အထွေထွေညီလာခံ
ကိုယ်တော်ရှင်ကို စောင့်နေလော့
အောက်တိုဘာ ၂၀၂၀ အထွေထွေညီလာခံ


ကိုယ်တော်ရှင်ကို စောင့်နေလော့

ယုံကြည်ခြင်းဆိုတာ ကောင်းတဲ့အချိန်မှာရော၊ ဆိုးတဲ့အချိန်မှာရော ဘုရားသခင်ကို ယုံကြည်စိတ်ချခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ကိုယ်စား သူ့လက်ရုံးတော်ဖော်ပြတာကို ကျွန်တော်တို့ မြင်ရတဲ့အချိန်အထိ ဝေဒနာခံစားခြင်းအချို့တောင် ပါဝင်နိုင်ပါတယ်။

ကျွန်တော့်ချစ်သော ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ကျွန်တော်တို့အားလုံး တက်ကြွပါတယ်—ကျွန်တော့်ထက် ဘယ်သူမှမပိုပါဘူး— ကျွန်တော်တို့ရဲ့ ချစ်တဲ့ပရောဖက်၊ ဥက္ကဌရပ်ဆဲလ် အမ်၊ နယ်လဆင်ဆီကနေ နိဂုံးချုပ်မှတ်ချက်ကို ကြားရဖို့ကိုပြောတာပါ ။ ဒီဟာက အံ့ဩဖွယ်ညီလာခံဖြစ်ခဲ့ပါပြီ၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရိုးရာလုပ်ဆောင်မှုတွေကို ကိုဗစ်-၁၉ ကပြောင်းလဲပစ်ခဲ့တာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒီကူးစက်ရောဂါကို ကျွန်တော်တို့ တော်တော်ငြီးငွေ့လှပါပြီ၊ ကျွန်တော်တို့ရဲ့ဆံပင်တွေကို ဆုပ်ဆွဲထားသလို ခံစားကြရပါတယ်။ သိသာစွာပါပဲ၊ ကျွန်တော်တို့ညီအစ်ကို အချို့ဟာ အဲဒီကိစ္စကို အရေးယူဆောင်ရွက်ခဲ့ပြီးကြပါပြီ။ အထူးသဖြင့် ချစ်မြတ်နိုးရသူများကို ဆုံးရှုံးရသောသူများ နှင့် မည့်သည့်ထိခိုက်မှုများမဆို ထိခိုက်နစ်နာသူများအတွက် ကျွန်တော်တို့အမြဲဆုတောင်းပေးနေသည်ကို ကျေးဇူးပြု၍ သိစေချင်ပါတယ်။ ဒီအရာဟာ အရမ်းများပြား၊ အရမ်းရှည်ကြာစွာဖြစ်ပြတ်နေတာကို လူတိုင်းသဘောတူကြပါတယ်။

ကျွန်တော်တို့အပေါ် ကျရောက်တဲ့ အခက်အခဲတွေကနေ လွတ်ဖို့ ဘယ်လောက် ကြာအောင်စောင့်ရမှာလဲ။ ကျွန်တော်တို့ စောင့်ရင်းစောင့်ရင်း၊ ပြီးတော့ အကူအညီ ရောက်လာခဲတဲ့ အချိန်မှာ ကိုယ့်ဒုက္ခတွေကို ကြံ့ကြံ့ခံဖို့ကရော ဘယ်လိုလုပ်ရမှာလဲ။ ဝန်တွေက ကျွန်တော်တို့ ထမ်းနိုင်တာထက် ပိုနေတဲ့အချိန်မှာ ဘာကြောင့် ကြာနေတာလဲ။

ဒီလိုမေးခွန်းတွေမေးနေစဉ်မှာ၊ ကျွန်တော်တို့ကြိုးစားကြည့်မယ်ဆိုရင်၊ ဒေသတစ်ခုရဲ့ အအေးဆုံးဆောင်းတွင်းအချိန်၊ အေးစက်မှောင်မိုက်တဲ့ အကျဉ်းထောင်အခန်းငယ်ထဲက ဟစ်ကြွေးသူတစ်ယောက်ရဲ့ ပဲ့တင်သံကို ကြားနိုင်ပါတယ်။

