သာသနာပြုအမှုတော်ဆောင်တာဝန်များ
အခန်း ၃၊ ဗတ္တိဇံခံရန်နှင့် အတည်ပြုခံရန် ဖိတ်ခေါ်ခြင်း


“အခန်း ၃၊ ဗတ္တိဇံခံရန်နှင့် အတည်ပြုခံရန် ဖိတ်ခေါ်ခြင်း၊” ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလော့၊ ယေရှုခရစ်တော်၏ဧဝံဂေလိတရားတော်ကို ဝေငှခြင်းအတွက် လမ်းညွှန် (၂၀၂၃)

“ဗတ္တိဇံခံရန်နှင့် အတည်ပြုခံရန် ဖိတ်ခေါ်ခြင်း၊” ငါ၏ဧဝံဂေလိတရားတော်ကို ဟောပြောလော့၊

အခန်း ၃

ဗတ္တိဇံခံရန်နှင့် အတည်ပြုခံရန် ဖိတ်ခေါ်ခြင်း

ရုပ်ပုံ
ဘုရားသခင်၏သိုးစုထဲသို့ ဝင်ကြလော့၊ ဝေါ်လတာရိန်း၏လက်ရာ

ဩဝါဒအခြေခံအုတ်မြစ်

ကျွန်ုပ်တို့အားလုံးသည် ကောင်းကင်ဘုံရှင်အဘ၏ သားသမီးများဖြစ်ကြပါသည်။ ကျွန်ုပ်တို့သည် သင်ယူရန်၊ တိုးတက်ရန်၊ ထို့အတူ ကိုယ်တော်နှင့် ပိုတူလာစေရန်အခွင့်အရေးကို ရရှိရန် မြေကြီးသို့ လာခဲ့ကြပါသည်၊ ထိုကဲ့သို့အားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏မျက်မှောက်သို့ ပြန်သွားနိုင်ကြပါသည် (ရှု မောရှေ ၁း၃၉)။ ကျွန်ုပ်တို့သည် မြင့်မြတ်သောအကူအညီမပါဘဲနှင့် ကိုယ်တော်နှင့် ပိုမတူလာနိုင်ပါ၊ သို့မဟုတ် ကိုယ်တော်ဆီပြန်မသွားနိုင်ပါ။ ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့အတွက် အပြစ်ဖြေရန်နှင့် သေခြင်း၏ကြိုးများကို ဖြတ်ရန် ကိုယ်တော်၏သားတော် ယေရှုခရစ်တော်ကို စေလွှတ်ခဲ့ပါသည် ( ရှု ၃ နီဖိုင်း ၂၇း၁၃-၂၂)။

ကျွန်ုပ်တို့သည် နောင်တရခြင်းငှာ ကိုယ်တော်၌ ယုံကြည်ခြင်းကို ကျင့်သုံးခြင်း၊ ဗတ္တိဇံခံခြင်း၊ အတည်ပြုခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူးကို ရရှိခြင်း၊ အဆုံးတိုင်အောင်တည်ကြည်ခြင်းတို့အားဖြင့် ခရစ်တော်၏ရွေးနှုတ်ခြင်းတန်ခိုးသို့ ရောက်ရှိရာလမ်းကို ရရှိနိုင်ပါသည်။ ဗတ္တိဇံပဋိညာဉ်ကို စောင့်ထိန်းခြင်းသည် ကျွန်ုပ်တို့ကိုယ်ကျွန်ုပ်တို့ ဘုရားသခင်နှင့် ပေါင်းစည်းခြင်း၌ ပထမဆုံးခြေလှမ်းဖြစ်ပါသည်၊ ထိုကဲ့သို့အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေနိုင်၊ ခွန်အားဖြည့်ပေးနိုင်၊ ကျွန်ုပ်တို့၏သဘာဝကို ပိုကောင်းလာစေရန် ပြောင်းလဲပေးနိုင်ပါသည်။ ဤသန့်ရှင်းစင်ကြယ်စေခြင်းကို တွေ့ကြုံခြင်းကို ဝိညာဉ်ပကတိပြန်လည်မွေးဖွားခြင်းဟု ခေါ်ပါသည်။ (ရှု ၂ နီဖိုင်း ၃၁း၇၊ ၁၃-၁၄၊ ၂၀-၂၁၊မောဇိယ ၅း၁-၇၁၈၂၇း၂၄၃ နီဖိုင်း ၂၇း၂၀ရှင်ယောဟန် ၃း၅။)

