက်ကူးမှတ်တမ်းထားခြင်းတို့ကိုမပြုလုပ်ရပါ။ ဥပဒေနှင့်ဆန့်ကျင်သော လုပ်ငန်းများကိုလည်းမလုပ်ဆောင်ရပါ။

မှားယွင်းသောစွပ်စွဲမှုများသည် ကြုံတောင့်ကြုံခဲဖြစ်ပါသည်၊ သို့သော်လည်းဖြစ်ပေါ်တတ်ပါသည်။ ယဇ်ပုရောဟိတ်အခွင့်ခေါင်းဆောင်များသည် လူတစ်ဦး၏စကားအပြင် အချက်အလက် အနည်းအကျဉ်းသာရှိသောအခါ သတိထားရမည်။ ဥပမာအားဖြင့်၊ ကာမမှုကျူးလွန်သည်ဟုစွပ်စွဲခံရသောအသင်းသားသည် စွပ်စွဲမှုကိုငြင်းဆန်နိုင်သည်။ ကျမ်းစာတွင် “ထိုသူ သို့မဟုတ် သူမ​တစ်ဖက်၌ စကားလုံးတိုင်းကို အသင်းတော်၏​သက်သေ​နှစ်ဦး​အားဖြင့် တည်စေ​ရမည်” ဟုရှင်းပြထားသည် (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၄၂း၈၀)။ “သက်သေနှစ်ဦး” ဆိုသည်မှာ အချက်အလက်အရင်းအမြစ် သီးခြားနှစ်ခုကို ဆိုလိုသည်။ ထိုအရာတွင် ပါဝင်ခဲ့သူတစ်ဦး၏သိခြင်းနှင့် အခြားယုံကြည်ရသောအထောက်အထားတို့လည်းပါဝင်နိုင်သည်။ တစ်ခါတစ်ရံတွင် လုပ်ဆောင်မှုပြုလုပ်ရန် ယဇ်ပုရောဟိတ်ခေါင်းဆောင်သည် ပိုများသောအချက်အလက်များရရှိနိုင်သည်အထိ စောင့်ရန်လိုအပ်သည်။

အသင်းတော်ခေါင်းဆောင်က အသင်းသားတိုင်ပင်ဆွေးနွေးခြင်း အစည်းအဝေးအတွက်အချက်အလက်များ စုစည်းစဉ်တွင်၊ ရဲအရာရှိများက အသင်းသားအား လက်ရှိစုံစမ်းမေးမြန်းမှုများပြုလုပ်နေသည်ဟုသိရလျှင် ထိုအချက်အလက်စုစည်းမှုများကိုချက်ချင်းရပ်ရမည်။ ထိုသို့ပြုလုပ်ခြင်းက ခေါင်းဆောင်သည် မှားယွင်းမှုအားအယူခံရရှိရန်ပြုလုပ်နေသည်ဟုထင်မြင်မှုများမှရှောင်ရှားရန်ဖြစ်သည်။ ထိုဥပဒေနှင့်သက်ဆိုင်သောအရာများအတွက်အကြံပေးမှုများကို အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံတွင်၊ ပန္နက်ဥက္ကဋ္ဌက အသင်းတော်၏ အထွေထွေအတိုင်ပင်ခံရုံးသို့ဆက်သွယ်သည်။

၁-၈၀၀-၄၅၃-၃၈၆၀၊ လိုင်းခွဲ ၂-၆၃၀၁

၁-၈၀၁-၂၄၀-၆၃၀၁

အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံ၏အပြင်ဘက်တွင်၊ ပန္နက်ဥက္ကဋ္ဌများသည် ဒေသရုံးတွင်ဥပဒေနှင့်ပတ်သက်မှုများ ဆွေးနွေးရန်ဆက်သွယ်နိုင်သည်။

ပုံမှန်အားဖြင့်၊ အရပ်ဘက် သို့မဟုတ် ပြည်နယ်ဆိုင်ရာဥပဒေ သို့မဟုတ် ပြစ်မှုဆိုင်ရာဥပဒေချိုးဖောက်ခြင်းကြောင့် တရားရုံးတွင်အမှုရင်ဆိုင်နေရချိန်တွင် တရားရုံးမှနောက်ဆုံးအမိန့်ချပြီးသည်အချိန်အထိ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအစည်းအဝေးကိုမပြုလုပ်ပါ။ တချို့သောကိစ္စများတွင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအစည်းအဝေးအား ဥပဒေရေးရာကိစ္စများအားလုံးပြီးသည်အထိ သို့မဟုတ် အယူခံဝင်ခြင်း ပယ်ခံရသည်အထိ ရွေ့ဆိုင်းထားရမည်။

၃၂၊၄၊၄

လျှို့ဝှက်ခြင်း

သင်းအုပ်များ၊ ပန္နက်ဥက္ကဋ္ဌများနှင့် သူတို့၏အတိုင်ပင်ခံတို့သည် သူတို့အားဝေငှပေးခဲ့သော သတင်းအချက်အလက်များကို လျှို့ဝှက်စွာထိန်းသိမ်းရန်သန့်ရှင်းမွန်မြတ်သော တာဝန်ရှိသည်။ ထိုသတင်းအချက်အလက်များကို လူတွေ့မေးမြန်းခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းနှင့် ဝန်ခံခြင်းတို့မှရရှိ နိုင်ပါသည်။ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအစည်းအဝေးကို တက်ရောက်သူတိုင်းသည် လျှို့ဝှက်ထားပေးရန်အလားတူတာဝန်ရှိသည်။ လျှို့ဝှက်ထားပေးခြင်းသည်အခြေခံလိုအပ်ချက်ဖြစ်သည် အဘယ်ကြောင့်ဆိုသော် အသင်းသားတို့ဝေငှပေးခြင်းများကိုလျှို့ဝှက်ထားမှုမရှိဘူးဟုသိရလျှင် သူတို့သည်အပြစ်အတွက်ဝန်ခံခြင်းနှင့်လမ်းညွှန်မှုရှာဖွေခြင်းတို့ကိုပြုလုပ်ကြမည်မဟုတ်ပါ။ လျှို့ဝှက်ကိစ္စများကိုဖွင့်ပြခြင်းသည် အသင်းသားတို့၏ယုံကြည်မှုအပေါ်သစ္စာဖောက်ခြင်းဖြစ်ပြီး သူတို့၏ခေါင်းဆောင်များပေါ်တွင်ထားရှိသောယုံကြည်မှုပျောက်ဆုံးနိုင်သည်။

လျှို့ဝှက်ထားပေးခြင်းတာဝန်နှင့်အညီ၊ ၊ပန္နက်ဥက္ကဋ္ဌနှင့် သူတို့၏အတိုင်ပင်ခံတို့သည် အောက်ပါဖော်ပြထားသောအခြေအနေများတွင်သာ ဝေငှနိုင်သည်။

  • အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအစည်းအဝေးလုပ်ရန် သို့မဟုတ် ထိုအရာနှင့်စပ်ဆိုင်သော ကိစ္စနှင့်ပတ်သက်၍အစည်းအဝေးကျင်းပမည့်အကြောင်းကို အသင်းသား၏ ပန္နက်ဥက္ကဋ္ဌ၊ သာသနာပြုအဖွဲ့ခေါင်းဆောင် သို့မဟုတ် သင်းအုပ်နှင့် ညှိနှိုင်းတိုင်ပင်ရမည်။ ပန္နက်ဥက္ကဋ္ဌကလည်း သူနှင့်တာဝန်ရှိသော ဒေသခုနှစ်ကျိပ်ဝင်တစ်ဦးနှင့်ညှိနှိုင်းတိုင်ပင်နိုင်သည်။ လိုအပ်ပါက၊ ဒေသခုနှစ်ကျိပ်ဝင်သည် ပန္နက်ဥက္ကဋ္ဌအား ဒေသဥက္ကဋ္ဌအဖွဲ့သို့လွဲပြောင်းပေးမည်။ ပန္နက်ဥက္ကဋ္ဌကသာ အစည်းအဝေးပြုလုပ်သင့်မသင့်နှင့် အဖြေရလဒ်ကိုဆုံးဖြတ်နိုင်သည်။

  • အသင်းတော်စုအသစ်သို့ လူတစ်ဦးပြောင်းသွားသောအခါ (သို့မဟုတ် ယဇ်ပရောဟိတ်ခေါင်းဆောင်တစ်ဦးတာဝန်ပြီးဆုံးသွားသောအခါ) အသင်းသားလုပ်ဆောင်မှုနှင့်အခြားအရေးကြီးသောအကြောင်းအရာများကို ခတ္တဆိုင်းငံ့ထားရသည်။ ထိုကဲ့သို့သောအခြေအနေများတွင်၊ ခေါင်းဆောင်တစ်ဦးက သင်းအုပ်အသစ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌအသစ်အား ဆိုင်းငံ့ထားသောလုပ်ငန်းဆောင်တာများနှင့် အလေးထားစရာအကြောင်းအရာများကို အသိပေးသည် (ရှု ၃၂၊၁၄၊၇)။ အကယ်၍အသင်းသားသည်တခြားသူများအားခြိမ်းခြောက်မှုများပြုလုပ်ပါက သူသည် ခေါင်းဆောင်ကိုအသိပေးသည်။

  • သင်းအုပ်သို့မဟုတ်ပန္နက်ဥက္ကဋ္ဌသည် အသင်းတော်စု သို့မဟုတ် ပန္နက်၏အပြင်ဘက်မှ အသင်းသားတစ်ဦးကလည်း ပြင်းထန်သောအပြစ်တွင်ပါဝင်သည်ဟုသိနိုင်သည်။ ထိုဖြစ်စဉ်တွင်၊ သူသည် ထိုအသင်းသား၏သင်းအုပ်အား လျှို့ဝှက်စွာဆက်သွယ်ပါသည်။

  • အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင် အချက်အလက်များကိုဖော်ထုတ်ပြောရန်လိုအပ်သည်။ အသင်းသားတိုင်ပင်ဆွေးနွေးခြင်း၏တစ်စိတ်တစ်ပိုင်းတွင်စုစည်းပြီး ဝေငှသောအချက်အလက်အားလုံးသည် လျှို့ဝှက်ထားရန်ဖြစ်သည်။

  • အသင်းသားတစ်ဦးသည် ခေါင်းဆောင်မှ တခြားသတ်မှတ်ထားသောလူများအား အချက်အလက်များဝေငှခွင့်ပေးရန်ရွေးချယ်နိုင်သည်။ ထိုလူများတွင်၊ မိဘများ၊ အသင်းတော်ခေါင်းဆောင်များ၊ သို့မဟုတ် ထောက်ပံ့မှုပေးနိုင်မည့်တခြားသူများပါဝင်နိုင်သည်။ ခေါင်းဆောင်သည်အချက်အလက်ကို အသင်းသားပေးထားသည့် ခွင့်ပြုချက်ထက်ကျော်လွန်ပြီး မဝေငှပါ။

  • အသင်းသားတိုင်ပင်ဆွေးနွေးခြင်းမှ ဆုံးဖြတ်ချက်နှင့်ပတ်သက်သည့်အချက်အလက် အနည်းအကျဉ်းကိုဝေငှရန် လိုအပ်ကောင်းလိုအပ်လိမ့်မည် (ရှု ၃၂၊၁၂၊၂)။

အခြားသောအခြေအနေများတွင်၊ ခေါင်းဆောင်သည် ၃၂၊၄၊၅ ကိုရည်ညွှန်းသင့်သည်။ ထိုကိစ္စများတွင် ကလေးငယ်များအားညှဉ်းပန်းနှိပ်စက်ခြင်းစသည့် ဥပဒေလိုအပ်သောပြစ်မှုများတွင် အစိုးရအခွင့်အာဏာပိုင်တို့အား အကြောင်းကြားရမည်ဖြစ်ကြောင်းပါဝင်သည်။

တခြားသူများအားကူညီပေးခြင်းနှင့် ဥပဒေကိုလိုက်လျှောက်ရာတွင် ခေါင်းဆောင်များအားကူညီရန် အသင်းတော်က လေ့ကျင့်ထားသောကျွမ်းကျွင်အတတ်ပညာရှင်များဖြင့်ကူညီပေးသည်။ ထိုလမ်းညွှန်ချက်အားရရှိရန်၊ ခေါင်းဆောင်သည် အသင်းတော်ပိုင် ညှဉ်းပန်းနှိပ်စက်ခြင်းအကူအညီဖုန်းလိုင်းသို့ ရရှိနိုင်သောနေရာတွင်ဆက်သွယ်နိုင်သည် (ရှု ၃၂၊၄၊၅ နှင့် ၃၈၊၆၊၂၊၁)။ ဆက်သွယ်၍မရရှိနိုင်ပါက၊ ပန္နက်ဥက္ကဋ္ဌသည် ဒေသရုံးတွင်ရှိသော ဒေသဥပဒေဆိုင်ရာအတိုင်ပင်ခံကိုဆက်သွယ်ပေးသည်။

တစ်ခုတည်းသောအခြေအနေ၌သာ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် လမ်းညွှန်မှုကိုပထမဦးဆုံး မယူဘဲ လျှို့ဝှက်သောအချက်အလက်များကိုဖွင့်ပြောနိုင်သည်။ ထိုအချိန်သည် အသက်အန္တရာယ်စိုးရိမ်ရသည့် အန္တရာယ်ပြုမှု သို့မဟုတ် ပြင်းထန်သောထိခိုက်ဒဏ်ရာရခြင်းအားကာကွယ်ရန်လိုအပ်နေပြီး လမ်းညွှန်မှုရှာဖွေရန်အချိန်မရှိသောအခြေအနေ၌ဖြစ်သည်။ ထိုကဲ့သို့သောကိစ္စရပ်များတွင်၊ လျှို့ဝှက်ထားခြင်းတာဝန်ထက် တခြားသူများကိုကာကွယ်ရန်တာဝန်မှာပိုအရေးကြီးသည်။ ခေါင်းဆောင်များသည်အရပ်ဘက် ဥပဒေအာဏာပိုင်တို့အားချက်ချင်းဆက်သွယ်သင့်သည်။

အကယ်၍ခေါင်းဆောင်သည်မှတ်စုများထားရှိခြင်းသို့မဟုတ် တစ်ဦးနှင့်တစ်ဦး အီလက်ထရွန်နစ်နည်းပညာဖြင့် ဆက်သွယ်ထားခြင်းများရှိလျှင်၊ သူတို့သည်ထိုအချက်အလက်များကို ကာကွယ်ရမည်။ မလိုအပ်တော့ပါက ထိုအချက်အလက်များကိုဖျက်ပစ်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတို့ပြုလုပ်ရမည်။ ပုဂ္ဂိုလ်ရေးရာနှင့်ဆိုင်သော အချက်အလက်များကို မလိုအပ်ဘဲဝေငှခြင်းမပြုလုပ်ပါ။

အရပ်ဘက်အာဏာပိုင်များက ယဇ်ပုရောဟိတ်ခေါင်းဆောင်၏လျှို့ဝှက်ခြင်းအား စုံစမ်းမေးမြန်းခြင်းများလုပ်ကောင်းလုပ်နိုင်သည်။ အမေရိကန်ပြည်ထောင်စုနှင့်ကနေဒါနိုင်ငံတွင်ဖြစ်ပါက၊ ပန္နက်ဥက္ကဋ္ဌသည် ဥပဒေရေးရာအကြံပေးမှုကို အသင်းတော်၏အထွေထွေအတိုင်ပင်ခံရုံးမှရယူသည်။

၁-၈၀၀-၄၅၃-၃၈၆၀, လိုင်းခွဲ ၂-၆၃၀၁

၁-၈၀၁-၂၄၀-၆၃၀၁

အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံ၏အပြင်ဘက်တွင်၊ ပန္နက်ဥက္ကဋ္ဌများသည် ဒေသရုံးတွင်ဥပဒေနှင့်ပတ်သက်မှုများဆွေးနွေးရန်ဆက်သွယ်နိုင်သည်။

၃၂၊၄၊၅

အစိုးရအခွင့်အာဏာပိုင်များအားအကြောင်းကြားခြင်း

နောင်တရနေသောသူအချို့သည် ပြည်နယ်ဆိုင်ရာဥပဒေ သို့မဟုတ် ပြစ်မှုဆိုင်ရာဥပဒေများကိုချိုးဖောက်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ တချို့ကိစ္စများတွင်၊ အစိုးရအာဏာရှိသူများက ထိုအမှုကိုသတိမထားမိကြပါ။ သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌတို့က အသင်းသားများအား ဥပဒေလိုက်နာရန်နှင့် လိုအပ်ပါက ထိုကဲ့သို့သောကိစ္စများကိုအကြောင်းကြားရင်း တိုက်တွန်းသည်။ ခေါင်းဆောင်များက အသင်းသားများအား အကြောင်းကြားခြင်းပြုလုပ်ရာတွင် ဥပဒေရေးရာအကြံပေးမှုရယူရန် တိုက်တွန်းသည်။ အသင်းတော်၏မူဝါဒသည် ဥပဒေကိုလိုက်နာခြင်းဖြစ်သည်။

နေရာမြောက်များစွာ၌ ယဇ်ပုရောဟိတ် ခေါင်းဆောင်တို့သည် သူတို့သတိထားမိသော တရားမဝင်အပြုအမူများအား အကြောင်းကြားမှုပြုလုပ်ရန် ဥပဒေအရလိုအပ်သည်။ ဥပမာအားဖြင့်၊ အချို့ပြည်နယ်များနှင့်နိုင်ငံများတွင် ကလေးများအားညှဉ်းပန်းနှိပ်စက်မှုကို ရဲအရာရှိများအားအကြောင်းကြားရန်လိုအပ်သည်။

အချို့သောနိုင်ငံများတွင်၊ အသင်းတော်ပိုင် ညှဉ်းပန်းနှိပ်စက်မှုအကူအညီပေးရေး လျှို့ဝှက်ဖုန်းလိုင်းတစ်ခုအား သင်းအုပ်များနှင့် ပန္နက်ဥက္ကဋ္ဌတို့ကိုကူညီရန် တည်ထောင်ပေးထားသည်။ ထိုခေါင်းဆောင်တို့သည် လူတစ်ဦးညှဉ်းပန်းနှိပ်စက်ခံရနေသည်ဖြစ်စေ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခံရရန် အန္တရာယ်ရှိနေသည့်အခြေအနေများတွင် ထိုဖုန်းလိုင်းများအား လျင်မြန်စွာခေါ်ဆိုရမည် (ရှု ၃၈၊၆၊၂၊၁)။ ထိုဖုန်းလိုင်းကိုတစ်ရက် ၂၄ နာရီလုံး၊ တစ်ပတ် ၇ ရက် ရနိုင်ပါသည်။

အကူအညီပေးရေးဖုန်းလိုင်းမရှိသောနိုင်ငံများတွင်၊ ညှဉ်းပန်းနှိပ်စက်မှုကိုသိရှိရသော သင်းအုပ်သည် ပန္နက်ဥက္ကဋ္ဌအားအကြောင်းကြားပြီး ပန္နက်ဥက္ကဋ္ဌသည် ဒေသရုံးမှ ဒေသဆိုင်ရာဥပဒေအတိုင်ပင်ခံမှ လမ်းညွှန်မှုများရယူသင့်သည်။

ညှဉ်းပန်းနှိပ်စက်မှုအတွက်ပိုမိုအချက်အလက်များသိရှိရန်၊ ရှု ၃၈၊၆၊၂၊၁ နှင့် ၃၈၊၆၊၂၊၇


လူတစ်ယောက်နောင်တရဖို့ ကူညီရန်လုပ်ဆောင်ရမည့်အရာများ၏ နေရာနှင့်အချိန်အခင်းအကျင်းကိုဆုံးဖြတ်ခြင်း


၃၂၊၅

နောင်တရဖို့ ကူညီရန်လုပ်ဆောင်ရမည့်အရာများ၏ နေရာနှင့်အချိန်အခင်းအကျင်း

အသင်းသားတစ်ဦးပြင်းထန်သောအပြစ်ကို ကျုးလွန်ခဲ့သည်ကိုသိရှိပြီးနောက်၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် တခြားသူများကိုကာကွယ်ရန်လုပ်ငန်းစဉ်များစတင်ပါသည်။ သူသည် လူတစ်ဦးနောင်တရခြင်းအတွက် နေရာနှင့်အချိန်အခင်းအကျင်းအတွက်ဆုံးဖြတ်ခြင်းနှင့် ကယ်တင်ရှင်နှင့်နီးလာဖို့ကူညီရန် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုကိုရှာဖွေပါသည်။

၃၂၊၅၊၁

နေရာနှင့်အချိန်အခင်းအကျင်းများအတွက်အကျဉ်း

လူတစ်ဦးနောင်တရဖို့ကူညီပေးရန်အတွက် နေရာနှင့်အချိန်အခင်းအကျင်းစာရင်း သုံးခုအားအောက်ပါဇယားတွင်ဖော်ပြထားသည်။ ခေါင်းဆောင်များအတွက်မည်သည့်နေရာနှင့်အချိန်အခင်းအကျင်းကို အသုံးပြုရမည်ကိုဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားစရာတချို့အားလည်း အကျဉ်းချုပ်ဖော်ပြထားပါသည်။

လူတစ်ယောက်နောင်တရဖို့ကူညီရန် နေရာနှင့်အချိန်အခင်းအကျင်းများ

နေရာနှင့်အချိန်အခင်းအကျင်း

ထည့်သွင်းစဉ်းစားစရာတချို့ (လည်းရှု ၃၂၊၇)

နေရာနှင့်အချိန်အခင်းအကျင်း

ပန္နက်အဖွဲ့ဝင်များတိုင်ပင်ဆွေးနွေးခြင်း

ထည့်သွင်းစဉ်းစားစရာတချို့ (လည်းရှု ၃၂၊၇)

  • ဗိမာန်တော်၌ဝိညာဉ်ပကတိအပ်နှင်းခြင်းရရှိပြီးသော အသင်းသားများအတွက်

  • ဝိညာဉ်ပကတိအပ်နှင်းခြင်းပြုလုပ်ထားသော အမျိုးသားသို့မဟုတ် အမျိုးသမီးသည် ၃၂၊၆၊၁၃၂၊၆၊၂၊ သို့မဟုတ် ၃၂၊၆၊၃ တို့တွင်ဖော်ပြထားသည့်ပြင်းထန်သောအပြစ်များသို့မဟုတ်လုပ်ဆောင်မှုများပြုလုပ်ပါက အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းမှရုပ်သိမ်းခံရနိုင်ပြီး ထိုအ‌ခြေအ‌နေတို့အတွက်ဤတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်လိုအပ်သည်။

နေရာနှင့်အချိန်အခင်းအကျင်း

အသင်းတော်စုအသင်းသားတိုင်ပင်ဆွေးနွေးခြင်း

ထည့်သွင်းစဉ်းစားစရာတချို့ (လည်းရှု ၃၂၊၇)

  • အသင်းသားတိုင်းအတွက်

  • ၃၂၊၆၊၁ တွင်ဖော်ပြထားသော ပြင်းထန်သောအပြစ်များအတွက်လိုအပ်သည်။

  • ၃၂၊၆၊၂ နှင့် ၃၂၊၆၊၃ တို့တွင်ဖော်ပြထားသော ပြင်းထန်သောအပြစ်များနှင့် လုပ်ဆောင်မှုများအတွက် လိုအပ်ကောင်းလိုအပ်နိုင်သည်။

  • ဝိညာဉ်ပကတိအပ်နှင်းခြင်းပြုလုပ်ထားသော အမျိုးသားသို့မဟုတ် အမျိုးသမီးသည် ၃၂၊၆၊၁၃၂၊၆၊၂၊ သို့မဟုတ် ၃၂၊၆၊၃တို့တွင်ဖော်ပြထားသည့် ပြင်းထန်သောအပြစ်များသို့မဟုတ်လုပ်ဆောင်မှုများပြုလုပ်ပါက သူတို့၏အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းမှရုပ်သိမ်းခံရခြင်းအတွက် မလုံလောက်ပါ။

နေရာနှင့်အချိန်အခင်းအကျင်း

ပုဂ္ဂိုလ်ရေးရာတိုင်ပင်ဆွေးနွေးခြင်း (ရှု ၃၂၊၈)

ထည့်သွင်းစဉ်းစားစရာတချို့ (လည်းရှု ၃၂၊၇)

  • အသင်းသားတိုင်းအတွက်

  • သာမန်အသင်းတော်၌အသင်းဝင်ဖြစ်ခြင်း ကန့်သတ်ချက်များပါဝင်နိုင်သည်။

  • ပြင်းထန်သောအပြစ်များသို့မဟုတ်လုပ်ဆောင်မှုများ အတွက် မလုံလောက်နိုင်ပါ၊ ထိုအရာတို့အတွက် နောင်တရခြင်းလုပ်ငန်းစဉ်၌ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းက အကူအညီဖြစ်စေနိုင်သည် (ရှု ၃၂၊၆၊၂ နှင့် ၃၂၊၆၊၃)။

  • အသင်းသားတိုင်ပင်ဆွေးနွေးခြင်းလိုအပ်သည့်ပြင်းထန်သည့်အပြစ်များအတွက် ဤတိုင်ပင်ဆွေးနွေးခြင်းတစ်ခုတည်းကမလုံလောက်ပါ (ရှု ၃၂၊၆၊၁)။

  • ဝိညာဉ်ပကတိအပ်နှင်းခြင်းပြုလုပ်ထားသော အမျိုးသားသို့မဟုတ် အမျိုးသမီးသည် ၃၂၊၆၊၁၃၂၊၆၊၂၊ သို့မဟုတ် ၃၂၊၆၊၃ တို့တွင်ဖော်ပြထားသည့်ပြင်းထန်သောအပြစ်များသို့မဟုတ်လုပ်ဆောင်မှုများပြုလုပ်ပါက သူတို့၏အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းမှရုပ်သိမ်းခံရခြင်းအတွက်ဤတိုင်ပင်ဆွေးနွေးခြင်းတစ်ခုတည်းက မလုံလောက်ပါ။

ပုဂ္ဂိုလ်ရေးရာတိုင်ပင်ဆွေးနွေးခြင်းနှင့် သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌအားဖြင့်ပြုလုပ်သည့်အတည်မပြုရသေးသောကန့်သတ်ချက်များသည် လူတစ်ဦးပြင်းထန်သောအပြစ်များမှနောင်တရဖို့ကူညီရန်အတွက်တစ်ခါတစ်ရံတွင်မလုံလောက်နိုင်ပါ။ ဤအခြေအနေများ၌ဣသရေလတရားသူကြီးအားကူညီရန် ကိုယ်တော်ရှင်သည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းများကို ပံ့ပိုးတော်မူခဲ့ပါသည်။ (ရှု ထွက်မြောက်ရာကျမ်း ၁၈း၁၂-၂၇မောဇိယ ၂၆း၂၉-၃၆ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၄၂း၈၀ -၈၃၁၀၂။) အချို့ပြင်းထန်သည့်အပြစ်များအတွက်၊ အသင်းတော်၏မူဝါဒအရ တိုင်ပင်ဆွေးနွေးခြင်းလုပ်ရန်လိုအပ်သည် (ရှု ၃၂၊၆၊၁)။ ဗိမာန်တော်တွင်ပြုလုပ်သောပဋိညာဉ်များကိုချိုးဖောက်လျှင် အသင်းသားတိုင်ပင်ဆွေးနွေးမှုပြုလုပ်ရန်လိုအပ်ခြင်း ဖြစ်နိုင်ခြေကိုတိုးစေပါသည် (ရှု ၃၂၊၇၊၄)။

အသင်းတော်စုတွင်၊ သင်းအုပ်၏အတိုင်ပင်ခံများသည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းများ၌ကူညီသည်။ ပန္နက်တွင်၊ ပန္နက်ဥက္ကဋ္ဌ၏အတိုင်ပင်ခံများကကူညီသည်။ အချို့သောပန္နက် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းများတွင်၊ အတိုင်ပင်ခံမင်းအဖွဲ့လည်းပါဝင်နိုင်သည် (ရှု ၃၂၊၉၊၂)။ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင်၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက လူတစ်ဦးအားချစ်ခြင်းစိတ်ဖြင့်တွေ့ပါသည်။

၃၂၊၅၊၂

လုပ်ဆောင်ရမည့်အရာများ၏နေရာအချိန်အခင်းအကျင်းနှင့် အချိန်ကိုက်လုပ်ဆောင်မှုကိုဆုံးဖြတ်ခြင်း

ဤအခင်းအကျင်းများထဲမှ မည်သည့်အရာက လူတစ်ဦးနောင်တရရန်အကောင်းဆုံးအကူအညီ ဖြစ်မည်ကို ဆုံးဖြတ်ရာတွင်၊ ခေါင်းဆောင်များသည်သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုကိုရှာဖွေကြသည်။ အောက်ပါအချက်များကိုလည်း သူတို့စဉ်းစားသုံးသပ်ကြသည်။

  • အပြစ်၏ပြင်းထန်မှု၊ တိုင်ပင်ဆွေးနွေးခြင်းလိုမလိုနှင့် ပတ်သက်သည့် အသင်းတော်၏မူဝါဒ (ရှု ၃၂၊၆)

  • လူတစ်ဦးအခြေအနေများ (ရှု ၃၂၊၇)

သင်းအုပ်သည် အထူးအခြေအနေများနှင့် ပတ်သက်၍ ပန္နက်ဥက္ကဋ္ဌနှင့် တိုင်ပင်ဆွေးနွေးသည်။ သူသည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းမပြုလုပ်မီ ပန္နက်ဥက္ကဋ္ဌ၏ခွင့်ပြုချက်ကို ရယူရမည်။

ခက်ခဲသောကိစ္စရပ်များတွင်၊ ပန္နက်ဥက္ကဋ္ဌသည် သူ၏ခန့်အပ်ထားသော ဒေသခုနှစ်ကျိပ်ဝင်နှင့်တိုင်ပင်ဆွေးနွေးမှုလုပ်နိုင်သည်။ ၃၂၊၆၊၃ တွင်ဖော်ပြထားသောကိစ္စရပ်များတွင် ပန္နက်ဥက္ကဋ္ဌက ဒေသဥက္ကဋ္ဌအဖွဲ့နှင့်တိုင်ပင်ဆွေးနွေးရမည်။ သို့သော်လည်း၊ ဖြစ်စဉ်ကိုထုတ်ဖော်ရန် တိုင်ပင်ဆွေးနွေးသင့်မသင့်ကို ပန္နက်ဥက္ကဋ္ဌတစ်ဦးတည်းကသာဆုံးဖြတ်နိုင်သည်။ တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ပါက၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက အဖြေရလဒ်ကို ဆုံးဖြတ်ပေးသည်။

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ပုဂ္ဂိုလ်ရေးရာတိုင်ပင်ဆွေးနွေးခြင်းဖြင့်လုံလောက်သည်ဟုဆုံးဖြတ်လျှင်၊ ၃၂၊၈ မှဖော်ပြထားသောလမ်းညွှန်မှုများကိုလိုက်နာသည်။ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းလိုအပ်သည်ဟု သူဆုံးဖြတ်ချက်ချပါက၊ သို့မဟုတ် အသင်းတော်၏မူဝါဒအရ တိုင်ပင်ဆွေးနွေးခြင်းလုပ်ရန်လိုအပ်လျှင်၊ အစည်းအဝေးပြုလုပ်မည့်သူသည် အောက်ပါ ၃၂၊၉-၃၂၊၁၄ မှလုပ်ငန်းစဉ်များကိုလိုက်နာသည်။

တိုင်ပင်ဆွေးနွေးမှုမပြုလုပ်မီ၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အတည်မပြုရသေးသောအသင်းဝင်ကန့်သတ်ခြင်းများသည် အချိန်အတိုင်းအတာတစ်ခုအထိအကောင်းဆုံးဖြစ်လိမ့်မည်ဟု ဆုံးဖြတ်ချက်ချနိုင်သည်။ အသင်းသား၏စစ်မှန်သောနောင်တအတွက် အကောင်းဆုံးတိုက်တွန်းနိုင်သောအချိန်တွင်တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်သည်။ သို့သော်လည်း၊ တခြားသူများကိုကာကွယ်ရန်လိုအပ်လာလျှင် တိုင်ပင်ဆွေးနွေးခြင်းကို အချိန်မဆွဲသင့်ပါ။

၃၂၊၆

အပြစ်၏ပြင်းထန်မှုနှင့် အသင်းတော်၏မူဝါဒ

အပြစ်၏ပြင်းထန်မှုသည် (၁) တခြားသူများကိုကာကွယ်မည့် (၂) လူတစ်ဦးနောင်တရရန်ကူညီမည့် အခင်းအကျင်းကို ဆုံးဖြတ်ရာတွင် အရေးကြီးသည့် ထည့်သွင်းစဉ်းစားစရာတစ်ခုဖြစ်သည်။ ကိုယ်တော်ရှင်ကမိန့်တော်မူခဲ့သည်မှာ သူသည် “အပြစ်တရားကို အနည်းဆုံးသော ပမာဏဖြင့် အခွင့်ပေးခြင်းကိုပင် မစဉ်းစားနိုင်” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁း၃၁၊ လည်းရှု မောဇိယ ၂၆း၂၉)။ သူ၏အစေခံတို့သည် ပြင်းထန်သောအပြစ်၏ထင်ရှားမှုကို လျစ်လျူမရှုရပါ။

ပြင်းထန်သောအပြစ်များသည်တမင်ရည်ရွယ်ပြီးပြုလုပ်မှုများဖြစ်ပြီးဘုရားသခင်၏ပညတ်တရားများကို ကြီးမားစွာဖောက်ဖျက်ခြင်းဖြစ်သည်။ ပြင်းထန်သောအပြစ်များ၏အမျိုးအစားများကို အောက်တွင်ဖော်ပြထားသည်။