“အို ဘုရားသခင်၊ ကိုယ်တော်ဘယ်မှာလဲ” ဆိုတဲ့ လစ်ဘာတီအကျဉ်းထောင် မြေအောက်ခန်းထဲက အသံကို ကျွန်တော်တို့ကြားကြပါတယ်။ “ကိုယ်တော်၏ပုန်းကွယ်ရာနေရာကို ဖုံးသည့် ပေါင်းမိုးဘယ်မှာလဲ။ ကိုယ်တော်၏လက်တော်ကို အဘယ်မျှကြာအောင် ရုပ်သိမ်းမှာလဲ။” ဘယ်လောက်ကြာမှာလဲ၊ အို ကိုယ်တော်ရှင်၊ ဘယ်လောက်ကြာမှာလဲ။

ဒါကြောင့်၊ ဝမ်းနည်းမှုတွေ ကျွန်တော်တို့အပေါ် စုပုံကျ၊ ကျွန်တော်တို့နှလုံးသားထဲက နာကျင်မှုက ဆက်တိုက်ကြီးဖြစ်နေတဲ့အချိန်မှာ အဲသလိုမေးခွန်းတွေမေးရတာ ကျွန်တော်တို့ပထမဆုံး မဟုတ်သလို နောက်ဆုံးလည်း ဖြစ်မှာမဟုတ်ပါဘူး။ ကျွန်တော် ယခု ကပ်ရောဂါနဲ့ အကျဉ်းထောင်အကြောင်း ပြောနေတာမဟုတ်ပါ၊ သင်တို့၊ သင်တို့မိသားစု၊ ပြီးတော့ အကန့်အသတ်မရှိတဲ့ အဲသလိုစိန်ခေါ်မှူတွေကို ရင်ဆိုင်နေရတဲ့ သင်တို့အိမ်နီးချင်းတွေ အကြောင်းကိုသာ ပြောနေတာပါ။ လက်ထပ်လိုကြတဲ့၊ လက်ထပ်မထားကြတဲ့သူများ သို့မဟုတ် လက်ထပ်ထားလို့ ပိုပြီးမြင့်မြတ်တဲ့ ဆက်ဆံရေးကို အလိုရှိကြတဲ့သူတွေရဲ့ တောင့်တမှုအကြောင်းကို ကျွန်တော်ပြောပါတယ်။ အပြင်းအထန် ဆေးကုသမှုကြောင့် ရလာတဲ့—မပျောက်နိုင်လောက်တဲ့—မလိုချင်တဲ့ပုံပန်းနဲ့ ပတ်သက်နေရတဲ့သူတွေ၊ ဖြေဆေးမရှိတဲ့ မျိုးရိုးဗီဇချို့တဲ့မှုနဲ့ တစ်သက်တာတိုက်ပွဲကို ရင်ဆိုင်နေရတဲ့သူတွေအကြောင်းကို ကျွန်တော်ပြောပါတယ်။ အတူခံစားရသူများစွာတို့ရဲ့ စိတ်ဝိညာဉ်တွေအပေါ်ကြီးစွာဝန်ပိစေတဲ့၊ အတူခံစားရတဲ့ ချစ်သူတို့နှလုံးသားအပေါ် ကြီးစွာဝန်ပိစေတဲ့ စိတ်ခံစားမှု၊ စိတ်ကျန်းမာရေးစိန်ခေါ်မှုများနဲ့ အဆက်မပြတ်ရုန်းကန်မှုအကြောင်းကို ကျွန်တော်ပြောပါတယ်။ ကျွန်တော်တို့ ဘယ်တော့မှ မမေ့ဖို့ ကယ်တင်ရှင်ပြောခဲ့တဲ့ ဆင်းရဲသားများ အကြောင်းကို ကျွန်တော်ပြောပါတယ်၊ သင်ဆုတောင်းတဲ့ လမ်းနဲ့ မတူတဲ့ လမ်းကြောင်းကို ရွေးခဲ့သူ၊ အသက် ဘယ်လောက်ဖြစ်ဖြစ်၊ အဲဒီ ကလေးတစ်ယောက် ပြန်အလာကို စောင့်နေကြတဲ့ သင်တို့အကြောင်းကို ကျွန်တော်ပြောပါတယ်။

