သာသနာပြုအမှုတော်ဆောင်တာဝန်များ
အခန်း ၃၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကိုလေ့လာပြီး သွန်သင်ပေးခြင်း


“အခန်း ၃၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကိုလေ့လာပြီး သွန်သင်ပေးခြင်း၊”ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလော့၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝေငှခြင်းအတွက် လမ်းညွှန် (၂၀၂၃)

“ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကိုလေ့လာပြီး သွန်သင်ပေးခြင်း၊” ါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလော့

ရုပ်ပုံ
ခရစ်တော်၏ဗတ္တိဇံ၊ ဂျိုးဇက်ဘရစ်ကီ၏လက်ရာ

အခန်း ၃

ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကိုလေ့လာပြီး သင်ကြားပေးခြင်း

ဤအခန်းရှိသင်ခန်းစာများတွင်၊ မရှိမဖြစ်လိုအပ်သောဩဝါဒ၊ အခြေခံသဘောတရားများ၊ ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်၏ ပညတ်တော်များ ပါဝင်ပါသည်။ ဤသင်ခန်းစာများသည် အသက်ရှင်သောပရောဖက်များက သင့်အား သင်ယူပြီး သွန်သင်ရန် လမ်းညွှန်ထားသည့်အရာများဖြစ်ပါသည်။ ၎င်းတို့ကို ဤနေရာတွင် ဖော်ပြထားပါသည်၊ ထိုမှသာ သင်သည် အခြားသူများအား ခရစ်တော်၏ဩဝါဒကို ရှင်းလင်းစွာနားလည်နိုင်စေရန် ကူညီနိုင်ပါသည်။

ဤအခန်းရှိ ပထမကဏ္ဍသည် ဗတ္တိဇံခံရန်ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။ အခန်း၏ကျန်အပိုင်းတွင် အောက်ပါသင်ခန်းစာများ ပါဝင်ပါသည်။

ကျမ်းစာများကို လေ့လာပါ၊ သင်ခန်းစာတစ်ခုချင်းစီရှိ ဩဝါဒကို တန်ဖိုးထားမြတ်နိုးပါ။ သင်သည် ထိုသို့ပြုသည်နှင့်အမျှ၊ ဝိညာဉ်တော်သည် သင်လေ့လာသည့်အရာသမ္မာတရားများအကြောင်းသက်သေခံပါလိမ့်မည်။ ကိုယ်တော်သည် သင့်အား အခြားသူများကို သမ္မာတရားအကြောင်း သက်သေတစ်ခုရရှိစေဖို့ ကူညီရန် ပြောရ၊ ပြုရမည့်အရာကို သိရန် ကူညီလိမ့်မည်။ (ရှု သြဝါဒနှင့် ပဋိညာဥ်ကျမ်း ၈၄း၈၅။)

လူတို့သည် သူတို့ကို လုပ်ဆောင်ရန် ကိုယ်တော်ဖိတ်ခေါ်သည့်အရာကို လုပ်ဆောင်ကြသည်နှင့်အမျှ၊ ကယ်တင်ရှင်ကို ပို၍ပြည်စုံစွာသိလာကြလိမ့်မည်။ သင်ခန်းစာတစ်ခုချင်းစီတွင် ဖိတ်ခေါ်ချက်များကမ်းလှမ်းပါ၊ လူတို့အား သူတို့၏ကတိကဝတ်များကို စောင့်ထိန်းရန် ကူညီပါ။ လူတို့သည် ကတိကဝတ်များကို စောင့်ထိန်းကြသည်နှင့်အမျှ၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ကျင့်သုံးရန်နှင့် ဘုရားသခင်နှင့်ပဋိညာဉ်ပြုဖို့ပြင်ဆင်ရန် အစပြုကြပါသည်။

