အထွေထွေညီလာခံ
လာ၍ ပါဝင်ပါ။
ဧပြီ ၂၀၂၀ အထွေထွေညီလာခံ


လာ၍ ပါဝင်ပါ။

ဒီကြီးကျယ်ခန်းနားသောကြိုးစားအားထုတ်မှုမှာ ကျွန်တော်တို့နဲ့ ပူးပေါင်းရန် တစ်ကမ္ဘာလုံးရှိဘုရားသခင်၏သားသမီးများအား လုံးကိုကျွန်တော်တို့ဖိတ်ခေါ်ပါတယ်။

ချစ်လှစွာသောညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းများခင်ဗျာ၊အပတ်စဥ် တစ်ကမ္ဘာလုံးရှိ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်၏အသင်းသားများသည် ကျွန်ုပ်တို့၏ချစ်လှစွာသောကောင်းကင်ဘုံရှင်အဖ၊ စကြာဝဠာ၏ရှင်ဘုရင်ဘုရားသခင်နှင့် သူ၏ချစ်လှစွာသောသား ယေရှုခရစ်တော်အား ဝတ်ပြုကြပါတယ်။ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်၊—အသက်ရှင်ဖူးသမျှမှာ အပြစ်ကင်းသောသူ၊ ဘုရားသခင်၏အစွန်းအထင်းကင်းသော သိုးသငယ်ရဲ့ အသက်တာနှင့်သင်ကြားမှုများကို တွေးတောကြပါတယ်။ သူ့ကိုကျွန်တော်တို့အသက်တာ၏ ဗဟိုအချက်အချာအဖြစ်အောက်မေ့ပြီး သူ၏အသေခံခြင်းကိုသတိရရင်း ပွဲတော်မင်္ဂလာကို ကျွန်တော်တို့သုံးဆောင်ကြပါတယ်။

ကျွန်တော်တို့ သူက်ိုရိုသေလေးစားပြီးချစ်ပါတယ်။ သူ၏နက်ရှိုင်းသောထာဝရချစ်ခြင်းမေတ္တာဖြင့် သင်နှင့်ကျွန်တော့အတွက်သူခံစားပြီးအသေခံခဲ့ပါတယ်။ သူဟာ သေခြင်းတံခါးများကိုကျိုးဖြတ်စေခဲ့ပါတယ်၊ မိတ်ဆွေများနှင့် ချစ်သောသာများကွဲကွာစေသည့် အတားအဆီးများအား ကြွေမွစေခဲ့ပါတယ်။ပြီးတော့ မျှော်လင့်ချက်မဲ့နေသူများကို မျှော်လင့်ချက်များသယ်ဆောင်ပေးခဲ့ပါတယ်၊ ဖျားနာသူများအား ကုသပေးခြင်း၊ အချုပ်အနှောင်ခံရသူများအား လွတ်မြောက် စေခဲ့ပါတယ်။

ကျွန်တော်တို့၏ နှလုံးသား၊ အသက်တာများနှင့် နေ့စဥ်သီးသန့်ဝတ်ပြုမှုများကို သူထံသို့နှစ်မြုပ်ထားပါတယ်။ ဒီအကြောင်းကြောင့်၊ ကျွန်တော်တို့ ခရစ်တော်အကြောင်းကို ပြောကြတယ်၊ ခရစ်တော်တော်၌ ရွှင်လန်းဝမ်းမြောက်ကြတယ်၊ [ပြီးတော့] ကျွန်တော်တို့ခရစ်တော်အကြောင်းဟောပြောကြတယ်၊ ကျွန်တော်တို့ရဲ့ကလေးငယ်တွေဟာ သူတို့ရဲ့အပြစ်မှ လွှတ်ခြင်းအတွက် ဘယ် အရင်းအမြစ်ကို ရှာဖွေရမလဲဆိုတာ သိရှိလာနိုင်ကြစေဖို့ဖြစ်ပါတယ်။

တပည့်တော်ဖြစ်ခြင်းကို လေ့ကျင့်ခြင်း

ဘယ်လိုပဲဖြစ်ဖြစ်၊ ယေရှုခရစ်တော်ရဲ့ တပည့်တော်တစ်ယောက်ဖြစ်ခြင်းဆိုတာ ခရစ်တော်အကြောင်း ပြောဆိုခြင်းနှင့်ဟောပြောခြင်းထက် များစွာပိုမိုပါဝင်ပါတယ်။ ကယ်တင်ရှင်ကိုယ်တိုင်က ကျွန်တော်တို့ကို သူနဲ့ ပိုတူလာစေမယ့် လမ်းကြောင်းပေါ်မှာ ကူညီဖို့ သူ့အသင်းတော်ကို ပြန်လည်ဆောင်ယူခဲ့ပါတယ်။ ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင့်သူများ အသင်းတော်ဟာ တပည့်ဖြစ်ခြင်းရဲ့ အခြေခံသဘောတရားများကို လေ့ကျင့်ရန် အခွင့်အရေးတွေကို ပံ့ပိုးပေးဖို့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အသင်းတော်မှာ ကျွန်တော်တို့ရဲ့ပါဝင်ခြင်းအားဖြင့်၊ ကျွန်တော်တို့ဟာ သန့်ရှင်းသောဝိညာဥ်တော်၏ လှုံ့ဆော်မှုကို အသိအမှတ်ပြုရန်နှင့် ဆောင်ရွက်ရန် သင်ယူကြပါတယ်။ ကျွန်တော်တို့ဟာ တစ်ပါးသူများသို့ သနားခြင်းနဲ့ ကြင်နာခြင်းတို့ဖြင့် ဖြန့်ကြက်ခြင်းအလေ့အကျင့်ကို တိုးတက်စေကြပါတယ်။