ဒီအပြင်၊ ကျွန်တော်တို့ကိုယ်စီ စောင့်မျှော်တဲ့ ဒီစာရင်းရှည်ကတောင်မှ ကျွန်တော်တို့ကို အစုလိုက် ကြုံရစေတဲ့ ကြီးမားတဲ့စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ အားမထုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံရှင်အဘက ကျွန်တော်တို့ကို ဒီစိတ်ပျက်စရာ အများဆိုင် ပြဿနာတွေကို ကိုယ်ပိုင်ပြဿနာတွေလိုပဲ ဖြေရှင်းစေဖို့ ရှင်းလင်းစွာမျှော်လင့်ထားပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဘဝတွေမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးဝိညာဉ်ပကတိအားထုတ်မှုနဲ့ ထက်သန်သော အသနားခံဆုတောင်းခြင်းတွေကတောင်မှ တစ်ကမ္ဘာလုံးဆိုင်ရာပြဿနာကြီးတွေဖြစ်စေ၊ ကိုယ်ပိုင်ပြဿနာအငယ်လေးတွေဖြစ်စေ ကျွန်တော်တို့တောင့်တတဲ့ အောင်မြင်မှုကို မရတဲ့ အချိန်တွေရှိပါလိမ့်မယ်။ ဒါကြောင့်၊ ကျွန်တော်တို့ အလုပ်လုပ်စဉ်၊ ကျွန်တော်တို့ဆုတောင်းခြင်းအချို့ရဲ့ အဖြေတွေကို အတူစောင့်မျှော်စဉ်မှာ၊ ဆုတောင်းခြင်းတွေကို ကြားစေ၊ ကျွန်တော်တို့လိုချင်တဲ့အချိန်၊ လိုချင်တဲ့နည်းနဲ့ မဟုတ်နိုင်သော်လည်း၊ အဖြေရစေဖို့ ကျွန်တော့်ရဲ့ တမန်တော်ဆိုင်ရာ ကတိကို ပေးပါတယ်။ ဒါပေမယ့် အဲဒါတွေဟာ အလုံးစုံသိတဲ့၊ ထာဝရအကြင်နာပိုတဲ့ မိဘဖြေမယ့်အချိန်နဲ့ နည်းအတိုင်း အမြဲ အဖြေရပါတယ်။ ကျွန်တော့ချစ်သော ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဘယ်တော့မှ မအိပ်၊ အိပ်မငိုက်တတ်တဲ့သူက သူ့သားသမီးတွေရဲ့ ပျော်ရွှင်မှုနဲ့ အဆုံးစွန်သောချီးမြှောက်ခြင်းကို မြင့်မြတ်သောဘုရားတစ်ပါး လုပ်ရမယ့် အခြားအရာတွေအားလုံးထက် ဂရုစိုက်တယ်ဆိုတာ ကျေးဇူးပြု၍နားလည်ကြပါ။ သူဟာ စယ်ကြယ်သောချစ်ခြင်းရဲ့ အသရေရှိသော ပုဂ္ဂိုလ်ဖြစ်ပါတယ်၊ သူ့အမည်က ကရုဏာကြီးသောအဘဖြစ်ပါတယ်။

“ဟုတ်ပါပြီ၊ အဲဒီလိုဆိုရင်၊” သင်တို့ မေးကောင်းမေးကြမှာပါ၊ “သူ့ချစ်ခြင်းနဲ့ ကရုဏာက ကျွန်တော်တို့တတွေရဲ့ ဧဒုန်ပင်လယ်တွေကို ခွဲပေးလို့၊ ကျွန်တော်တို့ကို ဒုက္ခတွေကို ဖြတ်ပြီး ကုန်းမြေပေါ်မှာ လျှောက်သွားခွင့် မပေးသင့်ဘူးလား။ ဟုတ်ပါပြီ၊ သူက ၂၁ ရာစု စင်ရော်တွေကိုလွှတ်လို့၊ တစ်နေရာရာက ပျံလာပြီး၊ ကျွန်တော်တို့ရဲ့ ၂၁ ရာစု အနှောင့်အယှက် ပုရစ်တွေကို အမြန်စားပစ်မခိုင်းသင့်ဘူးလား။”

