အထွေထွေညီလာခံ
ကြီးစွာသောအစီအစဉ်
ဧပြီ ၂၀၂၀ အထွေထွေညီလာခံ


ကြီးစွာသောအစီအစဉ်

ကျွန်တော်တို့ဟာ ဘုရားသခင်၏အစီအစဥ်ကိုသိကြပါတယ်၊ ပြီးတော့ ဒီအမှန်တရားတွေကိုသင်ကြားပေးရန် သိသာထင်ရှားတဲ့တာဝန်မှာပါဝင်ရန် ပဋိညာဥ်ရှိကြပါတယ်။

ကျွန်တော့ညီအစ်ကို မောင်နှမများခင်ဗျာ၊ တစ်မူထူးတဲ့ စုံစမ်းမှုတွေနဲ့ စိန်ခေါ်မှုတွေအလယ်မှာ ရှိနေတာတောင်မှ ကျွန်တော်တို့အမှန်တကယ် ကောင်းချီးခံစားရကြပါတယ်။ ဒီအထွေထွေညီလာခံက ယေရှုခရစ်တော်၏ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်ရဲ့ ကြွယ်ဝခြင်းနဲ့ ဝမ်းမြောက်မှု သွန်းလောင်းခြင်းကို ကျွန်တော်တို့ကို ပေးခဲ့ပါတယ်။ ပြန်လည်ဆောင်ယူခြင်းကို စတင်ခဲ့တဲ့ ခမည်းတော်နဲ့သားတော်ရဲ့ ရူပါရုံမှာ ကျွန်တော်တို့ရွှင်လန်းဝမ်းမြောက်ကြပါတယ်။ မော်မုန်ကျမ်းအံ့ဩဖွယ်ထွက်ပေါ်လာခြင်းအကြောင်း ကျွန်တော်တို့ကို သတိပေးခဲ့ပါတယ်၊ အဲဒါရဲ့ အဓိကရည်ရွယ်ချက်ကတော့ ယေရှုခရစ်တော်နဲ့ သူ့ဩဝါဒအကြောင်းကို သက်သေခံဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ပရောဖက်များဆီသို့လည်းကောင်း၊ ကျွန်တော်တို့ကိုယ်တိုင်ဆီသို့ လည်းကောင်း— ဗျာဒိတ်တော်ရဲ့ဝမ်းမြောက်ဖွယ်အစစ်အမှန်နဲ့ ဆန်းသစ်ကြပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ယေရှုခရစ်တော်ရဲ့ အတိုင်းမသိသောအပြစ်ဖြေခြင်းမင်္ဂလာနဲ့ သူ့ရဲ့ အမှန်ရှင်ပြန်ထမြောက်ခြင်းအကြောင်း အဖိုးတန်သက်သေခံချက်များကို ကြားခဲ့ကြပါပြီ။ ဤသူသည် ငါ၏ချစ်သားပေတည်း။“ ဟု အသစ်ခေါ်သွင်းခံရသည့် ပရောဖက်သို့ အဘဘုရားသခင်ဟောကြားပြီးနောက်၊ ဂျိုးဇက်စမစ်ကို ဖော်ပြခဲ့တဲ့ သူ၏ဧဝံဂေလိတရားတော် အပြည့်အစုံ အကြောင်း အခြားအမှန်တရားများကိုလည်း ကျွန်တော်တို့သွန်သင်ခံရပြီးပါပြီ။ သူ့ကို နားထောင်လော့” (ဂျိုးဇက်စမစ်—သမိုင်း ၁း၁၇)

ကျွန်တော်တို့ဟာ ယဇ်ပုရောဟိတ်အခွင့်နဲ့ ၎င်း၏သော့များပြန်လည်အပ်နှင်းခြင်းအကြောင်း ကျွန်တော်တို့ရဲ့ အသိပညာကို အတည်ပြုခဲ့ကြပြီးပါပြီ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ သန္နိဌာန်မှာ ကိုယ်တော်ရှင်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ အသင်းတော်ကို သင့်လျော်တဲ့အမည်၊ ယေရှုခရစ်တော်၏ နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော် ဆိုတာနဲ့ ဆန်းသစ်ခဲ့ကြပြီးဖြစ်ပါတယ်။ စိတ်ထိခိုက်ဖွယ်ကမ္ဘာတစ်ဝန်းကပ်ရောဂါရဲ့ လက်ရှိနဲ့ အနာဂတ် သက်ရောက်မှုကို လျှော့ချရန် အစာရှောင်ခြင်းနဲ့ ဆုတောင်းခြင်းမှာ ပူးပေါင်းကြဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ခဲ့ပြီးပါပြီ။ ဒီမနက်မှာ ကိုယ်တော်ရှင်ရဲ့ အသက်ရှင်သောပရောဖက်က ပြန်လည်ဆောင်ယူခြင်းအကြောင်း၊ သမိုင်းဝင်ကြေညာချက်ကို ဖော်ပြလျက် လမ်းပြလှုံ့ဆော်တာကို ကျွန်တော်တို့ ခံခဲ့ကြရပါတယ်။ “ပြန်လည်ဆောင်ယူခြင်းသတင်းစကားကို ဆုတောင်းခြင်းထက်သန်စွာနဲ့ လေ့လာပြီး၊ ယုံကြည်ခြင်းနဲ့ဆောင်ရွက်သူတွေဟာ၊ အဲဒီသတင်းရဲ့ မြင့်မြတ်ခြင်းအကြောင်းနဲ့ ကတိပေးထားတဲ့ ကျွန်တော်တို့ကယ်တင်ရှင်၊ ယေရှုခရစ်တော်ရဲ့ ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် လောကကိုပြင်ဆင်ဖို့ ရည်ရွယ်ချက်အကြောင်း သူတို့ရဲ့ ကိုယ်ပိုင်သက်သေကို ရရှိဖို့ ကောင်းချီးခံစားရမယ်”ဆိုတဲ့ အဲဒီကြေညာချက်ကို ကျွန်တော်တို့ အတည်ပြုပါတယ်။