ဗတ္တိဇံမတိုင်မီနှင့် ဗတ္တိဇံပြီးနောက် သင်ခန်းစာအားလုံးကို သွန်သင်ပါ။ အချိန်ပြည့်သာသနာပြုများသည် အချိန်နှစ်ခုလုံး၌ သွန်သင်ခြင်းတွင် ဦးဆောင်ပါသည်။ အသင်းတော်စုသာသနာပြုများ သို့မဟုတ် အခြားအသင်းသားများသည် ဖြစ်နိုင်သောအခါ ပါဝင်ကြပါသည်။ သွန်သင်ခြင်း၌ အသင်းသားများပါဝင်ခြင်းအကြောင်း အချက်အလက်အတွက် ရှု အခန်း ၁၀ နှင့် ၁၃

သွန်သင်ရန် ပြင်ဆင်ပါ

သင်သည် သွန်သင်ရန် ပြင်ဆင်သောအခါ၊ ငါ၏ဧံဝံဂေလိတရားတော်ကို ဟောပြောလော့အပ်က်ရှိ လူတစ်ဦးချင်းစီအတွက် အချက်အလက်ကို သုံးသပ်ပါ။ ထိုလူ၏လိုအပ်ချက်ကို အခြေခံ၍ သင်ခန်းစာအစီအစဉ်တစ်ခုပြုလုပ်ပါ။ သင်၏သွန်သင်ခြင်းအတွင်း၊ သူ သို့မဟုတ် သူမ သိရမည့်အရာကို စဉ်းစားပါ။ သင်သည် ပြင်ဆင်ရန်နှင့် စီစဉ်ရန် အချိန်ယူသောအခါ ဝိညာဉ်တော်သည် သင်၏အားထုတ်မှုများကို တိုးမြှင့်ပေးလိမ့်မည်။

သင်သွန်သင်ရန် ပြင်ဆင်သောအခါ သင်နှင့် သင်၏အဖော်တို့အတွက် ဆုတောင်းခြင်းထက်သန်စွာ စဉ်းစာရန် မေးခွန်းအချို့ရှိပါသည်။

  • ကျွန်ုပ်တို့သည် ထိုလူကို ယေရှုခရစ်တော်၌ ယုံကြည်ခြင်းတည်ဆောက်ရန်နှင့် တိုးတက်မှုဖြစ်စေရန် မည်သည့်ဖိတ်ခေါ်ချက်ကို ကမ်းလှမ်းမည်နည်း။ ဖိတ်ခေါ်ချက်များမှာ လူတို့အား နောင်တရရန်နှင့် “ရွေးနှုတ်ရှင်၏တန်ခိုး” (ဟေလမန် ၅း၁၁) ကို တွေ့ကြုံစေရန် သင်ကူညီသည့်အရာများဖြစ်ပါသည်။ ထိုလူ၏တိုးတက်မှု၊ အခြေအနေနှင့် လိုအပ်ချက်များကို စဉ်းစားသုံးသပ်ပါ။ ထို့နောက် တစ်ခုသို့မဟုတ် ထို့ထက်ပိုသည့် ဖိတ်ခေါ်ချက်များကို သင်၏သင်ခန်းစာအစီအစဉ်တွင် ထည့်သွင်းပါ။

  • မည်သည့် ဩဝါဒနှင့် အခြေခံသဘောတရားများက ကျွန်ုပ်တို့ ဖိတ်ခေါ်ခဲ့သည့် ကတိကဝတ်ကို စောင့်ထိန်းရန် သူသို့မဟုတ် သူမအားကူညီမည်နည်း။ ကတိကဝတ်ကို စောင့်ခြင်းသည် လူတို့နှင့် ကိုယ်တော်ရှင်အတွက် အဘယ်ကြောင့်အရေးကြီးကြောင်းကို သူတို့အားနားလည်စေရန် ကူညီမည့် ဩဝါဒနှင့် အခြေခံသဘောတရားများကို ဆုတောင်းခြင်းထက်သန်စွာ ဆုံးဖြတ်ပါ။