အဲသလိုမျိုးမေးခွန်းတွေအတွက် အဖြေကတော့၊ “ဟုတ်ကဲ့၊ ဘုရားသခင်က အလွန်တရာအံ့ဩဖွယ်တွေကို အချိန်မဆိုင်း ပေးနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့လူ့ဇာတိခရီးရဲ့ အချိန်နဲ့ ရာသီကို သူသာလျှင် လမ်းညွှန်တဲ့အကြောင်း မကြာမီ ကျွန်တော်တို့သိကြပါလိမ့်မယ်။” သူက ကျွန်တော်တို့ အယောက်တိုင်းရဲ့ အဲဒီပြက္ခဒိန်ကို သပ်သပ်စီ စီမံပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဝေဒနာရှိသူတိုင်း၊ ဗေသေသဒရေကန် ကို ဝင်တဲ့အချိန်မှာ ချက်ချင်းအနာကင်းပါတယ်၊ အခြားတစ်စုံတစ်ယောက်ဟာ ကတိတော်မြေကို ဝင်ဖို့ ကန္တာရထဲမှာ နှစ်ပေါင်းလေးဆယ် စောင့်ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင်၊ နီဖိုင်းနဲ့ လေဟိတိုင်း သူတို့ယုံကြည်ခြင်းကြောင့် မီးလျှံဝိုင်းနဲ့ အထက်မှ ကာကွယ်ခံရပါတယ်၊ ယုံကြည်မှုကြောင့် မီးလျှံထက်မှာ လောင်မြိုက်ခံရတဲ့ အဘိနဒိရှိပါတယ်။ ဗာလရဲ့ ယဇ်ပုရောဟိတ်များ တစ်ဖက်မှာ သက်သေခံဖို့ ကောင်းကင်က မီးကို ရုတ်တရက်ခေါ်လိုက်တဲ့ ဧလိယဟာ နှစ်များစွာမိုးခေါင်ချိန်ကို ကြံ့ကြံ့ခံခဲ့တဲ့၊ ကျီးကန်းခြေသည်းကြားမှာ သယ်လို့ရတဲ့ မလာက်မငှ အထောက်အပံ့ကို ရခဲ့တဲ့ ဧလိယပဲဖြစ်ပါတယ်။ ကျွန်တော့အမြင်အရ၊ အဲဒီအစာဟာ “ကလေးစာ” လို့ကျွန်တော်တို့ခေါ်တဲ့ဟာ လောက်တောင် မရှိနိုင်ပါဘူး။

ပြောချင်တာက၊ ပြောချင်တာက၊ ယုံကြည်ခြင်းဆိုတာ ကောင်းတဲ့အချိန်မှာရော၊ ဆိုးတဲ့အချိန်မှာရော ဘုရားသခင်ကို ယုံကြည်စိတ်ချခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့ကိုယ်စား သူ့လက်ရုံးတော်ဖော်ပြတာကို ကျွန်တော်တို့ မြင်ရတဲ့အချိန်အထိ ဝေဒနာခံစားခြင်းအချို့တောင် ပါဝင်နိုင်ပါတယ်။ အဲဒါက၊ ဘဝမှာ အကောင်းဆုံးအရာဆိုတာ ဝေဒနာခံစားခြင်း အားလုံးကို ရှောင်ရှားဖို့ ဖြစ်တယ်၊ ဘယ်သူမှ ဘယ်အရာအတွက်မှ ဒုက္ခမရောက်သင့်ဘူးလို့ အများက ယုံကြည်လာနေတဲ့ ကျွန်တော်တို့ ခေတ်သစ်လောကမှာ အခက်တွေ့နိုင်ပါတယ်။၁၀ ဒါပေမယ့် အဲဒီယုံကြည်မှုက ကျွန်တော်တို့ကို “ခရစ်တော်၏ ပြည့်စုံခြင်း ပမာဏအရပ်အမောင်း”၁၁ ဆီကို ဘယ်တော့မှ မပို့ဆောင်ပါဘူး။