ဒါက တစ်သက်တာ အားထုတ်မှုတစ်ခုဖြစ်ပါတယ်၊ အလေ့အကျင့်လည်း လိုအပ်ပါတယ်။

ပြီးမြောက်ကျွမ်းကျင်တဲ့ အားကစားသမားတွေဟာ သူတို့အားကစားရဲ့ အခြေခံသဘောတရားတွေလေ့ကျင့်ရာမှာ မရေမတွက်နိုင်တဲ့နာရီများစွာကို အသုံးပြုကြပါတယ်။ သူနာပြုများ၊ အင်တာနက်အလုပ်သမားများ၊ နယူးကလီးယားအင်ဂျင်နီယာများ၊ ဟာရစ်၏မီးဖိုချောင် အပျော်တမ်းစားဖိုမှူး ပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ကျွန်တော်လည်းပဲ ကျွန်တော်တို့၏အသက်မွေးဝမ်းကျောင်းတွင် အရည်အသွေးပြည့်ဝစွာလုပ် ဆောင်နိုင်ဖို့ လုံ့လဝီရိယရှိစွာကြိုးစားရပါတယ်။

လေကြောင်းလိုင်းဆိုင်ရာ ခေါင်းဆောင်တစ်ယောက်အဖြစ်၊ ကျွန်တော်ဟာ လေယာဉ်မှူးများကို လေယာဉ်အပျံ ကျင့်စက်တစ်ခု—ပျံသန်ခြင်း အတွေ့အကြုံကို ထပ်တလဲလဲပေးတဲ့ ခေတ်မီစက်တစ်ခုကို သုံးပြီး အကြိမ်ကြိမ် လေ့ကျင့်ပေးခဲ့ပါတယ်။ ကျင့်စက်က လေယာဉ်မှုးတွေကို ပျံသန်းခြင်း အခြေခံသဘောတရားကို သင်ယူဖို့ ကူညီရုံမက၊ သူတို့တကယ့်လေယာဉ်ကို ထိန်းကျောင်းတဲ့အခါမှာ တွေ့ကြုံနိုင်တဲ့ မမျှော်လင့်သောအဖြစ်အပျက်တွေကို အတွေ့အကြုံရှိစေဖို့နဲ့ တုန့်ပြန်ဖို့ ကိုလည်း အခွင့်ပေးပါတယ်။

ယေရှုခရစ်တော်ရဲ့ တပည့်တော်များ အတွက်လည်း အလားတူ တူညီ မှန်ကန်ပါတယ်။

ယေရှုခရစ်တော်၏ အသင်းတော်၌ တတ်ကြွစွာပါဝင်ခြင်းနဲ့၊ အဲဒီအသင်းတော်ရဲ့ အမျိုးမျိုးသောအခွင့်အလမ်းတွေက ဘဝရဲ့ ပြောင်းလဲခြင်းအခြေအနေတွေက ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ကို ကောင်းကောင်းပြင်ဆင်စေဖို့ ကူညီပါလိမ့်မယ်။ အသင်းတော်၏အသင်းသားများ အနေဖြင့်၊ ကျွန်တော်တို့ဟာ သူ့ရဲ့ ရှေးခေတ် နှင့် ယခုခေတ် ပရောဖတ်များအားဖြင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲမှာ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ နှစ်မြှုပ်ထားကြဖို့ တိုက်တွန်းခံကြရပါတယ်။ ကောင်းကင်ဘုံရှင်အဖထံသို့ အမှန်တကယ် နှိမ့်ချစွာဆုတောင်းခြင်းဖြင့်၊ သန့်ရှင်းတော်ဝိညာဥ်၏အသံကိုမှတ်မိနိုင်ရန် ကျွန်တော်တို့ကိုသင်ကြားပေးပါတယ်။ ကျွန်တော်တို့ဟာ အစေခံရန်၊ သင်ကြားပေးရန်၊ စီစဉ်ရန်၊ အမှုတ်တော်ဆောင်ရန်နဲ့ စီမံဆောင်ရွက်ရန် တာဝန်တွေကို လက်ခံကြပါတယ်။ ဒီအခွင့်အရေးတွေက ကျွန်တော်တို့ကို ဝိညာဥ်၊ စိတ်နဲ့ အကျင့်စရိုက်မှာ ဖွံ့ဖြိုးဖို့ အခွင့်ပေးပါတယ်။