  • အကြမ်းဖက်မှုလုပ်ရပ်များနှင့် နှိပ်စက်ညှဉ်းပန်းမှု (ရှု ၃၂၊၆၊၁၊၁ နှင့် ၃၂၊၆၊၂၊၁)

  • လိင်နှင့်ဆိုင်သောစာရိတ္တပျက်မှု (ရှု ၃၂၊၆၊၁၊၂ နှင့် ၃၂၊၆၊၂၊၂)

  • လိမ်လည်မှုလုပ်ရပ်များ (ရှု ၃၂၊၆၊၁၊၃ နှင့် ၃၂၊၆၊၂၊၃)

  • ယုံကြည်မှုဖောက်ဖျက်ခြင်းများ (ရှု ၃၂၊၆၊၁၊၄ နှင့် ၃၂၊၆၊၂၊၄)

  • တခြားလုပ်ရပ်များအချို့ (ရှု ၃၂၊၆၊၁၊၅ နှင့် ၃၂၊၆၊၂၊၅)

အောက်ပါအပိုင်းများတွင် မည်သည့်အချိန်တွင်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းလိုအပ်သည်၊ မည်သည့်အချိန်တွင်လိုအပ်ကောင်းလိုအပ်နိုင်သည်နှင့်၊ မည်သည့်အချိန်တွင်မလိုအပ်သည်တို့ကိုဖော်ပြထားပါသည်။

၃၂၊၆၊၁

အသင်းသားတိုင်ပင်ဆွေးနွေးခြင်း လိုအပ်သောအချိန်

ဤအပိုင်းတွင်ဖော်ပြထားသောအပြစ်များကို အသင်းသားတစ်ဦးကျူးလွန်ခဲ့မှုရှိနိုင်သည်ဟုသတင်းရရှိပါက သင်းအုပ်သို့မဟုတ်ပန္နက်ဥက္ကဋ္ဌသည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကို ပြုလုပ်ရမည်။ ဤအပြစ်များအတွက်၊ အသင်းသား၏ဝိညာဉ်ရေးရာရင့်ကျက်မှုနှင့် ဧဝံဂေလိတရားတော်နားလည်မှုအဆင့် မည်မျှပင်ရှိစေကာမူ တိုင်ပင်ဆွေးနွေးခြင်းကိုပြုလုပ်ရမည်။

ဤအပိုင်းတွင်​စာရင်းပြုစုထားသောအပြစ်များအတွက် စုပေါင်းတိုင်ပင်ဆွေးနွေးမှု၏ဖြစ်နိုင်ဖွယ်ရာရှိသောအဖြေများကို ၃၂၊၁၁ တွင်ကြည့်ပါ။ ဤတိုင်ပင်ဆွေးနွေးခြင်းများအတွက် အတည်မပြုရသေးသောအသင်းဝင်ဖြစ်ခြင်းကန့်သတ်မှုများကိုမရွေးချယ်နိုင်ပါ။

၃၂၊၆၊၁၊၁

အကြမ်းဖက်မှုလုပ်ရပ်များနှင့် နှိပ်စက်ညှဉ်းပန်းမှု

လူသတ်မှု။ အသင်းသားတစ်ဦးသည် တစ်စုံတစ်ဦးအားသတ်ပါက အသင်းသားတိုင်ပင်ဆွေးနွေးမှုပြုလုပ်ရန်လိုအပ်သည်။ ဤနေရာတွင်ဖော်ပြခဲ့သလိုပင်၊ လူသတ်မှု တမင်ရည်ရွယ်သောပြုလုပ်ခြင်းဖြစ်ပြီး၊ လူသား၏အသက်အတွက် တရားနည်းလမ်းမကျသော လုပ်ရပ်ဖြစ်သည်။ အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းမှရုပ်သိမ်းရန် လိုအပ်သည်။

လူသတ်ခြင်းတွင် ရဲ သို့မဟုတ် စစ်သားတို့၏ တာဝန်အရဆောင်ရွက်ခြင်းရခြင်းများမပါဝင်ပါ။ ဤအခြေအနေတွင် ကိုယ်ဝန်ဖျက်ချခြင်းကို လူသတ်မှုဟုမသတ်မှတ်ပါ။ သေဆုံးမှုသည် မတော်တဆထိခိုက်မှုဖြစ်ခြင်း သို့မဟုတ် မိမိကိုယ်မိမိ သို့မဟုတ် တခြားသူများကိုကာကွယ်ရန်ဖြစ်ပါက၊ လူတစ်ယောက်၏ဘဝကိုအဆုံးသတ်ခြင်းကို လူသတ်မှု ဟုမသတ်မှတ်နိုင်ပါ။ ထိုမသတ်မှတ်နိုင်ခြင်းသည် အခြားအခြေအနေများဖြစ်သည့် စိတ်ကျမ်းမာရေးမကောင်းသောလူတစ်ယောက်အတွက်လည်းဖြစ်နိုင်သည်။

မုဒိမ်းမှု။ မုဒိမ်းမှုအတွက် အသင်းသားတိုင်ပင်ဆွေးနွေးခြင်း ပြုလုပ်ရန်လိုအပ်သည်။ ဤနေရာတွင်ဖော်ပြခဲ့သလိုပင်၊ မုဒိမ်းမှု သည် တစ်ဦးတစ်ယောက်အား အတင်းအကျပ်ကာမဆက်ဆံစေခြင်း သို့မဟုတ် စိတ်စွမ်း၊ ကိုယ်စွမ်းအားနည်းသောကြောင့် တရားဝင်သဘောတူကြောင်းမပြောနိုင်သောသူများအား ကာမဆက်ဆံခြင်းဖြစ်သည်။ ဤနေရာတွင်ဖော်ပြထားသကဲ့သို့ပင်၊ မုဒိမ်းမှု တွင် ဥပဒေအရအရွယ်ရောက်ပြီး အသက်အရွယ်တန်းတူနီးပါးရှိသောလူနှစ်ဦး သဘောတူညီစွာ ကာမဆက်ဆံခြင်းမပါပါ။

လိင်ပိုင်းဆိုင်ရာစော်ကားမှု ပြစ်မှုထင်ရှားခြင်း။ အသင်းသားတစ်ဦး လိင်ပိုင်းဆိုင်ရာစော်ကားမှုပြစ်မှုထင်ရှားခြင်းရှိလျှင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်လိုအပ်သည်။

ကလေးသို့မဟုတ်လူငယ်အား ညှဉ်းပန်းနှိပ်စက်ခြင်း။ လူတစ်ဦးက ၃၈၊၆၊၂၊၃ ကလေးတစ်ယောက်သို့မဟုတ်လူငယ်တစ်ဦးအား ညှဉ်းပန်းနှိပ်စက်ခြင်းပြုလုပ်ပါက အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်လိုအပ်သည်။

အိမ်ထောင်ဘက် သို့မဟုတ် တခြားအရွယ်ရောက်သူအား ညှင်းပန်းနှိပ်စက်ခြင်း။ ပြင်းထန်သောညှဉ်းပန်းနှိပ်စက်ခြင်းအပြုအမူများတွင် မြောက်များစွာသောအခန်းကဏ္ဍတို့ပါဝင်သည်။ အိမ်ထောင်ဖက် သို့မဟုတ် တခြားအရွယ်ရောက်သူအားညှဉ်းပန်းနှိပ်စက်ခြင်းအတွက် မည်သည့်အချိန်တွင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းလိုအပ်သည်ကို ၃၈၊၆၊၂၊၄ တွင်ကြည့်ပါ။

အကြမ်းဖက်အာဏာရှင်အပြုအမူ။ အရွယ်ရောက်ပြီးသူတစ်ယောက်သည် လူများအား အကြမ်းဖက်အပြုအမူဖြင့် ရုပ်ပိုင်းဆိုင်ရာထပ်ခါထပ်ခါထိခိုက်စေပြီး တခြားသူများအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်စေလျှင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်လိုအပ်သည်။

၃၂၊၆၊၁၊၂

လိင်ကိစ္စနှင့်ပတ်သက်သော စာရိတ္တပျက်မှု

သွေးရင်းကာမစပ်ယှက်ကျူးလွန်မှု။ ၃၈၊၆၊၁၀ တွင်အဓိပ္ပာယ်ဖွင့်ဆိုထားသော သွေးရင်းကာမစပ်ယှက်ကျူးလွန်မှုအတွက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းလိုအပ်သည်။ လူတစ်ဦး၏အသင်းတော်မှ အသင်းဝင်ဖြစ်ခြင်းအား ရုပ်သိမ်းခြင်းသည် အမြဲလိုလိုပင်လိုအပ်သည်။

ကလေးများနှင့်ပတ်သက်သော ညစ်ညမ်းရုပ်ရှင်။ လူတစ်ဦးသည် ၃၈၊၆၊၆ တို့တွင်ဖော်ပြထားသကဲ့သို့ ကလေးများနှင့်ပတ်သက်သောညစ်ညမ်းရုပ်ရှင်တွင် ပါဝင်ပတ်သက်နေပါက အသင်းသားတိုင်ပင်ဆွေးနွေးခြင်းလိုအပ်သည်။

မယားပြိုင်လက်ထပ်ခြင်း။ လူတစ်ဦးသည်သိလျက်နှင့် မယားပြိုင်လက်ထပ်ခြင်းကိုပြုလုပ်လျှင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်လိုအပ်သည်။ အချို့သောမယားပြိုင်လက်ထပ်ခြင်းများတွင် အိမ်ထောင်ဘက်က တခြားအိမ်ထောင်ဘက်များအကြောင်းကိုမသိဘဲလျှို့ဝှက်ချက်ဖြစ်နိုင်သည်။ လူတစ်ဦးသည်သိလျက်နှင့် မယားပြိုင်လက်ထပ်ခြင်းကိုပြုလုပ်လျှင် အသင်းတော်မှအသင်းဝင်ဖြစ်ခြင်းကိုရုပ်သိမ်းရန်လိုအပ်သည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းအပြုအမူ။ အရွယ်ရောက်ပြီးသူတစ်ယောက်သည် လူများအား လိင်ပိုင်းဆိုင်ရာဖြင့်ထပ်ခါထပ်ခါထိခိုက်စေပြီး တခြားသူများအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်စေလျှင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်လိုအပ်သည်။

၃၂၊၆၊၁၊၃

လိမ်လည်မှုလုပ်ရပ်များ

ငွေကြေးဆိုင်ရာခေါင်းပုံဖြတ်သော အပြုအမူများ။ (၃၈၊၆၊၂၊၄) အရွယ်ရောက်ပြီးသူတစ်ယောက်သည် လူများအားငွေကြေးအရ တမင်ရည်ရွယ်ကာထပ်ခါထပ်ခါထိခိုက်စေသောမှတ်တမ်းရှိပြီး တခြားသူများအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်စေလျှင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်လိုအပ်သည်။ ဤအရာတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် တခြားသောလုပ်ငန်းဆောင်တာများအား လိမ်လည်ခြင်းများပါဝင်သည်။ စီးပွားရေးအခြေအနေကြောင့် မရည်ရွယ်သောငွေကြေးဆုံးရှုံးမှုများကို လိမ်လည်မှုဟုမယူဆနိုင်ပါ။ တရားစွဲဆိုမှုများပါဝင်ခဲ့လျှင်၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များသည် နောက်ဆုံးအဖြေရရှိသည်အထိစောင့်ရန်ဆုံးဖြတ်နိုင်သည်။ အသင်းသားတစ်ဦးသည် အသင်းတော်၏ရန်ပုံငွေနှင့် ပစ္စည်းဥစ္စာများကိုအလွဲသုံးစားပြုလုပ်ခြင်းတွင်ပါဝင်ပါက ၃၂၊၆၊၃၊၃ ကိုကြည့်ပါ။

၃၂၊၆၊၁၊၄

ယုံကြည်မှုဖျောက်ဖျက်ခြင်းများ

အသင်းတော်တွင်အရေးပါသည့်နေရာတစ်ခု၌ တာဝန်ထမ်းဆောင်နေရင်းပြုလုပ်သည့် ပြင်းထန်သောအပြစ်။ အသင်းတော်တွင်အရေးပါသည့်နေရာတစ်ခု၌ တာဝန်ထမ်းဆောင်နေရင်းပြင်းထန်သောအပြစ် ပြုလုပ်ပါက အသင်းသားတိုင်ပင်ဆွေးနွေးခြင်းလိုအပ်သည်။ ထိုအထဲတွင် အထွေထွေအာဏာပိုင်၊ အသင်းတော်၏အထွေထွေအရာရှိ၊ ဒေသခုနှစ်ကျိပ်၊ ဗိမာန်တော်ဥက္ကဋ္ဌ သို့မဟုတ် ဗိမာန်တော်၌အလုပ်လုပ်သောအမျိုးသမီး၊ သာသနာပြုအဖွဲ့ခေါင်းဆောင်နှင့်သူ၏အလုပ်ဖော်၊ ပန္နက်ဥက္ကဋ္ဌ၊မျိုးနွယ်စုအဘကောင်းချီးမင်္ဂလာပေးသောသူ၊ သို့မဟုတ် သင်းအုပ်တို့ပါဝင်သည်။ အသင်းတော်ခွဲဥက္ကဋ္ဌများမပါဝင်ပါ။ သို့သော်လည်း၊ အသင်းတော်ခွဲဥက္ကဋ္ဌ၏အသင်းတော်၌ အသင်းဝင်ဖြစ်ခြင်းအထူးအခွင့်အရေးများသည် တခြားအသင်းသားများကဲ့သို့ပင် ကန့်သတ်မှုနှင့်ရုပ်သိမ်းခြင်းများရှိနိုင်သည်။

၃၂၊၆၊၁၊၅

တခြားလုပ်ရပ်များအချို့

ပြစ်မှုထင်ရှားသည့်ပြစ်မှုများ။ လူတစ်ဦးသည်ပြစ်မှုထင်ရှားသည့်ပြစ်မှုတစ်ခုပြုလုပ်ပါက အခြေအနေအများစုတွင် အသင်းသားတိုင်ပင်ဆွေးနွေးမှုပြုလုပ်ရန်လိုအပ်သည်။

၃၂၊၆၊၂

အသင်းသားတိုင်ပင်ဆွေးနွေးခြင်း လိုအပ်နိုင်မည့်အချိန်

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းသည် အောက်ပါဥပမာများတွင်လိုအပ်နိုင်သည်။

၃၂၊၆၊၂၊၁

အကြမ်းဖက်မှုလုပ်ရပ်များနှင့် နှိပ်စက်ညှင်းပန်းမှု

ကိုယ်တော်ရှင်က ပညတ်ပေးတော်မူခဲ့သည်မူ၊ “အသက် မသတ်ရ၊ ထိုကဲ့သို့သောအမှု တစ်စုံတစ်ခုကိုမျှ မပြုရ” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၅၉း၆၊ စာလုံးစောင်းထည့်ထားသည်)။ အကြမ်းဖက်လုပ်ရပ်များနှင့်နှိပ်စက်ညှဉ်းပန်းမှုတို့အတွက် အသင်းဝင်ဖြစ်ခြင်းတိုင်ပင်ဆွေးနွေးခြင်းလုပ်ရန် လိုအပ်နိုင်သော(သို့သော်လည်း ကန့်သတ်ချက်မရှိ) အရာများကို အောက်တွင်ဖော်ပြထားသည်။

လူသတ်ရန်ကြိုးပမ်းမှု။ ရည်ရွယ်ချက်ရှိစွာဖြင့် တစ်စုံတစ်ဦးအားသတ်ရန်ကြိုးစားခြင်း။

လိင်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် အနှောင့်အယှက်ပေးမှုများပါဝင်သည်။ လိင်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်ခြင်းတွင် မြောက်မြားစွာသောလုပ်ဆောင်မှုများပါဝင်သည် (ရှု ၃၈၊၆၊၁၈)။ တစ်စုံတစ်ဦးအား လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းသို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပြုလုပ်ခဲ့ဖူးသူတစ်ယောက်အတွက် အသင်းသားတိုင်ပင်ဆွေးနွေးမှုလိုအပ်နိုင်သည်။ အသင်းသားသည် သူ သို့မဟုတ် သူမပြုလုပ်ခဲ့သော ဗိမာန်တော်မှပဋိညာဉ်များကိုဖောက်ဖျက်ခြင်း သို့မဟုတ် အပြစ်ကိုထပ်ခါထပ်ခါပြုလုပ်ပါက နောင်တရဖို့ကူညီပေးရန်အတွက် တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်ပို၍လိုအပ်နိုင်သည်။ မည်သည့်အချိန်တွင်တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်ကို ၃၈၊၆၊၁၈၊၃ တွင်ကြည့်ပါ။

အိမ်ထောင်ဖက် သို့မဟုတ် တခြားအရွယ်ရောက်သူအားညှဉ်းပန်းနှိပ်စက်ခြင်း။ ပြင်းထန်သောညှဉ်းပန်းနှိပ်စက်ခြင်းအပြုအမူများတွင် မြောက်များစွာသောအခန်းကဏ္ဍတို့ပါဝင်သည်။ (ရှု ၃၈၊၆၊၂၊၄)။ အိမ်ထောင်ဖက် သို့မဟုတ် တခြားအရွယ်ရောက်သူအား ညှဉ်းပန်းနှိပ်စက်ခြင်းပြုခဲ့ဖူးသူတစ်ယောက်အတွက် အသင်းသားတိုင်ပင်ဆွေးနွေးမှုလိုအပ်နိုင်သည်။ အသင်းသားသည် သူ သို့မဟုတ် သူမပြုလုပ်ခဲ့သော ဗိမာန်တော်မှပဋိညာဉ်များကိုဖောက်ဖျက်ခြင်း သို့မဟုတ် အပြစ်ကိုထပ်ခါထပ်ခါပြုလုပ်ပါက နောင်တရဖို့ကူညီပေးရန်အတွက်တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်ပို၍လိုအပ်နိုင်သည်။ မည်သည့်အချိန်တွင်တိုင်ပင်ဆွေးနွေးရန် လိုအပ်သည်ကို ၃၈၊၆၊၂၊၄ တွင်ကြည့်ပါ။

၃၂၊၆၊၂၊၂

လိင်ကိစ္စနှင့်ပတ်သက်သောအပြစ်

ကိုယ်တော်ရှင်၏ကာမစင်ကြယ်ခြင်းဥပဒေသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဥပဒေအရလက်ထပ်ခြင်းမရှိဘဲ လိင်ပိုင်းဆိုင်ရာဆက်ဆံရေးရှိခြင်းမှရှောင်ရှားခြင်းဖြစ်သည် (ရှု ထွက်မြောက်ရာကျမ်း ၂၀း၁၄ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၆၃း၁၆)။ ၃၈၊၆၊၅ တွင်ဖော်ပြထားသကဲ့သို့လိင်ကိစ္စနှင့်ပတ်သတ်သောအပြစ်သည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်လိုအပ်နိုင်သည်။ ထိုအခြေအနေများတွင်၊အသင်းသားသည် သူ သို့မဟုတ် သူမပြုလုပ်ခဲ့သော ဗိမာန်တော်မှပဋိညာဉ်များကိုဖောက်ဖျက်ခြင်း သို့မဟုတ် အပြစ်ကိုထပ်ခါထပ်ခါပြုလုပ်ပါက နောင်တရရန်ကူညီပေးရန်အတွက်တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်ပို၍လိုအပ်နိုင်သည်။ မည်သည့်အချိန်တွင်တိုင်ပင်ဆွေးနွေးရန်လိုအပ်သည်ကို ၃၂၊၆၊၁၊၂ တွင်ကြည့်ပါ။

၃၂၊၆၊၂၊၃

လိမ်လည်မှုလုပ်ရပ်များ

ပညတ်တော် ဆယ်ပါးတွင်၊ “သူ့ဥစ္စာကိုမခိုးနှင့်” သို့မဟုတ် “မမှန်သောသက်သေကိုမခံနှင့်” ဟုသွန်သင်ထားပါသည် (ထွက်မြောက်ရာကျမ်း ၂၀း၁၅-၁၆)။ လုယက်မှု၊ ဖောက်ထွင်းမှု၊ ခိုးမှု ၊အလွဲသုံးစားလုပ်မှု၊ မုသားပြောဆိုပြီးသက်သေခံထွက်ခြင်းနှင့် လိမ်လည်မှုများအတွက် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်လိုအပ်နိုင်သည်။ အဖွဲ့များကိုလိမ်လည်ခြင်းအတွက် ၃၈၊၈၊၂ ကိုကြည့်ပါ။ ထိုအခြေအနေများတွင်၊ အသင်းသားသည် သူ သို့မဟုတ် သူမပြုလုပ်ခဲ့သော ဗိမာန်တော်မှပဋိညာဉ်များကိုဖောက်ဖျက်ခြင်း သို့မဟုတ် အပြစ်ကိုထပ်ခါထပ်ခါပြုလုပ်ပါက နောင်တရဖို့ကူညီပေးရန်အတွက်တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်ပို၍လိုအပ်နိုင်သည်။

အဖွဲ့များကိုလိမ်လည်ခြင်းအတွက် ၃၈၊၈၊၂ ကိုကြည့်ပါ။ လိမ်လည်မှုများအတွက်မည်သည့်အချိန်တွင်တိုင်ပင်ဆွေးနွေးရန်လိုအပ်သည်ကို ၃၂၊၆၊၁၊၃ တွင်ကြည့်ပါ။ အသင်းသားတစ်ဦးသည် အသင်းတော်၏ရန်ပုံငွေနှင့် ပစ္စည်းဥစ္စာများကိုအလွဲသုံးစားပြုလုပ်ခြင်းတွင်ပါဝင်ပါက ၃၂၊၆၊၃၊၃ ကိုကြည့်ပါ။

၃၂၊၆၊၂၊၄

ယုံကြည်မှုဖောက်ဖျက်ခြင်းများ

အသင်းသားတစ်ဦးအတွက်အောက်ပါအခြေအနေများတွင် အသင်သားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်လိုအပ်သည်။

  • အသင်းတော်၌ သို့မဟုတ် လူ့အဖွဲ့အစည်းများတွင် အခွင့်အာဏာ သို့မဟုတ် ယုံကြည်ထားသည့်နေရာ၌တာဝန်ထမ်းဆောင်နေရင်း ပြင်းထန်သောအပြစ်ကိုပြုလုပ်ခြင်း။

  • လူသိများထင်ရှားသည့်ပြင်းထန်သောအပြစ်ကိုကျူးလွန်ခြင်း။

ထိုအခြေအနေများတွင်၊အသင်းသားသည်သူ သို့မဟုတ် သူမပြုလုပ်ခဲ့သော ဗိမာန်တော်မှပဋိညာဉ်များကိုဖောက်ဖျက်ခြင်း သို့မဟုတ် အပြစ်ကိုထပ်ခါထပ်ခါပြုလုပ်ပါက နောင်တရရန်ကူညီပေးရန်အတွက်တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်ပို၍လိုအပ်နိုင်သည်။

မည်သည့်အချိန်တွင်တိုင်ပင်ဆွေးနွေးရန်လိုအပ်သည်ကို ၃၂၊၆၊၁၊၄ တွင်ကြည့်ပါ။ အသင်းသားတစ်ဦးသည် အသင်းတော်၏ရန်ပုံငွေနှင့် ပစ္စည်းဥစ္စာများကိုအလွဲသုံးစားပြုလုပ်ခြင်းတွင်ပါဝင်ပါက ၃၂၊၆၊၃၊၃ ကိုကြည့်ပါ။

၃၂၊၆၊၂၊၅

တခြားလုပ်ရပ်များအချို့

ဗင်္ယာမိန်မင်းကြီးက၊ “သင်တို့​အပြစ်​ကျူးလွန်နိုင်သည့် ခပ်သိမ်းသော​အရာတို့ကို ငါမပြောပြနိုင်။ အကြောင်းမူကား၊ အထူးထူး​အပြားပြားသော​လမ်းများနှင့် နည်းလမ်းများ​ရှိ၏။ ထိုကဲ့သို့ပင်၊ အလွန်များ​သဖြင့် ၎င်းတို့ကို ငါမ​ရေတွက်နိုင်​” ဟုသွန်သွင်ခဲ့သည် (မောဇိယ ၄း၂၉)။ လူတစ်ဦးအတွက်အောက်ပါအခြေအနေများတွင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်လိုအပ်နိုင်သည်။

  • ပြင်းထန်သောအပြစ်များအားထပ်ခါပြုလုပ်သောပုံစံပြခြင်း(ရှု ဩဝါဒနှင့်ပဋိညာဉ်ကျမ်း ၈၂း၇)။

  • မိသားစု၏တာဝန်များ၊ ကလေးနှင့် ဇနီးအတွက်ထောက်ပံ့ခြင်းစသည်တို့ကို မပေးဘဲရည်ရွယ်ချက်ရှိစွာတာဝန်မယူခြင်း။

  • လူချင်းဖြစ်စေ၊ လိုင်းပေါ်တွင်ဖြစ်စေ ရုပ်ပိုင်းဆိုင်ရာခြိမ်းခြောက်ခြင်းများပြုလုပ်ခြင်း (ရှု ၃၂၊၂၊၂၊၁)။

  • တရားမဝင်ဆေးဝါးများရောင်းချခြင်း

  • ပြစ်မှုဆိုင်ရာဥပဒေနှင့်မကင်းသော အခြားပြင်းထန်သည့်လုပ်ရပ်များကျူးလွန်ခြင်း။

ထိုအခြေအနေများတွင်၊ အသင်းသားသည် သူ သို့မဟုတ် သူမပြုလုပ်ခဲ့သော ဗိမာန်တော်မှပဋိညာဉ်များကိုဖောက်ဖျက်ခြင်း သို့မဟုတ် အပြစ်ကိုထပ်ခါထပ်ခါပြုလုပ်ပါက နောင်တရဖို့ကူညီပေးရန်အတွက်တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်ပို၍လိုအပ်နိုင်သည်။

အသင်းသားတစ်ဦးသည် ကိုယ်ဝန်ဖျက်ချခြင်းအတွက် အဆိုတင်သွင်းခြင်း၊ ပြုလုပ်ခြင်း၊ လုပ်ရန်စီစဉ်ခြင်း၊ ပြုလုပ်ရန်အတွက်ငွေပေးခြင်း၊ ပြုလုပ်ရန်တိုက်တွန်းခြင်းတို့လုပ်ပါက အသင်းသားတိုင်ပင်ဆွေးနွေးခြင်းလုပ်ရန်လိုအပ်နိုင်သည်။ လမ်းညွှန်ခြင်းများအတွက် ၃၈၊၆၊၁ ကိုကြည့်ပါ။

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရမည့် အချိန်နှင့်ပြုလုပ်ရန်လိုအပ်ကောင်းလိုအပ်နိုင်သောအချိန်

အပြစ်အမျိုးအစား

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရမည့်အချိန် (ရှု ၃၂၊၆၊၁)

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန် လိုအပ်ကောင်းလိုအပ်နိုင်သောအချိန် (ရှု ၃၂၊၆၊၂)

အပြစ်အမျိုးအစား

အကြမ်းဖက်မှုလုပ်ရပ်များနှင့်နှိပ်စက်ညှဉ်းပန်းမှု

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရမည့်အချိန် (ရှု ၃၂၊၆၊၁)

  • လူသတ်မှု

  • မုဒိမ်းမှု

  • လိင်ပိုင်းဆိုင်ရာစော်ကားမှုပြစ်မှုထင်ရှားခြင်း

  • ကလေးသို့မဟုတ်လူငယ်အားညှဉ်းပန်းနှိပ်စက်ခြင်း

  • အကြမ်းဖက်အာဏာရှင်အပြုအမူ

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန် လိုအပ်ကောင်းလိုအပ်နိုင်သောအချိန် (ရှု ၃၂၊၆၊၂)

  • လူသတ်ရန်ကြိုးပမ်းမှု

  • လိင်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် အနှောင့်အယှက်ပေးမှုများအပါအဝင် (မည်သည့်အချိန်တွင်တိုင်ပင်ဆွေးနွေးရန်လိုအပ်သည်ကို ၃၈၊၆၊၁၈ တွင်ကြည့်ပါ)

  • အိမ်ထောင်ဘက် သို့မဟုတ် တခြားအရွယ်ရောက်သူအား ညှင်းပန်းနှိပ်စက်ခြင်း (မည်သည့်အချိန်တွင်တိုင်ပင်ဆွေးနွေးရန်လိုအပ်သည်ကို ၃၈၊၆၊၂၊၄ တွင်ကြည့်ပါ)

အပြစ်အမျိုးအစား

လိင်ကိစ္စနှင့်ပတ်သက်သောစာရိတ္တပျက်မှု

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရမည့်အချိန် (ရှု ၃၂၊၆၊၁)

  • သွေးရင်းကာမစပ်ယှက်ကျူးလွန်မှု

  • ကလေးများနှင့်ပတ်သက်သောညစ်ညမ်းရုပ်ရှင်

  • မယားပြိုင်လက်ထပ်ခြင်း

  • လိင်ပိုင်းဆိုင်အကြမ်းဖက်ခြင်းအပြုအမူ

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန် လိုအပ်ကောင်းလိုအပ်နိုင်သောအချိန် (ရှု ၃၂၊၆၊၂)

  • သူ့သားမယားကိုပြစ်မှားခြင်း၊ ကာမလွန်ကျူးခြင်း၊ လိင်တူဆက်ဆံခြင်း၊ နှင့် အွန်လိုင်းသို့မဟုတ် ဖုန်းပေါ်တွင် ကျူးလွန်သောလိင်ထိတွေ့ခြင်းများအပါအဝင်၊ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးနှင့်ကြားတွင် တရားဝင်လက်ထပ်ခြင်းထဲမှမဟုတ်သည့် တခြားသော လိင်ဆက်ဆံရေးများ။

  • လက်မထပ်ဘဲအတူနေခြင်း၊ လိင်တူကြင်ဖက်နှင့်လူ့အသိုင်းအဝိုင်းတွင်တရားဝင်အသိအမှတ်ပြုခံထားခြင်း နှင့်လိင်တူလက်ထပ်ခြင်း

  • ညစ်ညမ်းသောရုပ်ရှင်များအား လွန်ကဲစွာ သို့မဟုတ် အစွဲအလမ်းကြီးစွာကြည့်သောကြောင့် အသင်းသားတစ်ဦး၏ အိမ်ထောင်ရေး သို့မဟုတ် မိသားစုတွင် သိသိသာသာဖြစ်ပေါ်သောထိခိုက်နစ်နာခြင်း

အပြစ်အမျိုးအစား

လိမ်လည်မှုလုပ်ရပ်များ

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရမည့်အချိန် (ရှု ၃၂၊၆၊၁)

  • ငွေလိမ်လည်ခြင်းနှင့်တခြားသာလုပ်ငန်းဆောင်တာများအပါအဝင် ငွေကြေးဆိုင်ရာခေါင်းပုံဖြတ်ခြင်းအပြုအမူများ (အသင်းသားတစ်ဦးသည်အသင်းတော်၏ရန်ပုံငွေနှင့် ပစ္စည်းဥစ္စာများကိုအလွဲသုံးစားလုပ်ခြင်းတွင်ပါဝင်ပါက ၃၂၊၆၊၃၊၃ တွင်ကြည့်ပါ)

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန် လိုအပ်ကောင်းလိုအပ်နိုင်သောအချိန် (ရှု ၃၂၊၆၊၂)

  • လုယက်မှု၊ ဖောက်ထွင်းမှု၊ ခိုးမှု သို့မဟုတ် အလွဲသုံးစားလုပ်မှုများ (အသင်းသားတစ်ဦးသည်အသင်းတော်၏ရန်ပုံငွေနှင့် ပစ္စည်းဥစ္စာများကိုအလွဲသုံးစားလုပ်ခြင်းတွင်ပါဝင်ပါက ၃၂၊၆၊၃၊၃ တွင်ကြည့်ပါ)

  • မုသားပြောဆိုပြီးသက်သေခံထွက်ခြင်း

အပြစ်အမျိုးအစား

ယုံကြည်မှုဖောက်ဖျက်ခြင်းများ

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရမည့်အချိန် (ရှု ၃၂၊၆၊၁)

  • အသင်းတော်တွင်အရေးပါသည့်နေရာတစ်ခု၌ တာ၀န်ထမ်းဆောင်နေရင်း ပြုလုပ်သည့်ပြင်းထန်သောအပြစ်

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန် လိုအပ်ကောင်းလိုအပ်နိုင်သောအချိန် (ရှု ၃၂၊၆၊၂)

  • အသင်းတော်၌သို့မဟုတ် လူ့အဖွဲ့အစည်းများတွင် အခွင့်အာဏာ သို့မဟုတ် ယုံကြည်ထားသည့်နေရာ၌ တာဝန်ထမ်းဆောင်နေရင်း ပြင်းထန်သောအပြစ်ကိုပြုလုပ်ခြင်း (အသင်းသားတစ်ဦးသည်အသင်းတော်၏ရန်ပုံငွေနှင့် ပစ္စည်းဥစ္စာများကိုအလွဲသုံးစားလုပ်ခြင်းတွင်ပါဝင်ပါက ၃၂၊၆၊၃၊၃ တွင်ကြည့်ပါ။

  • လူသိများထင်ရှားသည့်ပြင်းထန်သောအပြစ်

အပြစ်အမျိုးအစား

တခြားလုပ်ရပ်များအချို့

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရမည့်အချိန် (ရှု ၃၂၊၆၊၁)

  • ပြစ်မှုထင်ရှားသော အလွန်ကြီးလေးသည့်ပြစ်မှုများ

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန် လိုအပ်ကောင်းလိုအပ်နိုင်သောအချိန် (ရှု ၃၂၊၆၊၂)

  • ကိုယ်ဝန်ဖျက်ချခြင်း ( ၃၈၊၆၊၁ တွင်ဖော်ပြထားသောခြွင်းချက်မှလွဲ၍)