အသင်းလူကြီး နီးလ် အေ၊ မက်ခ်စ်ဝဲလ် တစ်ခါက ပြောခဲ့ဖူးတာ တစ်ခုကို ပြင်ပြီးချဲ့ထွင်ပြောရတဲ့အတွက် တောင်းပန်ပါတယ်၊ “တစ်ဦးရဲ့ဘဝဟာ…ယုံကြည်မှုပြည့်ခြင်းနဲ့ ဖိစီးမှုကင်းခြင်း နှစ်မျိုးစလုံးမဖြစ်နိုင်ပါဘူး”လို့ ကျွန်တော်လည်း အကြံပြုပါတယ်။ ရှောက်ဖျော်ရည်လေးတစ်ခွက် မော့ရင်းနဲ့၊ “ဘဝတစ်လျှောက် အမှတ်တမဲ့ သာသာယာယာလေးသွားဖို့၊” ဆိုတာမဖြစ်နိုင်ပါဘူး၊ ကိုယ်တော်ရှင်၊ ကျွန်တော့်ကို ကိုယ်တော်ရဲ့ အကောင်းဆုံးတန်ခိုးတွေ ပေးတော်မူပါ၊ ပူဆွေးမှု၊ ဝမ်းနည်းမှု၊ နာကျင်မှု၊ ဆန့်ကျင်မှုတွေကိုတော့ မပေးမိပါစေနဲ့။ ကျေးဇူးပြု၍ ဘယ်သူမှ ကျွန်တော့်ကို မနှစ်သက်ခြင်းမရှိပါစေနဲ့၊ သစ္စာမဖောက်ပါစေနဲ့၊ အဲဒါတွေအားလုံးထက်၊ ကိုယ်တော်ရဲ့၊ ကျွန်တော်ချစ်တဲ့သူများရဲ့ ကျောခိုင်းတာကို ဘယ်တော့မှ မခံစားရပါစေနဲ့။ အမှန်တော့၊ ကိုယ်တော်ရှင်၊ ကိုယ်တော်ကို မြင့်မြတ်စေတဲ့ အတွေ့အကြုံမှန်သမျှကို ကျွန်တော်ရစေဖို့ ဂရုစိုက်တော်မူပါ။ အဲဒီနောက်၊ အခြားသူတွေရဲ့ အခက်အခဲတွေ ကျော်လွန်သွားတဲ့အခါ၊ ကျွန်တော့်ရဲ့ နှစ်သိမ့်သောခရစ်ယာန်ဘာသာတိမ်တိုက်ပေါ်မှာစီးနေရင်း ကျွန်တော်တို့ရဲ့ ခွန်အားတွေနဲ့ ကျွန်တော်တို့ရဲ့ စရိုက်လက္ခဏာတွေဟာ ကိုယ်တော်၌ အတူတူဖြစ်တဲ့အကြောင်း ဝါကြွားနိုင်ရာ၊ ကိုယ်တော်ဆီကို ကျေးဇူးပြု၍ လာပြီးနေခွင့်ပေးတော်မူပါ။”၁၂

ကျွန်တော့်ချစ်သော ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ခရစ်ယာန်ဘာသာက နှစ်သိမ့်မှုပေးပါတယ်၊ ဒါပေမယ့် အဲဒါက ပုံမှန်အားဖြင့်ကတော့ မသက်သာပါဘူး။ သန့်ရှင်းခြင်းနဲ့ ပျော်ရွှင်ခြင်းဆီသွားတဲ့ ယခုနဲ့ နောင်ကာလရှိ လမ်းကြောင်းဟာ ရှည်လျားပါတယ်၊ တစ်ခါတစ်ရံမှာ ကျောက်ဆောင်တွေထူထပ်ပါတယ်။ အဲဒီလမ်းကြောင်းကိုလျှောက်ဖို့ အချိန်နဲ့ဇွဲလိုပါတယ်။ ဒါပေမယ့်၊ သေချာပါတယ်၊ အဲဒီလိုလျှောက်တဲ့အတွက် ဆုလာဘ်ကတော့ အင်မတန်ကြီးပါတယ်။ ဒီအမှန်တရားကို မော်မုန်ကျမ်း အယ်လမာအခန်းကြီး ၃၂ မှာ ရှင်းလင်းစွာနဲ့ ဖျောင်းဖျစွာ သွန်သင်ထားပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကျွန်တော်တို့နှလုံးသားမှာ မျိုးစေ့တစ်စေ့နေနဲ့သာ စိုက်ထားမယ် ဆိုရင်၊ ရေလောင်း၊ ပေါင်းနှုတ်၊ အစာကျွေး၊ အားပေးဖို့ ကောင်းကောင်းဂရုစိုက်မယ်ဆိုရင်၊ အနာဂတ်မှာ အသီး သီးပါလိမ့်မယ် “အဲဒီအသီးကအဖိုးအထိုက်ဆုံးဖြစ်ပါတယ် ချိုသောအရာအားလုံးတို့ထက် ပိုပြီးချိုပါတယ်၊” အဲဒီအသီးကိုစားရင် မဆာမမွတ်တော့တဲ့ဆီကို ရောက်တဲ့ အကြောင်း၊ အဲဒီမှာ ကြီးစွာသော ယဇ်ပုရောဟိတ်မင်းက သွန်သင်ပါတယ်။ ၁၃