အစီအစဉ်

ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့သားသမီးတွေကို ချီးမြှောက်ခံရဖို့နဲ့ သူ့လိုဖြစ်လာဖို့ စွမ်းဆောင်နိုင်စွမ်းရှိစေလိုသောသူ၏မြင့်မြတ်သော အစီအစဉ်ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ကျမ်းစာတွေထဲမှာတော့ “ကြီးစွာသောပျော်ရွှင်ခြင်းအစီအစဉ်”၊ “ရွေးနှုတ်ခြင်းအစီအစဉ်”၊ ပြီးတော့ “ကယ်တင်ခြင်းအစီအစဉ်” (အယ်လမာ ၄၂း၈၊ ၁၁၊ ၅ )၊ လို့ရည်ညွှန်းပါတယ်၊—ပြန်လည်ဆောင်ယူခြင်းမှာ ဖော်ပြထားတဲ့—အဲဒီအစီအစဉ်ဟာ ကောင်းကင်ဘုံ၌ အစည်းအဝေးတစ်ခုနဲ့ အစပြုခဲ့ပါတယ်။ ဝိညာဉ်များအဖြစ်၊ ကျွန်တော်တို့ဟာ ကျွန်တော်တို့မိဘတွေမွေ့လျော်ခဲ့တဲ့ ထာဝရအသက်ကို ရရှိလိုကြပါတယ်။ အဲဒီနေရာမှာ၊ ကျွန်တော်တို့ဟာ ရုပ်ကိုယ်ခန္ဓာနဲ့ လူဇာတိ အတွေ့အကြုံမရှိဘဲနှင့် တတ်နိုင်သမျှ တိုးတက်ခဲ့ပါတယ်။ အဲဒီအတွေ့အကြုံနဲ့ပံ့ပိုးပေးဖို့၊ အဘဘုရားသခင်က မြေကြီးကိုကို ဖန်ဆင်းဖို့ စီစဉ်ခဲ့ပါတယ်။ စီစဉ်ထားတဲ့ လူဇာတိဘဝမှာ၊ ကျွန်တော်တို့ရဲ့ ဝိညာဉ်ပကတိဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ ဆန့်ကျင်ဘက်ကို ကျွန်တော်တို့ ရင်ဆိုင်တဲ့အခါ၊ အပြစ်အားဖြင့် ညစ်ညမ်းကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သေခြင်းရဲ့ဩဇာခံတွေလည်း ဖြစ်လာကြပါလိမ့်မယ်။ ကျွန်တော်တို့ကို သေခြင်းနဲ့ အပြစ်မှ ကယ်ဆယ်ဖို့၊ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ်က ကယ်တင်ရှင်တစ်ပါးကို ပံ့ပိုးပေးပါတယ်။ သူ့ရဲ့ ရှင်ပြန်ထမြေက်ခြင်းက အားလုံးကို သေခြင်းမှ ရွေးနှုတ်ပါလိမ့်မယ်၊ ပြီးတော့ ကျွန်တော်တို့ဖွံ့ဖြိုးမှုကို တိုးမြှင့်ဖို့ ညွှန်ကြားထားတဲ့ ပြဌာန်းချက်များဖြင့် အားလုံးကို အပြစ်မှ သန့်စင်ရစေဖို့၊ လိုအပ်တဲ့အဖိုးအခကို သူ့ရဲ့အပြစ်ဖြေခြင်းယဇ်က ပေးပါလိမ့်မယ်။ ယေရှုခရစ်တော်ရဲ့ ဒီအပြစ်ဖြေခြင်းမင်္ဂလာက ခမည်းတော်ရဲ့ အစီအစဉ်မှာ အဓိကဖြစ်ပါတယ်။

