ယေရှုခရစ်တော်
ရေကို ကောင်းချီးပေးခြင်း


ရေကို ကောင်းချီးပေးခြင်း

အို ထာဝရ​အဘ​ဘုရားသခင်၊
ကိုယ်တော်အား ကိုယ်တော့သားတော်၊ ယေရှု​ခရစ်တော်၏​ နာမတော်၌
အကျွန်ုပ်တို့ ​ဆုတောင်းကြ​သည်မှာ၊
ဤရေကို ကောင်းချီး​ပေး၍ သန့်ရှင်း​စင်ကြယ်​စေတော်မူရန်နှင့်၊
၎င်းကို သောက်သုံးသောသူ​မှန်သမျှ၏ ​စိတ်ဝိညာဉ်တို့​အတွက်၊
သူတို့သည် မိမိတို့​အဖို့ သွန်းတော်မူ​ခဲ့သော ​ကိုယ်တော့​သားတော်၏ ​အသွေးတော်ကို အောက်မေ့​ခြင်းဖြင့်
သောက်သုံးကြ​စေခြင်းငှာ​ လည်းကောင်း၊
အို ထာဝရ​အဘ​ဘုရားသခင်၊
သူတို့သည် သူ့အား​ အမှန်ပင်​အစဉ်​အမြဲ​ အောက်မေ့ကြောင်း ကိုယ်တော်​ထံသို့​ သက်သေခံ​ကြလျက်၊
သူတို့၌ သူ၏​ဝိညာဉ်တော် တည်ရှိ​စေခြင်းငှာ​ ဆုတောင်းကြ​ပါ၏။ အာမင်။