ဒီမှတ်သားလောက်တဲ့အခန်းကြီးမှာ သင်ခန်းစာများစွာကို သွန်သင်ထားပါတယ်၊ ဒါပေမယ့် အဲဒါတွေအားလုံးရဲ့ဗဟိုချက်ကတော့၊ မျိုးစေ့ကို အစာကျွေးဖို့လိုကြောင်းနဲ့ ရင့်ကျက်အောင်ကျွန်တော်တို့ စောင့်ရမှာ၊ “အဲဒီအသီးကို ယုံကြည်ခြင်းမျက်စိနဲ့ မျှော်လင့်နေ၁၄ ရမှာဖြစ်တဲ့အကြောင်းဟာ ဆိုရိုးအမှန်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရိတ်သိမ်းချိန်၊ “မကြာမီ”၁၅ရောက်မယ်လို့ အယ်လမာကပြောပါတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ကျွန်တော်တို့စိတ်နှလုံး၌ ပြုစုပျိုးထောင်ရာမှာ လုံ့လဝီရီယ နဲ့ သည်းခံခြင်း၊ သူပြောတဲ့အတိုင်း “အပင်ကို သင်တို့အတွက်အသီးသီးစေရန်” “စိတ်ရှည်ခြင်း” နှင့် “စောင့်နေခြင်း”ကို သုံးခါထပ်၍စေခိုင်းခြင်းဖြင့် သူ့ရဲ့မှတ်သားလောက်တဲ့ သွန်သင်မှုကို နိဂုံးချုပ်တာ အံ့ဩစရာမကောင်းဘူးလားခင်ဗျာ။ ၁၆

ကိုဗစ်နဲ့ ကင်ဆာ၊ သံသယနဲ့ စိတ်ဓာတ်ကျခြင်း၊ ငွေကြေးအခက်အခဲနဲ့ မိသားစုဒုက္ခများ။ ဒီဝန်တွေ ဘယ်အချိန်မှာ ပေါ့သွားမှာလဲ။ အဖြေကတော့ “မကြာမီ”၁၇ မှာပါ။ အဲဒါက အချိန်တိုဖြစ်စေ၊ အချိန်ရှည်ဖြစ်စေ၊ ကျွန်တော်တို့ပြောနေရမယ့်ဟာ မဟုတ်ပါဘူး၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့်သာ၊ ကောင်းချီးမင်္ဂလာတွေဟာ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်ကို စွဲစွဲမြဲမြဲကိုင်ဆောင်ထားတဲ့သူတွေဆီကို ရောက်လာမှာဖြစ်ပါတယ်။ ဒီကိစ္စကို အလွန်လျှို့ဝှက်တဲ့ဥယျာဉ်၊ ယေရုရှလင်ရှိ အလွန်မြင်သာတဲ့တောင်ပေါ်မှာ ကြာခဲ့ပြီးသောအချိန်က ဖြေရှင်းခဲ့ပြီးဖြစ်ပါတယ်။

ယခု ကျွန်တော်တို့ရဲ့ ချစ်သောပရောဖက်က ဒီညီလာခံကို အပြီးသတ်တဲ့အချိန်မှာ၊ ရပ်ဆဲလ် နယ်လဆင် သူ့ဘဝတစ်လျှောက်လုံး သာဓကပြခဲ့သလို၊ “ကိုတော်ရှင်ကို မျှော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည် [ထို့အတူ] သိမ်းငှက်ကဲ့သို့ အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း။ ခရီးသွားသောအခါမမောရကြ”တဲ့အကြောင်း ကျွန်တော်တို့ သတိရကြပါစေ။ ၁၈ “မကြာမီမှာ”—အမြန်ဖြစ်စေ အနှေးဖြစ်စေ—အဲဒီကောင်းချီးမင်္ဂလာတွေဟာ ဝမ်းနည်မှုမှ သက်သာခြင်း၊ ပူဆွေးမှုမှ လွတ်မြောက်ခြင်းကို ရှာကြတဲ့ သင်တို့ အယောက်တိုင်းဆီကို ရောက်လာမည့်အကြောင်း ကျွန်တော်ဆုတောင်းပါတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းအကြောင်း၊ ပြီးတော့ ဘဝမှာ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ ပြဿနာတိုင်းအတွက်၊ တစ်နည်းနည်းနဲ့ အဖြေဖြစ်တဲ့ သူ့ရဲ့ အသရေထင်ရှားတဲ့ ဧဝံဂေလိတရားတော် ပြန်လည်ဆောင်ယူခြင်း အကြောင်း ကျွန်တော်သက်သေခံပါတယ်။ ကိုယ်တော်ရှင်ယေရှုခရစ်တော်၏ရွေးနှုတ်သော နာမတော်အားဖြင့်၊ အာမင်။