ကောင်းကင်ဘုံ အစည်းအဝေးမှာ၊ ဘုရားသခင်ရဲ့ ဝိညာဉ်သားသမီးအားလုံးကို ခမည်းတော်ရဲ့အစီအစဉ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်၊ လူဇာတိအကျိုးဆက်များနဲ့ စုံစမ်းမှုများ၊ ကောင်းကင်ဘုံရှင်အကူအညီများ၊ ပြီးတော့ အသရေရှိတဲ့ပန်းတိုင် ပါဝင်ပါတယ်။ ကျွန်တော်တို့ဟာ အဆုံးကို အစကတည်းက မြင်ခဲ့ကြပါတယ်။ ဒီမြေကြီးပေါ်မှာ မွေးခဲ့ကြတဲ့ လူဇာတိအမြောက်အမြားအားလုံးတို့ဟာ ခမည်းတော်ရဲ့ အစီအစဉ်ကို ရွေးချယ်ခဲ့ကြ၊ ဖြစ်လာခဲ့တဲ့ကောင်းကင်ဘုံရှင်တိုက်ပွဲမှာ အဲဒီအစီအစဉ်အတွက် တိုက်ခိုက်ခဲ့ကြပါတယ်။ များစွာသောသူတို့ကလည်း လူဇာတိမှာ သူတို့လုပ်ဆောင်မယ့်အရာတွေကို ခမည်းတော်နဲ့ ပဋိညာဉ်ပြုခဲ့ကြပါတယ်။ မဖော်ပြခဲ့သော နည်းများဖြင့်၊ ဝိညာဉ်လောကရှိ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေက လူဇာတိရှိ ကျွန်တော်တို့ရဲ့ အခြေအနေတွေကို လွှမ်းမိုးပါတယ်။

လူဇာတိနှင့်ဝိညာဉ်လောက

ခမည်းတော်အစီအစဉ်ရဲ့ အဓိကအချက်အချို့ကို့ ကျွန်တော်ယခု အကျဉ်းချုပ်ပြပါမယ်၊ အဲဒါတွေက ကျွန်တော်တို့ရဲ့ လူဇာတိခရီးမှာ ကျွန်တော်တို့ကို သက်ရောက်မှုရှိသလို၊ နောက်လာမယ့် လောကမှာလည်း သက်ရောက်မှုရှိပါတယ်။

လူဇာတိဘဝနဲ့ အဲဒီနောက်မှာလာမယ့် တမလွန်ဖွံ့ဖြိုးမှုရဲ့ ရည်ရွယ်ချက်ကတော့ဘုရားသခင်ရဲ့ သားသမီးများ သူ့လိုဖြစ်လာဖို့ပဲဖြစ်ပါတယ်။ ဒါက သူ့သားသမီးအားလုံးအတွက် ကောင်းကင်ဘုံရှင်အဘရဲ့ အလိုဆန္ဒဖြစ်ပါတယ်။ ဒီဝမ်းမြောက်ဖွယ်ပန်းတိုင်ကို ရောက်ရှိဖို့ရာ၊ ယေရှုခရစ်တော်ရဲ့အပြစ်ဖြေခြင်းမင်္ဂလာအားဖြင့် ကျွန်တော်တို့သန့်စင်သူများဖြစ်လာရမယ်လို့ ထာဝရဥပဒေတွေကတောင်းဆိုပါတယ်၊ ဒီလိုနည်းနဲ့ ကျွန်တော်တို့ဟာ ခမည်းတော်နဲ့ သားတော်ရှေ့မှာ နေထိုင်နိုင်ပြီး၊ ချီးမြှောက်ခြင်း ကောင်းချီးမင်္ဂလာတွေနဲ့ မွေ့လျော်နိုင်ကပါတယ်။ မော်မုန်ကျမ်းမှာ သွန်သင်တဲ့အတိုင်း၊ “ခပ်သိမ်းသောသူတို့ကို သူ့ထံသို့လာ၍ သူ၏ကောင်းမြတ်ခြင်းကို ခံယူကြရန် ဖိတ်ခေါ်တော်မူ၏။ သူ့ထံသို့လာသည့် မည်းသောသူနှင့် ဖြူသောသူ၊ ကျွန်နှင့်လူလွတ်၊ ယောက်ျားနှင့် မိန်းမ အဘယ်သူကိုမျှမငြင်း။ သူသည် သာသနာပလူတို့ကိုလည်း အောက်မေ့တော်မူ၏။ ခပ်သိမ်းသောသူတို့သည် ဘုရားသခင်အဖို့ အတူတူပင်ဖြစ်၏။” (၂ နီဖိုင်း ၂၆း၃၃ အယ်လမာ ၅း၄၉ တွင်လည်း ကြည့်ပါ။)