  • ပြင်းထန်သောအပြစ်များပုံစံ

  • မိသားစု၏တာဝန်များ၊ ကလေးနှင့် ဇနီးအတွက်ထောက်ပံ့ခြင်းစသည်တို့ကို မပေးဘဲရည်ရွယ်ချက်ရှိစွာတာဝန်မယူခြင်း။

  • တရားမဝင်ဆေးဝါးများရောင်းချခြင်း

  • ပြစ်မှုဆိုင်ရာဥပဒေနှင့်မကင်းသော အခြားပြင်းထန်သည့်လုပ်ရပ်များ

၃၂၊၆၊၃

အသင်းသားတိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် အခြားလုပ်ဆောင်ချက်များပြုလုပ်ရန် လိုအပ်ခြင်းရှိမရှိကို ပန္နက်ဥက္ကဋ္ဌက ဒေသဥက္ကဋ္ဌအဖွဲ့နှင့်တိုင်ပင်ဆွေးနွေးသည်

အချို့သောကိစ္စများတွင် ပုံမှန်ထက်ပိုသောတုံ့ပြန်မှုနှင့် လမ်းညွှန်ခြင်းတို့လိုအပ်သည်။ မည်ကဲ့သို့အကောင်းဆုံးကူညီရမည်ကိုသိရန်၊ ဤအပိုင်းတွင်ဖော်ပြထားသောအခြေအနေတို့၏အကြောင်းကိုပန္နက်ဥက္ကဋ္ဌက ဒေသဥက္ကဋ္ဌအဖွဲ့နှင့်တိုင်ပင်ဆွေးနွေးရမည်။ သို့သော်လည်း၊ ဖြစ်စဉ်ကိုထုတ်ဖော်ရန် တိုင်ပင်ဆွေးနွေးခြင်း ပြုလုပ်ခြင်း၊မပြုလုပ်ခြင်းကို ပန္နက်ဥက္ကဋ္ဌတစ်ဦးတည်းကသာဆုံးဖြတ်နိုင်သည်။ တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ပါက၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက အဖြေရလဒ်အတွက်ဆုံးဖြတ်ပေးသည်။

ဤအပိုင်းတွင်ဖော်ပြထားသောကိစ္စရပ်များထဲမှတစ်ခုအတွက် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ပါက၊ တိုင်ပင်ဆွေးနွေးခြင်း၏ဆုံးဖြတ်ချက်သည် “ကောင်းသောနေရာတွင်ရပ်တည်နေခြင်းတစ်ဦး၊” “အတည်ပြုထားသောအသင်းဝင်ဖြစ်ခြင်း ကန့်သတ်ချက်များ၊” သို့မဟုတ် “အသင်းဝင်ဖြစ်ခြင်းမှရုပ်သိမ်းခြင်း” တို့ဖြစ်ရမည်။ အတည်ပြုထားသောကန့်သတ်ချက်များပယ်ထုတ်ရန်နှင့် လူတစ်ဦးအားအသင်းတော်၌ပြန်လည်ဝင်ခွင့်ပေးရန် ပထမဥက္ကဋ္ဌအဖွဲ့၏အတည်ပြုခွင့်ပြုပေးချက်လိုအပ်ခြင်း (ရှု ၃၂၊၁၆၊၁၊ နံပါတ်-၉)။

၃၂၊၆၊၃၊၁

တခြားလုပ်ဆောင်မှု

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းမပြုလုပ်ပါက၊ တခြားလုပ်ဆောင်မှုများတွင် အောက်ပါတို့ပါဝင်နိုင်သည်။

  • အတည်မပြုရသေးသော အသင်းဝင်ကန့်သတ်ခြင်းများ (ရှု ၃၂၊၈၊၃)။

  • အသင်းဝင်ဖြစ်ခြင်း မှတ်တမ်းရေးသွင်းခြင်း (ရှု ၃၂၊၁၄၊၅)။

  • ပဋိညာဉ်ပြုလုပ်ခြင်းကန့်သတ်ထားခြင်း၊ ထိုအရာသည်လူတစ်ဦးအား ယဇ်ပရောဟိတ်လက်ခံရရရှိခြင်းသို့မဟုတ် လက်ကိုင်ထားခြင်း သို့မဟုတ် ဗိမာန်တော်ထောက်ခံချက်ရရှိခြင်းသို့မဟုတ် အသုံးပြုခြင်းတို့အားကန့်သတ်ထားခြင်းဖြစ်သည်။

ထိုလုပ်ဆောင်ခြင်းများမပြုလုပ်မီ ပန္နက်ဥက္ကဋ္ဌသည်ဒေသဥက္ကဋ္ဌအဖွဲ့နှင့်တိုင်ပင်ဆွေးနွေးရမည်။

၃၂၊၆၊၃၊၂

ဖောက်ပြန်သင်းကွဲခြင်း

ဖောက်ပြန်သင်းကွဲခြင်း၏ပြဿနာသည် မကြာခဏဆိုသလို အသင်းတော်စုသို့မဟုတ် ပန္နက်ထက်ကျော်လွန်၍အကျိုးသက်ရောက်မှုရှိသည်။ တခြားသူများကိုကာကွယ်ရန် ထိုအရာတို့ကိုလျှင်မြန်စွာဖြေရှင်းကိုင်တွယ်ရမည်။

အသင်းသားတစ်ဦး၏လုပ်ရပ်များသည်ဖောက်ပြန်သင်းကွဲခြင်းတွင်ပါဝင်နေပုံရှိသည်ဟု ခံစားရပါက သင်းအုပ်သည် ပန္နက်ဥက္ကဋ္ဌနှင့်တိုင်ပင်ဆွေးနွေးသည်။ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည်အသင်းအားအပေါ်၌ အတည်မပြုရသေးသည့်အသင်းဝင်ဖြစ်ခြင်းကန့်သတ်ချက်များထားရှိနိုင်သည် (ရှု ၃၂၊၈၊၃)။ ပန္နက်ဥက္ကဋ္ဌသည်ဒေသဥက္ကဋ္ဌအဖွဲ့နှင့် လျှင်မြန်စွာတိုင်ပင်ဆွေးနွေးရမည်။ သို့သော်လည်း၊ အသင်းသားတိုင်ပင်ဆွေးနွေးခြင်း ပြုလုပ်ခြင်း၊မပြုလုပ်ခြင်း သို့မဟုတ် အခြားလုပ်ဆောင်ချက်များပြုလုပ်ရန် လိုအပ်ခြင်းရှိမရှိကို ကို ပန္နက်ဥက္ကဋ္ဌတစ်ဦးတည်းကသာဆုံးဖြတ်နိုင်သည်။

ဤနေရာတွင်ဖော်ပြထားသကဲ့သို့၊ ဖောက်ပြန်သင်းကွဲခြင်း သည် အောက်ပါလုပ်ငန်းဆောင်တာများတွင်ပါဝင်သောအသင်းသားတစ်ဦးကိုဆိုလိုသည်။

  • အသင်းတော်၏ဩဝါဒ၊ မူဝါဒ၊ သို့မဟုတ်ခေါင်းဆောင်တို့နှင့်ဆန့်ကျင်မှုများကို အထပ်ထပ်အခါခါ အများပြည်သူမြင်နိုင်သောနေရာ၌ ရှင်းလင်းစွာရည်ရွယ်ချက်ဖြင့်ပြုလုပ်ခြင်း

  • သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက မှန်ကန်အောင်ပြင်ပေးသော်လည်း အသင်းတော်၏ဩဝါဒမဟုတ်သောအရာများကို အသင်းတော်၏ဩဝါဒအဖြစ်ဆက်လက်သင်ကြားခြင်း

  • အသင်းတော်မှအသင်းသားတို့၏ယုံကြည်မှုနှင့် လှုပ်ရှားတက်ကြွပါဝင်မှုများလျော့ပါးအားနည်းအောင် ရည်ရွယ်ချက်ရှိစွာပြုလုပ်နေသောပုံစံပြခြင်း

  • သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌကမှန်ကန်အောင်ပြင်ပေးသော်လည်း သင်းကွဲဖောက်ပြန်ခြင်းဂိုဏ်းကွဲများမှ သင်ကြားမှုများကိုဆက်လက်လိုက်လျှောက်ခြင်း

  • တခြားအသင်းတော်များသို့အတည်တကျတက်ရောက်ပြီး သူတို့၏သင်ကြားမှုများအားထောက်ခံအားပေးခြင်း (အသင်းတော်၌တက်ကြွစွာပါဝင်မှုမရှိခြင်း သို့မဟုတ် တခြားအသင်းတော်၌တက်ရောက်ခြင်းသည်ကိုယ်တိုင်သည် ဖောက်ပြန်သင်းကွဲခြင်းမဟုတ်ပါ။ သို့သော်လည်း၊ အသင်းသားတစ်ဦးက တခြားအသင်းတော်သို့အတည်တကျတက်ရောက်ပြီး သူတို့၏သင်ကြားမှုများကိုထောက်ခံနေပါက၊ သူ သို့မဟုတ် သူမ၏အသင်းဝင်ဖြစ်ခြင်းကိုရုပ်သိမ်းရန် လိုအပ်နိုင်သည်။)

အပြစ်ပြုလုပ်ခဲ့သောလူတစ်ဦးအား ဆက်လက်အမှုတော်ဆောင်သင့်ကြောင်း နီဖိုင်းလူမျိုးများကိုယေရှုခရစ်တော်သွန်သင်ပေးခဲ့ပါသည်။ “သို့ရာတွင်၊ ထိုသူသည် နောင်တ​ရခြင်း မရှိလျှင်၊ ငါ၏​လူမျိုးတို့ကို သူ​မဖျက်ဆီးနိုင်​စေခြင်းငှာ၊ ငါ၏​လူမျိုးတို့၌ ရေတွက်​ခံရမည်​မဟုတ်” (၃-နီဖိုင်း ၁၈-၃၁)။

၃၂၊၆၊၃၊၃

အသင်းတော်၏ရန်ပုံငွေများအား အလွဲသုံးစားလုပ်ခြင်း

အသင်းသားတစ်ဦးက အသင်းတော်၏ရန်ပုံငွေများအားအလွဲသုံးစားလုပ်ခြင်း သို့မဟုတ်အသင်းတော်၏တန်ဖိုးရှိသောပစ္စည်းဥစ္စာများကိုခိုးယူပါက၊ အသင်းသားတိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် အခြားလုပ်ဆောင်ချက်များပြုလုပ်ရန် လိုအပ်ခြင်းရှိမရှိကို ပန္နက်ဥက္ကဋ္ဌက ဒေသဥက္ကဋ္ဌအဖွဲ့နှင့်တိုင်ပင်ဆွေးနွေးသည်။ ခေါင်းဆောင်များသည် အောက်ပါတို့ကိုစဉ်းစားသုံးသပ်သည်။

  • အလွဲသုံးစားလုပ်ထားသော သို့မဟုတ် ခိုးယူထားသော ပမာဏ။

  • အလွဲသုံးစားလုပ်ခြင်းသည်တစ်ကြိမ်တစ်ခါတည်း သို့မဟုတ် ထပ်ခါထပ်ခါပြုလုပ်ခြင်း။

  • ပြန်ပေးခဲ့ခြင်းများရှိမရှိ။

  • လူတစ်ဦး၏နောင်တရဝမ်းနည်းမှုအတိုင်းအတာ။

  • အသင်းသားတာဝန်ထမ်းဆောင်နေသောနေရာ (ရှု ၃၂၊၆၊၁၊၄ အသင်းတော်၌အရေးပါသောနေရာတွင် တာဝန်ထမ်းဆောင်နေသောအသင်းသားများအတွက်)။

ပန္နက်ဥက္ကဋ္ဌကအောက်ပါတို့ကို ခေါင်းဆောင်နှင့်စာရေး မှီငြမ်းစရာအရင်းအမြစ် များတွင်သတင်းပို့သည်။

  • အသင်းသားတိုင်ပင်ဆွေးနွေးခြင်း၏ရလဒ်များ

  • သူသည်ဒေသဥက္ကဋ္ဌအဖွဲ့နှင့်တိုင်ပင်ပြီး အသင်းသားတိုင်ပင်ဆွေးနွေးခြင်းမလိုအပ်ခြင်းကိုဆုံးဖြတ်ချက်ချသည်

ခေါင်းဆောင်သို့မဟုတ် အသင်းတော်မှအလုပ်သမားတစ်ဦးသည် အသင်းတော်မှရန်ပုံငွေများနှင့် ပစ္စည်းဥစ္စာတို့ကိုအလွဲသုံးစားလုပ်ကြောင်း အသင်းတော်၏စမ်းသပ်ခြင်းဌာနမှအတည်ပြုပါက၊ ပထမဥက္ကဋ္ဌအဖွဲ့က ပုံမှန်အားဖြင့်သူသို့မဟုတ် သူမ၏အသင်းဝင်ဖြစ်ခြင်းမှတ်တမ်းကို ကြည့်ရှုရန်လမ်းညွှန်မည်။ “ခေါင်းဆောင်” သည် အသင်းတော်၌အရေးပါသော နေရာအားကိုင်ဆောင်ထားသောသူ ဟုအဓိပ္ပာယ်ဖွင့်နိုင်ပြီး၊ အတိုင်ပင်ခံများ၊ စာရေးများ နှင့်အသင်းတော်ခွဲဥက္ကဋ္ဌများလည်းပါဝင်သည်။ နောင်တရခြင်းပြီးဆုံးပါက၊ပန္နက်ဥက္ကဋ္ဌသည် မှတ်တမ်းကြည့်ရှုခြင်းရပ်ဆိုင်းရန်တောင်းဆိုနိုင်သည် (ရှု ၃၂၊၁၄၊၅ နှင့် ၃၄၊၇၊၅)။ မှတ်တမ်းကြည့်ရှုခြင်းသည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် တခြားသောလုပ်ဆောင်စရာများဖြစ်ခဲ့သောကြောင့်မဟုတ်ပါ။

၃၂၊၆၊၃၊၄

လိင်ပြောင်းထားသူများ

သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် လိင်ပြောင်းထားသည့်သူတစ်ဦးနှင့်အလုပ်လုပ်ရမည်ဆိုပါက ၃၈၊၆၊၂၃ တွင်ဖော်ပြထားသောလမ်းညွှန်ချက်များကိုလိုက်နာသင့်သည်။

၃၂၊၆၊၄

အသင်းသားတိုင်ပင်ဆွေးနွေးခြင်း ပုံမှန်အားဖြင့်မလိုအပ်သောအချိန်

အောက်ပါဥပမာများတွင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းသည်ပုံမှန်အားဖြင့်မလိုအပ်ပါ။

၃၂၊၆၊၄၊၁

အသင်းတော်၏အချို့သောစံနှုန်းများအား လိုက်နာရန်ပျက်ကွက်ခြင်း

အောက်ပါလုပ်ဆောင်မှုများအတွက် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်မလိုအပ်ပါ။ သို့သော်၊ နောက်ဆုံးအချက်မှခြွင်းချက်ကိုမှတ်ချက်ထားပါ။

  • အသင်းတော်၌တက်ကြွစွာပါဝင်မှုမရှိခြင်း

  • အသင်းတော်၏တာဝန်များကိုမကျေပွန်ခြင်း

  • ဆယ်ဖို့တစ်ဖို့မပေးခြင်း

  • အပြစ်များထိမ်ချန်ထားခြင်း

  • မိမိဘာသာ ကာမအာသာဖြေခြင်း

  • ကျန်းမာရေးဥပဒေအားမလိုက်နာခြင်း

  • ညစ်ညမ်းရုပ်ရှင်များကြည့်ခြင်း၊ ကလေးညစ်ညမ်းရုပ်ရှင်သည် ခြွင်းချက်ဖြစ်သည် (၃၈၊၆၊၆ တွင်ဖော်ပြထားသကဲ့သို့ သို့မဟုတ်ညစ်ညမ်းသောရုပ်ရှင်များအား လွန်ကဲစွာ သို့မဟုတ် အစွဲအလမ်းကြီးစွာကြည့်သောကြောင့် အသင်းသားတစ်ဦး၏ အိမ်ထောင်ရေး သို့မဟုတ် မိသားစုတွင် သိသိသာသာဖြစ်ပေါ်သောထိခိုက်နစ်နာခြင်း (၃၈၊၆၊၁၃ တွင်ဖော်ပြထားသကဲ့သို့)။

၃၂၊၆၊၄၊၂

စီးပွားရေးကျဆုံးခြင်းများ သို့မဟုတ် အကြွေးများအတွက်ပြန်ပေးခြင်းမရှိခြင်း

ခေါင်းဆောင်များသည် စီးပွားရေးနှင့်ပတ်သက်သောအငြင်းပွားမှုများကိုဖြေရှင်းရန် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကိုအသုံးမပြုသင့်ပါ။ စီးပွားရေးကျဆုံးခြင်းများ သို့မဟုတ် အကြွေးများအတွက်ပြန်ပေးခြင်းမရှိခြင်းတို့သည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းလုပ်ရန်အကြောင်းပြချက်မဟုတ်ပါ။ သို့သော်လည်း၊ ပြင်းထန်သောငွေလိမ်လည်မှုများ သို့မဟုတ် တခြားသောပြင်းထန်သည့် ငွေကြေးဆိုင်ရာလိမ်လည်ခြင်းအပြုအမူများအတွက် တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရမည်(ရှု ၃၂၊၆၊၁၊၃)။

၃၂၊၆၊၄၊၃

ဥပဒေရေးရာအငြင်းပွားမှုများ

ဥပဒေရေးရာအငြင်းပွားမှုများကိုဖြေရှင်းရန် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းများကို မပြုလုပ်ရပါ (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၃၄း၁၁)။

၃၂၊၇

လူတစ်ဦး၏အခြေအနေ

ကိုယ်တော်ရှင်က “ငါ၏​ကရုဏာတော်​လက်ရုံးသည် သင်တို့​ဆီသို့ ဆန့်​တန်း၏၊ လာမည့်​သူ​မှန်သမျှကို ငါ​လက်ခံ​တော်မူမည်။ ငါ့ထံသို့ လာသော​သူတို့​သည်​လည်း မင်္ဂလာ​ရှိကြ၏” ဟုသွန်သွင်ခဲ့သည် (၃ -နီဖိုင်း၉း၁၄)။ လူတစ်ဦး၏အခြေအနေများသည်ဆုံးဖြတ်ချက်ပြုလုပ်ရာ၌ အရေးကြီးသောထည့်သွင်းစရာအချက်ဖြစ်သည်။

  • သူ သို့မဟုတ် သူမ၏ပြင်းထန်သောအပြစ်မှနောင်တရရန် ကူညီပေးရာတွင်သင့်တော်သောအချိန်နေရာအခင်းအကျင်းအတွက် (ရှု ၃၂၊၅ နှင့် ၃၂၊၆)။

  • ပုဂ္ဂိုလ်ရေးရာတိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင်ပြုလုပ်သောဆုံးဖြတ်ချက်များ​ (ရှု ၃၂၊၈ နှင့် ၃၂၊၁၁)။

အခြေအနေတစ်ခုချင်းစီအတွက် သင်းအုပ်နှင့်ပန္နက်ဥက္ကဋ္ဌတို့သည် ကိုယ်တော်ရှင်၏ စိတ်တော်နှင့်အလိုတော်ကိုကြိုးစားရှာဖွေကြသည်။ သူတို့သည် မည်သည့်အချိန်နေရာအခင်းအကျင်းကိုအသုံးပြုရန်နှင့် မည်သည့်ရလဒ်ရရှိမည်ကိုဆုံးဖြတ်ရာတွင်အောက်ပါအချက်များကိုထည့်သွင်းစည်းစားကြသည်။ ဤအချက်များသည် ဆုံးဖြတ်ချက်တစ်စုံတစ်ခုတည်းကိုသာ ရည်ရွယ်ခြင်းမဟုတ်ပါ။ ထိုအရာတို့သည် ခေါင်းဆောင်များအတွက် ဆုတောင်းမှုနှင့် ဝိညာဉ်တော်လမ်းညွှန်သည့်အားဖြင့်ဆုံးဖြတ်ချက်များပြုလုပ်ရန်အထောက်အပံ့များသာဖြစ်ပါသည်။

၃၂၊၇၊၁

အပြစ်၏အရွယ်အစား

ပြင်းထန်သောအပြစ်ကိုအရွယ်အစားအားဖြင့်တိုင်းတာသည်။ ထိုအထဲတွင်အပြစ်ကိုကျူးလွန်ခဲ့သောအကြိမ်ရေနှင့် မကြာခဏပြုလုပ်ကြိမ်၊ ထိုပြင်းထန်သောအပြစ်တို့ကြောင့် ထိခိုက်နစ်နာမှုများနှင့် ထိခိုက်ခံခဲ့ရသောလူအရေအတွက်တို့ပါဝင်နိုင်သည်။

၃၂၊၇၊၂

ထိခိုက်ခံရသူ၏စိတ်ဝင်စားမှု

ခေါင်းဆောင်များသည် ထိခိုက်ခံရသူများနှင့်တခြားသူတို့၏စိတ်ဝင်စားမှုများကို ထည့်သွင်းစဉ်းစားသည်။ ထိုအထဲတွင် လူတစ်ဦး၏အိမ်ထောင်ဘက်နှင့်တခြား မိသားစုဝင်များလည်းပါဝင်နိုင်သည်။ ခေါင်းဆောင်များကအန္တရာယ်ပြုခြင်း၏ပြင်းထန်မှုကိုလည်း ထည့်သွင်းစဉ်းစားသည်။

၃၂၊၇၊၃

နောင်တရခြင်း၏သက်သေ

လူတစ်ဦးစစ်မှန်စွာနောင်တရခြင်းရှိမရှိအားသိရှိရန် ဝိညာဉ်ရေးရာလမ်းညွှန်မှုလိုအပ်သည်။ ထိုကဲ့သို့သောနောင်တရခြင်းသည် လူတွေ့မေးမြန်းတစ်ခုထဲမှာပင် အလွန်အမင်းဝမ်းနည်းခြင်းထက် မှန်ကန်သောလုပ်ဆောင်မှုများအား တဖြေးဖြေးယုံကြည်စွာပြုလုပ်ခြင်းအားဖြင့်ပြခြင်းဖြစ်သည်။ ထည့်သွင်းစဉ်းစားရမည့်အချက်များတွင် အောက်ပါတို့ပါဝင်သည်။

  • ယေရှုခရစ်တော်တွင်ရှိသော ယုံကြည်ချက်၏အင်အားအတိုင်းအတာ။

  • ဝန်ခံခြင်း၏သဘောသဘာဝ။

  • အပြစ်အတွက်ဝမ်းနည်းခြင်း၏အတိမ်အနက်။

  • ထိခိုက်အနာတရဖြစ်စေခဲ့သော သူအားကူညီစောင့်ရှောက်ပေးမှု

  • ဥပဒေအရလိုအပ်ချက်များကိုလေးစားလိုက်နာခြင်း။

  • အပြစ်များအားကျောခိုင်းခြင်းတွင်အောင်မြင်မှုရှိခြင်း။

  • အပြစ်ပြုလုပ်ပြီးသည့်အချိန်မှစ၍ ပညတ်တော်များလိုက်နာခြင်း၌ သစ္စာရှိခြင်း။

  • အသင်းတော်၏ခေါင်းဆောင်များ၊ တခြားသူများနှင့် ပတ်သက်၍ရိုးသားမှုရှိခြင်း။

  • အသင်းတော်ခေါင်းဆောင်များ၏အကြံပြုချက်ကို လိုက်နာရန်စိတ်ဆန္ဒရှိခြင်း။

ရုပ်ပုံ
ဆုတောင်းနေသည့်အမျိုးသမီးတစ်ဦး

၃၂၊၇၊၄

ဗိမာန်တော် ပဋိညာဉ်များကိုချိုးဖောက်ခြင်း

ကိုယ်တော်ရှင် ကြေငြာခဲ့သည်မှာ “များစွာအပေးခံရသော သူထံမှများစွာလိုအပ်၏” (ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၈၂း၃)။ ဗိမာန်တော်၌ဝိညာဉ်ပကတိအပ်နှင်းခြင်းပြုလုပ်ပြီးသော လူတစ်ဦးသည်ပိုကောင်းသောအဆင့်အတန်း၌နေရန် ပဋိညာဉ်ပြုလုပ်ခြင်းဖြစ်သည်။ ထိုပဋိညာဉ်များကိုချိုးဖောက်ခြင်းသည် အပြစ်၏ပြင်းထန်မှုကို ပိုပြီးကြီးမားစေသည်။ ထိုအရာသည်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်လိုအပ်ခြင်းဖြစ်နိုင်ခြေကို တိုးစေနိုင်သည်။

၃၂၊၇၊၅

ယုံကြည်ခြင်း သို့မဟုတ် အခွင့်အာဏာနေရာ

လူတစ်ဦးသည် မိဘ၊ ခေါင်းဆောင် သို့မဟုတ် ဆရာကဲ့သို့သော ယုံကြည်ခြင်း သို့မဟုတ် အခွင့်အာဏာရှိရာနေရာတွင်ရှိနေစဉ် ကျူးလွန်လျှင် အပြစ်၏ပြင်းထန်မှုကိုပို၍ကြီးစေပါသည်။

၃၂၊၇၊၆

ထပ်ခါထပ်ခါပြုလုပ်ခြင်း

အလားတူပြင်းထန်သည့်အပြစ်ကိုထပ်ခါထပ်ခါပြုလုပ်ခြင်းပုံစံသည် အမြစ်စွဲနေပြီဖြစ်သောအပြုအမူကို သို့မဟုတ် စစ်မှန်သောနောင်တရခြင်းသို့ တိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် စွဲလမ်းမှုတစ်ခုကို ဖော်ပြပါသည်။ အသင်းဝင်ဖြစ်ခြင်းကန့်သတ်ခြင်းတို့ပြုလုပ်လိုအပ်နိုင်သည့်အပြင်၊ စွဲလမ်းခြင်းများမှပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးသောသင်တန်းများနှင့် ကျွမ်းကျင်သူများနှင့်တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ခြင်းတို့သည် အကူအညီဖြစ်စေနိုင်ပါသည် (ရှု ၃၂၊၈၊၂)။

၃၂၊၇၊၇

အသက်အရွယ်၊ ရင့်ကျက်မှုနှင့် အတွေ့အကြုံ

ခေါင်းဆောင်တို့သည် အသင်းသားတစ်ဦးနှင့်တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရာတွင် သို့မဟုတ် အသင်းသားတိုင်ပင်ဆွေးနွေးခြင်း၏အဖြေအတွက်ဆုံးဖြတ်ရာတွင် အသက်အရွယ်၊ ရင့်ကျက်မှု နှင့် အတွေ့အကြုံ တို့ကိုထည့်သွင်းစဉ်းစားသည်။ ဧဝံဂေလိတရားတော်၌ ရင့်ကျက်မှုမရှိသောသူတို့အတွက် သက်ညှာမှုထားရှိခြင်းက သင့်တော်ပါသည်။ ဥပမာ၊ မကောင်းမှုတစ်ခုကျူးလွန်ခဲ့သော လူငယ်အသင်းသားများအတွက် သူတို့၏အပြစ်ကိုကျောခိုင်းပြီးစစ်မှန်သောနောင်တရခြင်းရှိပါက သက်ညှာမှုပေးရန်သင့်တော်သည်။ သို့သော်လည်း၊သူတို့သည်ထိုအမှုကိုဆက်လက်ပြုလုပ်နေပါက ပို၍လေးနက်သောလုပ်ဆောင်ချက်ပြုလုပ်ရန်လိုအပ်သည်။

၃၂၊၇၊၈

စိတ်စွမ်းရည်

စိတ်ကျန်းမာရေးမကောင်းခြင်း၊ စွဲလမ်းမှုရှိခြင်း၊သို့မဟုတ် စိတ်စွမ်းရည်မပြည့်ဝခြင်းတို့သည် ပြင်းထန်သောအပြစ်ကျူးလွန်ခဲ့ပြီးသူတစ်ယောက်ကို လွတ်ငြိမ်းခွင့်မပေးပါ။ သို့သော်လည်း၊ အောက်ပါအချက်များသည် ထည့်သွင်းစဉ်းစားရမည့်အရာများဖြစ်ပါသည်။ လူတစ်ဦးအားနောင်တရရန်ကူညီရာတွင်၊ ခေါင်းဆောင်တို့သည် လူတစ်ဦး၏ဧဝံဂေလိတရားတော်၏အခြေခံသဘောတရားများကိုနားလည်ခြင်းနှင့် တာဝန်ယူမှုရှိခြင်းမည်မျှရှိသည်ကိုသိရှိရန်ကိုယ်တော်ရှင်၏လမ်းညွှန်မှုကိုရှာဖွေသည်။

၃၂၊၇၊၉

မိမိသဘောအလျှောက်ဝန်ခံခြင်း

မိမိသဘောအလျှောက်ဝန်ခံခြင်း သည်လူတစ်ဦး၏နောင်တရရန်ဆန္ဒရှိသော ဝမ်းနည်းခြင်းအပြုအမူကိုပြပါသည်။

၃၂၊၇၊၁၀

အပြစ်နှင့် ဝန်ခံခြင်း၏ကြားမှအချိန်

ဝန်ခံခြင်းသည် နောင်တရခြင်း၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အချိန်မဆွဲသင့်ပါ။ တစ်ခါတစ်ရံတွင် အပြစ်သည် အချိန်ကြာမြင့်စွာပေးဆပ်ခြင်းနှင့်ယုံကြည်စွာနေထိုင်ခြင်းတို့ဖြစ်ပါသည်။ အသင်းသားတစ်ဦးသည်အပြစ်တစ်ခုကျူးလွန်ပြီး ထပ်ခါပြန်မလုပ်ပါက၊ သူ သို့မဟုတ် သူမကထိုအရာကိုကျောခိုင်းထွက်ခွာခြင်းကိုပြခြင်းဖြစ်နိုင်ပါသည်။ ထိုဥပမာအတွက်၊ နောင်တရခြင်းလုပ်ငန်းစဉ်စတင်ခြင်းထက် ဝန်ခံခြင်းကပြီးပြည့်စုံနိုင်သည်။

၃၂၊၇၊၁၁

တခြားအသင်းတော်စုများ သို့မဟုတ် ပန္နက်များမှ အသင်းသားများပါဝင်ပတ်သက်သည့် အပြစ်များ

တစ်ခါတစ်ရံတွင်၊ ပြင်းထန်သောအပြစ်ကို အတူတူကျူးလွန်ခဲ့သူများသည် တခြားအသင်းတော်စု သို့မဟုတ် ပန္နက်များ၌နေထိုင်သည်။ ထိုအခြေအနေအတွက်၊ ပန္နက်ဥက္ကဋ္ဌများက အသင်းဝင်ဖြစ်ခြင်းကန့်သတ်ခြင်း သို့မဟုတ် တိုင်ပင်ဆွေးနွေးခြင်းတို့ လိုအပ်ခြင်းအကြောင်းတို့ကို အတူတကွတိုင်ပင်ဆွေးနွေးကြသည်။ ကန့်သတ်ခြင်း သို့မဟုတ် တိုင်ပင်ဆွေးနွေးခြင်းတို့၏ဆုံးဖြတ်ချက်များတွင် တူညီသောအကျိုးရှိခြင်း သို့မဟုတ် မတူညီသောရလဒ်ပေးရန် လိုအပ်သောတခြားကိစ္စရပ်များကိုလည်းဆွေးနွေးကြသည်။


ပုဂ္ဂိုလ်ရေးရာဆွေးနွေးတိုင်ပင်ခြင်းစီမံခန့်ခွဲခြင်း


၃၂၊၈

ပုဂ္ဂိုလ်ရေးရာဆွေးနွေးတိုင်ပင်ခြင်း နှင့်အတည်မပြုရသေးသောအသင်းဝင်ဖြစ်ခြင်း ကန့်သတ်ချက်များ

ပုဂ္ဂိုလ်ရေးရာဆွေးနွေးတိုင်ပင်ခြင်းသည် ရံဖန်ရံခါတွင်တခြားသူများကိုကူညီရန်နှင့် ယေရှုခရစ်တော်၏ရွေးနှုတ်ခြင်းတန်ခိုးအား နောင်တရခြင်းအားဖြင့်ရရှိစေရန် လူတစ်ယောက်အားကူညီပေးရန်လုံလောက်သည်။ ထိုကဲ့သို့သောတိုင်ပင်ဆွေးနွေခြင်းက အသင်းသားတစ်ဦး ပို၍ပြင်းထန်သောအပြစ်လုပ်ခြင်းမှရှောင်ကြဉ်ရန် ကူညီပေးနိုင်သည်။ ပုဂ္ဂိုလ်ရေးရာတိုင်ပင်ဆွေးနွေးခြင်းတွင်၊ ခေါင်းဆောင်များက အသင်းသားတစ်ဦးပြင်းထန်သောအပြစ်များမှနောင်တရရန် အတည်မပြုရသေးသောအသင်းဝင်ဖြစ်ခြင်း ကန့်သတ်ခြင်းများကိုလည်းပေးနိုင်သည် (ရှု ၃၂၊၈၊၃)။

ပြင်းထန်သောအပြစ်များကို ပေါ့ဆစွာမကိုင်တွယ်သင့်ပါ (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁း၃၁)။ ဗိမာန်တော်တွင်ပြုလုပ်သောပဋိညာဉ်များကိုချိုးဖောက်လျှင် အသင်းသားတိုင်ပင်ဆွေးနွေးမှုပြုလုပ်ရန်လိုအပ်ကောင်းလိုအပ်မည် (ရှု ၃၂၊၇၊၄)။

အကြံပေးခြင်းနှင့်အတည်မပြုရသေးသောကန့်သတ်ခြင်းများဖြင့်သာ မည်သည့်အချိန်တွင် လုံလောက်မှုရှိသည်ကိုခေါင်းဆောင်များသိရန် လမ်းညွှန်ချက်များအား အောက်တွင်ဖော်ပြထားသည် (လည်းရှု ၃၂၊၇)။