အဲဒါတွေက ကျွန်တော်တို့ကို ယခုဘဝနှင့် နောင်ဘဝမှာ ကောင်းချီးပေးမယ့် သန့်ရှင်းမွန်မြတ်သော ပဋိညာဉ်တွေ ပြုဖို့နဲ့စောင့်ထိန်းဖို့ ပြင်ဆင်ရန် ကူညီပါတယ်။

လာ၍၊ ကျွန်တော်တို့နှင့်ပူးပေါင်းပါ။

ဒီကြီးကျယ်ခန်းနားသောကြိုးစားအားထုတ်မှုမှာ ကျွန်တော်တို့နဲ့ ပူးပေါင်းရန် တစ်ကမ္ဘာလုံးရှိဘုရားသခင်၏သားသမီးများအား လုံးကိုကျွန်တော်တို့ဖိတ်ခေါ်ပါတယ်။ လာ၍ ကြည့်ကြပါ။ ကိုရိုနာ−၁၉ရောဂါပိုးကြောင့် ဒီစိန်ခေါ်မှုအချိန်မှာတောင်မှ ကျွန်တော်တို့နဲ့ onlineကနေ တွေ့ဆုံကြပါ။ ကျွန်တော်တို့ရဲ့ သာသနာပြုများနှင့် onlineကနေတွေ့ဆုံကြပါ။ ဒီအသင်းတော်ဟာဘယ်လိုမျိုးလဲ ဆိုတာ သင်တို့ကိုယ်တိုင်ရှာဖွေကြပါ။ ဒီခက်ခဲတဲ့အချိန်ကြီးကျော်လွန်သွားတဲ့အခါမှာ၊ ကျွန်တော်တို့၏အိမ်များနှင့် ဝတ်ပြုရာနေရာများတွင် ကျွန်တော်တို့နှင့်တွေ့ဆုံပါ။

လာပြီး ကူညီကြဖို့ သင်တို့ကို ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ ဘုရားသခင်ရဲ့ သားသမီးတွေကို အမှု တောင်ဆောင်လျက်၊ ကယ်တင်ရှင်ရဲ့ ခြေလှမ်းတွေနောက်က လိုက်လျက်၊ ဒီကမ္ဘာကို ပိုပြီးကောင်းတဲ့နေရာတစ်ခုဖြစ်အောင် လုပ်လျက်၊ လာပြီး၊ ကျွန်တော်တို့နဲ့အတူ အစေခံကြပါ။

လာ၍ ပါဝင်ပါ။ သင်တို့က ကျွန်တော်တို့ကို ပိုပြီးခွန်အားကြီးအောင်ပြုလုပ်ပေးမှာပါ။ သင်တို့လည်း ပိုပြီး ကောင်းမွန်လာမှာ၊ ပိုပြီး ကြင်နာလာမှာ၊ ပိုပြီးတော့လည်း ပျော်ရွှင်လာမှာ ဖြစ်ပါတယ်။ သင်တို့ရဲ့ ယုံကြည်မှုဟာ ပိုပြီးနက်ရှိုင်း လာပါလိမ့်မယ်၊ ပိုပြီးပြန်ကောင်းလွယ်လာပါလိမ့်မယ်—ဘဝရဲ့ ဝဲဂယက်တွေနဲ့ မမျှော်လင့်တဲ့ ဒုက္ခတွေကို ပိုပြီးကြံ့ကြံ့ခံနိုင်စွမ်းရှိလာပါလိမ့်မယ်။

ပြီးတော့ သင်တို့ဘယ်လိုအစပြုကြမလဲ။ ဖြစ်နိုင်တဲ့နည်းလမ်းများစွာရှိပါတယ်။

မော်မုန်ကျမ်းကို ဖတ်ကြဖို့ သင်တို့ကို ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။ သင့်မှာကျမ်းတစ်အုပ်မရှိဘူးဆိုလျှင်၊ ChurchofJesusChrist.orgမှာသင်ဖတ်ရှု့နိုင်ပါတယ် သို့ the Book of Mormon app ကိုကူးယူနိုင်ပါတယ်။ မော်မုန်ကျမ်းဟာ ယေရှုခရစ်တော်အကြောင်း အခြားသောသက်သေခံချက်ဖြစ်ပြီး ဓမ္မဟောင်းကျမ်းနဲ့ ဓမ္မသစ်ကျမ်းရဲ့ တွက်ဘက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီသန့်ရှင်းသော ကျမ်းစာအားလုံးကို မြတ်နိုးပါတယ်၊ ပြီးတော့ အဒီကျမ်းတွေ ဆီကသင်ယူကြ ပါတယ်။

ကျွန်တော်တို့က သင်တို့ကို အသင်းတော်၏အသင်းသားများ ဘာတွေသွန်သင်တယ်၊ ဘာတွေယုံကြည်တယ်ဆိုတာကို ရှာဖွေကြဖို့ ComeuntoChrist.org မှာသင်တို့ရဲ့ အချိန်တွေကို သုံးကြဖို့ဖိတ်ခေါ်ပါတယ်။