ကျွန်တော်တို့ ဖြစ်လာဖို့ရာ ရည်မှန်းထားတဲ့ အရာဖြစ်လာဖို့ ကျွန်တော်တို့အတွက် မြင့်မြတ်သောအစီအစဉ်က ဘုရားသခင်ရဲ့ ပညတ်တော်တွေနဲ့ သူ့အစီအစဉ်ကို ဆန့်ကျင်ပြီးလုပ်ဆောင်ဖို့ လူဇာတိတွေကို သွေးဆောင်တဲ့ မကောင်းတဲ့ဆန့်ကျင်ဘက်ကို ငြင်းပယ်တဲ့ ရွေးချယ်မှုတွေကို ပြုဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ အခြားသူတို့၏ အပြစ်များ၊ သို့မဟုတ် မွေးရာပါချို့ယွင်းချက်အချို့ အစရှိသော အခြားလူဇာတိဆန့်ကျင်ဘက်တို့ရဲ့ အကြောင်းခံဖြစ်ဖို့လည်း လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ရဲ့ လိုအပ်တဲ့ဖွံ့ဖြိုးမှုကို သက်သာခြင်းနဲ့ ငြိမ်သက်ခြင်းတို့ထက် ဒုက္ခဝေဒနာခံစားရခြင်းနဲ့ အခက်အခဲတို့အားဖြင့် ပို၍ကောင်းစွာ ရရှိကြပါတယ်။ မြင့်မြတ်ေသောတားဆီးမှုက ကျွန်တော်တို့ကို လူဇာတိ အဆိုး အကျိုးဆက်အပေါင်းတို့မှ သက်သာစေလျှင်၊ ဒီလူဇာတိဆန့်ကျင်ဘက်ရဲ့ ဘယ်အရာကမျှ၊ မိမိထာဝရရည်ရွယ်ချက်ကို မရရှိနိုင်ပါဘူး။

အစီအစဉ်က ထာဝရကာလမှာ ကျွန်တော်တို့ရဲ့ ပန်းတိုင်၊ ကျွန်တော်တို့ရဲ့ လူဇာတိခရီးရှိ ရည်ရွယ်ချက်နဲ့ အခြေအနေတွေ၊ ပြီးတော့ ကျွန်တော်တို့ရရှိမယ့် ကောင်းကင်ဘုံရှင် အကူအညီတွေကို ဖော်ပြပါတယ်။ ဘုရားသခင်ရဲ့ ပညတ်တော်တွေက ကျွန်တော်တို့ကို အန္တရာယ်များတဲ့အခြေအနေတွေထဲမှာ နေခြင်းနဲ့ပတ်သက်လို့ သတိပေးပါတယ်။ လမ်းပြလှုံ့ဆော်တဲ့ခေါင်းဆောင်တွေရဲ့ သွန်သင်မှုတွေက ကျွန်တော်တို့ရဲ့လမ်းကြောင်းကို လမ်းညွှန်ပါတယ်၊ ကျွန်တော်တို့ရဲ့ ထာဝရခရီးကို အထောက်အကူပြုတဲ့ အာခမခံချက်တွေကို ပေးပါတယ်။

ဘုရားသခင်ရဲ့ အစီအစဉ်က ကျွန်တော်တို့ကို လူဇာတိတစ်လျှောက် ကျွန်တော်တို့ရဲ့ ခရီးမှာ ကြီးစွာသောအာမခံချက် လေးခုကို ပေးပါတယ်။ အားလုံးကို ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာ၊ အစီအစဉ်ရဲ့ ဗဟိုချက်အားဖြင့် ကျွန်တော်တို့ကို ပေးထားပါတယ်။ ပထမအချက် က၊ ကျွန်တော်တို့နောင်တရတဲ့ အပြစ်များအတွက် သူ့ရဲ့ ဒုက္ခဝေဒနာခံစားခြင်းအားဖြင့် ကျွန်တော်တို့ကို သန့်စင်နိုင်စေကြောင်း အာမခံပါတယ်။ အဲဒီနောက် ကရုဏာကြီးသောနောက်ဆုံးတရားစီရင်ခြင်းက”အဲဒီအပြစ်တွေကို နောက်ထပ်သတိရတော့မှာ မဟုတ်ပါဘူး” (ဩဝါဒနှင့် ပဋိညာဉ်များ ၅၈း၄၂)။

ဒုတိယအချက် က၊ ကယ်တင်ရှင်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာရဲ့ အစိတ်အပိုင်းအဖြစ်၊ သူဟာ အခြားလူဇာတိအနာရောဂါအားလုံးကို သူ့အပေါ်မှာ ခံယူတော်မူပါတယ်။ ဒီဟာက ကျွန်တော်တို့ကို စစ်ပွဲနဲ့ ကာလနာဘေး ကဲ့သို့သော လူဇာတိရဲ့ တစ်ဦးချင်းနဲ့ အထွေထွေ တားဆီးမရသောဝန်တွေကို ခံနိုင်ဖို့နှင့်ကူညီဖို့ရန် ခွန်အားကိုပေးဖို့ သူ့ကိုပဌနာပြုရန် အခွင့်ပေးပါတယ်။ မော်မုန်ကျမ်းက ဒီမရှိမဖြစ်လိုအပ်တဲ့ အပြစ်ဖြေခြင်းမင်္ဂလာရဲ့ တန်ခိုးအကြောင်း ကျွန်တော်တို့ရဲ အရှင်းဆုံး ကျမ်းစာလာဖော်ပြချက်ကို ပံ့ပိုးပေးပါတယ်။ ကယ်တင်ရှင်က သူ့လူမျိုးတို့၏ “နာကျင်မှုများနှင့် ဖျားနာခြင်း [ပြီတော့ အနာရောဂါတို့] ကို သူ့အပေါ်မှာ ခံယူတော်မူပါတယ်။ … လူ့ဇာတိအတိုင်း သူ၏ဝမ်းကို ကရုဏာတော်နှင့် ပြည့်စေခြင်းငှာလည်းကောင်း၊ မိမိလူမျိုးတို့ကို သူတို့၏ အနာရောဂါဝေဒနာများ အလျောက်၊ လူဇာတိ အတိုင်း အဘယ်သို့အားဖြင့် မစရမည်ကို သိနိုင်ခြင်းငှာလည်းကောင်း၊ သူတို့၏အနာရောဂါဝေဒနာများကို သူ့အပေါ်မှာ ခံယူတော်မူလိမ့်မည်” (အယ်လမာ ၇း၁၁–၁၂)။

တတိယအချက် ကတော့၊ ကယ်တင်ရှင်က၊ သူရဲ့ အတိုင်းမသိသော အပြစ်ဖြေခြင်း မင်္ဂလာအားဖြင့်၊ သေခြင်းရဲ့နောက်ဆုံးအဖြစ်ကို ပယ်ဖျက်ပြီး၊ ကျွန်တော်တို့အားလုံး ရှင်ပြန်ထမြောက်မည့်အကြောင်း ဝမ်းမြောက်ဖွယ် အာမခံချက်ကို ကျွန်တော်တို့ကို ပေးပါတယ်။ မော်မုန်ကျမ်းက သွန်သင်ပါတယ်၊ “ဤပြန်လည်ပေါင်းစည်းခြင်းသည် အသက်ကြီးသူနှင့် အသက်ငယ်သူနှစ်မျိုးစလုံး၊ ကျွန်နှင့် လူလွတ်နှစ်မျိုးစလုံး၊ ယောက်ျားနှင့် မိန်းမနှစ်မျိုးစလုံး၊ ဆိုးညစ်သောသူနှင့် ဖြောင့်မတ်သောသူနှစ်မျိုးစလုံး ခပ်သိမ်းသောသူများဆီသို့ ရောက်လာလိမ့်မည်။ ထို့အတူ၊ သူတို့၏ ဦးခေါင်းမှ ဆံချည်တစ်မျှင်မျှပင် ပျောက်ဆုံးလိမ့်မည်မဟုတ်ဘဲ၊ အရာမှန်သမျှသည် ၎င်း၏စုံလင်သောကိုယ်သို့ ပြန်လည်ပေါင်းစည်းခံရလိမ့်မည်” (အယ်လမာ ၁၁း၄၄)။

ကျွန်တော်တို့ဟာ ပသခါကာလမှာ ရှင်ပြန်ထမြောက်ခြင်းရဲ့ အမှန်ဖြစ်ခြင်းကို ကျင်းပကြပါတယ်။ ဒီဟာက၊ ကျွန်တော်တို့ မွေးဖွားရာမှာ ရရှိကြတဲ့၊ သို့မဟုတ် ကျွန်တော်တို့ရဲ့ လူဇာတိဘဝတွေမှာ တွေ့ကြုံကြတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ သို့မဟုတ် စိတ်လှုပ်ရှားမှုဆိုင်ရာ၊ ချို့တဲ့မှုကဲ့သို့သောအရာတွေကို ကျွန်တော်တို့နဲ့ ကျွန်တော်တို့ချစ်တဲ့သူတွေ ရင်ဆိုင်ခဲ့ရတဲ့ လူဇာတိစိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံနိုင်ဖို့ ကျွန်တော်တို့ကို ရှုမြင်မှုနဲ့ခွန်အားကို ပေးပါတယ်။ ရှင်ပြန်ထမြောက်ခြင်းကြောင့်၊ ဒီလူဇာတိချို့တဲ့မှုတွေဟာ ယာယီသာဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။

ရှင်ပြန်ထမြောက်ခြင်းက၊ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေ၊—ခင်ပွန်း၊ ဇနီး၊ သားသမီးနဲ့ မိဘတွေနဲ့ အတူရှိဖို့အခွင့်အရေးကို ပါဝင်နိုင်စေကြောင်း ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်က ကျွန်တော်တို့ကို အာမခံပါတယ်။ ဒါက လူဇာတိမှာ ကျွန်တော်တို့ရဲ့ မိသားစုတာဝန်တွေကို ပြီးပြည့်စုံစေဖို့ ကျွန်တော်တို့အတွက် အားကောင်းတဲ့ အားပေးမှုတစ်ခုဖြစ်ပါတယ်။ အဲဒါက ကျွန်တော်တို့ကို နောက်ဘဝမှာ ဝမ်းမြောက်ဖွယ် ပြန်လည်ပေါင်းစည်းခြင်းနဲ့ သင်းဖွဲခြင်းကို မျှော်လင့် စောင့်စားလျက်၊ ဒီဘဝမှာ အတူတကွချစ်ခင်စွာနေကြဖို့ ကူညီပါတယ်။

စတုတ္ထ နဲ့ နောက်ဆုံးအချက်ကတော့၊ ကျွန်တော်တို့ရဲ့ တိုးတက်ခြင်းဟာ လူဇာတိရဲ့ အဆုံးနဲ့ နိဂုံးမချုပ်တဲ့အကြောင်း ခေတ်သစ်ဗျာဒိတ်တော်က ကျွန်တော်တို့ကို သွန်သင်ပါတယ်။ ဒီအရေးကြီးတဲ့ အာမခံချက်အကြောင်းကို အနည်းငယ် ဖော်ပြပြီးပါပြီ။ ဒီဘဝဟာ ဘုရားသခင်နဲ့တွေ့ဖို့ ပြင်ဆင်ရာအချိန်ဖြစ်တဲ့အကြောင်းနဲ့ ကျွန်တော်တို့ရဲ့ နောင်တရခြင်းကို မဖင့်နွှဲရမည့်အကြောင်း ကျွန်တော်တို့ကို ပြောပြခဲ့ပါတယ်။ (အယ်လမာ ၃၄း၃၂–၃၃ တွင်ကြည့်ပါ)။ သို့သော်ငြားလည်း၊ “သမ္မာတရားကို ငြင်းပယ်ခဲ့ကြတဲ့ ဆိုးညစ်သောမနာခံသူများ” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၁၃၈း၂၉) ကိုပင် ဝိညာဉ်လောကမှာ၊ ဧဝံဂေလိတရားတော်ကို ဟောပြောတဲ့အကြောင်းနဲ့ နောက်ဆုံးတရားစီရင်ခြင်းမတိုင်မီ နောင်တရနိုင်စွမ်းရှိသောသွန်သင်ခြင်းရှိကြောင်းတို့ကို ကျွန်တော်တို့ကို သွန်သင်ခဲ့ပါတယ်။ (အခန်းငယ် ၃၁–၃၄၊ ၅၇–၅၉ တွင်ကြည့်ပါ)။

ဒီမှာ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ် အခြေခံသဘောတရားအချို့တွေရှိပါတယ်။

ယေရှုခရစ်တော်ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်က ကျွန်တော်တို့ကို ကာမအပြစ်ကင်းစင်ခြင်း၊ အိမ်ထောင်ပြုခြင်းနဲ့ သားသမီးမွေးဖွားခြင်း အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ထူးခြားတဲ့ ရှုမြင်မှုကို ပေးပါတယ်။ အဲဒါက ဘုရားသခင်၏အစီအစဥ်ဖြင့်အိမ်ထောင်ပြုခြင်းဟာ၊ လူဇာတိမွေးဖွားခြင်းအတွက် မြင့်မြတ်စွာခန့်အပ်ထားသော ပုံစံကို ပံ့ပိုးပေးဖို့ ၊ ပြီးတော့ မိသားစုဝင်တွေကို ထာဝရအသက်အတွက် ပြင်ဆင်ဖို့ ဘုရားသခင်ရဲ့ အစီအစဉ်၏ ပြီးမြောက်ခြင်းအတွက် လိုအပ်ကြောင်းသွန်သင်ပါတယ်။ “အိမ်ထောင်ပြုခြင်းသည် လူသားအဖို့ ဘုရားသခင်တည်ထောင်ထားသောအရာဖြစ်၏၊” လို့ ကိုယ်တော်ရှင်မိန့်တော်မူခဲ့ပါတယ်၊ “…မြေကြီးသည် မိမိဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံနိုင်စေကြောင်းပေတည်း” (ဩဝါဒနှင့် ပဋိညာဉ်များကျမ်း ၄၉း၁၅−၁၆ )။ ဒီနေရာမှာ ၊ သူ့အစီအစဉ်ဟာ ၊ အားကောင်းတဲ့ လောကီ ဥပဒေနဲ့ ဓလေ့ထုံးစံ အကြောင်းအရာအချို့နဲ့ အမှန်ပင် ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

လူဇာတိဘဝကို ဖန်တီးဖို့ အင်အားဟာ ဘုရားသခင်က သူ့သားသမီးတွေကို ပေးထားတဲ့ အမြင့်ဆုံးအင်အားဖြစ်ပါတယ်။ အဲဒီအင်အားအသုံးပြုမှုကို သူရဲ့ အာဒင်နှင့်ဧဝတို့ပထမပညတ်တော်မှာ ပြဌာန်းထားပါတယ်၊ ဒါပေမယ် အဲဒီအင်အားကို အလွဲသုံးခြင်းမှတားမြစ်ဖို့ တခြားအရေးကြီးတဲ့ ပညတ်တစ်ခုကို ပေးထားပါတယ်။ အိမ်ထောင်အထုံးအဖွဲ့အပြင်ဘက်မှာ၊ မျိုးပွားခြင်းအင်အားကို တစ်နည်းနည်းနဲ့ အသုံးပြုခြင်းမှန်သမျှဟာ၊ ယောက်ျား၊ မိန်းမတို့ရဲ့ အမြင့်မြတ်ဆုံး ဂုဏ်အင်္ဂါအတွက် အပြစ်ကြီးသော နိမ့်ကျစေခြင်းနဲ့ ဖောက်ပြန်ခြင်းဖြစ်ပါတယ်။ ဒီကာမအပြစ်ကင်းစင်ခြင်းဥပဒေနဲ့ ပတ်သက်လို့ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်က ထားတဲ့ အလေးထားမှုကတော့ ဘုရားသခင်ရဲ့အစီအစဉ်ပြီးမြောက်ခြင်းမှာ ကျွန်တော်တို့ရဲ့ မျိုးပွားခြင်းအင်အားရဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။

နောင်ထပ်ဘာဖြစ်မှာလဲ။

ပြန်လည်ဆောင်ယူခြင်းကို အစပြုခဲ့တဲ့ ပထမရူပါရုံရဲ့ ဒီနှစ်၂၀၀ နှစ်ပတ်လည်ကာလမှာ၊ ကိုယ်တော်ရှင်ရဲ့အစီအစဉ်ကို ကျွန်တော်တို့ သိပါတယ်၊ သူ့ရဲ့ ပြန်လည်ဆောင်ယူထားတဲ့ အသင်းတော်အားဖြင့် ကျွန်တော်တို့ဟာ အဲဒီအစီအစဉ်၏ ဆယ်စုနှစ်နှစ်ခုရဲ့ ကောင်းချီးများနဲ့ အားပေးခံခဲ့ရကြပါတယ်။ ဒီ ၂၀၂၀ ခုနှစ်မှာ၊ ကျွန်တော်တို့မှာ အတိတ်အဖြစ်အပျက်တွေကို၂၀/၂၀ ရူပါရုံလို့ ဆေးဝါးကျွမ်းကျင်သူတွေခေါ်တဲ့ဟာ ရှိပါတယ်။

ကျွန်တော်တို့တတွေ အနာဂတ်ကို ကြည့်တဲ့အခါ၊ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ ရူပါရုံဟာ သေချာမှု အတော်လေးနည်းပါတယ်။ ပြန်လည်ဆောင်ယူခြင်းရဲ့နောက် ဆယ်စုနှစ် နှစ်ခုကြာတဲ့အချိန်မှာ၊ ဝိညာဉ်လောကမှာ ယခုဆိုလျှင်၊ အဲဒီမှာ ဖြစ်နေတဲ့ တရားဟောခြင်းကို ပြီးမြောက်စေဖို့ လူဇာတိ အတွေ့ကြုံ ရှိခဲ့တဲ့သူ များစွာပါဝင်နေပါပြီ။ နောင်တရကြပြီး၊ ကိုယ်တော်ရှင်ရဲ့ ဧဝံဂေလိတရားတော်ကို ထွေးပွေ့ကြတဲ့ သေခြင်းကန့်လန့်ကာရဲ့ တစ်ဖက်ဖက်မှာ ရှိသူတွေအတွက် ထာဝရဘိသိက်မင်္ဂလာတွေကို ဆောင်ရွက်ဖို့ ယခုဆိုလျှင် ကျွန်တော်တို့မှာ နောက်ထပ်ဗိမာန်တော်တွေများစွာရှိပြီဖြစ်တဲ့အကြောင်းကိုလည်း ကျွန်တော်တို့သိကြပါတယ်။ ဒါတွေအားလုံးက ကောင်းကင်ဘုံရှင်အဘရဲ့ အစီအစဉ်ကို တိုးတက်စေပါတယ်။ ဘုရားသခင်ရဲ့ချစ်ခြင်းက အလွန်ကြီးတာမိုလို့၊ ပျက်စီးခြင်းရဲ့သားများ တမင်သက်သက် ဖြစ်လာသူ အနည်းငယ်ကို မှတစ်ပါး သူ့သားသမီးအားလုံးအတွက် ရည်မှန်းရာဘုန်းအသရေကို သူပံ့ပိုးပေးတော်မူခဲ့ပါတယ်။ (သြဝါဒနှင့်ပဋိညာဥ်ကျမ်း ၇၆း၄၃ တွင်ကြည့်ပါ)။

ကယ်တင်ရှင် ပြန်လာတော်မူမယ့် အကြောင်းနဲ့ ဘုရားသခင်ရဲ့ အစီအစဉ်ရဲ့ လူဇာတိပိုင်းကို ရစ်ပတ်ဖို့ ငြိမ်းချမ်းသောထောင်စုနှစ် အုပ်စိုးခြင်း ရှိမယ့်အကြောင်း ကျွန်တော်တို့ သိကြပါတယ်။ သူသို့မဟုတ် သူမရဲ့ ရှင်ပြန်ထမြောက်ခြင်းနောက်မှာ အမြဲရှိတဲ့ လူတစ်ဦးချင်းစီရဲ့ နောက်ဆုံးတရားစီရင်ခြင်းနှင့်အတူ တရားသောသူနဲ့ မတရားသောသူတို့ရဲ့ ခြားနားသောရှင်ပြန်ထမြောက်ခြင်းတွေရှိမယ့်အကြောင်းကိုလည်း ကျွန်တော်တို့ သိကြပါတယ်။

ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အပြုအမူများ၊ ကျွန်တော်တို့စိတ်နှလုံးရဲ့ အလိုဆန္ဒများ၊ ပြီးတော့ ကျွန်တော်တို့ဖြစ်လာပြီးခဲ့တဲ့ လူအမျိုးအစားအတိုင်း တရားစီရင်ခံကြရမှာ ဖြစ်ပါတယ်။ ဒီတရားစီရင်ခြင်းက၊ ဘုရားသခင်ရဲ့ သားသမီးအားလုံးကို ဘုန်းအသရေနိုင်ငံတော်ဆီသို့ တိုးတက်စေပါတယ်၊ အဲဒီနိုင်ငံတော်အတွက် သူတို့ရဲ့ နာခံခြင်းက သူတို့ကို အရည်အချင်း ပြည့်မီစေခဲ့ပါတယ်၊ အဲဒီနေရာမှာ သူတို့ဟာ သက်သာခြင်းရှိပါလိမ့်မယ်။ ဒါတွေအားလုံးရဲ့ တရားသူကြီးကတော့ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်၊ ယေရှုခရစ်တော်ဖြစ်ပါတယ် (ယောဟန် ၅း၂၂၂ နီဖိုင်း ၉း၄၁)။ သူ့ရဲ့ အနန္တတန်ခိုးက သူ့ကို ကျွန်တော်တို့ နောင်တမရသော သို့မဟုတ် မပြောင်းလဲသောသူများနဲ့ နောင်တရသော သို့မဟုတ် ဖြောင့်မတ်သောသူနှစ်မျိုးစလုံးဖြစ်တဲ့ အားလုံးရဲ့ အပြုအမူတွေနဲ့ အလိုဆန္ဒတွေအကြောင်း စုံလင်သောအသိပညာကို ပေးပါတယ်။ ဒါကြောင့်၊ သူ့ရဲ့ တရားစီရင်ခြင်းပြီးတဲ့နောက်မှာ၊ “ကျွန်တော်တို့အားလုံးက သူ့ရဲ့တရားစီရင်ခြင်းများ တရားမျှတတဲ့အကြောင်း ဝန်ခံကြပါလိမ့်မယ်” (မောဇိယ ၁၆း၁)။

နိဂုံးချုပ်အနေနဲ့၊ များစွာသောစာများ၌ လည်းကောင်း၊ အမည်ပယ်ဖျက်ခြင်း သို့မဟုတ် ဖောက်ပြန်သင်းကွဲခြင်းများပြီတဲ့နောက် အသင်းတော်ကို ပြန်လာဖို့ တောင်းဆိုချက်များကို စစ်ဆေးခြင်းဖြင့်လည်းကောင်း ကျွန်တော့ဆီရောက်လာတဲ့ ခံယူချက်ကို ကျွန်တော်ဝေငှပါတယ်။ ကျွန်တော်တို့အသင်းသားတွေထဲက များစွာတို့ဟာ ပြန်လည်ဆောင်ယူထားတဲ့အသင်းတော်ရဲ့ ဩဝါဒနဲ့ လမ်းပြလှုံ့ဆော်တဲ့ မူဝါဒများနဲ့ စပ်လျဉ်းတဲ့ မေးခွန်းအများဆုံးကို အဖြေပေးတဲ့၊ ဒီကယ်တင်ခြင်းအစီအစဉ်ကို နားမလည်ကြပါဘူး။ ဘုရားသခင်ရဲ့အစီအစဉ်ကို သိကြတဲ့၊ ပါဝင်ဖို့ ပဋိညာဉ်ပြုခဲ့ကြတဲ့ ကျွန်တော်တို့မှာ၊ ဒီအမှန်တရားတွေကို သွန်သင်ဖို့ ရှင်းလင်းတဲ့တာဝန် ရှိကြပါတယ်၊ အခြာသူမျးနဲ့ လူဇာတိဘဝမှာ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ အခြေအနေများအတွက် အဲဒီတာဝန်တိုကို တိုးချဲ့ဖို့ ကျွန်တော်တို့တတ်နိုင်သမျှလုပ်ဆောင်ကြပါတယ်။ အဲဒါတွေအားလုံးကို ဖြစ်နိုင်စေတဲ့ ယေရှုခရစ်တော်၊ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်နဲ့ ရွေးနှုတ်ရှင် အကြောင်းကို ကျွန်တော်သက်သေခံပါတယ်၊ ယေရှုခရစ်တော်၏နာမတော်ဖြင့်၊ အာမင်။

မှတ်စုများ

  1. “ယေရှုခရစ်တော်၏ ဧဝံဂေလိသတင်းစကား၏ ပြီးပြည့်စုံသော ပြန်လည်ပြင်ဆင်ခြင်း၊ ကမ္ဘာမြေသို့ နှစ်နှစ်ရာပြည့်ထုတ်ဖော်ကြေညာချက်၊” ရမ်ဆဲလ် အမ် နေဆင်။ “သူ့အားနားထောင်လော့Liahona,မေ ၂၀၂၀၊ ၉၁။