ကျွန်ုပ်တို့သည် ရေဖြင့်၊ ဝိညာဉ်တော်ဖြင့် ဗတ္တိဇံခံသည့်အခါ ဝိညာဉ်ပကတိပြန်လည်မွေးဖွားခြင်းစတင်ပါသည်။ ဗတ္တိဇံသည် ဝမ်းမြောက်စရာနှင့် မျှော်လင့်ချက်ရှိသော ဘိသိက်မင်္ဂလာဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကျိုးပဲ့သောနှလုံးသားနှင့် ကြေကွဲသောစိတ်နှင့် ဗတ္တိဇံခံသောအခါ၊ ဘုရားသခင်၏ထောက်မသောတန်ခိုးနှင့် ဘဝအသစ်ကို စပါသည်။ ကျွန်ုပ်တို့သည် ဗတ္တိဇံခံ၍ အတည်ပြုခံပြီးနောက်တွင် ပွဲတော်ကို ထိုက်တန်စွာသုံးဆောင်ခြင်းဖြင့် ဆက်၍ခွန်အားဖြည့်ပေးခံရနိုင်ပါသည်။ (ရှု ၂ နီဖိုင်း ၃၁း၁၃မောဇိယ ၁၈း၇-၁၆မော်ရော်နိုင်း ၆း၂ဩဝါဒနှင့်ပဋိညာဉ်များကျမ်း ၂၀း၃၇။)

ဖိတ်ခေါ်ချက်ကမ်းလှမ်းခြင်း

သင်သည် ဝိညာဉ်တော်၏လမ်းညွှန်ခြင်းကို ခံစားရသည့်အတိုင်း လူတို့အား ဗတ္တိဇံခံရန်နှင့် အတည်ပြုခံရရန် ဖိတ်ခေါ်ပါ။ ဤအရာသည် မည်သည့်သင်ခန်းစာအတွင်း၌မဆို ဖြစ်နိုင်ပါသည်။

ဗတ္တိဇံဩဝါဒကို သွန်သင်ပါ၊ လူတို့အား ခရစ်တော်၏ဩဝါဒကို နားလည်စေရန် ကူညီပါ (ရှု သင်ခန်းစာ ၃)။ ဗတ္တိဇံပဋိညာဉ်၏၊ အပြစ်များမှ လွှတ်ခြင်း နှင့် အတည်ပြုခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးရရှိခြင်း၏ အရေးကြီးခြင်းနှင့် ဝမ်းမြောက်ခြင်းအကြောင်းကို သွန်သင်ပါ။

လူတို့အား သင် သွန်သင်ပေးခဲ့သည့်အရာနှင့် သူတို့ပြုမည့်ပဋိညာဉ်တို့ကို နားလည်စေရန် သေချာစေခြင်းဖြင့် ဗတ္တိဇံဖိတ်ခေါ်ခြင်းအတွက် သူတို့ကို ပြင်ဆင်ပါ။ ဗတ္တိဇံပဋိညာဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ကျွန်ုပ်တို့၏အပေါ်၌ခရစ်တော် ၏နာမကိုခံယူရန် လိုလိုလားလားရှိခြင်း။

  • ဘုရားသခင်၏ပညတ်တော်များကိုစောင့်ထိန်းခြင်း။

  • ဘုရားသခင်နှင့် အခြားသူများကို အစေခံခြင်း။

  • အဆုံးတိုင်အောင်တည်ကြည်ခြင်း။ (ရှု သင်ခန်းစာ ၄။)

သင်သည် အောက်ပါတို့ကို ဝေငှနိုင်ပါသည်။

“ကျွန်ုပ်တို့သည် ဗတ္တိဇံခံသောအခါ၊ ‘ဘုရားသခင်နှင့် ပဋိညာဉ်တစ်ခုသို့ဝင်ခဲ့ကြောင်း၊ ကိုယ်တော်ကိုအစေခံ၍ ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းမည့်အကြောင်း ကိုယ်တော်ရှေ့တွင် သက်သေခံကြပါသည်။ ကျွန်ုပ်တို့ ဤပဋိညာဉ်ကို ပြုကြသည်နှင့်အမျှ၊ ကိုယ်တော်သည် ‘ကိုယ်တော်၏ဝိညာဉ်တော်ကို ကျွန်ုပ်တို့အပေါ် ပို၍မြောက်မြားစွာသွန်းလောင်းတော်မူ’မည့်အကြောင်း ကတိထားပါသည် (မောဇိယ ၁၈း၁၀)။”

ဗတ္တိဇံခံဖို့ သင်၏ဖိတ်ခေါ်ချက်သည် တိတိကျကျနှင့်တိုက်ရိုက်ဖြစ်သင့်ပါသည်။ သင်ပြောနိုင်သည်မှာ၊

“သင်သည် ဤဘိသိက်မင်္ဂလာကို ဆောင်ရွက်ရန် ခန့်ထားခံရသည့်သူတစ်စုံတစ်ဦးအားဖြင့် ဗတ္တိဇံခံခြင်းအားဖြင့် ယေရှုခရစ်တော်၏ပုံသက်သေနောက်ကို လိုက်လျှောက်မည်လား။ ကျွန်ုပ်တို့သည် သင့်ကို ဗတ္တိဇံအတွက် ပြင်ဆင်ရန် ကူညီမည်။ သင်သည် (နေ့စွဲ) တွင် အဆင်သင့်ဖြစ်နိုင်သည်ဟု ယုံကြည်ပါသည်။ သင်သည် ထိုနေ့စွဲတွင် ဗတ္တိဇံခံဖို့ ပြင်ဆင်မည်လား။

သင် ကမ်းလှမ်းသည့်မည်သည့် ဖိတ်ခေါ်ချက်နှင့်မဆို၊ လူတို့သည် ဗတ္တိဇံခံဖို့ဖိတ်ခေါ်ချက်ကို လက်ခံပြီး၊ ဆက်စပ်သည့်ပဋိညာဉ်များကို စောင့်ထိန်းကြသည်နှင့်အမျှ ကြီးစွာသောကောင်းချီးမင်္ဂလာများ ရရှိမည့်အကြောင်းကို ကတိပေးပါ။ ဤကောင်းချီးမင်္ဂလာများအကြောင်း သင်၏သက်သေခံချက်ကို ဝေငှပါ။

ဗတ္တိဇံနှင့် အတည်ပြုခြင်းသည် နောက်ဆုံးပန်းတိုင်မဟုတ်ကြောင်း သွန်သင်ပါ။ ၎င်းတို့သည် လူတစ်ဦး၏ဘဝထဲသို့ မျှော်လင့်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ဘုရားသခင်၏တန်ခိုးကို ပို၍ပြည့်စုံစွာ ယူဆောင်လာခြင်းလမ်းကြောင်းတစ်လျှောက်ရှိ အမှတ်တစ်ခုသာဖြစ်ပါသည် (ရှု မောဇိယ ၂၇း၂၅-၂၆)။ လူတို့သည် ဗတ္တိဇံခံပြီး၊ အတည်ပြုခံပြီးနောက်တွင်၊ ပဋိညာဉ်လမ်းကြောင်း တစ်လျှောက် တိုးတက်ကြသည်နှင့်အမျှ၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းစင်ကြယ်စေတော်မူခြင်းကို မျှော်လင့်နိုင်ပါသည်။

ဖြစ်နိုင်လျှင်၊ သင်သွန်သင်သည့်သူတို့ကို ဗတ္တိဇံအမှုဆောင်ခြင်းတစ်ခုနှင့်တစ်စုံတစ်ဦး အတည်ပြုခံရသည့် ပွဲတော်အစည်းအဝေးတစ်ခုသို့ ဖိတ်ခေါ်ပါ။

ဗတ္တိဇံခံရန်ဖိတ်ခေါ်ခြင်းအတွက် အကြံဉာဏ်များ

ယေရှုဗတ္တိဇံခံခြင်းအကြောင်း ကျမ်းစာမှတ်တမ်းဖတ်ခြင်းကို စဉ်းစားပါ (ရှု ရှင်မဿဲ ၃း၁၃-၁၇)။ ကယ်တင်ရှင်၏ဗတ္တိဇံကို သရုပ်ဖော်သည့် သမ္မာကျမ်းဗီဒီယို သို့မဟုတ် ကယ်တင်ရှင်၏တပည့်တော်များ ဗတ္တိဇံပေးနေခြင်း မော်မုန်ကျမ်း ဗီဒီယို တို့ကိုလည်း ပြနိုင်ပါသည်။

ယေရှု၏ဗတ္တိဇံအကြောင်း နီဖိုင်း၏မှတ်တမ်းကိုလည်း ဖတ်နိုင်ပါသည် (ရှု ၂နီဖိုင်း ၃၁း၄-၁၂)။ ယေရှုခရစ်တော်၏ဗတ္တိဇံအကြောင်းမှတ်တမ်းကို ဖတ်ခြင်းသည် သွန်သင်ခံရပြီးသောသူများကို ခွန်အားဖြည့်ပေးနိုင်ပါသည်။

ကျမ်းစာလေ့လာခြင်း

အောက်ပါကျမ်းစာများကို လေ့လာပါ။

သင် သင်ယူခဲ့သည့်အရာအကြောင်းအနှစ်ချုပ်တစ်ခုရေးပါ။