  • အသင်းသားတိုင်ပင်ဆွေးနွေးခြင်းလိုအပ်မည့်အပြစ်ကို မကျူးလွန်ခဲ့သူတစ်ဦး (ရှု ၃၂၊၆၊၁)။

  • မိမိ၏သဘောအလျှောက်ဝန်ခံခဲ့ပြီး စစ်မှန်စွာနောင်တရသောသူတစ်ဦး။

  • သူ သို့မဟုတ် သူမ မကျူးလွန်ခဲ့သောပြင်းထန်သောအပြစ်အတွက် နောင်တရနေသောသူတစ်ဦး။

  • ဗိမာန်တော်၏ပဋိညာဉ်များကို ချိုးဖောက်မှုမရှိသောလူတစ်ဦး၏အပြစ်။

  • သိသာထင်ရှားစွာလျော့ပေါ့ခွင့်ပြုနိုင်ရန် အခြေအနေရှိသောလူတစ်ဦး။

၃၂၊၈၊၁

ပုဂ္ဂိုလ်ရေးရာတိုင်ပင်ဆွေးနွေးခြင်း

အောက်ပါလမ်းညွှန်မှုများသည် သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက အသင်းသားတစ်ဦးနောင်တရရန်ကူညီရာတွင် တိုင်ပင်ဆွေးနွေးခြင်းတို့အတွက်ဖြစ်သည်။

  • အဆုံးအဖြတ်ပေးနိုင်ရန် လုံလောက်သည့်အချက်အလက်များကိုသာမေးမြန်းပါ (၁) - အပြစ်ရှိသောအပြုအမူအတွက်အသင်းသား၏သဘောထားနှင့် (၂) - သဘောသဘာဝ၊ အကြိမ်ရေနှင့်ထိုအပြုအမူအား ပြုလုပ်ချိန်သက်တမ်း။ နားလည်ဖို့လိုအပ်သည်ထက်ကျော်လွန်သော အသေးစိတ်များကိုမမေးမြန်းရပါ။ မိမိ၏သိချင်သောစိတ်မှလာသော မေးခွန်းများမမေးရပါ။

  • ထိုအပြုအမူက တခြားသူအားမည်ကဲ့သို့ အကျိုးသက်ရောက်မှုဖြစ်ခဲ့သည်ကိုမေးမြန်းပါ။

  • အသင်းသား၏ပြောင်းလဲခြင်းနှင့် ကိုယ်တော်ရှင်ကတိပြုလုပ်ခြင်းတို့၌ ပို၍နက်ရှိုင်းစေသည့်အပြုသဘောဆောင်သည့် အခြေအနေများကိုအာရုံစိုက်ပါ။ အပြုအမူပြောင်းလဲရန်နှင့် စိတ်နှလုံးသားပြောင်းလဲရန် သတ်မှတ်ထားသောလုပ်ဆောင်မှုများပြုလုပ်ရန် အသင်းသားများကိုတိုက်တွန်းပါ။ သူ သို့မဟုတ် သူမကို ကယ်တင်ရှင်နှင့်နီးလာစေရန်၊ သူ၏ခွန်အားကိုရှာဖွေရန်နှင့် သူ၏ရွေးနှုတ်ခြင်းချစ်ခြင်းမေတ္တာကိုခံစားရန် ဖိတ်ခေါ်ပါ။

  • စိတ်ခွန်အားမြှင့်စေသောအလုပ်များဖြစ်သည့် ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းနှင့် အသင်းတော်မှအစည်းအဝေးများတက်ရောက်ရန် တိုက်တွန်းပါ။ ရန်သူစေတန်မာရ်နတ်၏လွှမ်းမိုးခြင်းမှလျှော့ကျစေသော မိသားစုသမိုင်းနှင့် ဗိမာန်တော်အလုပ်တို့အကြောင်းသင်ပေးပါ။ တခြားသူများကိုအစေခံရန်နှင့် ဧဝံဂေလိတရားတော်ဝေငှရန် တိုက်တွန်းပါ။

  • အပြစ်ကြောင့်ထိခိုက်ခံခဲ့သူတို့အား ထိခိုက်နစ်နာမှုအတွက်အလျှော်ပေးရန်နှင့် ခွင့်လွှတ်မှုအတွက်တောင်းပန်ခြင်းပြုလုပ်ရန် တိုက်တွန်းခြင်း

  • မကောင်းသောလွှမ်းမိုးမှုတို့မှ ထွက်ခွါရန်တိုက်တွန်းခြင်း။ အချို့သောစုံစမ်းနှောင့်ယှက်ခြင်းများအတွက် ကာကွယ်သောလုပ်ဆောင်မှုများလုပ်ရန်အသင်းသားများကိုကူညီပါ။

  • သင်သည်ဘာသာရေးခေါင်းဆောင်သာဖြစ်ပြီး၊ ကျွမ်းကျင်အတိုင်ပင်ခံမဟုတ်သည်ကိုသတိပြုပါ။ သင်ပံ့ပိုးသည့် တိုင်ပင်ဆွေးနွေးခြင်းအပြင်၊ အချို့အသင်းသားများအတွက်အပြုအမူရေးရာ တိုင်ပင်ဆွေးနွေးခြင်းက အထောက်အကူပေးနိုင်သည်။ တချို့သူများတွင် စိတ်ရောဂါရှိသည်။ လိုအပ်သလို၊ အသင်းသားများကိုအရည်အချင်းမီသောဆေးဝါးဆိုင်ရာနှင့် စိတ်ကျန်းမာရေးကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးရန်အကြံပြုပါ (ရှု ၃၁၊၃၊၆)။

  • အတည်မပြုရသေးသောအသင်းဝင်ဖြစ်ခြင်း ကန့်သတ်ချက်မပေးမီ ဆုတောင်းခြင်းနှင့်ဝိညာဉ်တော်မှလမ်းညွှန်မှုကိုရှာဖွေပါ။ တချို့အသင်းသားများအတွက်အသင်းတော်၌ အသင်းဝင်ဖြစ်ခြင်းအထူးအခွင့်အရေးများအားအသုံးပြုနေခြင်းသည် ကန့်သတ်ခြင်းများပြုလုပ်သည်ထက်ပို၍အကျိုးရှိနိုင်သည်။

  • အားပေးရန်၊ ဝိညာဉ်ရေးရာခွန်အားပြန်လည်အားဖြည့်ရန် နှင့်တိုးတက်မှုကိုကြည့်ရှုရန်ထပ်မံတွေ့ဆုံခြင်းပြုလုပ်ပါ။

အသင်းသားတစ်ဦးကသင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌထံတွင်ဝန်ခံမှုပြုလုပ်ပြီးလျှင်၊ တဖန်ပြန်လည်တိုင်ပင်ဆွေးနွေးခြင်းကို နည်းလမ်းများစွာဖြင့်ပြုလုပ်နိုင်ပါသည်။ ခေါင်းဆောင်ကိုယ်တိုင်က ပြုလုပ်ပေးနိုင်သည်။ သို့မဟုတ် အသင်းသား၏ခွင့်ပြုချက်ဖြင့်၊ သူ၏အတိုင်ပင်ခံတစ်ယောက်ကပြုလုပ်ပေးရန်လည်း တာဝန်ပေးနိုင်သည်။

အသင်းသား၏သဘောတူညီချက်ဖြင့်၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက အသင်းလူကြီးအဖွဲ့နှင့် လူမှုဖူလုံရေးအဖွဲ့မှအဖွဲ့ဝင်များကိုလည်း သတ်မှတ်ထားသောနည်းလမ်းများဖြင့် ကူညီရန်တာဝန်ပေးနိုင်သည်။ လူငယ်များအတွက်၊ လူငယ်အမျိုးသမီးများဥက္ကဋ္ဌအဖွဲ့ သို့မဟုတ် အာရုန်ယဇ်ပုရောဟိတ်အခွင့်အကြံပေးများကိုလည်း ကူညီရန်တာဝန်ပေးနိုင်သည်။ အကူအညီပေးရန်တာဝန်ရရှိသောသူတို့သည် ထိုတာဝန်ကိုကျေပွန်စွာလုပ်ဆောင်ရန် ဝိညာဉ်တော်အားဖြင့်ထိုက်တန်သော အခွင့်ရှိသူများဖြစ်ကြသည် (ရှု ၄၊၂၊၆)။

တဖန်ပြန်လည်တိုင်ပင်ဆွေးနွေးခြင်းအားကူညီရန် တစ်စုံတစ်ဦးကိုတာဝန်ပေးသောအခါ ခေါင်းဆောင်သည်အသင်းသားကို ကူညီရန်လိုအပ်သည့် အချက်အလက်များကိုသာပေးသည်။ တာဝန်ပေးခံရသောသူသည် လျှို့ဝှက်ထားပေးမှုရှိရမည်။ သူ သို့မဟုတ် သူမသည် အသင်းသား၏တိုးတက်မှုနှင့်လိုအပ်မှုများကိုလည်း သင်းအုပ်ကိုအကြောင်းကြားရမည်။

ရုပ်ပုံ
ဆုတောင်းနေသည့်အမျိုးသမီး​

၃၂၊၈၊၂

စွဲလမ်းမှုရှိသောလူများအားကူညီပေးခြင်း

ပုဂ္ဂိုလ်ရေးရာတိုင်ပင်ဆွေးနွေးခြင်းတွင် စွဲလမ်းမှုနှင့်ပတ်သက်သော သို့မဟုတ် စွဲလမ်းမှုကြောင့်ဖြစ်သောအပြစ်များကို အသင်းသားနောင်တရရန်ကူညီပေးခြင်းတို့ ရံဖန်ရံခါ ပါဝင်သည်။ ထိုစွဲလမ်းမှုများတွင် အရာဝတ္ထုများ သို့မဟုတ် များစွာသောအပြုအမူများလည်းပါဝင်နိုင်သည်။ စွဲလမ်းမှုများသည် တစ်ဦးတစ်ယောက်ချင်း၊ အိမ်ထောင်ရေးနှင့် မိသားစုများကို ထိခိုက်နစ်နာစေသည်။ သင်းအုပ်သည် အသင်းသားများကိုအသင်းတော်မှစွဲလမ်းခြင်းများမှ ပြန်လည်ကောင်းမွန်လာစေရန်ကူညီပေးသောသင်တန်းများနှင့် ၎င်းအရည်အချင်းမီသောဆေးဝါးဆိုင်ရာနှင့်စိတ်ကျန်းမာရေးကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးရပြီး အကူအညီရယူရန်အကြုံပြုသည်။

ညစ်ညမ်းရုပ်ရှင်အသုံးပြုမှုသည် တိုး၍တိုး၍ သာမန်ဖြစ်လာနေပါသည်။ ပြင်းထန်စွာသုံးစွဲခြင်းသည် မလုပ်ရမနေရနိုင်အောင်ဖြစ်လာစေပြီး သို့မဟုတ် ရှားပါးသောအခြေအနေများတွင် စွဲလမ်းမှုတစ်ခုဖြစ်လာနိုင်သည်။ ညစ်ညမ်းရုပ်ရှင်အသုံးပြုမှုသည် ပြင်းထန်သည်ဖြစ်စေ ရံဖန်ရံခါဖြစ်စေ၊ အန္တရာယ်ရှိပါသည်။ ဝိညာဉ်တော်ကိုအဝေးသို့ တွန်းပို့နိုင်သည်။ ပဋိညာဉ်များကိုစောင့်ထိန်းခြင်းမှလာသော တန်ခိုးကိုအားနည်းစေပါသည်။ တန်ဖိုးရှိသောဆက်ဆံရေးများကိုလည်း ထိခိုက်နစ်နာစေသည်။

ပုဂ္ဂိုလ်ရေးရာတိုင်ပင်ဆွေးနွေးခြင်းနှင့် အတည်မပြုရသေးသောအသင်းဝင်ဖြစ်ခြင်းကန့်သတ်ခြင်းများသည် ညစ်ညမ်းရုပ်ရှင်အသုံးပြုသူတစ်ယောက်နောင်တရဖို့ကူညီရန် ပုံမှန်အားဖြင့်လုံလောက်သည်။ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကို ပုံမှန်အားဖြင့်မပြုလုပ်ပါ။ ခြွင်းချက်အတွက်၊ ၃၈၊၆၊၆ နှင့် ၃၈၊၆၊၁၃ ကိုကြည့်ပါ။ ကျွမ်းကျင်သူများနှင့်တိုင်ပင်ဆွေးနွေးခြင်းက အကူအညီပေးနိုင်သည်။

သင်းအုပ်နှင့်ပန္နက်ဥက္ကဋ္ဌက မိသားစုဝင်များအားလိုအပ်သလိုကူညီပေးသည်။ လူငယ်များညစ်ညမ်းရုပ်ရှင်အသုံးပြုမှုကို တိုင်ပင်တွေဆွေးနွေးရာတွင် မိဘများပါဝင်နိုင်သည်။ လက်ထပ်ပြီးသူတစ်ယောက်နှင့်တိုင်ပင်ဆွေးနွေးရာတွင် အိမ်ထောင်ဖက်ပါဝင်နိုင်သည်။

ညစ်ညမ်းရုပ်ရှင်နှင့် ပတ်သက်သည့်အသင်းသားများကို တိုင်ပင်ဆွေးနွေးခြင်းနှင့် ပတ်သက်သည့် ပို၍များသော အချက်အလက်အတွက်၊ ၃၈၊၆၊၁၃ ကိုကြည့်ပါ။

၃၂၊၈၊၃

အတည်မပြုရသေးသော အသင်းဝင်ဖြစ်ခြင်းကန့်သတ်ချက်များ

တိုင်ပင်ဆွေးနွေးရာတွင်ကောင်းမွန်သော လုပ်ဆောင်ချက်များပြုလုပ်ရန်တိုက်တွန်းသည့်အပြင်၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌကအတည်မပြုရသေးသော အသင်းတော်မှအသင်းဝင်ဖြစ်ခြင်းအထူးအခွင့်အရေးများကို အချိန်အတိုင်းအတာတစ်ခုအထိကန့်သတ်နိုင်သည်။ စဉ်းစားချင့်ချိန်စွာစီမံခန့်ခွဲမှုဖြင့်၊ ထိုကန့်သတ်ချက်များသည် နောင်တရရန်နှင့် ဝိညာဉ်ရေးရာတိုးတက်ရန်ကူညီနိုင်သည်။ အတည်မပြုရသေးသော ဟုဆိုလိုခြင်းသည် ၎င်းတို့သည်အသင်းဝင်ဖြစ်ခြင်းမှတ်တမ်းတွင် ရေးမှတ်ထားခြင်းမရှိသောကြောင့်ဖြစ်သည်။

အတည်မပြုရသေးသောကန့်သတ်ချက်များသည် လူတစ်ယောက်နောင်တရရန်အတွက် အပတ်စဉ်အနည်းငယ်၊ လအချို့ သို့မဟုတ် လိုအပ်ပါကပို၍ကြာနိုင်သည်။ ပုံမှန်မဟုတ်သောအခြေအနေများတွင်၊ အချိန်သည် ၁နှစ်ထက်ပို၍ကြာနိုင်သည်။

လူတစ်ယောက်နောင်တရရန်အတွက် မည်သည့်ကန့်သတ်ချက်က အကောင်းဆုံးကူညီပေးသည်ကိုသိရန် ခေါင်းဆောင်တို့သည် ဝိညာဉ်တော်၏လမ်းညွှန်မှုကိုရှာကြသည်။ ထိုအထဲတွင် အသင်းတော်မှအမှုတော်ဆောင်တာဝန်ထမ်းဆောင်ရန် အခွင့်အရေးကိုရပ်ဆိုင်းထားခြင်း၊ ယဇ်ပုရောဟိတ်အခွင့်အာဏာအသုံးပြုခြင်းရပ်ဆိုင်းခြင်း နှင့် ဗိမာန်တော်ဝင်ခွင့်ရပ်ဆိုင်းခြင်းတို့ပါဝင် (သို့သော်လည်း ကန့်သတ်မှုမရှိ) နိုင်သည်။ ခေါင်းဆောင်က ထိုလူတစ်ယောက် အသင်းတော်ထဲ၌ ဟောပြောခြင်း၊ သင်ခန်းစာသင်ခြင်းနှင့်ဆုတောင်းပေးခြင်းတို့ကိုလည်းကန့်သတ်နိုင်သည်။ ခေါင်းဆောင်က ဗိမာန်တော်ဝင်ခြင်းရပ်ဆိုင်းလိုက်ပါက၊ ခေါင်းဆောင်နှင့်စာရေးမှီငြမ်းစရာအရင်းအမြစ်များ(LCR)တွင် သူသည် ဗိမာန်တော်ဝင်ခွင့်ကိုဖျက်သိမ်းသည်။

ပွဲတော်သုံးဆောင်ခြင်းသည် နောင်တရခြင်း၏အရေးကြီးသောအပိုင်းဖြစ်သည်။ ထိုအရာသည် ကျိုးပဲ့သောနှလုံးသားနှင့်ကြေကွဲသောစိတ်ရှိသော နောင်တရသူအတွက် ပထမဆုံးပေးသောကန့်သတ်ခြင်းမဖြစ်သင့်ပါ။ သို့သော်လည်း၊ လူတစ်ယောက်ပြင်းထန်သောအပြစ်ကိုကျူးလွန်ပါက၊ ခေါင်းဆောင်သည်ထိုအခွင့်အရေးကို အချိန်အတိုင်းအတာတစ်ခုအထိ ကန့်သတ်နိုင်သည်။

ပုံမှန်အားဖြင့် ခေါင်းဆောင်တို့သည်အတည်မပြုရသေးသော ကန့်သတ်ချက်များအကြောင်းကိုသိဖို့ လိုအပ်သည့်အချိန်မှလွဲ၍ မည်သူ့ကိုမှမပြောရပါ (ရှု ၃၂၊၁၂၊၂)။

လူတစ်ယောက်သည် စစ်မှန်သောနောင်တရခြင်းတွင် သိသာသောတိုးတက်မှုရှိပါက သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အတည်မပြုရသေးသောကန့်သတ်ချက်များကို ဝိညာဉ်တော်၏လမ်းညွှန်မှုအရ ပယ်ဖျက်နိုင်သည်။ အသင်းသားသည် အလားတူ အပြစ်များကိုဆက်လက်ပြုလုပ်ပါက၊ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းက အကူအညီပေးနိုင်သည် သို့မဟုတ် လုပ်ရန်လိုအပ်သည်။


အသင်းတော်အသင်းသား တိုင်ပင်ဆွေးနွေးခြင်းများအား စီမံခန့်ခွဲခြင်း


အသင်းတော်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းများကို သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌကအကူအညီပေးနိုင်သည်ဟု ဆုံးဖြတ်သည့်အခါ သို့မဟုတ် အသင်းတော်၏မူဝါဒအရ လိုအပ်သည့်အခါ ပြုလုပ်ကြပါသည်(ရှု ၃၂၊၆)။ တိုင်ပင်ဆွေးနွေးခြင်းများကို အသင်းတော်စု၊ ပန္နက်၊ အသင်းတော်ခွဲ၊ ခရိုင် သို့မဟုတ် သာသနာတို့တွင်ပြုလုပ်ကြသည်။ ဤအပိုင်းတွင် ထိုအရာတို့အား မည်ကဲ့သို့စီမံခန့်ခွဲရမည့်အကြောင်းကို ဖော်ပြပါသည်။

၃၂၊၉

ပါဝင်ခြင်းနှင့် တာဝန်များ

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင် မည်သူတို့ပုံမှန်အားဖြင့်ပါဝင်သည်ကို အောက်ပါဇယားတွင်ဖော်ပြထားသည်။

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင်ပါဝင်သူများ

အသင်းတော်စုအသင်းသားတိုင်ပင်ဆွေးနွေးခြင်း

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင်ပါဝင်သူများ

  • တိုင်ပင်ဆွေးနွေးခြင်းလုပ်ရန်လိုအပ်သောလူ

  • သင်းအုပ်နှင့်သူ၏အတိုင်ပင်ခံများ

  • အသင်းတော်စုစာရေး

  • အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ (တက်ရောက်ရန်မလို၊ ရွေးချယ်နိုင်သည်၊ ရှု ၃၂၊၁၀၊၁)

ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်း

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင်ပါဝင်သူများ

  • တိုင်ပင်ဆွေးနွေးခြင်းလုပ်ရန်လိုအပ်သောလူ

  • ပန္နက်ဥက္ကဋ္ဌ နှင့်သူ၏အတိုင်ပင်ခံများ

  • ပန္နက်စာရေး

  • အတိုင်ပင်ခံမင်းအဖွဲ့ဝင်များ (၃၂၊၉၊၂ တွင်ရှင်းပြထားသကဲ့သို့ အကန့်အသတ်ရှိသောအခြေအနေများတွင်သာ)

  • တိုင်ပင်ဆွေးနွေးခြင်းလုပ်ရန်လိုအပ်သောလူ၏သင်းအုပ် တက်ရောက်ရန်မလို၊ ရွေးချယ်နိုင်သည် (ရှု ၃၂၊၉၊၃)

  • အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ (တက်ရောက်ရန်မလို၊ ရွေးချယ်နိုင်သည် ရှု ၃၂၊၁၀၊၁)

၃၂၊၉၊၁

ပန္နက်ဥက္ကဋ္ဌ

ပန္နက်ဥက္ကဋ္ဌသည်၊

  • ပန္နက်ရှိအသင်းသား တိုင်ပင်ဆွေးနွေးခြင်းများပေါ်တွင် အခွင့်အာဏာရှိသည်၊ သို့သော်လည်း၊ ထိုတိုင်ပင်ဆွေးနွေးခြင်းအများစုသည် သင်းအုပ်အားဖြင့်ပြုလုပ်သည်။

  • သင်းအုပ်တစ်ဦး အသင်းသားတိုင်ပင်ဆွေးနွေးခြင်းမပြုလုပ်မီ ခွင့်ပြုချက်ပေးရမည်။

  • ဗိမာန်တော်၌ဝိညာဉ်ပကတိအပ်နှင်းခြင်း ပြုလုပ်ထားသောအမျိုးသားသို့မဟုတ် အမျိုးသမီးသည် အသင်းတော်၌ အသင်းဝင်ဖြစ်ခြင်းမှရုပ်သိမ်းမှုခံရဖွယ်ရှိပါက ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကို ပြုလုပ်သည်။

  • အသင်းတော်စု အသင်းသားတိုင်ပင်ဆွေးနွေးခြင်းမှဆုံးဖြတ်ချက်ကို အသင်းသားတစ်ဦးအယူခံဝင်ပါက တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်နိုင်သည်။

  • အသင်းတော်စု အသင်းသားတိုင်ပင်ဆွေးနွေးခြင်း၏အကြံပြုချက်အရ ဝိညာဉ်ပကတိအပ်နှင်းခြင်းမပြုရသေးသော သူ၏အသင်းဝင်ဖြစ်ခြင်းရုပ်သိမ်းခြင်း အပြီးမသတ်မီခွင့်ပြုချက်ပေးရမည်။

၃၂၊၉၊၂

အတိုင်ပင်ခံမင်းအဖွဲ့

အတိုင်ပင်ခံမင်းအဖွဲ့ဝင်များသည် ပုံမှန်အားဖြင့် ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းများတွင်ပါဝင်ကြပါ။ သို့သော်လည်း၊ ခက်ခဲသောအခြေအနေများတွင် အတိုင်ပင်ခံမင်းအဖွဲ့ပါဝင်နိုင်သည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀၂း၂)။ ဥပမာ၊ အောက်ပါအချိန်များတွင် ပန္နက်ဥက္ကဋ္ဌက အတိုင်ပင်ခံမင်းအဖွဲ့ကို ပါဝင်ရန်ဖိတ်ခေါ်နိုင်သည်။

  • မတူညီသော အချက်အလက်များရှိသောအခါ။

  • သူတို့သည် ကောင်းမွန်မျှတသောအရာတို့ဖြင့် ဖြည့်စွက်ကူညီနိုင်သောအခါ။

  • အသင်းသားက သူတို့၏ပါဝင်မှုကို တောင်းဆိုသောအခါ။

  • ပန္နက်ဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦး သို့မဟုတ် သူတို့၏မိသားစုပါဝင်နေသောအခါ (ရှု ၃၂၊၉၊၇)။

၃၂၊၉၊၃

သင်းအုပ် (သို့မဟုတ် ပန္နက်ထဲမှ အသင်းတော်ခွဲဥက္ကဋ္ဌ)

သင်းအုပ်သည်

  • အသင်းတော်စုမှ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းများအပေါ်တွင် အခွင့်အာဏာရှိသည်။

  • တိုင်ပင်ဆွေးနွေးခြင်းမပြုလုပ်မီ ပန္နက်ဥက္ကဋ္ဌနှင့်တိုင်ပင်ညှိနှိုင်းပြီး သူ၏ခွင့်ပြုချက်ရယူသည်။

  • ဗိမာန်တော်၌ဝိညာဉ်ပကတိအပ်နှင်းခြင်းပြုလုပ်ထားသော အမျိုးသားသို့မဟုတ် အမျိုးသမီးသည် အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းမှ ရုပ်သိမ်းမှုခံနိုင်ပါက တိုင်ပင်ဆွေးနွေးခြင်းကိုမပြုလုပ်နိုင်ပါ။ ထိုအခြေအနေများတွင် ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကို ပြုလုပ်ရမည်။

  • အသင်းတော်စုမှ အသင်းသားတစ်ဦး၏အသင်းဝင်ဖြစ်ခြင်းကြည့်ရှုရန်အတွက် ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကို တက်ရောက်ရန်ဖိတ်ကြားခံရနိုင်သည်။ သူ၏တက်ရောက်မှုသည် ပန္နက်ဥက္ကဋ္ဌနှင့် ထိုသူ၏ခွင့်ပြုချက်အရဖြစ်ရမည်။

သူ သို့မဟုတ် သူမသည် ဝိညာဉ်တော်ပကတိအပ်နှင်းခြင်းမပြုလုပ်ရသေးပါက ထိုသူ၏အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းရုပ်သိမ်းခြင်းကို အသင်းတော်စု သို့မဟုတ် အသင်းတော်ခွဲအသင်းသားတိုင်ပင်ဆွေးနွေးခြင်းဖြင့်လုပ်ရန်အကြံပြုသည်။ သို့သော်လည်း၊ နောက်ဆုံးအဆုံးအဖြတ်မပြုလုပ်မီ ပန္နက်ဥက္ကဋ္ဌ၏ခွင့်ပြုချက်လိုအပ်သည်။

တစ်ခါတစ်ရံတွင် ဝိညာဉ်ပကတိအပ်နှင်းပြီးသောအသင်းသားတစ်ဦးအတွက် အသင်းတော်စုအသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ပြီး ထိုအစည်းအဝေးတွင် သူ သို့မဟုတ် သူမ၏အသင်းဝင်ဖြစ်ခြင်းရုပ်သိမ်းခံရနိုင်ကြောင်း ပေါ်ထွက်လာနိုင်သည်။ ထိုအခြေအနေများတွင်၊ သင်းအုပ်သည် ပန္နက်ဥက္ကဋ္ဌကို ထိုကိစ္စအားလွှဲပြောင်းပေးသည်။

၃၂၊၉၊၄

သာသနာပြုအဖွဲ့ဥက္ကဋ္ဌ

သာသနာပြုအဖွဲ့ဥက္ကဋ္ဌသည်။

  • သာသနာထဲမှအသင်းတော်ခွဲများနှင့် ခရိုင်တို့အတွက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းများအပေါ်တွင်အခွင့်အာဏာရှိသည်။

  • ခရိုင် သို့မဟုတ် အသင်းတော်ခွဲဥက္ကဋ္ဌတို့ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းမပြုလုပ်မီ ခွင့်ပြုချက်ပေးရမည်။

  • ဗိမာန်တော်၌ဝိညာဉ်ပကတိအပ်နှင်းခြင်းပြုလုပ်ထားသော အမျိုးသားသို့မဟုတ် အမျိုးသမီးသည် အသင်းတော်၌ အသင်းဝင်ဖြစ်ခြင်းမှရုပ်သိမ်းမှုခံနိုင်ပါက အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကို ပြုလုပ်သည်။ အချိန် သို့မဟုတ် နေရာအကွာအဝေးကြောင့်မပြုလုပ်နိုင်ပါက၊ သူ၏အတိုင်ပင်ခံတစ်ဦးအား တိုင်ပင်ဆွေးနွေးခြင်းဦးဆောင်ရန် တာဝန်ပေးနိုင်သည်။ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ရှိသူ နှစ်ဦးအားလည်းပါဝင်ရန် တာဝန်ပေးနိုင်သည်။

  • ဖြစ်နိုင်သောနေရာတွင်၊ ဝိညာဉ်ပကတိအပ်နှင်းခြင်း မပြုလုပ်ရသေးသောသူများအတွက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ပါ။ အချိန် သို့မဟုတ် နေရာအကွာအဝေးကြောင့်မပြုလုပ်နိုင်ပါက၊ မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ရှိသူသုံးဦးအား အစည်းအဝေးပြုလုပ်ရန်အခွင့်ပေးနိုင်သည်။ ထိုကိစ္စတွင်၊ ပုံမှန်အားဖြင့် အသင်းသား၏ခရိုင်ဥက္ကဋ္ဌ သို့မဟုတ် အသင်းတော်စုဥက္ကဋ္ဌက တိုင်ပင်ဆွေးနွေးခြင်းကိုစီမံခန့်ခွဲသည်။

  • ခရိုင် သို့မဟုတ် အသင်းတော်ခွဲအသင်းသား တိုင်ပင်ဆွေးနွေးခြင်းမှဆုံးဖြတ်ချက်ကို အသင်းသားတစ်ဦးအယူခံဝင်ပါက တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်နိုင်သည်။

  • သာသနာပြုတစ်ဦးသည် သာသနာတာဝန်ထမ်းဆောင်နေစဉ်အတွင်း ပြင်းထန်သောအပြစ်ကိုကျူးလွန်ပါက၊ သာသနာပြုဌာနမှအထွေထွေအာဏာပိုင်များ၏ခွင့်ပြုချက်အရ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်နိုင်သည် (ရှု ၃၂၊၉၊၈)။ သူသည် ထိုဖြစ်စဉ်အကြောင်းကို ဒေသဆိုင်ရာဥက္ကဋ္ဌအဖွဲ့ဝင်တစ်ဦးနှင့်ပြန်လည်ကြည့်ရှုပြီး သာသနာပြု၏အိမ်ဒေသမှ ပန္နက်ဥက္ကဋ္ဌနှင့်လည်းတိုင်ပင်ဆွေးနွေးသည်။

  • အသင်းတော်ခွဲ သို့မဟုတ် ခရိုင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်း၏အကြံပြုချက်အရ ဝိညာဉ်ပကတိအပ်နှင်းခြင်းမပြုရသေးသော သူ၏အသင်းဝင်ဖြစ်ခြင်းရုပ်သိမ်းခြင်းအပြီးမသပ်မီ ခွင့်ပြုချက်ပေးရမည်။

သာသနာပြုတစ်ယောက်သည် သူ သို့မဟုတ် သူမ သာသနာပြုတာဝန်မထမ်းဆောင်ခင် ကျူးလွန်ခဲ့သောပြင်းထန်သည့်အပြစ်ကိုဝန်ခံပါက၊ သာသနာပြုအဖွဲ့ဥက္ကဋ္ဌသည် သူ၏ဒေသကိုကိုယ်စားပြုသည့် သာသနာပြုဌာနကိုလမ်းညွှန်မှုအတွက်ဆက်သွယ်သည်။

သာသနာပြုအဖွဲ့ဥက္ကဋ္ဌသည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်သောအခါ၊ သူ့ကိုကူညီရန် မေလခိဇေဒက်ယဇ်ပုရောဟိတ်အခွင့်ကိုင်ဆောင်သူ နှစ်ဦးအားတာဝန်ပေးနိုင်သည်။ ပုံမှန်မဟုတ်သောအခြေအနေများတွင်သာ သာသနာပြုငယ်များအား သူ့ကိုကူညီရန်တာဝန်ပေးသင့်သည်။ ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကဲ့သို့သော တူညီသောလုပ်ငန်းစဉ်များကိုလိုက်နာသည် (ရှု ၃၂၊၁၀)။ သို့သော်လည်း၊အတိုင်ပင်ခံမင်းအဖွဲ့ သို့မဟုတ် ခရိုင်အတိုင်ပင်ခံအဖွဲ့တို့ ပါဝင်ခြင်းမရှိပါ။

၃၂၊၉၊၅

သာသနာမှ ခရိုင် သို့မဟုတ် အသင်းတော်ခွဲဥက္ကဋ္ဌ

သာသနာပြုအဖွဲ့ဥက္ကဋ္ဌဆီမှအခွင့်ရသောအခါ သာသနာထဲမှ ခရိုင် သို့မဟုတ် အသင်းတော်ခွဲဥက္ကဋ္ဌသည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကို ပြုလုပ်နိုင်သည်။ ခရိုင်အတိုင်ပင်ခံအဖွဲ့ မပါဝင်ပါ။

ဗိမာန်တော်တွင် ဝိညာဉ်ပကတိအပ်နှင်းခြင်းမပြုလုပ်ရသေးသော လူတစ်ဦးအတွက် သူ သို့မဟုတ် သူမ ၏အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းကိုရုပ်သိမ်းရန် ခရိုင် သို့မဟုတ် အသင်းတော်ခွဲ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းက အကြုံပြုနိုင်သည်။ သို့သော်လည်း၊ နောက်ဆုံးအဆုံးအဖြတ်မပြုလုပ်မီ သာသနာပြုအဖွဲ့ဥက္ကဋ္ဌ၏ခွင့်ပြုချက်လိုအပ်သည်။