သာသနာပြုတွေကို Onlineမှာ သင်တို့တွေ့ဖို့၊ သို့မဟုတ် သင်တို့ရဲ့ အဆင်ပြေတဲ့အိမ်ကို လာရောက်ဖို့ရန် ဖိတ်ခေါ်ပါ— သူတို့မှာ မျှော်လင့်ခြင်း နှင့် အနာငြိမ်းစေခြင်းအကြောင်း သတင်းစကား ရှိပါတယ်။ ဒီသာသနာပြုတွေဟာ တစ်ကမ္ဘာလုံး နေရာအနှံ့အပြားမှာ သူတို့ရဲ့ကိုယ်ပိုင်အချိန်နှင့် ငွေဖြင့်အစေခံကြတဲ့သူများ၊ ကျွန်တော်တို့ရဲ့ အဖိုးတန် သားများနှင့်သမီးများဖြစ်ကြပါတယ်။

ယေရှုခရစ်တော်ရဲ့ အသင်းတော်မှာ၊ သင်တို့နဲ့ သိမ်မကွာသောလူတွေရဲ့မိသားစုကို သင်တို့ တွေ့ရမှာဖြစ်ပါတယ်။ သင်ရဲ့ အကူအညီကို လိုအပ်နေတဲ့၊ ပြီးတော့ သင်ဟာ သင်ကိုယ်တိုင်ရဲ့ အကောင်းဆုံးပုံစံဖြစ်လာဖို့ —ဘုရားသခင် ဖန်တီးထားသောလူ သင်ဖြစ်လာဖို့ ကြိုးစားစဉ်မှာ သင့်ကို ကူညီလူတဲ့ လူတွေကို တွေ့ရပါလိမ့်မယ်။

ကယ်တင်ရှင်၏ ပွေ့ဖက်ခြင်းက လူတိုင်းဆီကိုရောက်ပါတယ်။

သင်က ထင်ကောင်းထင်နေလိမ့်မယ်၊ ငါ့ဘဝမှာ အမှားတွေလုပ်ခဲ့ပြီးပြီ။ ငါဟာ ယေရှုခရစ်တော်ရဲ့ အသင်းတော်မှာ ပါဝင်တယ်လို့ ခံစားနိုင်ခဲ့ဖူးတယ်ဆိုတာ မသေချာဘူး။ ဘုရားသင်က ငါ့လိုလူတစ်ယောက်ကို စိတ်ဝင်စားမှာမဟုတ်ပါဘူး။”

ယေရှုခရစ်တော်က၊ သူဟာ ဘုရင်တို့ရဲ့ ဘုရင်၊ မေရှိယ၊ အသက်ရှင်သောဘုရားသခင်ရဲ့ သားတော် ဖြစ်သော်လည်း၊ ဘုရားသခင်၏ သားသမီး တစ်ယောက်ချင်းစီတိုင်းကို လေးလေးနက်နက် ဂရုစိုက်ပါတယ်။ လူတစ်ယောက်ရဲ့ အနေအထားက ဘာပဲဖြစ်ဖြစ်—ဘယ်လောက်ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ လူတစ်ယောက်က ဘယ်လောက်မစုံလင်သည်ဖြစ်စေ၊ စုံလင်သည်ဖြစ်စေ သူဂရုစိုက်ပါတယ်။ သူ့ရဲ့ လူ့ဇာတိဘဝမှာ၊ ကယ်တင်ရှင်က အားလုံးကို အမှုတော်ဆောင်ခဲ့ပါတယ်၊ ပျော်ရွှင်သောသူများနဲ့ အောင်မြင်သောသူများ၊ ကြေကွဲသောသူများနဲ့ ပျောက်ဆုံးသောသူများ၊ ၊ မျှော်လင့်ချက်မရှိသောသူများလည်း ပါပါတယ်။ အကြိမ်ကြိမ်ပါပဲ၊ သူအမှုတော်ဆောင်ခဲ့တဲ့သူတွေဟာ ထင်ပေါ်ကျော်ကြားခြင်း၊ လှပခြင်း သို့ ချမ်းသာခြင်း ရှိသူတွေမဟုတ်ကြပါဘူး။ အကြိမ်ကြိမ်ပါပဲ၊ သူမြှင့်တင်ပေးခဲ့တဲ့သူတွေဟာ ကျေးဇူတင်ခြင်း၊ နှိမ့်ချသောစိတ်နှလုံး၊ ပြီးတော့ ယုံကြည်မှုရှိလိုခြင်း ဆန္ဒတို့မှ တစ်ပါး ပြန်ပေးဖို့ နည်းနည်းလေးသာရှိတဲ့သူတွေဖြစ်ကြပါတယ်။

ယေရှုဟာ သူ့ရဲ့လူဇာတိဘဝမှာ ဒီလူတွေထဲက ဒီလူတွေထဲက အနည်းစု ကိုအမှုတော်ဆောင်ခြင်းဖြင့်အချိန်ကုန်ခဲ့မယ်ဆိုလျှင် ဒီနေ့မှာ သူတို့ကို မချစ်တော့ဘူးလား။ ဘုရားသခင်၏သားသမီးအားလုံးအတွက် သူ၏အသင်းတော်မှာနေရာမရှိဘူးလား။ မထိုက်တန်ဘူး၊ မေ့လျော့ခံရ၊ အထီးကျန်နေပြီဟု ခံစားနေရသောသူများအတွက်ရော။