  • ကျွန်ုပ်တို့သည် ထိုလူအား ဩဝါဒကိုလေ့လာရန် မည်သို့ကူညီမည်နည်း။ ဩဝါဒကို သွန်သင်ဖို့ပြင်ဆင်ရန် သင်သွန်သင်မည့်အရာကို သင်ခန်းစာ ၁-၄ ကိုအသုံးပြု၍၊ စီစဉ်ပါ၊ အနှစ်ချုပ်ပါ။ သင်သွန်သင်သည့်အရာကို ထိုလူအား နားလည်စေရန် ကူညီမည့် မေးခွန်းများ၊ ကျမ်းစာများနှင့် သင့်လျော်သောလူမှုကွန်ယက်ကို သတ်မှတ်ပါ။ သင်၏သွန်သင်ခြင်းကို မည်သို့ တိုးတက်စေမည့်အကြောင်း အချက်အလက်အတွက် ရှု အခန်း ၁၀

  • ပညတ်တော်များကို လက်ခံခြင်းနှင့် စောင့်ထိန်းခြင်းအတွက် ဘုရားသခင်သည် မည်သည့်ကောင်းချီးမင်္ဂလာများကို ကတိပေးထားပါသနည်း။ သင်သည် ဩဝါဒကို လေ့လာသောအခါ၊ ဘုရားသခင်၏ကတိထားသောကောင်းချီးမင်္ဂလာများကို သတ်မှတ်ပါ။ သင်သွန်သင်သောအခါ၊ ကောင်းချီးမင်္ဂလာများကို ကတိပေးပါ၊ ၎င်းတို့အကြောင်းကို သက်သေခံပါ။

  • မည်သည့်အသင်းသားများ ပါဝင်နိုင်သနည်း။ အပတ်စဉ်ညှိုနှိုင်းအစည်းအဝေးတွင်၊ မည်သည့်အသင်းသားများသည် သင့်အား ထိုသူကိုသွန်သင်ရာ၌ ကူညီနိုင်ကြမည်ကို ဆုံးဖြတ်ပါ။ သင်ခန်းစာမတိုင်မီ၊ သူတို့၏ပါဝင်မှုကို ဆွေးနွေးပါ။ ရှု အခန်း ၁၀

  • ကျွန်ုပ်တို့ပြန်သွားပြီးနောက် လူတို့အား သူတို့၏ကတိကဝတ်များကို စောင့်ထိန်းဖို့ ကူညီရန် ကျွန်ုပ်တို့မည်သည့်အရာကို လုပ်ဆောင်နိုင်ပါသနည်း။ လူတို့အား သူတို့၏ကတိကဝတ်များကို စောင့်ထိန်းရန် ကူညီဖို့ နေ့စဉ်ခဏတာဆက်သွယ်ခြင်းပြုလုပ်ပါ။ သင်သွန်သင်သည့်သူတို့အား သူတို့၏ကတိကဝတ်များကို စောင့်ထိန်းရန် ကူညီရာ၌ အသင်းသားများပါဝင်ရန် နည်းလမ်းများကို ရှာဖွေပါ။ ဤအဆက်အသွယ်တွင်၊ မော်မုန်းကျမ်းမှ အခန်းတစ်ခန်း သို့မဟုတ် အခြားကျမ်းစာများဖတ်ခြင်းပါဝင်နိုင်ပါသည်။ တစ်စုံတစ်ဦးသည် ယခင်ကတိကဝတ်ကို မစောင့်ထိန်းလျှင်၊ တစ်ခြားကတိကဝတ်တစ်ခုမကမ်းလှမ်းမီ၊ ထိုကတိကဝတ်နှင့်ပတ်သက်၍ကူညီလျှင် ပိုကောင်းပါသည်။ ရှု အခန်း ၁၁