၃၂၊၉၊၆

ပန္နက် သို့မဟုတ် အသင်းတော်စု စာရေး

ပန္နက် သို့မဟုတ် အသင်းတော်စု စာရေးသည်

  • တိုင်ပင်ဆွေးနွေးခြင်းမှ ရေးသားထားသောမှတ်ချက်များကို အသင်းတော်အသင်းသားတိုင်ပင်ဆွေးနွေးခြင်း အကြောင်းကြားမှု ဖောင်ဖြည့်ရန်လိုအပ်သည့် အချိန်အထိသာ ထိန်းသိမ်းထားသည်။

  • တိုင်ပင်ဆွေးနွေးခြင်းဦးဆောင်သော ခေါင်းဆောင်ကမေးသည့်အချိန်တွင် ဖောင်ကိုပြင်ဆင်ပေးသည်။

  • တိုင်ပင်ဆွေးနွေးခြင်း၏ ဆွေးနွေးမှုများနှင့် ဆုံးဖြတ်ချက်တို့တွင်ပါဝင်ခြင်းမရှိပါ။

၃၂၊၉၊၇

ပုံမှန်မဟုတ်သောအခြေအနေများတွင်ပါဝင်ခြင်း

ပန္နက်ဥက္ကဋ္ဌ အဖွဲ့မှအတိုင်ပင်ခံတစ်ယောက်သည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင်မပါဝင်နိုင်ပါက ပန္နက်ဥက္ကဋ္ဌက အတိုင်ပင်ခံမင်းအဖွဲ့ဝင် သို့မဟုတ် တခြားယဇ်ပရောဟိတ်မင်းအား ထိုနေရာယူရန်တာဝန်ပေးနိုင်သည်။ ပန္နက်ဥက္ကဋ္ဌ မပါဝင်နိုင်ပါက၊ ပထမဥက္ကဋ္ဌအဖွဲ့သည် သူအတိုင်ပင်ခံတစ်ဦးအား ထိုနေရာ၌ဦးဆောင်ရန် အခွင့်ပေးနိုင်သည်။

သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့မှ အတိုင်ပင်ခံတစ်ယောက်သည် အသင်သားတိုင်ပင်ဆွေးနွေးခြင်းတွင်မပါဝင်နိုင်ပါက၊ သင်းအုပ်သည် ယဇ်ပရောဟိတ်မင်းအား ထိုနေရာယူရန်တာဝန်ပေးနိုင်သည်။ သင်းအုပ် မပါဝင်နိုင်ပါက၊ ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကိုပြုလုပ်ပေးနိုင်သော ပန္နက်ဥက္ကဋ္ဌဆီသို့ ထိုကိစ္စအားလွှဲပြောင်းပေးသည်။ သင်းအုပ်သည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန် အတိုင်ပင်ခံတစ်ဦးအားတာဝန်ပေးခြင်းမလုပ်နိုင်ပါ။

သင်းအုပ်၏မိသားစုဝင်တစ်ဦး သို့မဟုတ် သူ၏အတိုင်ပင်ခံတစ်ယောက်၏ မိသားစုဝင်တစ်ဦးအတွက် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ပါက၊ ပန္နက်အဆင့်ဖြင့်ပြုလုပ်ရမည်။ ပန္နက်ဥက္ကဋ္ဌ၏အတိုင်ပင်ခံတစ်ဦး၏ မိသားစုဝင်တစ်ယောက်အတွက်ပြုလုပ်ပါက၊ ပန္နက်ဥက္ကဋ္ဌသည် အခြားယဇ်ပရောဟိတ်မင်းတစ်ဦးအား ထိုအတိုင်ပင်ခံနေရာကိုယူရန်တာဝန်ပေးသည်။ တိုင်ပင်ဆွေးနွေးခြင်းကို ပန္နက်ဥက္ကဋ္ဌ၏မိသားစုဝင်တစ်ဦးအတွက်ပြုလုပ်ပါက၊ ပထမဥက္ကဋ္ဌအဖွဲ့၏ရုံးနှင့် သူတိုင်ပင်ရမည်။

အသင်းသားသည် သင်းအုပ် သို့မဟုတ် သူ၏အတိုင်ပင်ခံများပါဝင်ခြင်းကိုငြင်းပယ်ပါက၊ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကို ပန္နက်အဆင့်ဖြင့်ပြုလုပ်ရမည်။ အသင်းသားသည် ပန္နက်ဥက္ကဋ္ဌ၏အတိုင်ပင်ခံတစ်ဦးပါဝင်ခြင်းကို ငြင်းပယ်ပါက၊ပန္နက်ဥက္ကဋ္ဌသည်အခြားယဇ်ပုရောဟိတ်မင်းတစ်ဦးအား ထိုအတိုင်ပင်ခံနေရာကိုယူရန် တာဝန်ပေးသည်။ အသင်းသားသည် ပန္နက်ဥက္ကဋ္ဌ၏ပါဝင်ခြင်းကို ငြင်းပယ်ပါက၊ သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ဘက်လိုက်နိုင်သည်ဟုခံစားရပါက၊ သူသည် ပထမဥက္ကဋ္ဌအဖွဲ့၏ရုံးနှင့် တိုင်ပင်နိုင်သည်။

၃၂၊၉၊၈

ထူးခြားသောအခြေအနေများတွင် မည်သည့်ခေါင်းဆောင်က တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်သည်ကိုဆုံးဖြတ်ခြင်း

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းများသည် များသောအားဖြင့် မြေပုံအနေအထားအရ လူတစ်ဦး၏အသင်းသားမှတ်တမ်းရှိရာ ဒေသဘုရားကျောင်းတွင် ပြုလုပ်သည်။

တစ်ခါတစ်ရံတွင် ပြောင်းရွေ့သောသူတစ်ဦးအတွက် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန် လိုအပ်သည်။ ပြောင်းရွေ့သောနေရာသည် တူညီသောပန္နက်ထဲတွင်ရှိပါက၊ ပန္နက်ဥက္ကဋ္ဌသည် အသင်းတော်စုနှစ်ခုလုံးမှ သင်းအုပ်များနှင့်ဆွေးနွေးပြီး မည်သည့်နေရာတွင်ပြုလုပ်ရမည်ကို ဆုံးဖြတ်သည်။

အသင်းသားသည် ပန္နက်၏အပြင်ဘက်သို့ပြောင်းရွေ့ပါက၊ ပန္နက်မှ ပန္နက်ဥက္ကဋ္ဌနှစ်ဦးစလုံးသည်ဆွေးနွေးပြီး မည့်သည့်နေရာတွင် တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရမည်ကို ဆုံးဖြတ်သည်။ အသင်းတော်စု သို့မဟုတ် ပန္နက်အဟောင်းတွင်ပြုလုပ်မည်ဟု ဆုံးဖြတ်ပါက၊ အသင်းသားမှတ်တမ်းကို ထိုအသင်းတော်စု၌ တိုင်ပင်ဆွေးနွေးခြင်းပြီးသည်အထိ ထိန်းသိမ်းထားရမည်။ ထိုသို့မဟုတ်ပါက၊ မှတ်တမ်းအား အသင်းတော်စုအသစ်သို့လွှဲပြောင်းရမည်။ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အဘယ်ကြောင့်တိုင်ပင်ဆွေးနွေးခြင်းလိုအပ်သည်ကို အသင်းသား၏လက်ရှိသင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌကို လျှို့ဝှက်စွာအကြောင်းကြားသည်။

တစ်ခါတစ်ရံတွင် အိမ်မှယာယီအဝေးရောက်နေသော အသင်းသားတစ်ယောက်အတွက် အသင်းသားတိုင်ပင်ဆွေးနွေးမှုလုပ်ရန် လိုအပ်သည်။ ဥပမာ၊ ကျောင်းသားသို့မဟုတ် စစ်တပ်ထဲတွင်ရှိသော အသင်းသားတစ်ဦးအတွက် တိုင်ပင်ဆွေးနွေးခြင်း လိုအပ်နိုင်သည်။ အသင်းသားယာယီနေထိုင်သောနေရာမှ သင်းအုပ်က တိုင်ပင်ဆွေးနွေးပြီး ကူညီပေးနိုင်သည်။ သို့သော်လည်း၊ အသင်းသားမှတ်တမ်းက သူ၏အသင်းတော်ဆီသို့မရောက်ရှိမီနှင့် အသင်းသား၏အိမ်ဒေသမှ သင်းအုပ်နှင့်မတိုင်မီခင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းမပြုလုပ်သင့်ပါ။

တစ်ခါတစ်ရံတွင် သာသနာပြုတစ်ယောက်သည် သာသနာထဲတွင်ပြင်းထန်သောအပြစ်ကို ကျူးလွန်ပြီး ထိုအပြစ်သာသနာပြုတာဝန်ပြီးသည်အထိ မပေါ်တတ်ပါ။ သင်းအုပ်နှင့်ပန္နက်ဥက္ကဋ္ဌသည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကို မည်သူပြုလုပ်သင့်သည်ကိုတိုင်ပင်သည်။ မပြုလုပ်မီ သူတို့ထဲမှတစ်ဦးသည် သာသနာပြုအဖွဲ့ဥက္ကဋ္ဌဟောင်းနှင့် တိုင်ပင်ညှိနှိုင်းသည်။

၃၂၊၁၀

အသင်းသားတိုင်ပင်ဆွေးနွေးခြင်း အတွက်လုပ်ငန်းဆောင်တာများ

၃၂၊၁၀၊၁

တိုင်ပင်ဆွေးနွေးခြင်းအတွက် ပြင်ဆင်ခြင်းနှင့် ကြိုတင်အသိပေးခြင်း

သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အသင်းသားတိုင်ပင်ဆွေးနွေးပြုလုပ်မည့်အကြောင်းကို ရေးမှတ်ထားသောအသိပေးစာဖြင့် အသင်းသားကိုပေးသည်။ ထိုစာတွင် သူလက်မှတ်ရေးထိုးသည်။ ထိုစာတွင် အောက်ပါအချက်အလက်တို့ပါဝင်သည်။

“သင့်အတွက် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ပေးမည့် [သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌ]။ တိုင်ပင်ဆွေးနွေးခြင်းကို [နေ့နှင့်အချိန်] တို့၌ [နေရာ] တွင်ပြုလုပ်မည်။

“တိုင်ပင်ဆွေးနွေးခြင်းတွင် [မှားယွင်းသောအပြုအမူတို့၏ အခြေခံသဘောတရားများကိုအကျဉ်းချုပ်ဖော်ပြပါ၊ သို့သော် အသေးစိတ်အချက်များ သို့မဟုတ် သက်သေများမပေးပါနှင့်]

“သင်၏တုံပြန်မှုပေးရန် တိုင်ပင်ဆွေးနွေးခြင်းတက်ရောက်ရန် ဖိတ်ကြားပါသည်။ သင်သည် သင့်တော်ဆီလျှော်သောအချက်အလက်များပေးနိုင်သော သူတို့ထံမှရေးသားထားသောထွက်ဆိုချက်များကို ပြသနိုင်သည်။ ပန္နက်ဥက္ကဋ္ဌ သို့မဟုတ် သင်းအုပ်ဆီမှ ခွင့်ပြုချက်ကြိုတင်ရရှိပါက သင့်အတွက်စကားပြောပေးနိုင်သောသူအား ဖိတ်ခေါ်နိုင်သည်။ [အသင်းတော်စုလူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌ] တို့ဆီမှအကူအညီရရှိရန် သူတို့အားဖိတ်ခေါ်နိုင်သည်။

“တိုင်ပင်ဆွေးနွေးခြင်း တက်ရောက်သောသူတိုင်းသည် တိုင်ပင်ဆွေးနွေးခြင်း၏သဘောသဘာဝ၊ လုပ်ငန်းစဉ်များနှင့် လျှို့ဝှက်မှုများကို လေးစားမှုရှိရန် ဆန္ဒရှိသူများဖြစ်ရမည်။ အထက်တွင်ဖော်ပြထားသည့်သူများအားကျော်လွန်၍ ဥပဒေအကြံပေးများနှင့် ဥပဒေအကူအညီပေးသူများ တက်ရောက်ခွင့်မရှိပါ။”

နောက်ဆုံးစာပိုဒ်တွင် ချစ်ခြင်းမေတ္တာ၊ မျှော်လင့်ခြင်းနှင့်စိုးရိမ်ခြင်းတို့ကို ဖော်ပြသည်တို့ပါဝင်နိုင်သည်။

တိုင်ပင်ဆွေးနွေးခြင်း၌စကားပြောရန် မည်သူတို့ကိုဖိတ်ကြားနိုင်ကြောင်းလမ်းညွှန်ချက်များကို ၃၂၊၁၀၊၃၊ နံပါတ်-၄ တွင်ဖော်ပြထားသည်။

လူကိုယ်တိုင်ဖြင့်စာမပို့နိုင်လျှင်၊ စာရင်းသွင်းထားသော သို့မဟုတ် ထောက်ခံချက်ရှိသော စာပို့စနစ်ဖြင့်ပြန်ပို့ရန် ပြေစာပါအပါအဝင် ပို့နိုင်သည်။

ထိုလူ၏အဆင်ပြေမည့်အချိန်တွင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန် ပန္နက်ဥက္ကဋ္ဌ သို့မဟုတ် သင်းအုပ်ကအစီအစဉ်ဆွဲနိုင်သည်။ မှားယွင်းသောအပြုအမူကြောင့် ထိခိုက်နစ်နာသူတို့မှ ဆန္ဒဖြင့်ထွက်ဆိုမှုများကိုရရှိဖို့ အချိန်ရှိစေရန်အတွက် သူသေချာစွာပြုလုပ်ပါသည် (ရှု ၃၂၊၁၀၊၂)။

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် တိုင်ပင်ဆွေးနွေးခြင်းတွင်ပါဝင်သောသူများကိုအစည်းအဝေး၏ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကိုရှင်းပြခြင်းအားဖြင့် ပြင်ဆင်ပေးပါသည်။ တိုင်ပင်ဆွေးနွေးခြင်းမှ မည်ကဲ့သို့သောဆုံးဖြတ်မှုများပြုလုပ်နိုင်ကြောင်းနှင့် ထိုအရာတို့၏ရလဒ်တို့ကိုလည်း သူရှင်းပြပါသည်။ အသင်းသားကဝန်ခံခဲ့ပါက၊ ထိုဝန်ခံခြင်းကို အသင်းသားတိုင်ပင်ဆွေးနွေးခြင်း၌အသုံးပြုရန်လိုအပ်ကြောင်း ခေါင်းဆောင်ရှင်းပြပါသည်။

၃၂၊၁၀၊၂

ထိခိုက်နစ်နာသူတို့ထံမှ ထွက်ဆိုချက်များရရှိခြင်း

ထိခိုက်နစ်နာသူ (သွေးရင်းကာမစပ်ယှက်မှု၊ ကလေးများအားညှဉ်းပန်းနှိပ်စက်မှု၊ အိမ်ထောင်ဖက်အားညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် လိမ်လည်မှုကဲ့သို့သောအရာများ) သည်အသင်းတော်မှအသင်းသားဖြစ်ပါက၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ထိုသူ၏လက်ရှိသင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌကို ဆက်သွယ်သည်။ မှားယွင်းသောအပြုအမူကြောင့်နှင့် ထိုအပြုအမူ၏အကျိုးသက်ရောက်မှုကြောင့်ဖြစ်သော နစ်နာမှုတို့ကို ထိခိုက်နစ်နာသူများအား ထွက်ဆိုရေးသားခိုင်းခြင်းသည် အကူအညီပေးနိုင်ခြင်းရှိမရှိကိုခေါင်းဆောင်များဆုံးဖြတ်သည်။ ထိုထွက်ဆိုမှုများကို အသင်းဝင်ဖြစ်ခြင်းတိုင်ပင်ဆွေးနွေးခြင်းတွင် ဖတ်နိုင်သည်(ရှု ၃၂၊၁၀၊၃၊ နံပါတ်-၃)။ အသင်းတော်မှခေါင်းဆောင်တို့သည် အသင်းသားမဟုတ်သော ထိခိုက်နစ်နာသူများနှင့်ဆက်သွယ်တွေ့ဆုံခြင်းများပြုလုပ်ရန် အခွင့်မရှိပါ။

ထိုရည်ရွယ်ချက်အတွက် ထိခိုက်နစ်နာသူနှင့်ဆက်သွယ်ပြောဆိုခြင်းများသည် သူ သို့မဟုတ် သူမ၏လက်ရှိသင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌဖြင့်သာဖြစ်ရမည်။ ထိခိုက်နစ်နာသူကထွက်ဆိုချက်ပေးပါက၊ ထိုခေါင်းဆောင်သည် ထွက်ဆိုချက်ကို အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်မည့် သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌကိုပေးရမည်။ နောက်ထပ်စိတ်ဒဏ်ရာဖြစ်စေခြင်းမှရှောင်ရှားရန် ခေါင်းဆောင်တို့အထူးဂရုပြုရမည်။ အခြားသတိပြုစရာများအတွက် ၃၂၊၄၊၃ ကိုကြည့်ပါ။

အသက်၁၈နှစ်အောက်အရွယ်ထိခိုက်နစ်နာသူတစ်ဦး၏အကြောင်းကို စုံစမ်းမေးမြန်းပါက ထိုကလေး၏မိဘသို့မဟုတ် တရားဝင်စောင့်ရှောက်များအားဖြင့်သာပြုလုပ်ရမည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက ထိခိုက်နစ်နာသူအား အန္တရာယ်ရှိစေလျှင်လုပ်ရန်မလိုပါ။

ညှဉ်းပန်းနှိပ်စက်ခြင်းအကြောင်းအရာများနှင့်ပတ်သက်ပြီး သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌများရရှိသောလမ်းညွှန်ချက်များကို ၃၂၊၄၊၅ နှင့် ၃၈၊၆၊၂၊၁တွင်ကြည့်ပါ။

၃၂၊၁၀၊၃

တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ခြင်း

တိုင်ပင်ဆွေးနွေးခြင်းမစတင်ခင်အချိန်တွင်၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌ ကပါဝင်သူများအား ထိုတိုင်ပင်ဆွေးနွေးမှုသည် မည်သူ့အတွက်လုပ်ဆောင်ရခြင်းနှင့် မှားယွင်းသောအပြုအမူအကြောင်းကိုအသိပေးသည်။ လိုအပ်ပါက၊ တိုင်ပင်ဆွေးနွေးခြင်း၏လုပ်ငန်းစဉ်များကို ရှင်းပြသည်။

ပြီးလျှင်၊ အပြစ်ကျူးလွန်သောသူ တက်ရောက်ပါက ထိုသူ့ကိုအခန်းထဲသို့ဝင်ရန်ဖိတ်ခေါ်သည်။ ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအတွက် သင်းအုပ်အားဖိတ်ခေါ်ခဲ့လျှင်၊ သူ့အားလည်းဤအချိန်၌အခန်းထဲဝင်ရန် ဖိတ်ခေါ်ပါ။ ပြစ်မှုကျူးလွန်သူက အသင်းတော်စု၏လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌနှင့် အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌအားပါဝင်ကူညီရန် ဖိတ်ခေါ်ခဲ့လျှင်၊ သူ သို့မဟုတ် သူမသည်လည်း အခန်းထဲဝင်နိုင်သည်။

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် တိုင်ပင်ဆွေးနွေးမှုကိုချစ်ခြင်းဖြင့် အောက်ပါဖော်ပြချက်တို့အတိုင်း ဆောင်ရွက်သည်။

  1. အဖွင့်ဆုတောင်းပေးရန် တစ်ယောက်ယောက်အားဖိတ်ခေါ်သည်။

  2. မှားယွင်းသောအပြုအမူအကြောင်းကို သူထွက်ဆိုပါသည်။ အပြစ်ကျူးလွန်သူအား(တက်ရောက်လျှင်) ထိုအရာကိုအတည်ပြုရန်၊ ငြင်းပယ်ရန် သို့မဟုတ် ထွက်ဆိုချက်အား ရှင်းလင်းရန်အခွင့်အရေးပေးပါသည်။

  3. အသင်းသားက မှားယွင်းသောအပြုအမူကို အတည်ပြုပါက၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် နံပါတ်-၅ အောက်မှ စတင်လုပ်ဆောင်သည်။ အသင်းသားက ငြင်းပယ်ပါက၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ထိုအကြောင်းအရာ၏ အချက်အလက်တို့အားပြောပြသည်။ ထိုအထဲတွင် ယုံကြည်စိတ်ချရသောစာရွက်စာတမ်းများအားထုတ်ပြခြင်းနှင့် ထိခိုက်နစ်နာသူတို့ရေးသားထားသောထွက်ဆိုချက်များကို ဖတ်ပြပေးခြင်းတို့ပါဝင်သည် (ရှု ၃၂၊၁၀၊၂)။ ထွက်ဆိုချက်ကိုဖတ်သောအချိန်တွင်၊ ထိခိုက်နစ်နာသူ မည်သူမည်ဝါဖြစ်ကြောင်း သူကာကွယ်သည်။

  4. အသင်းသားသည် မှားယွင်းသောအပြုအမူကိုငြင်းပယ်ပါက၊ သူ သို့မဟုတ် သူမသည် အချက်အလက်များကို တိုင်ပင်ဆွေးနွေးခြင်းသို့တင်ပြနိုင်သည်။ ရေးသားထားသော အရာလည်းဖြစ်နိုင်သည်။ သို့မဟုတ် အသင်းသားက တိုင်ပင်ဆွေးနွေးခြင်း၌ စကားပြောရန်ဆက်နွယ်သောအကြောင်းအရာနှင့်ပတ်သက်၍ပြောပြပေးနိုင်သော သူတို့ကိုလည်းမေးနိုင်သည်၊ တစ်ယောက်ချင်းစီပြောရမည်။ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက အသင်းသားမဟုတ်သူများတက်ရောက်နိုင်သည်ဟု ကြိုတင်၍ပြောထားခြင်းမှလွဲ၍ စကားပြောဆိုပေးသောသူတို့သည် အသင်းတော်မှအသင်းသားများဖြစ်ရမည်။ သူတို့သည် တခြားအခန်းထဲ၌သူတို့စကားပြောရန် ဖိတ်ခေါ်သည်အထိစောင့်ရမည်။ သူ သို့မဟုတ် သူမ တစ်ယောက်ချင်းစီတို့သည် ပြီးဆုံးသည်နှင့် အခန်းထဲမှထွက်ခွာရမည်။ တက်ရောက်သောသူတိုင်းသည် တိုင်ပင်ဆွေးနွေးခြင်း၏သဘောသဘာဝ၊ လုပ်ငန်းစဉ်များနှင့် လျှို့ဝှက်မှုများကို လေးစားမှုရှိရန်ဆန္ဒရှိသူများဖြစ်ရမည်။ ဥပဒေဆိုင်ရာအကြံပေးများမတက်ရောက်နိုင်ပါ။ သို့မဟုတ် ဤအပိုင်း၏ဒုတိယစာပိုဒ်တွင် ဖော်ပြထားသောအကူအညီပေးသူများမှကျော်လွန်၍ ကူညီပေးသည့်သူများ မတက်ရောက်နိုင်ပါ။

  5. သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အသင်းသားအားမေးခွန်းများကို ယဉ်ကျေးပြီးလေးစားမှုရှိသောနည်းလမ်းများဖြင့် မေးရမည်။ အသင်းသားက အချက်အလက်များပေးရန် ဖိတ်ခေါ်ထားသောသူများကိုလည်း မေးခွန်းများမေးနိုင်သည်။ သင်းအုပ်နှင့်အတိုင်ပင်ခံအဖွဲ့ နှင့် ပန္နက်ဥက္ကဋ္ဌအဖွဲ့မှအတိုင်ပင်ခံတို့လည်း မေးခွန်းများမေးနိုင်သည်။ မေးခွန်းတိုင်းသည် လိုရင်းဖြစ်ပြီး လိုအပ်သောအချက်များကန့်သတ်မှုရှိရမည်။

  6. ပတ်သက်ဆက်နွယ်သောအချက်အလက်များအားလုံးထွက်ပေါ်ပြီးပါက၊ သင်းအုပ်သို့မဟုတ်ပန္နက်ဥက္ကဋ္ဌသည် အသင်းသားကိုအခန်းထဲမှ ထွက်ခွင့်ပေးသည်။ ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင် အတိုင်ပင်ခံမင်းအဖွဲ့ပါဝင်ခြင်းမှလွဲ၍ စာရေးကိုလည်းထွက်ခွင့်ပေးသည်။ အသင်းသား၏သင်းအုပ်သည် ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပါဝင်ပါက၊ သူ့ကိုလည်းထွက်ခွင့်ပြုသည်။ လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌတို့ပါဝင်ကူညီရန် တက်ရောက်ပါက၊ သူ သို့မဟုတ် သူမကိုလည်းထွက်ခွင့်ပြုသည်။

  7. သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌ သည်သူ၏အတိုင်ပင်ခံတို့ထံမှ စိတ်ခံစားမှုများသို့မဟုတ်ထင်မြင်ချက်တို့အား မေးမြန်းသည်။ ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင် အတိုင်ပင်ခံမင်းအဖွဲ့တက်ရောက်ပါက၊ သူတို့၏စိတ်ခံစားမှုများသို့မဟုတ်ထင်မြင်ချက်တို့အား မေးမြန်းသည်။

  8. သူ၏အတိုင်ပင်ခံများနှင့်၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ထိုအကြောင်းအရာအတွက်ကိုယ်တော်ရှင်၏အလိုတော်သိနိုင်ရန် ဆုတောင်းပါသည်။ သင်းအုပ် နှင့်သူ၏အတိုင်ပင်ခံများ သို့မဟုတ် ပန္နက်ဥက္ကဋ္ဌနှင့် သူ၏အတိုင်ပင်ခံများသာ ထိုအချိန်တွင် အခန်းထဲ၌ရှိရမည်။ ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင် အတိုင်ပင်ခံမင်းအဖွဲ့ပါဝင်ပါက၊ ပန္နက်ဥက္ကဋ္ဌအဖွဲ့သည် ပုံမှန်အားဖြင့် ပန္နက်ဥက္ကဋ္ဌ၏ရုံးခန်းသို့သွားသည်။

  9. သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် သူ၏ဆုံးဖြတ်ချက်ကို အတိုင်ပင်ခံများအားပြောပြီး၊ ထိုအရာအားထောက်ခံကြောင်းပြရန်မေးသည်။ ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင် အတိုင်ပင်ခံမင်းအဖွဲ့ပါဝင်ပါက၊ ပန္နက်ဥက္ကဋ္ဌသည် သူတို့၏အခန်းထဲသို့ပြန်သွားပြီး ဆုံးဖြတ်ချက်အား ထောက်ခံကြောင်းပြရန်မေးသည်။ အတိုင်ပင်ခံတစ်ဦး သို့မဟုတ် အတိုင်ပင်ခံမင်းအဖွဲ့မှ တခြားသောထင်မြင်ယူဆချက်ရှိပါက၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ကွဲပြားမှုများကိုနားထောင်ပြီး ဖြေရှင်းရန်ကြိုးစားသည်။ အမြင့်ဆုံး ယဇ်ပရောဟိတ်ကိုင်ဆောင်သူအသင်းလူကြီးတွင် ဆုံးဖြတ်ချက်အတွက်တာဝန်ရှိသည်။

  10. ပြီးနောက် အပြစ်ကျူးလွန်သူကိုအခန်းထဲသို့ပြန်ဝင်ရန် သူဖိတ်ခေါ်သည်။ စာရေးကိုထွက်ခွင့်ပြုခဲ့ပါက၊ သူ့ကိုလည်းအခန်းထဲသို့ ပြန်ဝင်ရန်ဖိတ်ခေါ်သည်။ အသင်းသား၏သင်းအုပ်သည် ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင်ပါဝင်ပါက၊ သူ့ကိုလည်းအခန်းထဲသို့ဖိတ်ခေါ်သည်။ လူမှုသက်သာရေးအဖွဲ့ဥက္ကဋ္ဌသို့မဟုတ် အသင်းလူကြီးအဖွဲ့ဥက္ကဋ္ဌတို့ပါဝင်ကူညီရန် တက်ရောက်ပါက၊ သူ သို့မဟုတ် သူမကိုလည်းပြန်လာရန်ခွင့်ပြုသည်။

  11. သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် တိုင်ပင်ဆွေးနွေးခြင်းမှဆုံးဖြတ်ချက်ကို ချစ်ခြင်းမေတ္တာဖြင့်ဝေငှသည်။ ဆုံးဖြတ်ချက်သည် အပြစ်ကျူးလွန်သူ၏အသင်းတော်၌ အသင်းသားအထူးအခွင့်အရေးများကိုအတည်ပြုကန့်သတ်ချက်များပြုလုပ်ခြင်း သို့မဟုတ် အသင်းဝင်ဖြစ်ခြင်းရုပ်သိမ်းခြင်းတို့ပြုလုပ်ပါက၊ အခြေအနေများကို သူရှင်းပြပါသည် (ရှု ၃၂၊၁၁၊၃ နှင့် ၃၂၊၁၁၊၄)။ ကန့်သတ်ချက်များကိုမည်သို့ကျော်ဖြတ်ရမည်နှင့် တခြားသောလမ်းညွှန်မှုများနှင့် အကြံပေးခြင်းတို့ကိုသူရှင်းပြပါသည်။ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌ သည် ဆုံးဖြတ်ချက်မချမီ လမ်းညွှန်မှုနှင့်အချက်အလက်များပိုရှာဖွေနိုင်ရန် တိုင်ပင်ဆွေးနွေးခြင်းကို ရွေ့ဆိုင်းနိုင်သည်။ ထိုအခြေအနေတွင်၊ သူက ဤအရာကိုရှင်းပြပါသည်။

  12. အပြစ်ကျူးလွန်သူတွင် အယူခံဝင်နိုင်သောအခွင့်ရှိသည်ကို ရှင်းပြသည် (ရှု ၃၂၊၁၃)။

  13. တစ်စုံတစ်ယောက်အား အပိတ်ဆုတောင်းပေးရန်ဖိတ်ခေါ်သည်။

အပြစ်ကျူးလွန်သူတက်ရောက်သည်ဖြစ်စေ မတက်ရောက်သည်ဖြစ်စေ၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ဆုံးဖြတ်ချက်ကို သူ သို့မဟုတ် သူမအား ၃၂၊၁၂၊၁ တွင်ရှင်းပြထားသည့်အတိုင်းအသိပေးသည်။

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင်ပါဝင်သူများကို အသံဖမ်းခြင်း၊ ဗီဒီရိုရိုက်ခြင်းနှင့် ရေးသားမှတ်သားမှုတို့ပြုလုပ်ခြင်းမှ တားမြစ်သည်။ အသင်းတော်အသင်းသားတိုင်ပင်ဆွေးနွေးခြင်း အကြောင်းကြားခြင်းအတွက်ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် စာရေးသည် ရေးသားမှတ်ယူနိုင်သည်။ သို့သော်လည်း၊ ထိုရေးမှတ်ခြင်းသည် စကားလုံးတစ်လုံးခြင်းစီ သို့မဟုတ် တထေရာတည်းကူးယူခြင်းမဖြစ်ရပါ။ အကြောင်းကြားခြင်းပြုလုပ်ရန်ပြင်ဆင်ပြီးပါက၊ ထိုမှတ်စုတို့ကိုဖျက်ဆီးရမည်။

၃၂၊၁၁

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းမှဆုံးဖြတ်ချက်များ

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းမှဆုံးဖြတ်ချက်များသည် ဝိညာဉ်တော်၏လမ်းညွှန်မှုအရဖြစ်ရမည်။ နောင်တရသူတို့အတွက်ပေးသော ကယ်တင်ရှင်၏ ချစ်ခြင်းမေတ္တာနှင့် မျှော်လင့်ခြင်းတို့ ထင်ဟပ်နေရမည်။ ဖြစ်နိုင်သောဆုံးဖြတ်ခြင်းများကို အောက်တွင်ဖော်ပြထားသည်။ ဆုံးဖြတ်ချက်များပြုလုပ်ရတွင်၊ ခေါင်းဆောင်တို့သည် ၃၂၊၇ တို့တွင်ဖော်ပြထားသောအခြေအနေများကို စဉ်းစားသုံးသပ်ရမည်။

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းများ ပြီးသည့်အခါတိုင်း၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အသင်းတော် အသင်းသားတိုင်ပင်ဆွေးနွေးခြင်း အကြောင်းကြားခြင်းပုံစံကို LRC အားဖြင့်ဖြည့်စွက်ရမည် (ရှု ၃၂၊၁၄၊၁)။

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းမှ ဖြစ်နိုင်သောဆုံးဖြတ်ခြင်းများကို အောက်ပါအပိုင်းများတွင်ဖော်ပြထားသည်။

၃၂၊၁၁၊၁

ကောင်းသောနေရာတွင်ရပ်တည်နေခြင်း

တချို့သောအခြေအနေများတွင်၊ လူတစ်ဦးသည်အပြစ်ကင်းပြီး နာမည်ကောင်းဆက်ပြီးရှိနေနိုင်ပါသည်။ တချို့သောအခြေအနေများတွင်၊ လူတစ်ဦးသည်အပြစ်ကျူးလွန်ခဲ့ပြီး၊ စစ်မှန်သောနောင်တရခြင်းနှင့် နာမည်ကောင်းရှိနေနိုင်ပါသည်။ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် နောင်ပြုလုပ်မည့်လုပ်ဆောင်မှုများအတွက်သတိပြုရန်နှင့်အကြံပြုမှုများပေးနိုင်သည်။ တိုင်ပင်ဆွေးနွေးခြင်းပြီးပါက၊ လိုအပ်သလိုအကူအညီပေးမှုများ သူပြုလုပ်သည်။

ရုပ်ပုံ
အတူတူထိုင်နေသည့်ဇနီးမောင်နှံ

၃၂၊၁၁၊၂

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌနှင့် ပုဂ္ဂိုလ်ရေးရာတိုင်ပင်ဆွေးနွေးခြင်း

အချို့သောအသင်းသားတိုင်ပင်ဆွေးနွေးခြင်းများတွင်၊ အသင်းသားသည် နာမည်ကောင်းမရှိသည်ကိုခေါင်းဆောင်က ထင်မြင်သုံးသပ်သည်- သို့သော် အတည်ပြုထားသောအသင်းဝင်ဖြစ်ခြင်းကန့်သတ်ခြင်းများပြုလုပ်ရန် မလုံလောက်ပါ။ ထိုသို့သောအခြေအနေများတွင်၊ ထိုလူသည် သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌတို့နှင့် ပုဂ္ဂိုလ်ရေးရာတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ပြီး အမှားပြင်ဆင်ခြင်းတို့ရရှိသင့်သည်။ ထိုတိုင်ပင်ဆွေးနွေးခြင်းတွင် ၃၂၊၈၊၃ တွင်ဖော်ပြထားသကဲ့သို့အတည်ပြုထားသောအသင်းဝင်ဖြစ်ခြင်း ကန့်သတ်ခြင်းများပါဝင်နိုင်သည်။

တိုင်ပင်ဆွေးနွေးခြင်းကို ၃၂၊၆၊၁ တို့တွင်ဖော်ပြထားသောအပြစ်များအတွက်ပြုလုပ်ရာတွင် ပုဂ္ဂိုလ်ရေးရာတိုင်ပင်ဆွေးနွေးခြင်းနှင့်အတည်မပြုရသေးသော အသင်းဝင်ဖြစ်ခြင်းကန့်သတ်ခြင်းများကိုမရွေးချယ်နိုင်ပါ။

၃၂၊၁၁၊၃

အတည်ပြုထားသောအသင်းဝင်ဖြစ်ခြင်းကန့်သတ်ခြင်းများ

တချို့သောအသင်းသားတိုင်ပင်ဆွေးနွေးခြင်းများတွင်၊ ခေါင်းဆောင်က လူတစ်ဦး၏အသင်းတော်၌ အသင်းဝင်ဖြစ်ခြင်းအထူးအခွင့်အရေးများကို အချိန်အတိုင်းအတာတစ်ခုအထိ အတည်တကျကန့်သတ်လိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဟုဆုံးဖြတ်နိုင်သည်။ အတည်ပြုထားသောကန့်သတ်ချက်များသည် အားလုံးအတွက်လုံလောက်နိုင်သည် သို့သော် အပြင်းထန်ဆုံးအပြစ်များ သို့မဟုတ် အခြေအနေများအတွက် အသင်းသားဖြစ်ခြင်းရုပ်သိမ်းရန် လိုအပ်သည် (ရှု ၃၂၊၁၁၊၄)။

အတည်ပြုထားသော အသင်းဝင်ဖြစ်ခြင်းကန့်သတ်ချက်ရှိသူများသည် အသင်းတော်၏အသင်းသားများ ဖြစ်နေဆဲဖြစ်သည်။ သို့သော်လည်း၊ အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းအထူးအခွင့်အရေးများကို အောက်ပါအတိုင်းကန့်သတ်ထားသည်။

  • သူတို့သည် ဗိမာန်တော်သို့မဝင်နိုင်ပါ။ သို့သော်၊ ဝိညာဉ်တော်ပကတိအပ်နှင်းပြီးသောသူတို့သည် ဗိမာန်တော်အဝတ်တန်ဆာဝတ်ဆင်နိုင်သေးသည်။ အသင်းသားတွင်ဗိမာန်တော်ဝင်ခွင့်ရှိပါက၊ ထိုအရာကိုခေါင်းဆောင်က LCR တွင်ပယ်ဖျက်သည်။

  • သူတို့သည် ယဇ်ပုရောဟိတ်အခွင့်အာဏာကိုအသုံးပြုခွင့်မရှိပါ။

  • သူတို့သည် ပွဲတော်မင်္ဂလာသုံးဆောင်ခြင်းနှင့် အသင်းတော်၏ခေါင်းဆောင်များကို ထောက်ခံခြင်းတို့လည်းမပြုလုပ်နိုင်ပါ။

  • အသင်းတော်၌ ဒေသနာဟောပြောခြင်း၊ သင်ခန်းစာသင်ခြင်း သို့မဟုတ် ဆုတောင်းပေးခြင်းတို့မလုပ်နိုင်ပါ။ သို့မဟုတ် အသင်းတော်ထဲ၌ အမှုတော်ဆောင်တာဝန်ထမ်းဆောင်ခြင်းလည်း မပြုလုပ်နိုင်ပါ။

သူတို့၏အပြုအမှုများပြင်ဆင်နိုင်သောအခါ၊ အသင်းတော်၏အစည်းအဝေးများနှင့် လှုပ်ရှားမှုများကိုတက်ရောက်နိုင်သည်။ ဆယ်ဖို့တစ်ဖို့နှင့် အစာရှောင်အလှူငွေများလည်း ပေးနိုင်သည်။

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက တခြားသောအခြေအနေများဖြစ်သည့်၊ ညစ်ညမ်းသောရုပ်ရှင်များနှင့် တခြားသောမာရ်နတ်၏လွှမ်းမိုးခြင်းရှိသောအရာတို့၏အဝေးမှာနေရန် ထည့်သွင်းပြောကြားနိုင်သည်။ သူသည် ပုံမှန်အားဖြင့် ကောင်းသောအရာများကိုဖြည့်စွက်ပြောကြားသည်။ ထိုအထဲတွင် ဘုရားကျောင်းပုံမှန်တက်ရောက်ခြင်း၊ ပုံမှန်ဆုတောင်းခြင်း နှင့် ကျမ်းစာများနှင့် တခြားသောအသင်းတော်မှစာအုပ်၊ ဆောင်းပါးစသည်တို့ဖတ်ရန် ပါဝင်သည်။

လူတစ်ဦး၏အသင်းတော်၌အသင်းဝင်ဖြစ်ခြင်း အထူးအခွင့်ရေးများအတည်ပြုကန့်သတ်ခြင်းခံရပါက၊ ထိုအရာကို သူတို့၏အသင်းသားမှတ်တမ်း၌ ရေးမှတ်ထားသည်။

အတည်ပြုကန့်သတ်ခြင်းခံရသောအချိန်သည် ပုံမှန်အားဖြင့် တစ်နှစ်ဖြစ်ပြီး ပို၍လည်းကြာနိုင်သည်။ အသင်းသားတစ်ဦးသည်စစ်မှန်သောနောင်တရခြင်းတွင် သိသာသောတိုးတက်မှုရှိပါက၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် တိုင်ပင်ဆွေးနွေးခြင်းထပ်မံပြုလုပ်ပြီး ကန့်သတ်ချက်များကို ပယ်ဖျက်ရန်စဉ်းစားနိုင်သည် (ရှု ၃၂၊၁၆၊၁)။ အသင်းသားသည်အလားတူအပြစ်များကိုဆက်လုပ်ပါက၊ ခေါင်းဆောင်သည်တခြားအရာများစီမံဆောင်ရွက်ရန် တိုင်ပင်ဆွေးနွေးခြင်းနောက်တစ်ခုထပ်ပြုလုပ်နိုင်သည်။

၃၂၊၁၁၊၄

အသင်းဝင်ဖြစ်ခြင်းမှရုပ်သိမ်းခြင်း

တချို့သောအသင်းသားတိုင်ပင်ဆွေးနွေးခြင်းများတွင်၊ ခေါင်းဆောင်က လူတစ်ဦး၏အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းကို အချိန်အတိုင်းအတာတစ်ခုအထိရုပ်သိမ်းခြင်းသည် အကောင်းဆုံးဖြစ်သည်ဟုဆုံးဖြတ်နိုင်သည် (ရှု မောဇိယ ၂၆း၃၆အယ်လ်မာ ၆း၃မော်ရိုနိုင်း ၆း၇ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၂၀း၈၃)။

လူသတ်မှု(၃၂၊၆၊၁၊၁ တွင်ဖော်ပြထားသကဲ့သို့) နှင့် မယားပြိုင်လက်ထပ်ခြင်း (၃၂၊၆၊၁၊၂ တွင်ဖော်ပြထားသကဲ့သို့) များအတွက်လူတစ်ဦး၏အသင်းတော်၌ အသင်းဝင်ဖြစ်ခြင်းရုပ်သိမ်းရန်လိုအပ်သည်။ ၃၂၊၆၊၁၊၂ နှင့် ၃၈၊၆၊၁၀ တို့တွင်ဖော်ပြထားသော သွေးရင်းကာမစပ်ယှက်မှုတို့အတွက်လည်း အသင်းဝင်ဖြစ်ခြင်းရုပ်သိမ်းရန် အမြဲတမ်းနီးပါးလိုအပ်သည်။

ဝိညာဉ်တော်၏လမ်းညွှန်မှုအရ၊ အောက်ပါဖော်ပြပါတို့တွင် လူတစ်ဦး၏အသင်းဝင်ဖြစ်ခြင်းရုပ်သိမ်းမှုများပြုလုပ်ရန် လိုအပ်နိုင်သည်။

  • သူတို့ပြုလုပ်သောအပြုအမှုသည် တခြားသူများအတွက်ပြင်းထန်သော ခြိမ်းခြောက်မှုဖြစ်စေသောသူများ။

  • အလွန်ပြင်းထန်သောအပြစ်များကိုကျူးလွန်သောသူများ။

  • ပြင်းထန်သောအပြစ်အတွက် နောင်တရခြင်း မပြုလုပ်သောသူများ (စဉ်းစားတွေးတောရန် ၃၂၊၇ ကိုကြည့်ပါ)

  • ကျူးလွန်ခဲ့သောပြင်းထန်သည့်အပြစ်ကြောင့် အသင်းတော်ကိုထိခိုက်နစ်နာစေခြင်းဖြစ်စေသောသူများ။

ဗိမာန်တော်၌ဝိညာဉ်တော်အပ်နှင်းခြင်းမပြုလုပ်ရသေးသောသူအတွက် အသင်းတော်မှအသင်းသားဖြစ်ခြင်းအားရုပ်သိမ်းရန် အသင်းတော်စု၊ အသင်းတော်ခွဲ သို့မဟုတ် ခရိုင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတို့ကအကြံပြုနိုင်သည်။ သို့သော်လည်း၊ ဆုံးဖြတ်ချက် အဆုံးမသပ်မီ သာသနာပြုအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် ပန္နက်ဥက္ကဋ္ဌ တို့၏ ခွင့်ပြုချက်လိုအပ်သည်။

အသင်းတော်မှအသင်းသားဖြစ်ခြင်းအား ရုပ်သိမ်းခံရသောသူများသည် အသင်းသားအထူးအခွင့်အရေးများကိုမခံစားနိုင်ပါ။

  • ဗိမာန်တော်သို့ဝင်ခြင်း သို့မဟုတ် ဗိမာန်တော် အဝတ်တန်ဆာ ဝတ်ဆင်ခြင်းတို့မပြုလုပ်နိုင်ပါ။ အသင်းသားတွင်ဗိမာန်တော်ဝင်ခွင့်ရှိပါက၊ ထိုအရာကိုခေါင်းဆောင်က LCR တွင်ပယ်ဖျက်သည်။

  • သူတို့သည် ယဇ်ပုရောဟိတ်အခွင့်အာဏာကို အသုံးပြုခွင့်မရှိပါ။

  • သူတို့သည်ပွဲတော်သုံးဆောင်ခြင်းနှင့် အသင်းတော်၏ခေါင်းဆောင်များကို ထောက်ခံခြင်းတို့လည်းမပြုလုပ်နိုင်ပါ။

  • အသင်းတော်၌ ဒေသနာဟောပြောခြင်း၊ သင်ခန်းစာသင်ခြင်း သို့မဟုတ် ဆုတောင်းပေးခြင်း သို့မဟုတ် လှုပ်ရှားမှုများတွင် ဦးဆောင်မှုတို့မလုပ်နိုင်ပါ။ သို့မဟုတ် အသင်းတော်ထဲ၌ အမှုတော်ဆောင်တာဝန်ထမ်းဆောင်ခြင်းလည်း မပြုလုပ်နိုင်ပါ။

  • ဆယ်ဖို့တစ်ဖို့နှင့် အစာရှောင်အလှူငွေများလည်း မပေးနိုင်ပါ။

သူတို့၏အပြုအမူများပြင်ဆင်နိုင်သောအခါ၊ အသင်းတော်၏အစည်းအဝေးများနှင့် လှုပ်ရှားမှုများကိုတက်ရောက်နိုင်သည်။

အသင်းတော်မှ အသင်းသားဖြစ်ခြင်းအားရုပ်သိမ်းခံရသောသူများသည် အသင်းတော်၌ပြန်လည်ဝင်ခွင့်ရရန် ဗတ္တိဇံခံခြင်းနှင့် အတည်ပြုခြင်းတို့ပြုလုပ်ရမည်။ ပုံမှန်အားဖြင့်၊ သူတို့သည်ပထမဦးစွာ စစ်မှန်သောနောင်တရခြင်းရှိကြောင်းအနည်းဆုံး ၁နှစ်ပြရမည်။ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ပြန်လည်ဝင်ခွင့်ပြုခြင်းအတွက်ဆုံးဖြတ်ရန် အသင်းသားတိုင်ပင်ဆွေးနွေးခြင်း နောက်တစ်ခုပြုလုပ်ရသည် (ရှု ၃၂၊၁၆၊၁)။

အသင်းသားတိုင်ပင်ဆွေးနွေးခြင်း၏ဆုံးဖြတ်ချက်များ နှင့်ရလဒ်များ

ဆုံးဖြတ်ချက်

ရလဒ်များ

ဆုံးဖြတ်ချက်

နာမည်ကောင်းဆက်ရှိနေခြင်း (ရှု ၃၂၊၁၁၊၁)

ရလဒ်များ

  • မရှိ

ဆုံးဖြတ်ချက်

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌနှင့်ပုဂ္ဂိုလ်ရေးရာ တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ခြင်း (ရှု ၃၂၊၁၁၊၂)

ရလဒ်များ

  • အတည်မပြုရသေးသည့် အချို့သောအသင်းသားအထူးအခွင့်အရေး ကန့်သတ်မှုများရှိနိုင်သည်။

  • ပုံမှန်အားဖြင့်ကန့်သတ်ခြင်းများသည် တစ်နှစ်အောက်ဖြစ်သည်၊ ပုံမှန်မဟုတ်သော အခြေအနေများတွင်၊ ပို၍ကြာနိုင်သည်။

  • အတည်မပြုရသေးသောကန့်သတ်ချက်များကို စစ်မှန်သောနောင်တရခြင်းရပြီးနောက် ပယ်ဖျက်နိုင်သည်။

  • လုပ်ဆောင်ပြုမူခြင်းများကို အသင်းသားမှတ်တမ်းတွင် မှတ်တမ်းမတင်ရပါ။

ဆုံးဖြတ်ချက်

အတည်ပြုထားသည့် အသင်းသားကန့်သတ်ချက်များ (ရှု ၃၂၊၁၁၊၃)

ရလဒ်များ

  • အသင်းသားအထူးအခွင့်အရေးများကို အတည်ပြုပြီးကန့်သတ်ထားသည်။

  • ပုံမှန်အားဖြင့်ကန့်သတ်ခြင်းများသည် တစ်နှစ်အောက်ဖြစ်ပြီး ပို၍လည်းကြာနိုင်သည်။

  • လုပ်ဆောင်ပြုမူခြင်းများကို အသင်းသားမှတ်တမ်းတွင် မှတ်တမ်းတင်ရမည်။

  • အတည်ပြုထားသောကန့်သတ်ချက်များကို စစ်မှန်သောနောင်တရခြင်းရပြီးနောက်၊ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြီးနောက်၊ လိုအပ်ပါက၊ ပထမ ဥက္ကဋ္ဌအဖွဲ့မှခွင့်ပြုချက်ရရှိပြီးနောက်တွင်ပယ်ဖျက်နိုင်သည်။

  • ကန့်သတ်ချက်များကို အသင်းဝင်ဖြစ်ခြင်းတိုင်ပင်ဆွေးနွေးခြင်းအပြီးတွင် ပယ်ဖျက်ပါက အသင်းသားမှတ်တမ်းအညွှန်းကိုလည်း ပယ်ဖျက်သည် (လိုအပ်သောမှတ်ချက်များမှလွဲ၍၊ရှု ၃၂၊၁၄၊၅)။

ဆုံးဖြတ်ချက်

အသင်းဝင်ဖြစ်ခြင်းရုပ်သိမ်းခြင်း (ရှု ၃၂၊၁၁၊၄)

ရလဒ်များ

  • ဘိသတ်မင်္ဂလာများအားလုံးကို ပြန်လည်ရုပ်သိမ်းသည်။

  • အသင်းသားအထူးအခွင့်အရေးများအားလုံးကို ပုံမှန်အားဖြင့် အနည်းဆုံး တစ်နှစ် ရုပ်သိမ်းသည်။

  • လူတစ်ဦးသည် စစ်မှန်သောနောင်တရပြီးနောက်ပြုလုပ်သော ဗတ္တိဇံခံခြင်းနှင့်အတည်ပြုခြင်း၊ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းနှင့်၊ လိုအပ်ပါက၊ ပထမ ဥက္ကဋ္ဌအဖွဲ့မှခွင့်ပြုချက်ဖြင့်သာ အသင်းတော်သို့ပြန်လည်ဝင်ရောက်နိုင်သည် (ရှု ၃၂၊၁၆)။

  • ယခင်က ဝိညာဉ်တော်ပကတိအပ်နှင်းခြင်းပြုခဲ့ဖူးသောသူသည် အသင်းတော်သို့ပြန်လည်ဝင်ရောက်ပြီး အနည်းဆုံးတစ်နှစ်အပြည့်ကြာပြီးနောက် ပထမဥက္ကဋ္ဌအဖွဲ့၏အတည်ပြုချက်ဖြင့်သာ ကောင်းချီးမင်္ဂလာများကို ပြန်လည်ဆောင်ယူနိုင်သည် (ရှ ၃၂၊၁၇၊၂)။

  • ယခင်က ဝိညာဉ်တော်ပကတိအပ်နှင်းခြင်းပြုခဲ့ဖူးသောသူတစ်ယောက်အတွက်၊ “ကောင်းချီးမင်္ဂလာများကိုပြန်လည်ဆောင်ယူခြင်း” အညွှန်းအား ဘိသိတ်မင်္ဂလာများပြုလုပ်ပြီးနောက်မှသာ အသင်းသားမှတ်တမ်းမှ ပယ်ဖျက်နိုင်သည် (လိုအပ်သောမှတ်ချက်များကျန်ရှိသည်၊ ရှု ၃၂၊၁၄၊၅)။

၃၂၊၁၁၊၅

ခက်ခဲသောကိစ္စရပ်များဆုံးဖြတ်ခြင်းအတွက်မေးခွန်းများ

သင်းအုပ်သည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအတွက် လက်စွဲစာအုပ်မှလမ်းညွှန်မှုများအကြောင်းမေးခွန်းများကို ပန္နက်ဥက္ကဋ္ဌအားတိုက်ရိုက်မေးသည်။

ခက်ခဲသောကိစ္စရပ်များတွင်၊ ပန္နက်ဥက္ကဋ္ဌသည် သူ့အတွက်တာဝန်ရှိသော ဒေသဆိုင်ရာခုနှစ်ကျိပ်ဝင်ထံမှ အကြံတောင်းနိုင်သည်။ ၃၂၊၆၊၃ တွင်ဖော်ပြထားသောကိစ္စရပ်များအတွက် ပန္နက်ဥက္ကဋ္ဌသည် ဒေသဆိုင်ရာဥက္ကဋ္ဌအဖွဲ့နှင့်တိုင်ပင်ရမည်။ သို့သော်လည်း၊ ပန္နက်ဥက္ကဋ္ဌသည် ဒေသဆိုင်ရာခုနှစ်ကျိပ်ဝင် သို့မဟုတ် အထွေထွေအာဏာပိုင်အား ခက်ခဲသောကိစ္စရပ်များအတွက် မည်သို့ဆုံးဖြတ်ရမည်ကိုမမေးသင့်ပါ။ ဖြစ်စဉ်အားစီမံခန့်ခွဲရန် တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်သင့်သည်ကို ပန္နက်ဥက္ကဋ္ဌကဆုံးဖြတ်သည်။ တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ပါက၊ အကျိုးရလဒ်ကို သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌကဆုံးဖြတ်သည်။

၃၂၊၁၁၊၆

ပထမဥက္ကဋ္ဌအဖွဲ့အခွင့်အာဏာ

ပထမဥက္ကဋ္ဌအဖွဲ့သည် အသင်းတော်၌အသင်းသားကန့်သတ်ခြင်းများနှင့် ရုပ်သိမ်းခြင်းတို့အားလုံးအတွက် နောက်ဆုံးအခွင့်အာဏာရှိသည်။

၃၂၊၁၂

အသိပေးမှုများနှင့်ကြေငြာချက်များ

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းမှ အဖြေကို အပြစ်ကျူးလွန်သူနှင့် လိုအပ်သောတခြားသူများအား အောက်ပါဖော်ပြထားသည့်အတိုင်း ဆက်သွယ်အကြောင်းကြားသည်။

၃၂၊၁၂၊၁

အပြစ်ကျူးလွန်သူအားဆုံးဖြတ်ချက်ကိုအသိပေးခြင်း

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌ သည် ပုံမှန်အားဖြင့် တိုင်ပင်ဆွေးနွေးခြင်းအပြီးတွင် ဆွေးနွေးခြင်း၏ရလဒ်ကို အပြစ်ကျူးလွန်သူအားပြောသည်။ သို့သော်လည်း၊ သူသည် ဆုံးဖြတ်ချက်မချမီ လမ်းညွှန်မှုနှင့်အချက်အလက်များပိုရှာဖွေနိုင်ရန် တိုင်ပင်ဆွေးနွေးခြင်းကိုရွေ့ဆိုင်းနိုင်သည်။

ဗိမာန်တော်၌ ဝိညာဉ်တော်အပ်နှင်းခြင်းမပြုလုပ်ရသေးသောသူအတွက် အသင်းတော်မှအသင်းသားဖြစ်ခြင်းအားရုပ်သိမ်းရန် အသင်းတော်စု၊ အသင်းတော်ခွဲ သို့မဟုတ် ခရိုင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတို့ကအကြံပြုနိုင်သည်။ သို့သော်လည်း၊ ဆုံးဖြတ်ချက် အဆုံးမသတ်မီ သာသနာပြုအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် ပန္နက်ဥက္ကဋ္ဌ တို့၏ခွင့်ပြုချက်လိုအပ်သည်။

၃၂၊၁၁ တွင်ဖော်ပြထားသောဆုံးဖြတ်ချက်များ၏အကျိုးရလဒ်ကို သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက ရှင်းပြသည်။ ပုံမှန်အားဖြင့်၊ နောင်တရခြင်း၏အခြေအနေပေါ်တွင် တိုင်ပင်ဆွေးနွေးမှုလုပ်သည်၊ သို့မှသာ ကန့်သတ်ချင်းများပယ်ဖျက်နိုင်ခြင်း သို့မဟုတ် အပြစ်ကျူးလွန်သူတဖန်အသင်းတော်ထဲသို့ပြန်ဝင်ရောက်နိုင်ခြင်းတို့ လုပ်ဆောင်နိုင်မည်။

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အပြစ်ကျူးလွန်သူအား ဆုံးဖြတ်ချက်နှင့်ထိုအရာ၏အကျိုးသက်ရောက်မှုတို့ကို မဆိုင်းမတွရေးသားပြီးပေးသည်။ ထိုအသိပေးချက်တွင် ဥပဒေနှင့် အသင်းတော်၏ဖွဲ့စည်းပုံတို့ကိုချိုးဖောက်သည့် မှားယွင်းသောဖြစ်စဉ်ကိုပြုလုပ်ခဲ့သော ယေဘုယျထွက်ဆိုချက်ပါဝင်သည်။ အသင်းဝင်ဖြစ်ခြင်းကန့်သတ်ခြင်းများပယ်ဖျက်ခြင်း သို့မဟုတ် အသင်းတော်သို့ပြန်လည်ဝင်ရောက်ခြင်းတို့ ရရှိနိုင်ခြင်းတို့အကြောင်းလည်းပါဝင်သည်။ အပြစ်ကျူးလွန်သူသည် အယူခံဝင်နိုင်ကြောင်းကိုလည်းအသိပေးရမည် (ရှု ၃၂၊၁၃)။

အပြစ်ကျူးလွန်သူ တိုင်ပင်ဆွေးနွေးပွဲမတက်ရောက်ပါက၊ ဆုံးဖြတ်ချက်ကို သူ သို့မဟုတ် သူမ အား ရေးသားပြီးအကြောင်းကြားခြင်းက လုံလောက်သည်။ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အပြစ်ကျူးလွန်သူနှင့်လည်းတွေ့နိုင်သည်။

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အပြစ်ကျူးလွန်သူအား အသင်းတော်မှအသင်းသားတိုင်ပင်ဆွေးနွေးခြင်းမှုအကြောင်းကြားခြင်း ဖောင်မိတ္တူအား မပေးရပါ။

၃၂၊၁၂၊၂

တခြားသူများအားဆုံးဖြတ်ချက်ကိုအသိပေးခြင်း

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက လူတစ်ဦး၏အသင်းဝင်ဖြစ်ခြင်းအထူးအခွင့်အရေးများကို ပုဂ္ဂိုလ်ရေးရာတိုင်ပင်ဆွေးနွေးခြင်းတွင် အတည်မပြုသေးသောကန့်သတ်ခြင်းပြုလုပ်ခဲ့ပါက၊ ပုံမှန်အားဖြင့်မည်သူ့ကိုမှ သူအကြောင်းမကြားပါ (ရှု ၃၂၊၈၊၃)။ သို့သော်လည်း၊ ထိုခေါင်းဆောင်တို့သည် အသင်းသားများကိုကူညီရန် အတည်မပြုရသေးသောကန့်သတ်မှုများအကြောင်းကို အချင်းချင်းဆက်သွယ်ပြောဆိုကြသည်။

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင် လူတစ်ဦး၏အသင်းဝင်ဖြစ်ခြင်း အထူးအခွင့်အရေးများကို အတည်ပြုသောကန့်သတ်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းတို့ပြုလုပ်ခဲ့ပါက၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် သိရှိရန်လိုအပ်သောသူတို့ကိုသာ ဆုံးဖြတ်ချက်အကြောင်းကို ဆက်သွယ်ပြောကြားသည်။ အောက်ပါလမ်းညွှန်းမှုများကို အသုံးပြုပါ။

  • သူသည် ထိခိုက်နစ်နာသူနှင့်ထိခိုက်နစ်နာခံရနိုင်သူတို့၏ လိုအပ်ချက်များနှင့်အပြစ်ကျူးလွန်သူမိသားစု၏ခံစားချက်ကို ထည့်သွင်းစဉ်းစားသည်။

  • အပြစ်ကျူးလွန်သူက အယူခံဝင်နေလျှင် ဆုံးဖြတ်ချက်ကို ဆက်သွယ်ပြောကြားခြင်းမပြုလုပ်ပါ။ သို့သော်လည်း၊ အယူခံဝင်နေချိန်တွင် ထိခိုက်နစ်နာနိုင်ဖွယ်ရှိသောသူများကို ကာကွယ်ရန်လိုအပ်သည်ဟု သူခံစားရပါက ဆက်သွယ်ပြောကြားမှုများလုပ်နိုင်သည်။ ထိခိုက်နစ်နာသူအား ပြန်ကောင်းမွန်လာရန်ကူညီပေးနိုင်ရန်နှင့် အသင်းတော်၏ဂုဏ်သိက္ခာကိုကာကွယ်ရန်အတွက်လည်း သူဆက်သွယ်မှုများလုပ်နိုင်သည် (ထိခိုက်နစ်နာသူ၏နာမည်များပေးခြင်းမလုပ်ပါ)။

  • လိုအပ်သလို၊ သင်းအုပ်က အသင်းတော်စုတိုင်ပင်ဆွေးနွေးခြင်းအဖွဲ့ဝင်များကိုလည်း ဆုံးဖြတ်ချက်အကြောင်းကို ယုံကြည်ချက်ရှိရှိဖြင့်ပြောကြားနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အပြစ်ကျူးလွန်သူအား အမှုတော်ထမ်းဆောင်ရန်၊ သင်ခန်းစာများသင်ကြားရန် သို့မဟုတ် ဆုတောင်းပေးရန် သို့မဟုတ် ဒေသနာဟောပြောရန်တို့ပြုလုပ်ခွင့်ပေးရန် စဉ်းစားနေသော ခေါင်းဆောင်တို့အား အသိပေးရန်အတွက်ဖြစ်သည်။ သူ သို့မဟုတ် သူမ၏မိသားစုအားလည်း ကူညီမှု၊ ဂရုစိုက်မှုတို့ပေးရန်ခေါင်းဆောင်များကိုတိုက်တွန်းခြင်းလည်းဖြစ်သည်။

  • ပန္နက်ဥက္ကဋ္ဌ၏ခွင့်ပြုချက်အရ၊ သင်းအုပ်သည် အောက်ပါအခြေအနေများပါရှိပါက ဆုံးဖြတ်ချက်ကို သူ၏အသင်းတော်စုရှိ အသင်းလူကြီးအဖွဲ့ နှင့် လူမှုသက်သာရေးအဖွဲ့တို့၌ပြောကြားနိုင်သည်။

    • တခြားသူများအား ခြိမ်းခြောက်နိုင်သောအကြမ်းဖက်မှုအပြုအမူများ။

    • မှားယွင်းသောဩဝါဒများသင်ကြားခြင်းနှင့် တခြားသော သင်းကွဲဖောက်ပြန်မှုပုံစံများ။

    • သိသာထင်ရှားသောအပြစ်များဖြစ်သည့် တစ်ချိန်တည်း၌တစ်ဦးထက်ပိုသောလက်ထပ်ခြင်းများပြုလုပ်ခြင်း သို့မဟုတ် နောက်လိုက်များရရှိရန် မှားယွင်းသောကိုးကွယ်မှုဆိုင်ရာကျင့်ထုံးတို့ကိုအသုံးပြုခြင်း။

    • အထွေထွေ သို့မဟုတ် ဒေသဆိုင်ရာအသင်းတော်ခေါင်းဆောင်များ၏ အပြုအမူများနှင့် သင်ကြားခြင်းတို့ကို အများပြည်သူတို့ရှေ့တွင် ဆန့်ကျင်ပြောဆိုတိုက်ခိုက်ခြင်း။

  • ဤသို့သောကိစ္စရပ်များတွင်၊ ပန္နက်ဥက္ကဋ္ဌသည် ပန္နက်ထဲမှ အခြားအသင်းတော်စု၏အသင်းသားများဆက်သွယ်ပြောဆိုနိုင်ခြင်းအခွင့်ကို ပေးရန်လိုအပ်နိုင်သည်။

  • တချို့ကိစ္စရပ်များတွင်၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အချို့ သို့မဟုတ် ထိခိုက်နစ်နာသူအားလုံးနှင့် သူတို့၏မိသားစုများအား အပြစ်ကျူးလွန်သူအတွက် တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ခဲ့ပြီးးအကြောင်းကြားခြင်းက သူတို့အားကူညီပေးနိုင်သည်ဟု ခံစားရနိုင်သည်။ ထိုအရာကို သူတို့၏သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌတို့အားဖြင့် သူပြုလုပ်သည်။

  • လူတစ်ဦး၏ အကြမ်းဖက်လိုခြင်းက တခြားသူများအား အန္တရာယ်ကျရောက်စေနိုင်လျှင်၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက တခြားသူများအားကူညီကာကွယ်ရန် သတိပေးမှုပေးနိုင်သည်။ သူသည် လျှို့ဝှက်သော အချက်အလက်များကိုထုတ်မပြောပါ၊ ထင်မြင်ချက်မပေးပါ။

  • သူသည် လျှို့ဝှက်သော အချက်အလက်များကိုထုတ်မပြောပါ၊ ထင်မြင်ချက်မပေးပါ။ အသင်းသားသည် ဥပဒေနှင့် အသင်းတော်၏ဖွဲ့စည်းပုံတို့ကိုချိုးဖောက်သည့် မှားယွင်းသောဖြစ်စဉ်ကိုပြုလုပ်ခဲ့သည့်အတွက် သူ၏အသင်းတော်၌ အသင်းသားအထူးအခွင့်ရေးများအတည်ပြုကန့်သတ်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းတို့ပြုလုပ်ခဲ့သည်ဟု သူရိုးရှင်းစွာပြောကြားသည်။ တက်ရောက်သောသူများကို ဆွေးနွေးမှုများမပြုလုပ်ရန် ပြောသည်။ သူတို့ ထောက်ခံကြောင်း သို့မဟုတ် ငြင်းပယ်ကြောင်း မမေးပါ။

  • အသင်းသားသည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြီးသောအခါ နာမည်ကောင်းရှိပါက (ရှု ၃၂၊၁၁၊၁) ၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ကောလာဟလများပပျောက်ရန် ထိုအကြောင်းကိုဆက်သွယ်အကြောင်းကြားမည်။

၃၂၊၁၂၊၃

အသင်းဝင်ဖြစ်ခြင်းမှနုတ်ထွက်ခြင်းအတွက်ဆက်သွယ်ခြင်း

အချို့ကိစ္စရပ်များတွင်၊ သင်းအုပ်သည် လူတစ်ဦးက သူ သို့မဟုတ် သူမ၏ အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းအား နုတ်ထွက်ခဲ့ကြောင်းကို ဆက်သွယ်ပြောဆိုရန်လိုအပ်နိုင်သည် (ရှု ၃၂၊၁၄၊၉)။ သင်းအုပ်သည် တခြားသောအသေးစိတ်များကို မပေးပါ။

၃၂၊၁၃

ဆုံးဖြတ်ချက်ကိုအယူခံဝင်ခြင်း

အသင်းသားသည် အသင်းတော်စုအသင်းသားတိုင်ပင်ဆွေးနွေးခြင်း၏ ဆုံးဖြတ်ချက်ကို ရက်၃၀ အတွင်း ပန္နက်ဥက္ကဋ္ဌဆီသို့ အယူခံဝင်နိုင်သည်။ ပန္နက်ဥက္ကဋ္ဌသည် အယူခံဝင်မှုကို ထည့်သွင်းစဉ်းစားရန် ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကိုပြုလုပ်သည်။ သူသည် သင်းအုပ်အား တိုင်ပင်ဆွေးနွေးခြင်းပြန်လုပ်ခိုင်းနိုင်ပြီး၊ အချက်အလက်အသစ်များပါဝင်ခဲ့ပါက ဆုံးဖြတ်ချက်အား ပြန်လည်စဉ်းစားစေပါသည်။

အသင်းသားသည် ပန္နက်အသင်းသားတိုင်ပင်ဆွေးနွေးခြင်း၏ ဆုံးဖြတ်ချက်ကို ရက်၃၀ အတွင်းပထမဥက္ကဋ္ဌအဖွဲ့ဆီသို့စာရေးပြီး အယူခံဝင်နိုင်သည်။ အသင်းသားသည် စာကို ပထမဥက္ကဋ္ဌအဖွဲ့သို့ တင်ပြရန် ပန္နက်ဥက္ကဋ္ဌသို့ ပေးသည်။

သာသနာတွင်၊ အသင်းသားသည်အသင်းတော်ခွဲ သို့မဟုတ် ခရိုင်တို့မှ အသင်းသားတိုင်ပင်ဆွေးနွေးခြင်း၏ ဆုံးဖြတ်ချက်ကို ရက်၃၀ အတွင်းသာသနာပြုအဖွဲ့ဥက္ကဋ္ဌဆီသို့ အယူခံဝင်နိုင်သည်။ သာသနာပြုအဖွဲ့ဥက္ကဋ္ဌသည် အယူခံဝင်မှုကို ထည့်သွင်းစဉ်းစားရန် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကိုပြုလုပ်သည်။ အချိန် သို့မဟုတ် နေရာအကွာအဝေးကြောင့်မပြုလုပ်နိုင်ပါက၊ ၃၂၊၉၊၄ မှညွှန်ကြားချက်များကိုလိုက်နာသည်။

သာသနာပြုအဖွဲ့ဥက္ကဋ္ဌက တိုင်ပင်ဆွေးနွေးခြင်းကိုပြုလုပ်ခဲ့ပါက၊ အသင်းသားသည် တိုင်ပင်ဆွေးနွေးခြင်း၏ ဆုံးဖြတ်ချက်ကို ရက်၃၀ အတွင်းပထမဥက္ကဋ္ဌအဖွဲ့ဆီသို့စာရေးပြီး အယူခံဝင်နိုင်သည်။ အသင်းသားသည် စာကို ပထမဥက္ကဋ္ဌအဖွဲ့သို့ တင်ပြရန် သာသနာပြုအဖွဲ့ဥက္ကဋ္ဌသို့ ပေးသည်။

စာရေး၍အယူခံဝင်သောသူသည် ဆုံးဖြတ်ချက်နှင့်ပတ်သက်သော မှားယွင်းသောစွပ်စွဲချက်များ သို့မဟုတ် တရားမျှတမှုမရှိသောဖြစ်စဉ် သို့မဟုတ် တရားမျှတမှုမရှိသော ဆုံးဖြတ်ချက်များကို အတိအကျရေးသားရမည်။

အယူခံဝင်မှုအားထည့်သွင်းစဉ်းစားရန် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ပါက၊ အဖြေ နှစ်ခုထဲမှတစ်ခုဖြစ်နိုင်ပါသည်။

  • ပထမဆုံးဖြတ်ချက်ကိုမပြုပြင်ပဲထားသည်။

  • ဆုံးဖြတ်ချက်ကိုပြန်လည်ပြင်ဆင်သည်။

ပထမဥက္ကဋ္ဌအဖွဲ့၏ဆုံးဖြတ်ချက်သည် နောက်ဆုံးဖြစ်ပြီး အယူခံဝင်ခြင်းထပ်မလုပ်နိုင်ပါ။

၃၂၊၁၄

အကြောင်းကြားခြင်းများနှင့် အသင်းသားမှတ်တမ်းများ

၃၂၊၁၄၊၁

အသင်းတော်၌အသင်းသားတိုင်ပင်ဆွေးနွေးခြင်းများအား အကြောင်းကြားခြင်း

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းများပြီးသည့်အခါတိုင်း၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အသင်းတော်အသင်းသားတိုင်ပင်ဆွေးနွေးခြင်း အကြောင်းကြားခြင်းပုံစံကို LRC အားဖြင့်ဖြည့်စွက်ရမည်။ သူသည် အကြောင်းကြားခြင်းအားပြင်ဆင်ရန် စာရေးကိုတာဝန်ပေးနိုင်သည်။ တည်ရှိသောနေရာတွင် ထိုပုံစံအစစ်နှင့် အီလက်ထရွန်နစ်မိတ္တူတို့မကျန်ရှိစေရန် သူသေချာစွာပြုလုပ်ပါသည်။ အကြောင်းကြားခြင်းပြင်ဆင်ရန်အတွက်သုံးသော မှတ်စုများအားဖျက်ဆီးရန်အတွက်လည်း သူသေချာစွာပြုလုပ်ပါသည်။

၃၂၊၁၄၊၂

အတည်ပြုထားသောအသင်းတော်၌အသင်းဝင်ဖြစ်ခြင်းကန့်သတ်ချက်များ

အတည်ပြုထားသောအသင်းတော်၌အသင်းဝင်ဖြစ်ခြင်းကန့်သတ်ချက်များကို လူတစ်ဦး၏အသင်းဝင်ဖြစ်ခြင်း မှတ်တမ်းပေါ်တွင်မှတ်သားထားသည်။ အသင်းတော်ဦးစီးရုံးက ထိုသင်္ကေတအား အသင်းတော်၌အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအကြောင်းကြားမှုပြီးသောအခါပြုလုပ်သည်။ အသင်းသားတစ်ဦးနောင်တရပြီးသောအခါ၊ ထိုကန့်သတ်ချက်များကိုပယ်ဖျက်ရန် ခေါင်းဆောင်သည် တိုင်ပင်ဆွေးနွေးခြင်းနောက်တစ်ခုကို ပြုလုပ်ရမည်(ရှု ၃၂၊၁၆၊၁)။

၃၂၊၁၄၊၃

လူတစ်ဦး၏အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းရုပ်သိမ်းပြီးသောအခါ မှတ်တမ်းများ

လူတစ်ဦး၏အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းရုပ်သိမ်းပြီးသောအခါ၊ အသင်းတော်ဦးစီးရုံးက အသင်းသားမှတ်တမ်းအား အသင်းတော်၌အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအကြောင်းကြားမှုရရှိပြီးသောအခါပြုလုပ်သည်။ အပြစ်ကျူးလွန်သူစိတ်ဆန္ဒရှိပါက၊ ခေါင်းဆောင်တို့သည် သူ့အားဗတ္တိဇံခံခြင်းနှင့်အတည်ပြုခြင်းတို့အားဖြင့် အသင်းတော်တို့ပြန်ဝင်ရောက်ရန် ပြင်ဆင်ရာတွင်ကူညီပေးကြသည် (ရှု ၃၂၊၁၆၊၁)။

၃၂၊၁၄၊၄

အသင်းတော်သို့ပြန်လည်ဝင်ရောက်ပြီးနောက်မှတ်တမ်းများ

လူတစ်ဦးသည်အသင်းတော်သို့ပြန်လည်ဝင်ရောက်ပြီးသောအခါ၊ သင်းအုပ်သည် အသင်းတော်၌အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအကြောင်းကြားမှုပုံစံကို တင်သွင်းသည်။ ဗတ္တိဇံခံခြင်းအတည်ပြုခြင်းတို့အတွက် တရားဝင်ထောက်ထားစာကိုမပြုလုပ်ပါ။ သို့သော်၊ ဗတ္တိဇံခံခြင်းနှင့်အတည်ပြုခြင်းတို့အား အသင်းတော်၌အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအကြောင်းကြားမှုပုံစံတွင် မှတ်တမ်းတင်သည်။

အသင်းသားသည် ဝိညာဉ်ပကတိအပ်နှင်းခြင်းမပြုလုပ်ရသေးပါက၊ အသင်းတော်ဦးစီးရုံးသည် သူ သို့မဟုတ် သူမ၏ မူလဗတ္တိဇံခံခြင်းနှင့် တခြားဘိသိက်မင်္ဂလာများပြုလုပ်ခဲ့သော ရက်များကိုပြသည့် အသင်းဝင်ဖြစ်ခြင်း မှတ်တမ်းကို အသုံးပြုသည်။ မှတ်တမ်းတွင် အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းဆုံးရှုံးမှုကို ရည်ညွှန်းထားခြင်းမလုပ်ပါ။

အသင်းသားသည် ဝိညာဉ်ပကတိအပ်နှင်းခြင်းပြုလုပ်ပြီးပါက၊ အသင်းတော်ဦးစီးရုံးသည် ထပ်မံပြုလုပ်သော ဗတ္တိဇံခံခြင်းအသစ်နှင့် အတည်ပြုခြင်းများပြုလုပ်ခဲ့သော ရက်များကိုအသင်းသား မှတ်တမ်းတွင်ပြောင်းလဲဖြည့်စွက်သည်။ ထိုမှတ်တမ်းတွင် “လိုအပ်သည့်ပြန်လည်ဆောင်ယူသောကောင်းချီးမင်္ဂလာများ” သတင်းစကားလည်းပါဝင်သည်။ အသင်းသား ကောင်းချီးမင်္ဂလာများပြန်လည်ဆောင်ယူပြီးသောအခါ (ရှု ၃၂၊၁၇၊၂)၊ မူလ ဗတ္တိဇံခံခြင်းနှင့် တခြားသောဘိသိက်မင်္ဂလာများပြုလုပ်သောနေ့များကိုပြရန် အသင်းသားမှတ်တမ်းကိုပြောင်းလဲဖြည့်စွက်သည်။ မှတ်တမ်းတွင် အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းဆုံးရှုံးမှုကို ရည်ညွှန်းထားခြင်းမလုပ်ပါ။

၃၂၊၁၄၊၅

မှတ်ချက်များနှင့် အသင်းဝင်ဖြစ်ခြင်းမှတ်တမ်းများ

ပထမဥက္ကဋ္ဌအဖွဲ့၏အခွင့်အာဏာဖြင့်၊ အသင်းတော်ဦးစီးရုံးသည် လူတစ်ဦး၏အသင်းသားမှတ်တမ်းပေါ်၌ အောက်ပါအခြေအနေများတွင် မှတ်ချက်ရေးသည်။

  1. အောက်ပါအခြေအနေများတွင်လူတစ်ဦးသည် အသင်းဝင်ဖြစ်ခြင်းမှ အတည်ပြုထားသောကန့်သတ်ချက်များနှင့်ရုပ်သိမ်းခြင်းတို့ကိုခံခဲ့ရပါက သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အသင်းတော်၌အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအကြောင်းကြားမှုပုံစံကို တင်သွင်းသည်။

    1. သွေးရင်းကာမစပ်ယှက်မှု

    2. ကလေး သို့မဟုတ် လူငယ်အား လိင်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်ခြင်း၊ ကလေး သို့မဟုတ် လူငယ်အား လိင်ပိုင်းဆိုင်ရာ အသုံးချခြင်း၊ သို့မဟုတ် ကလေးတစ်ဦး သို့မဟုတ် လူငယ်တစ်ယောက်အား ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာပြင်းထန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်း

    3. ၃၈၊၆၊၆ တွင်ဖော်ပြထားသော ကလေးညစ်ညမ်းရုပ်ရှင်များတွင်ပါဝင်မှုများ

    4. မယားပြိုင်လက်ထပ်ခြင်း

    5. အရွယ်ရောက်ပြီးသူအားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်သောအပြုအမူ

    6. လိင်ပြောင်းထားသူ- လူတစ်ဦး၏မွေးရာပါလိင်မှ ဆန့်ကျင်ဘက်လိင်သို့ပြောင်းလဲရန်ပြုလုပ်သောအပြုအမူများ (ရှု ၃၈၊၆၊၂၃)

    7. အသင်းတော်၏ရန်ပုံငွေများကိုအလွဲသုံးစားလုပ်ခြင်းနှင့် အသင်းတော်၏ပစ္စည်းဥစ္စာများကိုခိုးယူခြင်း (ရှု ၃၂၊၆၊၃၊၃)

    8. အသင်းတော်၏လူမှုဘဝဖူလုံရေးစောင့်ရှောက်မှု အလှူငွေများအားအလွဲသုံးစားလုပ်ခြင်း

    9. ခြိမ်းခြောက်သောအပြုအမူများ (လိင်ပိုင်းဆိုင်ရာ၊ ပြင်းထန်သောအကြမ်းဖက်မှု၊ သို့မဟုတ် ငွေကြေးဆိုင်ရာများကဲ့သို့) သို့မဟုတ် အသင်းတော်ကိုထိခိုက်စေသောအပြုအမူ

  2. လူတစ်ယောက်၏အောက်ပါအခြေအနေတို့တွင် သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ရေးသားထားသောအသိပေးချက်ကိုတင်သွင်းသည်။

    1. အထက်ဖော်ပြပါအပြုအမူများပါဝင်သည့်ပြစ်မှုကို ကျူးလွန်ခဲ့ခြင်း သို့မဟုတ် ထိုပြစ်မှုကြောင့်ပြစ်ဒဏ်ချခဲ့ရခြင်း။

    2. ဥပဒေနှင့်ပတ်သက်သော လိမ်လည်ခြင်းအပြုအမူများကိုတွေ့ရှိခြင်းနှင့် အထက်ဖော်ပြပါအပြုအမူများထဲတစ်ခုတွင်ပါဝင်ပတ်သက်နေသည့် တခြားဥပဒေနှင့်မကင်းသောအပြုအမူများ။

မှတ်ချက်ပါဝင်သည့်အသင်းသားမှတ်တမ်းကို သင်းအုပ်ရရှိသည့်အခါ၊ သူသည် မှတ်ချက်ထဲမှ ညွှန်ကြားမှုများကို လိုက်နာပါသည်။

ပထမဥက္ကဋ္ဌအဖွဲ့ကသာ အသင်းသားမှတ်တမ်းမှ မှတ်ချက်ကိုဖယ်ထုတ်ရန် အခွင့်ပေးနိုင်သည်။ ပန္နက်ဥက္ကဋ္ဌက မှတ်ချက်တစ်ခုဖယ်ထုတ်ရန်အကြံပေးပါက၊ သူသည် LCR (ရှု ၆၊၂၊၃) ကိုအသုံးပြုသည်။ အကြံပေးမှုအားအတည်ပြုခြင်းရှိမရှိကို ပထမဥက္ကအဖွဲ့ရုံးက သူ့အားအကြောင်းကြားသည်။

၃၂၊၁၄၊၆

အသင်းတော်၏ရန်ပုံငွေများခိုးယူမှုအားသတင်းပို့ခြင်း။

အသင်းတော်၏ရန်ပုံငွေများအလွဲသုံးစားလုပ်ခြင်းကြောင့် လူတစ်ဦး၏အသင်းဝင်ဖြစ်ခြင်းရုပ်သိမ်းခံရပါက၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ၃၄၊၇၊၅ တွင်ဖော်ပြထားသည့်အတိုင်းသတင်းပို့သည်။

၃၂၊၁၄၊၇

ကန့်သတ်မှုများကို အသင်းသားမှတ်တမ်းများတွင်ရွေ့ပြောင်းခြင်း

တစ်ခါတစ်ရံတွင် အသင်းတစ်ဦးက အသင်းဝင်ဖြစ်ခြင်းအတွက်အပြုအမူ သို့မဟုတ် တခြားပြင်းထန်သောအကြောင်းအရာများမဖြေမရှိခင်တွင် ရွေ့ပြောင်းနိုင်သည်။ တစ်ခါတစ်ရံတွင် သင်းအုပ်က ဘုရားကျောင်းအသစ်သို့ အသင်းသား၏မှတ်တမ်းများမပြောင်းသေးခင်အချိန်တွင် ဒေသအသစ်မှသင်းအုပ်အား အချက်အလက်များဝေငှရန်လိုအပ်သည်။ ထိုကိစ္စရပ်များတွင်၊ သင်းအုပ် (သို့မဟုတ် အခွင့်ရှိသောစာရေး)သည် အသင်းသားမှတ်တမ်းတွင် ကန့်သတ်ချက်များရွေ့ပြောင်းနိုင်သည်။ ကန့်သတ်ချက်များသည် အသင်းတော်၏သင်းအုပ် (သို့မဟုတ် အခွင့်ရှိသောစာရေး) ဖယ်ထုတ်သည့်အချိန်အထိ ဒေသဘုရားကျောင်းတွင် တည်ရှိနေသည်။ ထိုသို့ပြုလုပ်ခြင်းက စိုးရိမ်ဖွယ်အခြေအနေများနှင့် အချက်အလက်များအတွက် ဆက်သွယ်ရန် သင်းအုပ်အား အခွင့်အရေးပေးသည်။

၃၂၊၁၄၊၈

အကျဉ်းထောင်ကျသောသူများ၏မှတ်တမ်းများ

တချို့အသင်းသားများသည်ပြစ်မှုကျူးလွန်ပြီး အကျဉ်းထောင်ကျကြသည်။ အပြစ်ကျူးလွန်သူနေသည့်ဒေသမှ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ပြစ်မှုတစ်ခုဖြစ်သောအခါ အသင်းဝင်ဖြစ်ခြင်းကန့်သတ်ခြင်းများနှင့် ရုပ်သိမ်းခြင်းအတွက်လိုအပ်သည့်လုပ်ငန်းစဉ်များကိုဆောင်ရွက်သည်။ အသင်းဝင်ဖြစ်ခြင်းအထူးအခွင့်အရေးများကန့်သတ်ခြင်းခံခဲ့ရပါက၊ ခေါင်းဆောင် (သို့မဟုတ် အခွင့်ရသောစာရေး)သည် အပြစ်ကျူးလွန်သည့်အတွက်တာဝန်ရှိသော ဒေသမှအသင်းတော်ကို အသင်းသားမှတ်တမ်းအားပို့ပေးသည်။ အသင်းဝင်ဖြစ်ခြင်းရုပ်သိမ်းခံခဲ့ရပါက၊ သင်းအုပ်သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ထိုဒေသရှိခေါင်းဆောင်ကိုဆက်သွယ်သည်။ (ရှု ၃၂၊၁၅။)

၃၂၊၁၄၊၉

အသင်းဝင်ဖြစ်ခြင်းမှနုတ်ထွက်ခြင်းတောင်းဆိုချက်

အသင်းသားတစ်ဦးက သူ သို့မဟုတ် သူမ ၏အသင်းဝင်​ဖြစ်ခြင်းမှနုတ်ထွက်ရန်တောင်းဆိုပါက၊ သင်းအုပ်သည် သူ သို့မဟုတ် သူမသည် ထိုအကြောင်းအရာများကိုဆွေးနွေးရန်နှင့် ကြိုးစားဖြေရှင်းရန်စိတ်ဆန္ဒရှိမရှိသိရန် ဆက်သွယ်သည်။ သင်းအုပ်နှင့်အသင်းသားသည် ပန္နက်ဥက္ကဋ္ဌနှင့်လည်းတိုင်ပင်ဆွေးနွေးနိုင်သည်။ ခေါင်းဆောင်က အသင်းတော်မှအသင်းဝင်ဖြစ်ခြင်းအားနုတ်ထွက်ခြင်း၏ အောက်ပါအကျိုးရလဒ်များကို အသင်းသားနားလည်စေပါသည်။

  • ဘိသိက်မင်္ဂလာအားလုံး ပြန်လည်ရုပ်သိမ်းခံရမည်။

  • အသင်းဝင်ဖြစ်ခြင်းအထူးအခွင့်အရေးများအားလုံး ဖယ်ရှားခံမည်။

  • အသင်းတော်သို့ပြန်ဝင်ရန်ဗတ္တိဇံခံခြင်းနှင့် အတည်ပြုခြင်းတို့ကို လူတွေ့မေးမြန်းခြင်းနှင့်၊ ကိစ္စရပ်အများစုတွင် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအားဖြင့်သာ ပြုလုပ်နိုင်သည် (ရှ ၃၂၊၁၆၊၂)။

  • ယခင်ကဝိညာဉ်တော်ပကတိအပ်နှင်းခြင်းပြုခဲ့ဖူးသောသူသည် အသင်းတော်သို့ပြန်လည်ဝင်ရောက်ပြီး အနည်းဆုံးတစ်နှစ်အပြည့်ကြာပြီးနောက် ပထမဥက္ကဋ္ဌအဖွဲ့၏အတည်ပြုချက်ဖြင့်သာ ယဇ်ပရောဟိတ်အခွင့်အာဏာနှင့် ဗိမာန်တော်ကောင်းချီးမင်္ဂလာများကို ပြန်လည်ဆောင်ယူနိုင်သည် (ရှ ၃၂၊၁၇၊၂)။

အသင်းသားသည် အသင်းတော်မှအသင်းဝင်ဖြစ်ခြင်းအားနုတ်ထွက်ခြင်းဆက်လက်ပြုလုပ်ချင်သေးပါက၊ သူ သို့မဟုတ် သူမ သည် သင်းအုပ်အား တောင်းဆိုချက်ကိုရေးသား၍ပေးသည်။ သင်းအုပ်သည် တောင်းဆိုချက်ကို LCR အားဖြင့် ပန္နက်ဥက္ကဋ္ဌဆီသို့တင်ပို့သည်။ ထို့နောက်တွင် ပန္နက်ဥက္ကဋ္ဌက ထိုစနစ်ထဲမှ တောင်းဆိုမှုအားကြည့်ရှုပြီး တင်ပို့သည်။ တောင်းဆိုမှုပေါ်တွင် ခေါင်းဆောင်တို့သည် လျှင်မြန်စွာတုံ့ပြန်သင့်သည်။

လူတစ်ဦးသည် အသင်းဝင်ဖြစ်ခြင်းမှနုတ်ထွက်ရန် လက်မှတ်ရေးထိုးထားသောစာရွက်စာတမ်းအား အသင်းတော်ဦးစီးရုံးသို့ ပို့ပြီးလည်းတောင်းဆိုနိုင်သည်။

သူ သို့မဟုတ် သူမ၏အသင်းဝင်ဖြစ်ခြင်းမှနုတ်ထွက်လိုသော ငယ်ရွယ်သူတစ်ဦးသည်လည်း အရွယ်ရောက်ပြီးသူတို့ပြုလုပ်ရမည့်လုပ်ငန်းစဉ်တို့အတိုင်း ခြွင်းချက်တစ်ခုဖြင့်ပြုလုပ်ရမည်၊ ထိုခြွင်းချက်မှာ၊ တောင်းဆိုချက်တွင် ထိုငယ်ရွယ်သူ၏လက်မှတ် (အသက်၈နှစ်အထက်) နှင့် မိဘများ သို့မဟုတ် ဥပဒေအရစောင့်ရှောက်ပေးသူတို့၏ လက်မှတ်ရေးထိုးရမည်။

အသင်းဝင်ဖြစ်ခြင်းမှ နုတ်ထွက်သောအသင်းသားတစ်ဦးသည် ဥပဒေရေးရာအပြုအမူတို့ဖြင့် အသင်းတော် သို့မဟုတ် ခေါင်းဆောင်တို့အားခြိမ်းခြောက်မှုပြုလုပ်လျှင်၊ ပန္နက်ဥက္ကဋ္ဌသည် ၃၈၊၈၊၂၃ တွင်ဖော်ပြထားသောညွှန်ကြားမှုများကိုလိုက်နာသည်။

ယဇ်ပရောဟိတ်ခေါင်းဆောင်သည် ပြင်းထန်သောအပြစ်အကြောင်းအချက်အလက်များရှိသည်ဖြစ်စေ အသင်းဝင်ဖြစ်ခြင်းမှနုတ်ထွက်ရန်တောင်းဆိုခြင်းကို တုံ့ပြန်သင့်သည်။ LCR တွင်တောင်းဆိုချက်ကိုတင်သွင်းသောအခါ၊ မဖြေရှင်းရသေးသောအပြစ်တို့၏အချက်အလက်များကို မှတ်ချက်ရေးထားသည်။ ထိုသို့ပြုလုပ်ခြင်းက အပြစ်ကျူးလွန်သူ နောင်တစ်ချိန်တွင်အသင်းတော်သို့ပြန်ဝင်ရောက်လိုပါက ထိုကိစ္စရပ်များအားဖြေရှင်းရန် ယဇ်ပုရောဟိတ်ခေါင်းဆောင်ကိုအခွင့်အရေးပေးသည် (ရှု ၃၂၊၁၆၊၂)။

ယဇ်ပရောဟိတ်ခေါင်းဆောင်တို့သည် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကိုရှောင်ရှားရန် အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းမှ နုတ်ထွက်ရန်အကြံမပြုသင့်ပါ။

အသင်းဝင်ဖြစ်ခြင်းမှနုတ်ထွက်သောသူများက မဆက်သွယ်ရန်တောင်းဆိုသည်မှလွဲ၍ ခေါင်းဆောင်တို့သည် ထိုသူတို့အားဆက်လက်အမှုတော်ဆောင်သည်။


အသင်းတော်သို့ပြန်ဝင်ရောက်သော အသင်းဝင်ဖြစ်ခြင်းအထူးအခွင့်အရေးများ


လူတစ်ဦး၏အသင်းတော်၌ အသင်းဝင်ဖြစ်ခြင်းအထူးအခွင့်အရေးများကန့်သတ်ခံရခြင်း သို့မဟုတ် ရုပ်သိမ်းခံရခြင်းရှိခဲ့ပါက၊ ခေါင်းဆောင်တို့၏ဖော်ရွေစွာဆက်ဆံမှု၊ တိုင်ပင်ဆွေးနွေးမှု နှင့် ကူညီပေးမှုတို့ကို သူ သို့မဟုတ် သူမ ခွင့်ပြုသလိုပြုလုပ်သည်။ ဤအပိုင်းက ထိုအထူးအခွင့်အရေးများ မည်သို့ပြန်လည်ရရှိနိုင်မည်ကိုရှင်းပြသည်။

၃၂၊၁၅

ဆက်လက်၍အမှုတော်ဆောင်ခြင်း

သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌ၏ အမှားအမှန်ပြင်ဆင်ပေးသောသူအဖြစ်အခန်းကဏ္ဍသည် အသင်းသားတစ်ဦး သူ သို့မဟုတ် သူမ၏ အသင်းဝင်ဖြစ်ခြင်း ကန့်သတ်ခြင်းခံရခြင်းနှင့် အသင်းတော်၌အသင်းဝင်ဖြစ်ခြင်း ရုပ်သိမ်းခံရသောအခါတွင်မပြီးဆုံးသွားပါ။ ထိုလူက ခွင့်ပြုသလို သူဆက်၍အမှုတော်ဆောင်ပါသည်၊ ထို့မှသာ သူတို့သည် အသင်းတော်၌အသင်းဝင်ဖြစ်ခြင်း ကောင်းချီးမင်္ဂလာများကို တဖန်ပြန်လည်ခံစားနိုင်ကြရမှာဖြစ်ပါသည်။ သင်းအုပ်သည် ထိုလူနှင့် အကူအညီပေးနိုင်မှုနှင့် ဆက်နွယ်မှုရှိသောအခါတွင် သူတို့၏အိမ်ထောင်ဘက်တို့နှင့်လည်း ပုံမှန်တွေ့ဆုံသည်။ ကယ်တင်ရှင်က နီဖိုင်းလူမျိုးတို့ကိုသွန်သင်ခဲ့ပါသည်၊

“သင်တို့သည် ထိုသူကို သင်တို့၏ … ကိုးကွယ်ရာ​နေရာတို့မှ နှင်​မထုတ်ရ။ အကြောင်း​မူကား၊ သင်တို့သည် ထိုကဲ့သို့သော​သူတို့ကို ဆက်၍ အမှုတော်​ဆောင်ကြ​ရမည်။ အကြောင်း​မူကား၊ သင်တို့သည် သူတို့ပြန်​လာ၍၊ နောင်တ​ရလျက်၊ စိတ်နှလုံးမှ အကြွင်းမဲ့​ဆက်ကပ်ခြင်းဖြင့် ငါ့ထံသို့ လာကြမည်ကို သိခြင်းမရှိကြ။ ငါသည်လည်း သူတို့ကို အနာကင်း​စေမည်။ သင်တို့​သည်လည်း ထိုသူတို့ထံသို့ ကယ်တင်ခြင်းကို ဆောင်ယူရာ လက်နက်များ ဖြစ်ကြ​လိမ့်မည်။” (၃-နီဖိုင်း ၁၈း၃၂)။

လူတစ်ဦး၏အသင်းဝင်ဖြစ်ခြင်းမှ ကန့်သတ်ခံရခြင်း သို့မဟုတ် ရုပ်သိမ်းခံရပြီးသောအချိန်သည် ထိုလူ၏မိသားစုအတွက် အလွန်အရေးကြီးသောအချိန်ဖြစ်ပါသည်။ ခေါင်းဆောင်တို့သည် ထိုလိုအပ်သောအရာများကိုသတိထားသင့်ပြီး မိသားစုဝင်များကို ကူညီရန်တိုက်တွန်းသင့်သည်။

ထိုလူ၏ခွင့်ပြုချက်အရ၊ အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းမှ ကန့်သတ်ခံရခြင်း သို့မဟုတ် ရုပ်သိမ်းခံရပြီးသောသူတို့ကို အမှုတော်ဆောင်ရန် ဂရုစိုက်တတ်သောအသင်းသားတို့အားတာဝန်ပေးရန် သင်းအုပ်က သေချာစွာပြုလုပ်ပါသည်။ သူတို့သည် တခြားသောမိသားစုများကိုလည်း အမှုတော်ဆောင်သည်။ အသင်းဝင်ဖြစ်ခြင်းကန့်သတ်ထားခံရသူများသည် နာမည်များရည်ညွှန်းခြင်းတို့တွင်ပါဝင်ခြင်းအားဖြင့် အကျိုးအမြတ်ရရှိနိုင်သည် (ရှု ၂၅၊၄၊၃)။

အပြစ်ကျူးလွန်သူသည် အသင်းတော်စုထဲမှပြောင်းရွေ့သွားပါက၊ အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းကန့်သတ်ချက်များ မဖယ်ရှားမီ မည့်သည့်အရာများပြုလုပ်ရန်လိုအပ်သေးသည်ကို သင်းအုပ်က သင်းအုပ်အသစ်အားအကြောင်းကြားသည်။ လူတစ်ဦး၏အသင်းဝင်ဖြစ်ခြင်းအသင်းတော်မှရုပ်သိမ်းခံရပါက သို့မဟုတ် အသင်းသားဖြစ်ခြင်းမှ နုတ်ထွက်ပါက၊ ထိုလူသည် အသင်းတော်၏ခေါင်းဆောင်တို့ထံမှအကူအညီယူရန် သဘောတူသောအခါ သင်းအုပ်က ထိုတူညီသောဆက်သွယ်မှုကိုပြုလုပ်သည်။

၃၂၊၁၆

အတည်ပြုထားသောကန့်သတ်ချက်များကိုဖယ်ထုတ်ခြင်း သို့မဟုတ် အသင်းတော်သို့ပြန်လည်ဝင်ရောက်ခြင်း

၃၂၊၁၆၊၁

အတည်ပြုထားသောကန့်သတ်ချက်များကိုဖယ်ထုတ်ခြင်း သို့မဟုတ် လူတစ်ယောက်အား ပြန်လည်ဝင်ခွင့်ပြုခြင်းအတွက် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းများ

အသင်းသားတိုင်ပင်ဆွေးနွေးခြင်းတွင် အသင်းဝင်ဖြစ်ခြင်းအထူးအခွင့်အရေးများ ကန့်သတ်ခံရခြင်း သို့မဟုတ် ရုပ်သိမ်းခံရပါ၊ ကန့်သတ်မှုများအားဖယ်ထုတ်ရန် နှင့် လူတစ်ဦးအား အသင်းတော်သို့ပြန်ဝင်ခွင့်ပြုရန် စဉ်းစားသုံးသပ်ခြင်းအတွက် တိုင်ပင်ဆွေးနွေးခြင်းနောက်တစ်ခုထပ်ပြုလုပ်ရမည်။ ထိုတိုင်ပင်ဆွေးနွေးခြင်းက ပထမတိုင်ပင်ဆွေးနွေးခြင်းကဲ့သို့ပင် တူညီသော အခွင့်အာဏာအဆင့် (သို့မဟုတ် ပိုမြင့်သော) ရှိသင့်သည်။ ဥပမာ၊ ပထမတိုင်ပင်ဆွေးနွေးမှုတွင် ပန္နက် သို့မဟုတ် သာသနာပြုအဖွဲ့ဥက္ကဋ္ဌကဦးဆောင်ပါက၊ကန့်သတ်မှုများအားဖယ်ထုတ်ရန်နှင့် လူတစ်ဦးအား အသင်းတော်သို့ပြန်ဝင်ခွင့်ပြုရန် စဉ်းစားသုံးသပ်ခြင်းအတွက် တိုင်ပင်ဆွေးနွေးခြင်းကို ပန္နက် သို့မဟုတ် သာသနာပြုအဖွဲ့ဥက္ကဋ္ဌက ဦးဆောင်သည်။