ဘုရားသခင်၏ ကျေးဇူးတော်အတွက် အရည်အချင်းပြည့်မီရန်၊ သင်ရရှိရမယ့် စုံလင်သောအဆင့်မရှိပါ။ သင်တို့ရဲ့ ဆုတောင်ခြင်းတွေဟာ ကောင်းကင်ဘုံကိုရောက်ရှိဖို့အတွက် ကျယ်လောင်ဖို့ သို့ အာဝဇ္ဇန်းရွှင်ဖို့ သို့ သဒ္ဒါမှန်ဖို့မလိုအပ်ပါဘူး။

အမှန်မှာတော့၊ ဘုရားသခင်ဟာ မျက်နှာမလိုက်ပါဘူး။ —လောက တန်ဖိုးထားတဲ့ အရာတွေဟာ သူ့အတွက်တော့ ဘာမှမဟုတ်ပါဘူး။ သူက သင့်နှလုံးသားကို သိပါတယ်၊ သင့်နာမည်၊ ငွေကြေးထိုက်တန်မှု၊ သို့မဟုတ် သင့်အင်စတာဂရမ်ရဲ့နောက်လိုက်အရေအတွက် ဘာပဲဖြစ်ဖြစ် သင့်ကို ချစ်ပါတယ်။

ကျွန်တော်တို့ဟာ စိတ်နှလုံးကို ကောင်းကင်ဘုံရှင်အဖဆီ တိမ်းညွှတ်ပြီး၊ သူ့ဆီချဉ်းကပ်မယ်ဆိုလျှင်၊ ကျွန်တော်တို့ဆီ သူချဉ်းကပ်တာကို ခံစားကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံးဟာ သူ၏ချစ်လှစွာသောသားသမီးများဖြစ်ပါတယ်။

သူ့ကိုငြင်းပယ်သောသူတွေတောင်မှ။

ခေါင်းမာသော၊ မကျိုးနွံသောကလေးတစ်ယောက်လို၊ ဘုရားသခင်နှင့်သူ၏အသင်းတော်ကိုစိတ်ဆိုးလာပြီး၊ မိမိတို့အိတ်တွေကိုထုတ်ပိုးလို့၊ ဘယ်တော့မှပြန်မလာဘူးလို့ ကြေညာပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ထွက်သွားကြတဲ့သူတွေတောင်မှ။

ကလေးငယ်တစ်ဦးအိမ်ကထွက်ပြေးသွားသောအခါ၊ သူ သို့ သူမဟာ စိုးရိမ်တဲ့မိဘတွေ ပြတင်းပေါက်ကနေ စောင့်ကြည့်နေတယ်ဆိုတာသတိပြုမိမှာမဟုတ်ပါဘူး။ နူးညံ့သောနှလုံးသားနဲ့ သူတို့ဟာ ကိုယ့်သား သို့ သမီးသွားတာကိုစောင့်ကြည့်တယ်—သူတို့၏အဖိုးတန်သားသမီး ဒီဝမ်းနည်းဖွယ်ကောင်းသောအတွေ့အကြုံကနေ တစ်စုံတစ်ခုသင်ယူမလား၊ ဘဝကို အမြင်သစ်နဲ့ မြင်ကောင်းမြင်မလား—နောက်ဆုံးတော့ အိမ်ပြန်လာမလားလို့မျှော်လင့်နေကြပါတယ်။

ကျွန်တော်တို့၏ချစ်လှစွာသောကောင်းကင်ဘုံရှင်အဘကလည်း အဲဒီလိုပဲဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ပြန်လာတာကို စောင့်မျှော်နေပါတယ်။

သင်၏ကယ်တင်ရှင်ဟာ သူ့မျက်လုံးမှာ ချစ်ခြင်း၊ သနားခြင်းမျက်ရည်စက်တွေနဲ့အတူ သင်ပြန်အလာကိုစောင့်နေပါတယ်။ ဘုရားသခင်နှင့် ဝေးကွာနေပြီလို့ သင်ခံစားနေတဲ့အချိန်မှာ တောင်မှ၊ သူက သင့်ကို မြင်တွေ့မှာပါ၊ သူက သင့်ကို သနားမှာပါ၊ ပြီးတော့ သင့်ကိုပြေးဖက်မှာပါ။ ၁၀