  • ကျွန်ုပ်တို့သည် သူတို့အား နောက်တစ်ကြိမ်တွင် မည်သို့ပို၍ကောင်းစွာကူညီနိုင်ပါသနည်း။ သွန်သင်ခြင်းအခြေအနေတစ်ခုခြင်းစီတိုင်းပြီးနောက်၊ သင်သွန်သင်နေသည့်လူတို့၏အတွေ့အကြုံကို ဆန်းစစ်ပါ။ ခရစ်တော်၌ သူတို့၏ယုံကြည်ခြင်းသည် တိုးတက်ပါသလား။ သူတို့သည် ဝိညာဉ်တော်ကို ခံစားနေရပါသလား။ သူတို့သည် နောင်တရနေကြ၊ ကတိကဝတ်များ ပြုနေကြ၊ စောင့်ထိန်းနေကြပါသလား။ သူတို့သည် ဆုတောင်းနေကြ၊ မော်မုန်ကျမ်းကို လေ့လာနေကြ၊ ဘုရားကျောင်းကို တက်နေကြပါသလာ။ သူတို့ကိုကူညီရန် အစီအစဉ်များ ပြုလုပ်ပါ။

ဝိညာဉ်တော်လမ်းညွှန်သည့်အတိုင်း သင့်နှလုံးသားနှင့် သွန်သင်ပါ။

အသင်းလူကြီးများနှင့် ညီအစ်မအားလုံးကို ပြောရာတွင်၊ ပထမဥက္ကဋ္ဌအဖွဲ့နှင့် တမန်တော်တစ်ဆယ့်နှစ်ပါးအဖွဲ့က ဖော်ပြထားသည်မှာ၊

“ကျွန်ုပ်တို့၏ရည်ရွယ်ချက်မှာ ပြန်လည်ဆောင်ယူထားသည့် ဧဝံဂေလိတရားတော် သတင်းစကားကို သာသနာပြုများနှင့် သွန်သင်ခံနေရသူ နှစ်ဖက်လုံးကို ဝိညာဉ်တော်လမ်းညွှန်ရန် အခွင့်ပေးသည့် နည်းဖြင့် သွန်သင်ရန်ဖြစ်ပါသည်။ (သင်ခန်းစာများ၏) အယူအဆကို သင်ယူရန် မရှိမဖြစ်လိုအပ်ပါသည်၊ သို့ရာတွင် ဤအရာတို့ကို အလွတ်ကျက်တင်ဆက်ခြင်းဖြင့် မသွန်သင် သင့်ပါ။ သာသနာပြုများသည် ဝိညာဉ်တော်လှုံ့ဆော်သည့်အတိုင်း မိမိကိုယ်ပိုင်စကားလုံးများကို အသုံးပြုရန် လွတ်လပ်မှုရှိသည်ဟု ခံစားရမည်။ သူသည် အလွတ်ကျက်ထားသည့်အရာတစ်ခုကို မပြောသင့်ပါ၊ မိမိကိုယ်ပိုင်စကားဖြင့်သာ နှလုံးသားမှပြောသင့်ပါသည်။ သူသည် သင်ခန်းစာအစီအစဉ်များနှင့် ကွဲထွက်နိုင်ပါသည်၊ ထို(လူ)၏စိတ်ဝင်စားမှုနှင့် လိုအပ်ချက်များအတိုင်း၊ သူလုပ်ဆောင်ရန် လမ်းပြလှုံ့ဆော်ခံရသည့်အရာကို ဖော်ပြနိုင်ပါသည်။ သူ၏ကိုယ်ပိုင်နားသွင်းခြင်းနှင့် သူ၏ကိုယ်ပိုင်စကားလုံးများဖြင့်ပြောလျက်၊ သူ့သွန်သင်ခြင်း၏သမ္မာတရားကို သက်သေခံသင့်ပါသည်။

ရုပ်ပုံ
အမျိုးသားတစ်ဦးနှင့်တွေ့နေသည့် သာသနာပြုများ

လူတစ်ဦးချင်းစီ၏လိုအပ်ချက်များအတိုင်း သွန်သင်ပါ၊ ဖိတ်ခေါ်ပါ

လူတို့အား ဗတ္တိဇံနှင့် အတည်ပြုခြင်းအတွက် ပြည့်စုံစွာပြင်ဆင်ရန် မည်သည့်နည်းနှင့်မဆိုသွန်သင်ရန်အတွက်သင့်တွင် ပြုလွယ်ပြင်လွယ်ခြင်းရှိပါသည်။ မည်သည့်သင်ခန်းစာကို သွန်သင်ခြင်း၊ မည်သည့်အချိန်တွင်သွန်သင်ခြင်း၊ သင်အချိန်မည်မျှပေးခြင်း စသည်တို့ကို သင်သွန်သင်နေသည့်လူ၏ လိုအပ်ချက်များနှင့် ဝိညာဉ်တော်၏လမ်းညွှန်မှုတို့အားဖြင့် အကောင်းဆုံး ဆုံးဖြတ်ပါ။ ဥပမာအားဖြင့်၊ ခရစ်ယာန်နောက်ခံအကြောင်းမရှိသည့်လူတို့အား သွန်သင်သည့်အခါ၊ သင်သည် သူတို့အား ကောင်းကင်ဘုံရှင်အဘ၊ ကိုယ်တော့်အစီအစဉ်အကြောင်းနားလည်ခြင်းတို့နှင့် ပိုကောင်းသည့် ဆက်သွယ်ချက်ကို ဖွံ့ဖြိုးစေရန် ကူညီခြင်းဖြင့် စတင်နိုင်ပါသည် (ရှု အခန်း ၁၀ ရှိခရစ်ယာန်နောက်ခံအကြောင်းမရှိသောသူတို့အား သွန်သင်ခြင်း)။

မည်သည့်ဖိတ်ခေါ်ချက်များကို ကမ်းလှမ်းရန်နှင့် မည်သည့်အချိန်၌ ကမ်းလှမ်းရန်တို့နှင့် ပတ်သက်၍ သင့်ကိုဝိညာဉ်တော်လမ်းညွှန်တော်မူပါစေ။ မှန်သည့်အချိန်၌ မှန်သော ဖိတ်ခေါ်ချက်သည် လူတို့အား သူတို့၏ယုံကြည်ခြင်းကို တည်ဆောက်မည့် အရာများကို လုပ်ဆောင်စေရန် လှုံ့ဆော်နိုင်ပါသည်။ ဤအပြုအမူများသည် စိတ်နှလုံးကြီးစွာပြောင်းလဲခြင်းသို့ ပို့ဆောင်ပေးနိုင်ပါသည် (ရှု မောဇိယ ၅-၂အယ်လမာ ၅း၁၂-၁၄)။

ရိုးရှင်း၊ ရှင်းလင်းပြီး အကျဉ်းချုပ်သည့် သင်ခန်းစာများကို သွန်သင်ပါ။ ပုံမှန်အားဖြင့်၊ သွန်သင်ခြင်းအလည်အပတ်တစ်ခုသည် မိနစ်၃၀ ထက်ပိုမကြာသင့်ပါ၊ သင်သည် လူတစ်ဦးကို ၅ မိနစ်မျှသောအချိန်အနည်းငယ်တွင် သွန်သင်နိုင်ပါသည်။

သင်သည် ပုံမှန်အားဖြင့်၊ သင်ခန်းစာတစ်ခု၌ အခြေခံသဘောတရားများကိုသွန်သင်ရန် တွေ့ဆုံခြင်းများစွာလိုအပ်မည်ဖြစ်ပါသည်။ လူတို့သည် သင်ခန်းစာအတိုများကို သင်သွန်သင်လျှင်၊ အကြိမ်ကြိမ်သွန်သင်လျှင် သင်၏သတင်းစကားကို ပိုပြီးကောင်းကောင်းနားလည်လေ့ရှိပါသည်။

ကျမ်းစာလေ့လာခြင်း

သင်သည် မည့်သည့်အရာကို သွန်သင်ရန် လမ်းညွှန်ခံရပါသနည်း။

သင်ခန်းစာ၌ ဩဝါဒကို လေ့လာရန် အဘယ်ကြောင့်အရေးကြီးပါသနည်း။