လက်ရှိသင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက တိုင်ပင်ဆွေးနွေးခြင်းကိုပြုလုပ်သည်။ သူသည် အပြစ်ကျူးလွန်သူကနောင်တရပြီးကြောင်းနှင့် အသင်းတော်မှအသင်းဝင်ဖြစ်ခြင်း ကောင်းချီးမင်္ဂလာများကိုပြန်လည်ခံစားရန် ထိုက်တန်မှုရှိကြောင်း ပထမဦးစွာသေချာစေပါသည်။

အတည်ပြုထားသောအသင်းတော်၌ အသင်းဝင်ဖြစ်ခြင်းကန့်သတ်ချက်များရရှိခဲ့သောသူတို့သည်၊ ပုံမှန်အားဖြင့်ကန့်သတ်မှုများအားဖယ်ရှားရန် စဉ်းစားသုံးသပ်ခံရခြင်းအတွက် စစ်မှန်သောနောင်တရခြင်း အနည်းဆုံးတစ်နှစ်ပြရမည်။ အသင်းတော်၌အသင်းဝင်ဖြစ်ခြင်း ရုပ်သိမ်းခံခဲ့ရသောသူများတို့သည် အသင်းတော်သို့ပြန်ဝင်ရန် စဉ်းစားသုံးသပ်ခံရခြင်းအတွက် စစ်မှန်သောနောင်တရခြင်း အနည်းဆုံးတစ်နှစ်ပြရန်အမြဲလိုလို လိုအပ်သည်။ အသင်းတော်၌အရေးပါသောနေရာတွင်ရှိနေရင်း ပြင်းထန်သောအပြစ်ကိုပြုလုပ်သည့်အသင်းသားအတွက်၊ အချိန်ပို၍ကြာနိုင်သည် (ရှု ၃၂၊၆၊၁၊၄)။

ကန့်သတ်မှုများအားဖယ်ထုတ်ရန်နှင့် လူတစ်ဦးအား အသင်းတော်သို့ပြန်ဝင်ခွင့်ပြုရန် စဉ်းစားသုံးသပ်ခြင်းအတွက် တိုင်ပင်ဆွေးနွေးခြင်းသည် တခြားအသင်းဝင်ဖြစ်ခြင်းတိုင်ပင်ဆွေးနွေးခြင်းများကဲ့သို့ပင် တူညီသောလမ်းညွှန်မှုများကိုလိုက်နာသည်။ တိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန် သင်းအုပ်သည် ပန္နက်ဥက္ကဋ္ဌထံမှခွင့်ပြုချက်လိုအပ်သည်။ သာသနာထဲတွင်၊ အသင်းတော်ခွဲ သို့မဟုတ် ခရိုင်ဥက္ကဋ္ဌသည် သာသနာပြုအဖွဲ့ဥက္ကဋ္ဌထံမှခွင့်ပြုချက်လိုအပ်သည်။

အောက်ပါလမ်းညွှန်မှုများကို အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းကန့်သတ်မှုများအားဖယ်ထုတ်ရန်နှင့် လူတစ်ဦးအား အသင်းတော်သို့ပြန်ဝင်ခွင့်ပြုရန် စဉ်းစားသုံးသပ်ခြင်းအတွက် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်သည့်အခါအသုံးပြုသည်။ ကိစ္စတစ်ခုတိုင်းအတွက် ဤလမ်းညွှန်မှုများအားလုံး အသုံးပြုရန်မလိုအပ်နိုင်ပါ။

  1. ပထမ အသင်းဝင်ဖြစ်ခြင်းတိုင်ပင်ဆွေးနွေးခြင်းကို ပြန်လည်ကြည့်ရှုသုံးသပ်ပါ။ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အသင်းတော်အသင်းသားတိုင်ပင်ဆွေးနွေးခြင်းမှအကြောင်းကြားမှုပုံစံကိုပြန်လည်ကြည့်ရှုသည်။ မိတ္တူရရှိရန် LCR တွင်တောင်းခံသည်။ ပုံစံကိုပြန်လည်ကြည့်ရှုပြီးပါက၊ သူသည် ပထမတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ခဲ့သောနေရာမှ သင်းအုပ် သို့မဟုတ် ပန္နက်အားအကြောင်းအရာတို့ကိုရှင်းရှင်းလင်းလင်းသိရန် ဆက်သွယ်နိုင်သည်။

  2. အပြစ်ကျူးလွန်သူအား မေးမြန်းသည်။ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အပြစ်ကျူးလွန်သူ၏ ယေရူခရစ်တော်ပေါ်၌ရှိသောယုံကြည်မှုအင်အားနှင့် နောင်တရမှုအတိုင်းအတာတို့ကိုသိမြင်ရန် စေ့စပ်သေချာစွာလူတွေ့မေးမြန်းပါသည်။ ဖော်ပြထားသောအခြေအနေများကို ပထမလုပ်ဆောင်ခြင်းများတွင်ပြုလုပ်ခဲ့ခြင်းရှိမရှိလည်း သူဆုံးဖြတ်သည်။

  3. ပြစ်မှုဆိုင်ရာဥပဒေချိုးဖောက်ခြင်းနှင့် ပြည်နယ်ဆိုင်ရာဥပဒေချိုးဖောက်မှုတို့အတွက် တရားရုံးမှလုပ်ဆောင်မှုအခြေအနေကိုစူးစမ်းပါ။ တစ်ခါတစ်ရံတွင် လူတစ်ဦးသည် ပြစ်မှုကျူးလွန်ခဲ့ခြင်းကို ဝန်ခံခြင်း သို့မဟုတ် ပြစ်မှုကြောင့်ပြစ်ဒဏ်ချခဲ့ရခြင်းတို့ဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် လူတစ်ဦးသည် ဥပဒေနှင့်ပတ်သက်သောလိမ်လည်ခြင်းအပြုအမူများ သို့မဟုတ် အခြားသောဥပဒေချိုးဖောက်သည့်အပြုအမူများပြုလုပ်ခဲ့နိုင်ပါသည်။ ဤကိစ္စရပ်များတွင်၊ အပြစ်ကျူးလွန်သူသည် ဥပဒေဆိုင်ရာအခွင့်အာဏာပိုင်တို့မှပြုလုပ်ခဲ့သော အပြစ်ဒဏ်ကျခံခြင်း၊ အမိန့်ရခြင်း သို့မဟုတ် စီရင်ချက်စသောအပြုအမူတို့ကို ပြီးဆုံးအောင်ပြုလုပ်ခဲ့ပြီးမှ ခေါင်းဆောင်တို့သည်တိုင်ပင်ဆွေးနွေးခြင်းကိုပြုလုပ်နိုင်သည်။ ထိုအခြေအနေများတွင် အကျဉ်းထောင်ကျခြင်း၊ အကျဉ်းထောင်ပြီးသူ၏အပြုအမူကိုစောင့်ကြည့်သောအချိန်၊ ပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ချက်ဖြင့်အကျဉ်းသားကိုလွှတ်ပေးခြင်း၊ နှင့် ဒဏ်ငွေဆောင်ရခြင်းနှင့် မှားသောအပြုအမူကိုပြင်ဆင်ရခြင်းတို့ပါဝင်နိုင်သည်။ ခြွင်းချက်များသည် တိုင်ပင်ဆွေးနွေးခြင်းမတိုင်မီ ပထမဥက္ကဋ္ဌအဖွဲ့၏အတည်ပြုခြင်းလိုအပ်သည်။ ထိုခြွင်းချက်များတွင် ဥပဒေဆိုင်ရာလိုအပ်ချက်များကိုပြီးမြောက်ပြီးသူနှင့် စစ်မှန်သောနောင်တရခြင်းပြသူ သို့သော်လည်း ဘဝတစ်လျှောက်လုံး သူ၏အပြုအမူကိုစောင့်ကြည့်ခံရမည့်သူ သို့မဟုတ် ကြီးမားသောဒဏ်ငွေပေးဆောင်ရမည့်သူတို့ပါဝင်နိုင်သည်။

  4. ထိခိုက်နစ်နာသူတို့၏ယဇ်ပရောဟိတ်ခေါင်းဆောင်တို့ကိုဆက်သွယ်ပါ။ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌတို့သည် ထိခိုက်နစ်နာသူတိုင်း၏ လက်ရှိသင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌတို့ကိုဆက်သွယ်သည် (ရှု ၃၂၊၁၀၊၂)။

  5. တိုင်ပင်ဆွေးနွေးခြင်းကို ကြိုတင်အသိပေးပါ။ တိုင်ပင်ဆွေးနွေးခြင်းအတွက် နေ့ရက်၊ အချိန် နှင့် ပြုလုပ်မည့်နေရာတို့ကို အပြစ်ကျူးလွန်သူအားအသိပေးသည်။

  6. တိုင်ပင်ဆွေးနွေးခြင်းကိုဆောင်ရွက်သည်။ ၃၂၊၁၀၊၃ တို့မှလမ်းညွှန်မှုများအရ တိုင်ပင်ဆွေးနွေးခြင်းကိုဆောင်ရွက်သည်။ အပြစ်ကျူးလွန်ခြင်းအားနောင်တရရန် မည်သည့်အရာများပြုလုပ်ခဲ့သည်ကို သူမေးပါသည်။ သူ သို့မဟုတ် သူမ၏ ယေရှုခရစ်တော်နှင့်အသင်းတော်နှင့် ပြုလုပ်သောကတိအကြောင်းကိုလည်းသူမေးပါသည်။ သက်ဆိုင်သောအရာများအားလုံးကိုသိရှိပြီးသောအခါ၊ အသင်းသားအားပြန်ခွင့်ပြုပါသည်။ သူ၏အတိုင်ပင်ခံများနှင့်၊ မည်သည့်လုပ်ဆောင်ချက်ပြုလုပ်ရမည်ကိုစဉ်းစားသုံးသပ်ရန် ဆုတောင်းကြသည်။ ဖြစ်နိုင်သောအဖြေသုံးခုမှာ-

    1. အသင်းဝင်ဖြစ်ခြင်းကန့်သတ်မှုများ သို့မဟုတ် ရုပ်သိမ်းခြင်းတို့ကိုဆက်လက်ထားရှိခြင်း။

    2. ကန့်သတ်ချက်များကိုဖယ်ထုတ်ခြင်း သို့မဟုတ် အသင်းတော်သို့ပြန်ဝင်ရန်အခွင့်ပေးခြင်း။

    3. ပထမဥက္ကဋ္ဌအဖွဲ့အား ကန့်သတ်ချက်များကိုဖယ်ရှားပေးရန် သို့မဟုတ် အသင်းတော်သို့ပြန်ဝင်ရန်အခွင့်ပေးခြင်းပြုလုပ်ရန် အကြံပေးခြင်း (လိုအပ်ပါက အောက်ပါ “ပထမဥက္ကဋ္ဌအဖွဲ့၏အတည်ပြုခြင်းတောင်းခံခြင်း” အရ)။

  7. ဆုံးဖြတ်ချက်ကိုဝေငှပါ။ တိုင်ပင်ဆွေးနွေးခြင်းမှဆုံးဖြတ်ချက်ပြုလုပ်ပြီးသောအခါ၊ ဦးဆောင်သောအသင်းလူကြီးသည် ထိုဆုံးဖြတ်ချက်ကို အပြစ်ကျူးလွန်သူအားပြောပြသည်။ ပထမဥက္ကဋ္ဌအဖွဲ့မှအတည်ပြုမှုလိုအပ်ပါက၊ ဆုံးဖြတ်ချက်သည် ပထမဥက္ကဋ္ဌအဖွဲ့ကိုအကြုံပြုထားခြင်းဖြစ်ကြောင်း သူရှင်းပြသည်။

  8. အကြောင်းကြားမှုကိုတင်သွင်းပါ။ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အသင်းတော်၌အသင်းသားတိုင်ပင်ဆွေးနွေးခြင်းအကြောင်းကြားမှုကို LCR အားဖြင့်တင်သွင်းသည်။ ထိုအကြောင်းကြားမှုအတွက်ပြင်ဆင်ရန် စာရေးအား သူတာဝန်ပေးနိုင်သည်။ ထိုအကြောင်းကြားမှုအတွက်ပြင်ဆင်ရန် စာရေးအား သူတာဝန်ပေးနိုင်သည်။ အကြောင်းကြားခြင်းပြင်ဆင်ရန်အတွက်သုံးသော မှတ်စုများအားဖျက်ဆီးရန်အတွက်လည်းသူ သေချာစွာပြုလုပ်ပါသည်။

  9. ပထမဥက္ကဋ္ဌအဖွဲ့၏အတည်ပြုခြင်း တောင်းခံခြင်းတောင်းခံသည် (လိုအပ်ပါက)။ အောက်ပါအခြေအနေများတွင်၊ အတည်ပြုထားသောအသင်းတော်၌အသင်းဝင်ဖြစ်ခြင်းကန့်သတ်ချက်များကိုဖယ်ထုတ်ရန် သို့မဟုတ် လူတစ်ဦးအသင်းတော်သို့ပြန်လည်ဝင်ရန် ပထမဥက္ကဌအဖွဲ့၏ အတည်ပြုခြင်းလိုအပ်သည်။ အတည်ပြုထားသောအသင်းတော်၌အသင်းဝင်ဖြစ်ခြင်းကန့်သတ်ချက်များ သို့မဟုတ် ရုပ်သိမ်းမှုများရှိ ပြီးနောက် ပြစ်မှုဖြစ်ပေါ်လျှင်ပင် ထိုအတည်ပြုမှုကိုလိုအပ်သည်။

    ပန္နက်ဥက္ကဋ္ဌသည် အတည်ပြုမှုကိုထောက်ခံမှသာလျှင် ပထမဥက္ကဋ္ဌအဖွဲ့ဆီသို့တင်သွင်းတောင်းလျှောက်သည် (ရှု ၆၊၂၊၃)။

    1. လူသတ်ခြင်း

    2. သွေးရင်းစပ်ယှက်မှု

    3. ကလေး သို့မဟုတ် လူငယ်အား လိင်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်ခြင်း၊ ကလေး သို့မဟုတ် လူငယ်အား လိင်ပိုင်းဆိုင်ရာအသုံးချခြင်း၊ သို့မဟုတ် အရွယ်ရောက်သူ တစ်ဦး သို့မဟုတ် ပို၍အသက်ကြီးသောလူငယ်တစ်ဦးက ကလေးတစ်ဦး သို့မဟုတ် လူငယ်တစ်ယောက်အား ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာပြင်းထန်စွာညှဉ်းပန်းနှိပ်စက်ခြင်း

    4. ဥပဒေအရပြစ်မှုထင်ရှားသောအပြစ်ဖြစ်သည့် ကလေးညစ်ညမ်းရုပ်ရှင်များနှင့်ပါဝင်ပတ်သက်နေခြင်း

    5. ဖောက်ပြန်သင်းကွဲခြင်း

    6. တစ်ချိန်တည်း၌တစ်ဦးထက်ပိုသောလက်ထပ်ခြင်း

    7. အသင်းတော်တွင်အရေးပါသည့်နေရာတစ်ခု၌ရှိနေရင်း ပြင်းထန်သောအပြစ်ကိုကျူးလွန်ခြင်း

    8. လိင်ပြောင်းထားသူ- လူတစ်ဦး၏မွေးရာပါလိင်မှ ဆန့်ကျင်ဘက်လိင်သို့ပြောင်းလဲရန်ပြုလုပ်သောအပြုအမူများ (ရှု ၃၈၊၆၊၂၃)

    9. အသင်းတော်၏ရန်ပုံငွေများ သို့မဟုတ် ပစ္စည်းဥစ္စာများကိုအလွဲသုံးစားလုပ်ခြင်း

  10. ရေးသားထားသောဆုံးဖြတ်ချက်အားပေး၍အသိပေးခြင်း သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ဆုံးဖြတ်ချက်နှင့် ထိုအရာ၏အကျိုးသက်ရောက်မှုတို့ကို မဆိုင်းမတွရေးသားပြီး ပေးသောအသိပေးစာကို အပြစ်ကျူးလွန်သူရရှိစေရန်သေချာစွာပြုလုပ်သည်။

  11. နှစ်ခြင်းခံခြင်းနှင့်အတည်ပြုခြင်း လူတစ်ဦး၏အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းကို ပထမတိုင်ပင်ဆွေးနွေးခြင်းတွင်ရုပ်သိမ်းခံခဲ့ရပါက၊ သူ သို့မဟုတ် သူမ သည် နှစ်ခြင်းခံခြင်းနှင့်အတည်ပြုခြင်းပြန်လည်ပြုလုပ်ရမည်။ ပထမဥက္ကဋ္ဌအဖွဲ့မှအတည်ပြုခြင်းလိုအပ်ပါက၊ ထိုဘိသိက်မင်္ဂလာများကို အတည်ပြုချက်ရရှိပြီးမှသာ ပြုလုပ်နိုင်သည်။ ဗတ္တိဇံခံခြင်းနှင့်အတည်ပြုခြင်းတို့အတွက် တရားဝင်ထောက်ထားစာကိုမပြုလုပ်ပါ (ရှု ၃၂၊၁၄၊၄)။

၃၂၊၁၆၊၂

အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းမှ နုတ်ထွက်ပြီးနောက် အသင်းတော်သို့ ပြန်လည်ဝင်ရောက်ခြင်း

အသင်းတော်၌အသင်းဝင်ဖြစ်ခြင်းမှ အတည်ပြုနုတ်ထွက်ပြီးသောလူတစ်ယောက်သည် အသင်းတော်သို့ ပြန်လည်ဝင်ရောက်ရန် ဗတ္တိဇံခံခြင်းနှင့် အတည်ပြုခြင်းပြုလုပ်ရမည်။ အရွယ်ရောက်ပြီးသူများအတွက်၊ အသင်းတော်သို့ပြန်လည်ရောက်ခြင်းကို အသင်းဝင်ဖြစ်ခြင်းမှနုတ်ထွက်ခြင်းပုံမှန်အားဖြင့်အနည်းဆုံး တစ်နှစ်ပြည့်ပြီးမှသာ စဉ်းစားပေးသည်။

လူတစ်ယောက်ကပြန်လည်ဝင်ရောက်ရန်တောင်းခံသောအခါ၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် အပြုအမူဆိုင်ရာစီမံခန်ခွဲ့ရေးအကြောင်းကြားမှု ဖောင်မိတ္တူနှင့်အတူ နုတ်ထွက်ခြင်းတောင်းခံခြင်းတို့ကိုရရှိသည်။ သူသည် ထိုအရာတို့ကို LCR မှရရှိနိုင်သည်။

ထို့နောက်သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် ထိုလူအားသေချာစွာလူတွေ့မေးမြန်းပါသည်။ ပထမတောင်းဆိုသည့်အကြောင်းအရင်းများ နှင့် အသင်းတော်သို့ပြန်ဝင်ရောက်လိုသော စိတ်ဆန္ဒရှိခြင်းအကြောင်းတို့ကို သူမေးမြန်းသည်။ ချစ်ခြင်းမေတ္တာဖြင့်၊ အသင်းဝင်ဖြစ်ခြင်းနုတ်ထွက်ခြင်းမတိုင်ခင်နှင့် နုတ်ထွက်ပြီးနောက် ပြုလုပ်ကောင်းပြုလုပ်နိုင်သည့် ပြင်းထန်သောအပြစ်များအကြောင်းကိုမေးမြန်းသည်။ ခေါင်းဆောင်သည် ထိုလူနောင်တရပြီးကြောင်းနှင့် အသင်းတော်အသင်းသား ကောင်းချီးမင်္ဂလာများကိုပြန်လည်ခံစားရန် ထိုက်တန်မှုရှိပြီး အဆင်သင့်ဖြစ်ကြောင်း သူစိတ်ကျေနပ်မှု မရှိမချင်း အသင်းတော်သို့ပြန်လည်ဝင်ရောက်ခြင်းလုပ်ငန်းစဉ်ကိုမစတင်ပါ။

နုတ်ထွက်ခြင်းပြီးနောက် အသင်းတော်သို့ပြန်လည်ဝင်ရောက်ခြင်းအတွက် လမ်းညွှန်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • လူတစ်ဦးနုတ်ထွက်သည့်အချိန်တွင် သူ၏အသင်းဝင်ဖြစ်ခြင်းကိုအတည်ပြုကန့်သတ်မှုပြုလုပ်ခံခဲ့ရပါက အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရမည်။

  • လူတစ်ဦးနုတ်မထွက်ခင်တွင်၊ ဖောက်ပြန်သင်းကွဲခြင်းပါဝင်သည့်၊ ပြင်းထန်သောအပြစ်များကို ကျူးလွန်ခဲ့ပါက အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရမည်။

တခြားသောအခြေအနေများတွင်၊ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက လိုအပ်သည်ဟု ဆုံးဖြတ်သည်မှလွဲ၍ အသင်းသားတိုင်ပင်ဆွေးနွေးခြင်းကိုမပြုလုပ်ပါ။

ဗိမာန်တော်၌ဝိညာဉ်တော်အပ်နှင်းခြင်းပြုလုပ်ခဲ့သူတစ်ဦးအတွက် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်လိုအပ်ပါက၊ ပန္နက်ဥက္ကဋ္ဌက ပြုလုပ်ပေးရမည်။ ဝိညာဉ်တော်အပ်နှင်းခြင်းမပြုလုပ်ရသေးသူတစ်ဦးအတွက် အသင်းသားတိုင်ပင်ဆွေးနွေးခြင်းပြုလုပ်ရန်လိုအပ်ပါက၊ သင်းအုပ်ကပန္နက်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ပေးရမည်။

လူတစ်ဦးသည် အသင်းတော်၌အသင်းဝင်ဖြစ်ခြင်း နုတ်မထွက်ခင် နှင့် နုတ်ထွက်ပြီးနောက်တွင် ၃၂၊၁၆၊၁၊ နံပါတ်-၉ တွင်ဖော်ပြထားသောအပြုအမူများတွင်ပါဝင်ခဲ့ပါက၊ အသင်းတော်သို့ ပြန်လည်ဝင်ရောက်ရန် ပထမဥက္ကဋ္ဌအဖွဲ့၏အတည်ပြုမှုလိုအပ်သည်။ လူတစ်ဦးသည် အသင်းတော်၌အသင်းဝင်ဖြစ်ခြင်း နုတ်မထွက်ခင်နှင့် နုတ်ထွက်ပြီးနောက်တွင် ၃၂၊၁၄၊၅၊ နံပါတ်-၁ တွင်ဖော်ပြထားသော အပြုအမူများတွင်ပါဝင်ခဲ့ပါက၊ အသင်းသားမှတ်တမ်းတွင် မှတ်ချက်ရေးရမည်။

အသင်းတော်သို့ပြန်လည်ဝင်ရောက်ရန်တောင်းခံသောသူသည် တခြားနှစ်ခြင်းခံမည့်သူများကဲ့သို့ တူညီသောအရည်အချင်းများပြည့်မီမှုရှိရမည်။ သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌသည် လူတစ်ဦး၏ထိုက်တန်မှုနှင့် အသင်းတော်သို့စစ်မှန်စွာပြန်လည်ဝင်ရောက်ချင်စိတ်ရှိသည်ကို စိတ်ကျေနပ်မှုရှိပါက၊ ထိုသူသည် ဗတ္တိဇံခံခြင်းနှင့်အတည်ပြုခြင်းပြုလုပ်နိုင်သည်။ ဗတ္တိဇံခံခြင်းနှင့်အတည်ပြုခြင်းတို့အတွက် တရားဝင်ထောက်ထားစာကိုမပြုလုပ်ပါ (ရှု ၃၂၊၁၄၊၄)။

ရုပ်ပုံ
ပွဲတော်သုံးဆောင်နေသည့်အမျိုးသား

၃၂၊၁၇

အသင်းတော်၏လှုပ်ရှားမှုများ၊ ဘိသိက်ပေးခြင်းနှင့်၊ အသင်းတော်သို့ပြန်လည်ဝင်ရောက်ပြီးနောက် ပြန်လည်ဆောင်ယူသောကောင်းချီးမင်္ဂလာများ

၃၂၊၁၇၊၁

အသင်းတော်၏လှုပ်ရှားမှုများနှင့် ဘိသိက်ပေးခြင်း

ဗတ္တိဇံခံခြင်းနှင့် အတည်ပြုခြင်းဖြင့်အသင်းတော်သို့ ပြန်လည်ဝင်ရောက်လာသောလူတစ်ဦးအတွက် သင့်တော်သည့်အသင်းတော်၏လှုပ်ရှားတက်ကြွမှုအဆင့်ကို အောက်ပါဇယားတွင် ဖော်ပြထားသည်။

ယခင်က ဝိညာဉ်ပကတိအပ်နှင်းခြင်းမလုပ်ရသေးသောသူများ

ယခင်က ဝိညာဉ်ပကတိအပ်နှင်းခြင်းပြုလုပ်ပြီးသောသူများ

ယခင်က ယဇ်ပရောဟိတ်အခွင့်အာဏာကိုင်ဆောင်သူများ

ယခင်က ဝိညာဉ်ပကတိအပ်နှင်းခြင်းမလုပ်ရသေးသောသူများ

  • ဗတ္တိဇံခံခြင်းနှင့်အတည်ပြုခြင်းပြုလုပ်ပြီးပြီးချင်းတွင်၊ ယဇ်ပုရောဟိတ်ပေးအပ်ခံရနိုင်ပြီး သူတို့၏အသင်းတော်၌ အသင်းဝင်ဖြစ်ခြင်းနုတ်ထွက်ခြင်းမပြုလုပ်မီ သို့မဟုတ် ရုပ်သိမ်းခြင်းမပြုလုပ်မီ ရရှိခဲ့သောတူညီသည့်ယဇ်ပုရောဟိတ်အခွင့်ကိုပြန်လည်ရရှိနိုင်သည်။ ထိုအရာများကို အတည်ပြုခြင်းပြုလုပ်ရန်မလိုအပ်ပါ။

  • သေဆုံးပြီးသောသူများအတွက် ဗတ္တိဇံခံခြင်းနှင့် အတည်ပြုခြင်းတို့ကိုယ်စားပြုလုပ်ရန်အတွက် ဗိမာန်တော်ဝင်ခွင့်ရရှိနိုင်သည်။

ယခင်က ဝိညာဉ်ပကတိအပ်နှင်းခြင်းပြုလုပ်ပြီးသောသူများ

  • တခြားယဇ်ပရောဟိတ်အခွင့်အာဏာအဆင့်နေရာများတွင် ခန့်ထားမခံရနိုင်ပါ။ သူတို့၏ယဇ်ပရောဟိတ်အခွင့်အာဏာနှင့် ဗိမာန်တော်ကောင်းချီးမင်္ဂလာများကိုပြန်လည်ဆောင်ယူပြီးသောအခါ၊ သူတို့၏ယခင်က ယဇ်ပရောဟိတ်အခွင့်အာဏာအဆင့်နေရာကို ၃၂၊၁၇၊၂ တွင်ဖော်ပြထားသကဲ့သို့ပြန်လည်ဆောင်ယူနိုင်သည်။ ထိုအချိန်မတိုင်မချင်း ဘိတ်သိက်မင်္ဂလာများကိုမပြုလုပ်နိုင်ပါ။

  • ယဇ်ပုရောဟိတ်အခွင့်အာဏာမကိုင်ဆောင်သော ဝိညာဉ်ပကတိအပ်နှင်းခြင်းမပြုလုပ်ထားသည့်သူတို့အတွက်ခွင့်ပြုထားသော အသင်းတော်၏လှုပ်ရှားမှုများတွင်ပါဝင်နိုင်သည်။

  • ဗိမာန်တော်အဝတ်တန်ဆာဝတ်ဆင်ခြင်း သို့မဟုတ် မည်သည့်ဗိမာန်တော်ဝင်ခွင့်အမျိုးအစားကိုမှ သူတို့၏ကောင်းချီးမင်္ဂလာများ ပြန်လည်ယူဆောင်ခြင်းမပြုလုပ်ရသေးမီအထိ မရရှိနိုင်ပါ။

တခြားအသင်းသားများ

ယခင်က ဝိညာဉ်ပကတိအပ်နှင်းခြင်းမလုပ်ရသေးသောသူများ

  • အသင်းသားသစ်တစ်ဦးကဲ့သို့ အသင်းတော်၏လှုပ်ရှားမှုများတွင်ပါဝင်နိုင်သည်။

  • သေဆုံးပြီးသောသူများအတွက် ဗတ္တိဇံခံခြင်းနှင့် အတည်ပြုခြင်းတို့ကိုယ်စားပြုလုပ်ရန်အတွက် ဗိမာန်တော်ဝင်ခွင့်ရရှိနိုင်သည်။

ယခင်က ဝိညာဉ်ပကတိအပ်နှင်းခြင်းပြုလုပ်ပြီးသောသူများ

  • ယဇ်ပုရောဟိတ်အခွင့်အာဏာမကိုင်ဆောင်သော ဝိညာဉ်ပကတိအပ်နှင်းခြင်းမပြုလုပ်ထားသည့် သူတို့အတွက်ခွင့်ပြုထားသော အသင်းတော်၏လှုပ်ရှားမှုများတွင်ပါဝင်နိုင်သည်။

  • ဗိမာန်တော်အဝတ်တန်ဆာဝတ်ဆင်ခြင်း သို့မဟုတ် မည်သည့်ဗိမာန်တော်ဝင်ခွင့်အမျိုးအစားကိုမှ သူတို့၏ကောင်းချီးများပြန်လည်ယူဆောင်ခြင်းမပြုလုပ်ရသေးမီအထိ မရရှိနိုင်ပါ (ရှု ၃၂၊၁၇၊၂)။

၃၂၊၁၇၊၂

ကောင်းချီးမင်္ဂလာများပြန်လည်ဆောင်ယူခြင်း

ဗတ္တိဇံခံခြင်းနှင့်အတည်ပြုခြင်းပြုလုပ်ပြီးအသင်းတော်သို့ပြန်လည်ဝင်ရောက်လာသော ယခင်က ဗိမာန်တော်ဝိညာဉ်ပကတိအပ်နှင်းခြင်းရရှိခဲ့သောသူတို့သည် သူတို့၏ယဇ်ပုရောဟိတ်နှင့် ဗိမာန်တော်ကောင်းချီးမင်္ဂလာများကို ကောင်းချီးမင်္ဂလာများပြန်လည်ဆောင်ယူခြင်းဘိသိက်မင်္ဂလာများမှရရှိနိုင်သည် (ရှု ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၁၀၉း၂၁)။ ယဇ်ပုရောဟိတ်အခွင့်အာဏာအဆင့်နေရာများရရှိခြင်းနှင့် ဝိညာဉ်ပကတိအပ်နှင်းခြင်းများထပ်မပြုလုပ်နိုင်ပါ။ ထိုကောင်းချီးမင်္ဂလာတို့သည် ဘိသိက်မင်္ဂလာအားဖြင့်ပြန်လည်ဆောင်ယူသည်။ ညီအကိုတို့သည် သူတို့၏ယခင်ကရရှိခဲ့သောယဇ်ပုရောဟိတ်အခွင့်အာဏာအဆင့်နေရာကိုပြန်လည်ရရှိကြသည်၊ ခုနှစ်ကျိပ်ဝင်၊ သင်းအုပ်၊ သို့မဟုတ် မျိုးနွယ်စုအဘကောင်းချီးမင်္ဂလာပေးသူ တို့မှလွဲ၍။

ပထမဥက္ကဋ္ဌအဖွဲ့ကသာ ကောင်းချီးမင်္ဂလာများပြန်လည်ယူဆောင်ခြင်းဘိသိက်မင်္ဂလာများပြုလုပ်ရန် အတည်ပြုနိုင်သည်။ ဗတ္တိဇံခံခြင်းနှင့်အတည်ပြုခြင်းအားဖြင့် အသင်းတော်သို့ပြန်လည်ဝင်ရောက်လာခြင်းက တစ်နှစ်အောက်တွင်သာရှိသေးသောလူတစ်ဦးအတွက် ထိုဘိသိတ်မင်္ဂလာများပြုလုပ်ရန် တင်လျှောက်ခြင်းကို သူတို့သည် ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။

လူတစ်ဦး၏ ထိုက်တန်မှုနှင့် ပြင်ဆင်မှုတို့ကို ဆုံးဖြတ်နိုင်ရန် သင်းအုပ် သို့မဟုတ် ပန္နက်ဥက္ကဋ္ဌက လူတွေ့မေးမြန်းသည်။ ထိုလူတစ်ဦး အဆင်သင့်ဖြစ်ပြီဟု ပန္နက်ဥက္ကဋ္ဌခံစားရသောအခါ၊ ကောင်းချီးမင်္ဂလာများပြန်လည်ဆောင်ယူခြင်းကို LCR တွင် သူတင်လျှောက်သည်။ ပထမဥက္ကဋ္ဌအဖွဲ့ကို တင်လျှောက်ခြင်းတင်သွင်းရာတွင် ပန္နက်ဥက္ကဋ္ဌ၏တာဝန်များအကြောင်းကို ၆၊၂၊၃ တွင်ကြည့်ပါ။

ပထမဥက္ကဋ္ဌအဖွဲ့က ကောင်းချီးမင်္ဂလာများပြန်လည်ဆောင်ယူခြင်းကို အတည်ပြုပါက၊ သူတို့သည် အထွေထွေအခွင့်အာဏာရှိသူ သို့မဟုတ် ပန္နက်ဥက္ကဋ္ဌကို ထိုသူအားလူတွေ့မေးမြန်းရန်အတွက်တာဝန်ပေးသည်။ ထိုလူသည်ထိုက်တန်မှုရှိပါက၊ ခေါင်းဆောင်သည် ကောင်းချီးမင်္ဂလာများပြန်လည်ဆောင်ယူခြင်း ဘိသိတ်မင်္ဂလာကိုပြုလုပ်သည်။

အသင်းဝင်ဖြစ်ခြင်းမှတ်တမ်းများနှင့် ကောင်းချီးမင်္ဂလာများပြန်လည်ဆောင်ယူခြင်းတို့၏ အချက်အလက်များအတွက်၊ ၃၂၊၁၄၊၄ ကိုကြည့်ပါ။