လာ၍ ပါဝင်ပါ။

ကျွန်တော်တို့၏အမှားများမှ သင်ယူရန်ဘုရားသခင်ခွင့်ပြုပါတယ်။

ကျွန်တော်တို့တတွေဟာ အဓိပ္ပာယ်နဲ့ အဆုံးစွန်သော အမှန်တရားကို အကြီးအကျယ်ရှာရင်း လူ့ဇာတိလမ်းကြောင်းပေါ်မှာ လျှောက်နေကြတဲ့ ဘုရားဝတ်ပြုသူတွေဖြစ်ပါတယ်။ မကြာခဏပါပဲ၊ ကျွန်တော်တို့တွေ့သမျှအရာကတော့၊ ရှေ့တည့်တည့်မှာ ရှိတဲ့လမ်းကြောင်းဖြစ်ပါတယ်—လမ်းရဲ့အကွေ့အကောက်တွေဟာ ဘယ်ကိုဦးတည်နေလဲဆိုတာတော့ကျွန် တော်တို့မမြင်နိုင်ပါဘူး။ ကျွန်တော်၏ ကောင်းကင်ဘုံရှင်အဖဟာ အဖြေတိုင်းကိုမပေးပါဘူး။ သူကကျွန်တော်တို့ကို များစွာသောအရာတွေမှာ ကျွန်တော်တို့ ကိုယ်တိုင် အဖြေထုတ်ဖို့ မျှော်လင့်ပါတယ်။ သူက ကျွန်တော်တို့ ယုံကြည်စေဖို့ မျှော်လင့်ပါတယ်— အဲဒီလိုလုပ်ဖို့ ခက်ခဲတဲ့ အချိန်မှာတောင်မှ။

သူက ကျွန်တော်တို့ကို ပခုံးတွေကိုဖြောင့်ဖြောင့်ထားပြီး၊ ဆုံးဖြတ်ချက် အနည်းငယ်တိုးတတ်ရန်— ဇွဲအနည်းငယ်တိုးတက်ရန်— ပြီးတော့ ရှေ့သို့နောက်တစ်လှမ်းထပ်တက်ရန် မျှော်လင့်ပါတယ်။

ဒါဟာ ကျွန်တော်တို့ သင်ယူပြီး ဖွဲ့ဖြိုးတဲ့ နည်းလမ်းဖြစ်ပါတယ်။

သင်ဟာ အရာရာတိုင်းကို အသေးစိတ်ရှင်းရှင်းလင်းလင်း ရှင်းပြခံရဖို့ ရိုးသားစွာ အလိုရှိပါသလား။ သင်မေးခွန်းတိုင်း၏အဖြေကို ရိုးရိုးသားသားလိုချင်ပါသလား။ ပန်းတိုင် တိုင်းရဲ့ခရီးဆုံးအမှတ်တိုင်းကိုရော။

ကျွန်တော်တို့အများစုဟာ ဒီလို ကောင်းကင်ဘုံရှင် အသေးစိတ်စီမံခန့်ခွဲမှုမျိုးကို အလွန်လျင်မြန်စွာ ငြီးငွေ့လာလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ ဘဝရဲ့ အရေးကြီးတဲ့ သင်ခန်းစာတွေကို အတွေ့အကြုံအားဖြင့် သင်ယူကြပါတယ်။ ကျွန်တော်တို့၏အမှားများမှ သင်ယူခြင်းဖြင့်။ ဆိုးညစ်ခြင်းဟာ ဘယ်တုန်းကမျှ ပျော်ရွှင်ခြင်းမဟုတ်ဘူး ဆိုတာ နောင်တရခြင်းနဲ့ ကျွန်တော်တို့ကိုယ်တိုင် သတိပြုမိခြင်းများအား ဖြင့်။ ၁၁

ယေရှုခရစ်တော်၊ ဘုရားသခင်၏သားတော်က၊ ကျွန်တော်တို့ရဲ့ အမှားတွေ ကျွန်တော်တို့ကို ပြစ်ဒဏ်မချမှတ်နိုင်စေရန်နဲ့ ကျွန်တော်တို့ရဲ့ တိုးတက်မှုကို ကာလအစဉ်အဆက် မဟန့်တားနိုင်စေရန် အသေခံခဲ့ပါတယယ်။ သူကြောင့် ကျွန်တော်တို့နောင်တရနိုင်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့အမှားတွေဟာ သာ၍ကြီးစွာသောဘုန်းအသရေအတွက် တက်လှမ်းရာ အောက်ခံ ကျောက်တုံးများ ဖြစ်လာနိုင်ပါတယ်။

ဒီလမ်းကို သင်တစ်ယောက်ထဲ လျှောက်ရပါဘူး။ ကျွန်တော်တို့၏ကောင်းကင်ဘုံရှင်အဖက ကျွန်တော်တို့ကို အမှောင်ထဲမှာ လှည့်လည်နေဖို့ မထားခဲ့ပါဘူး။

ဒါကြောင့်မိုလို့လည်း ၁၈၂၀ခုနှစ် နွေဦးမှာ၊ သူဟာ၊ သားတော်ယေရှုခရစ်တော်နဲ့အတူ လူငယ်လေးဂျိုးဇက်စမစ်ဆီကို ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီအကြောင်းကို ခဏလေးစဉ်းစားပါ။ စကြဝဠာရဲ့ ဘုရားသခင်က လူသားဆီကို ပေါ်လာခဲ့တာပါ။

ဒီဟာက ဂျိုးဇက်စမစ် ဘုရားသခင်နဲ့ အခြားကောင်းကင်ဘုံရှင်တို့နဲ့ တွေ့ဆုံခြင်းတွေထဲမှာ ပထမဆုံးဖြစ်ပါတယ်။ ဒီကောင်းကင်ဘုံရှင်တွေ သူ့ကို ပြောခဲ့တဲ့ စကားများစွာကို ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများအသင်း တော်၏ကျမ်းစာတွေထဲမှာ မှတ်တမ်းတင်ခဲ့ပါတယ်။ သူတို့တွေဟာ လွယ်ကူစွာလက်ခံနိုင်ခဲ့ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် အဲဒါတွေကို ဖတ်နိုင်ပါတယ်၊ ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့အတွက် ဘုရားသခင်ရဲ့ သတင်းစကားကို သူတို့ကိုယ်တိုင်လည်း သင်ယူနိုင်ပါတယ်။

သင်ကိုယ်တိုင် အဲဒါတွေကို လေ့လာဖို့ ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်။

သူဗျာဒိတ်ရူပါရုံများကိုလက်ခံရရှိခဲ့တုန်းက ဂျိုးဇက်စမစ်ဟာ အတော်ကိုငယ်ပါသေးတယ်။ အဲဒါတွေထဲက အများစုဟာ သူအသက်၃၀မတိုင်ခင်မှာ ရောက်လာခဲ့တာပါ။ ၁၂ သူဟာ အတွေ့အကြုံမရှိခဲ့ပါဘူး၊ အချို့လူတွေအနေနဲ့ဆိုလျှင်၊ သူဟာ ကိုယ်တော်ရှင်ရဲ့ ပရောဖက်တစ်ပါးဖြစ်ဖို့ အရည်အချင်းမပြည့်မီတဲ့ဟန် ရှိကောင်းရှိနိုင်ပါတယ်။

မြင့်မြတ်သောကျမ်းစာများမှနမူနာများကိုရှာဖွေခြင်းဖြင့်—သခင်ကသူ့ကိုတစ်နည်းမဟုတ်တစ်နည်းဖြင့်တာဝန်ပေးခဲ့ပြီးပါပြီ။

ဘုရားသခင်က ဧဝံဂေလိတရားတော်ကိုပြန်လည်ဆောင်ယူဖို့ စုံလင်သောသူကိုရှာဖွေရန် မစောင့်ခဲ့ပါဘူး။

သူစောင့်ခဲ့မယ်ဆိုလျှင်၊ စောင့်နေဆဲရှိနေဦးမှာပါပဲ။

ဂျိုးဇက်ဟာ သင်နှင့် ကျွန်တော်လို အတော်တူပါတယ်။ သူအမှားတွေပြုခဲ့သော်လည်း၊ ဘုရားသခင်က သူ့ရဲ့ ကြီးစွာသောရည်ရွယ်ချက်တွေကိုပြီးမြောက်ဖို့ သူ့ကိုအသုံးပြုခဲ့ပါတယ်။

ဥက္ကဋ္ဌ သောမတ်စ် အက်စ် မုန်ဆင်က ဒီအကြံပေးစကားတွေကို အကြိမ်ကြိမ်ထပ်ပြီးပြောခဲ့ပါတယ်၊ကိုယ်တော်ရှင်ခေါ်သွင်းသောသူကို၊ ကိုယ်တော်ရှင်အရည်အချင်းပြည့်မီစေပါတယ်။ ၁၃

တမာန်တော်ရှင်ပေါလုက ကောရိန္သုရှိ သန့်ရှင်းသူတို့နဲ့ ဆွေးနွေးခဲ့ပါတယ်၊ သင်တို့၏ကိုယ်ပိုင်တာဝန်ကို စဥ်းစား ဆင်ခြင်ပါ၊ ညီအကိုမောင်နှမများခင်ဗျာ၊ သင်တို့ထဲက အများစုဟာ လူသားများ၏စံနှုန်းများဖြင့် ဥာဏ်ပညာရှိကြတာမဟုတ်ပါဘူး၊ အများစုကစွမ်းအားမရှိကြပါဘူး၊ အများစုကအထက်တန်းကျမွေးဖွားလာတာမဟုတ်ပါဘူး။ ၁၄

ဘုရားသခင်က သူ၏ရည်ရွယ်ချက်တွေပြီးမြောက်စေရန် အားနည်းသူတွေနဲ့ရိုးရှင်းသူတွေကို ခေါ်ဆောင်ပါတယ်။ ဒီအမှန်တရားက၊ မြေကြီးပေါ်မှာ သူ့အမှုတော်ကို ပြီးမြောက်စေတာဟာ ဘုရားသခင်ရဲ့ တန်ခိုးဖြစ်ကြောင်း၊ လူ့တန်ခိုးမဟုတ်ကြောင်း သက်သေခံချက်တစ်ခုအဖြစ် ရပ်တည်ပါတယ်။ ၁၅

သူ့ကို နားထောင်ပါ၊ သူ့နောက်လိုက်လျှောက်ပါ။

ဘုရားသခင် ဂျိုးဇက်စမစ်ထံပေါ်ပေါက်လာသောအခါ၊ သူကသူ၏သားတော်၊ ယေရှုခရစ်တော် ကိုမိတ်ဆက်ပေးပြီး၊ သူ့ကို နားထောင်လော့ ဟုပြောခဲ့ပါတယ်။ ၁၆

ဂျိးဇက်ဟာ သူ၏အသက်တာတစ်လျှောက်လုံး သူအားနားထောင်ခြင်း၊ လိုက်လျှောက်ခြင်းနဲ့ ကုန်ဆုံးခဲ့ပါတယ်။

ဂျိုးဇက်လိုပဲ၊ ကျွန်တော်တို့တပည့်တော်ဖြစ်ခြင်းဟာ ကယ်တင်ရှင်ယေရှုခရစ်တော်ကို နားထောင်ရန် ဆုံးဖြတ်ချက်နဲ့ အစပြုခဲ့ပါတယ်။

သင်တို့ဟာ သူ့နောက်ကို လိုက်ဖို့ဆန္ဒရှိလျှင်၊ သင်တို့၏ယုံကြည်ခြင်းကို စုပြီး၊ သင့်တို့အပေါ် သူ၏လက်ဝါးကပ်တိုင်ကို ခံယူပါ။

သင်တို့ဟာ သူ့အသင်းတော်—တပည့်တော်ဖြစ်ခြင်းနဲ့ ပျော်ရွှင်မှုသို့ ခမ်းနားသော လိုက်ခြင်းမှာ သင်တို့ ပူးပေါင်းနိုင်ရာ နွေးထွေးခြင်းနဲ့ ကြိုဆိုခြင်းနေရာမှာ တကယ် ပါဝင်တယ်ဆိုတာကို တွေ့ပါလိမ်မယ်။

ကျွန်တော့ မျှော်လင့်ချက်ကတော့၊ ပထမရူပါရုံ၏ ဒီနှစ်နှစ်ရာပြည့်နှစ်ပတ်လည်မှာ၊ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်၏ အသင်းတော်ပြန်လည် ဆောင်ယူခြင်းအကြောင်း စဉ်းစားဆင်ခြင်ပြီး သင်ယူကြတာနဲ့အမျှ၊ အဲဒါဟာ သမိုင်း အဖြစ်အပျက် တစ်ခုသာ မဟုတ်ဘူးဆိုတာကို သတိပြုမိလာပါလိမ့်မယ်။ သင်တို့နဲ့ကျွန်တော်ဟာ ဒီကြီးစွာသော၊ အဆက်မပြတ်ပုံပြင်ထဲမှာ အလွန်အရေးကြီးတဲ့အခန်းက ပါဝင်ကြပါတယ်။

ဒီလိုဆိုလျှင် သင်နှင့် ကျွန်ုပ်၏အခန်းကဏ္ဍကဘာလဲ။

အဲဒါက ယေရှုခရစ်တော်အကြောင်းကို သင်ယူဖို့ဖြစ်ပါတယ်။ သူ့နှုတ်ကပတ်တော်တွေကို လေ့လာဖို့ ။ ဒီကြီးစွာသောအမှုတော်မှာ တက်ကြွစွာပါဝင်ခြင်းအားဖြင့် သူ့အားနားထောင်ဖို့နဲ့ သူ့နောက်အား လိုက်လျှောက်ဖို့ ဖြစ်ပါတယ်။ လာ၍ ပါဝင်ဖို့ ကျွန်တော် သင့်ကိုဖိတ်ခေါ်ပါတယ်။

သင်ဟာ စုံလင်ရဖို့ မဟုတ်ပါဘူး။ သင်၏ ယုံကြည်ခြင်း တိုးတက်ဖို့နဲ့၊ နေ့တိုင်း သူ့ဆီချဉ်းကပ်ဖို့ အလိုဆန္ဒရှိရဖို့သာ ဖြစ်ပါတယ်။

ကျွန်တော်တို့အခန်းက ဘုရားသခင်ကိုချစ်ပြီးအစေခံရန်နှင့် သူ့သားသမီးများကိုချစ်ပြီး အစေခံရန်ဖြစ်ပါတယ်။

သင်ဒီလို လုပ်ဆောင်မယ်ဆိုရင်၊ ဘုရားသခင်ကသင့်ကိုသူ၏ ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်မှု၊ ပြီးတော့၊ အပြင်းထန်ဆုံးအခြေအနေများအောက်မှာနဲ့ ကျော်လွန်၍တောင်မှ၊ ဒီဘဝတစ်လျှောက်မှာ သေချာသောလမ်းညွှန်မှုနဲ့ဝန်းရံပါလိမ့်မယ်။

ဒီအကြောင်းကို ကျွန်တော်သက်သေခံပါတယ်၊ သင်တို့အယောက်စီတိုင်းအတွက် ကျွန်တော့ရဲ့ ကောင်းချီးမင်္ဂလာနဲ့ လေးနက်သော ကျေးဇူးတင်ခြင်းနှင့် ချစ်ခြင်းတို့ကို ထားခဲ့ပါတယ်၊—ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊အာမင်။