အထွေထွေညီလာခံ
ယုံကြည်ခြင်းဖြင့် ဆက်လျှောက်ပါ
ဧပြီ ၂၀၂၀ အထွေထွေညီလာခံ


ယုံကြည်ခြင်းဖြင့် ဆက်လျှောက်ပါ

ငြိမ်းချမ်းခြင်းနဲ့ ကိုယ်တော်ရှင်၌ တိုးလာသောယုံကြည်ခြင်းတို့ဖြင့် သင်တို့ကို ကျွန်တော် ကောင်းချီးပေးပါတယ်။

ကျွန်တော့ရဲ့ ချစ်သောညီအစ်ကိုမောင်နှများခင်ဗျာ၊ ကျွန်တော်တို့တတွေ ဒီသမိုင်းဝင်ညီလာခံရဲ့အဆုံးကို ရောက်လို့လာပါပြီ၊ ကိုယ်တော်ရှင်အပေါ် ကျွန်တော်တို့ရဲ့ကျေးဇူးတင်ခြင်းကို ဖော်ပြပါတယ်။ တေးဂီတက အလွန်အင်မတန်နှစ်ခြိုက်စရာကောင်းပါတယ်၊ သတင်းစကားတွေကလည်း လမ်းပြလှုံ့ဆော်ပါတယ်။

ဒီညီလာခံအတွင်းမှာ၊ စိတ်ဝင်စားဖွယ်ကောင်းတဲ့အရာများစွာကို ကျွန်တော်တို့ တွေ့ကြုံခဲ့ရပါပြီ။ နှစ်နှစ်ရာပြည့်နှစ်ပတ်လည်တွင်၊ ယေရှုခရစ်တော်၏ဧဝံဂေလိသတင်းစကားပြန်လည်ပြင်ဆင်ခြင်း၏စစ်မှန်တဲ့ကြေညာ​ခြင်းကို တစ်ကမ္ဘာလုံးသို့ ပြည့်စုံသောထုတ်ဖော်ကြေညာချက်တစ်ခုနှင့်ကျွန်တော်တို့မိတ်ဆက်ပေးပါမယ်။

ကျွန်တော်တို့ဟာ ပြန်လည်ဆောင်ယူခြင်းကို ဟောရှဏ္ဏဟစ်သံနဲ့ အမှတ်တရကျင်းပခဲ့ကြပါတယ်။၊

ကိုယ်တော်ရှင်ယေရှုခရစ်တော်၌ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း၊ ပြီးတော့ အသင်းတော်ရဲ့ တရားဝင်သတင်းအချက်အလက်နဲ့ ပစ္စည်းတွေကို မျက်မြင်အသိအမှတ်ပြုခြင်းအတွက် ပုံဆောင်တဲ့ သင်္ကေတအသစ်တစ်ခုကို ဖွင့်ပြခဲ့ပါတယ်။

ကျွန်တော်တို့တတွေ ကမ္ဘာတစ်ဝန်းအစာရှောင်ဖို့ကို တောင်းဆိုခဲ့ပါပြီ၊ လက်ရှိကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့၊ ဂရုစိုက်ပေးတဲ့သူတွေ အကာအကွယ်ရနိုင်စေဖို့၊ စီးပွားရေးခိုင်မာနိုင်ဖို့နဲ့ အသက်မွေးမှု ပုံမှန်ဖြစ်လာနိုင်စေဖို့ပဲဖြစ်ပါတယ်။ ဒီအစာရှောင်ခြင်းကို သောကြာနေ့မြတ်၊ ဧပြီလ ၁၀ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အင်မတန်ကြီးမြတ်တဲ့ သောကြာနေ့ဖြစ်မှာပါ။

နောက်တနင်္ဂနွေနေ့က၊ ပသခါတနင်္ဂနွေနေ့ဖြစ်ပါတယ်၊ ကိုယ်တော်ရှင်ယေရှုခရစ်တော်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာနဲ့ ရှင်ပြန်ထမြောက်ခြင်းကို ကျွန်တော်တို့တစ်ဖန် အမှတ်တရကျင်းပကြမယ့်အချိန်ဖြစ်ပါတယ်။ သူ့ရဲ့အပြစ်ဖြေခြင်းမင်္ဂလာကြောင့်၊ သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းဆုကျေးဇူးဟာ ရှိခဲ့ဖူးသမျှသောသူတွေဆီကို ရောက်လာပါလိမ့်မယ်။ သူ့ရဲ့ ထာဝရအသက်ဆုကျေးဇူးကလည်း သူ့ရဲ့သန့်ရှင်းသော ဗိမာန်တော်တွေထဲမှာ ပြုခဲ့ကြတဲ့ ဘိသိက်မင်္ဂလာတွေနဲ့ ပဋိညာဉ်တွေအပေါ် သစ္စာရှိခြင်းအားဖြင့် အရည်အချင်းပြည့်မီစေသူမှန်သမျှဆီကို ရောက်လာပါလိမ့်မယ်။

ဒီဧပြီလ ၂၀၂၀ ခုနှစ် အထွေထွေညီလာခံရဲ့ လမ်းပြလှုံ့ဆော်တဲ့အစိတ်အပိုင်းများစွာ—နဲ့ ကျွန်တော်တို့ ယခုအစပြုနေတဲ့သန့်ရှင်းမွန်မြတ်တဲ့ သတင်းပတ်ကို— “သူ့ကို ကြားနာလော့” ဆိုတဲ့ မြင့်မြတ်သောစီရင်မှု စကားနှစ်လုံးနဲ့ အကျဉ်းချုပ်နိုင်ပါတယ်။ အဲဒီစကားတွေကို ပြောခဲ့တဲ့ ကောင်းကင်ဘုံရှင်အဘအပေါ်၊ ပြီးတော့ သူ့ချစ်သား၊ ယေရှုခရစ်တော်အပေါ် သင်တို့ရဲ့အာရုံစိုက်မှုက သင်တို့ရဲ့ စွဲထင်ခဲ့တဲ့မှတ်ဉာဏ်မှန်သမျှမှာ အထင်ရှားဆုံးဖြစ်စေမယ့်အကြောင်း ကျွန်တော်တို့ဆုတောင်းပါတယ်။ သင်တို့တတွေ ကယ်တင်ရှင်ရဲ့ နှုတ်ကပတ်တော်တွေကို အသစ်တစ်ဖန် အမှန် ကြားနာခြင်း၊ နားထောင်ခြင်း၊ အာရုံစိုက်ခြင်းတို့ ပြုကြမယ့်အကြောင့် ကျွန်တော်တို့ဆုတောင်းပါတယ်။ လျော့သွားသော ကြောက်ရွံ့ခြင်းနဲ့ တိုးလာသောယုံကြည်ခြင်းတို့ ဖြစ်လာမယ့်အကြောင်း ကျွန်တော် ကတိပေးပါတယ်။

သင်တို့ရဲ့အိမ်တွေကို ကိုယ်တော်ရှင်ရဲ့ ဝိညာဉ်တော်ကိန်းဝပ်နိုင်မယ့် စစ်မှန်သော ယုံကြည်ခြင်းနဲ့ ဝတ်ပြုရာ ဌာနတွေဖြစ်စေလိုတဲ့ သင်တို့ရဲ့ဆန္ဒအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဧဝံဂေလိတရားတော်လေ့လာခြင်း သင်ရိုးညွှန်းတမ်း၊ လာ၍၊ ငါ့နောက်သို့လိုက်လော့က၊ ကျွန်တော်တို့ဘဝတွေကို ဆက်ပြီးကောင်းချီးပေးပါလိမ့်မယ်။ ဒီအားထုတ်မှုမှာ သင့်ရဲ့ ခိုင်မြဲသောလုံ့လများက—တစ်ဦးချင်းအလိုက် မအောင်မြင်ဘူးလို့ သင်ခံစားကောင်းခံစားတဲ့ အခိုက်အတန့်ကာလမှာတောင်မှ—သင့်ဘဝကို၊ သင့်မိသားစုဘဝကို၊ ပြီးတော့ လောကကိုပြောင်းလဲပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ဘယ်နေရာမှာဘဲဖြစ်ဖြစ်၊ ကိုယ်တော်ရှင်အတွက် ရပ်တည်လျက်၊ သူ့အတွက် ဟောပြောလျက်၊ သူ့ရဲ့ ပိုပြီးရဲရင့်တဲ့ တပည့်တော်တွေ ဖြစ်လာကြတာနဲ့ အမျှ၊ ခွန်အားဖြည့်ပေးတာကို ခံကြရပါလိမ့်မယ်။

ယခု၊ ဗိမာန်တော်တွေအကြောင်းကို ပြောကြပါစို့။ ကျွန်တော်တို့မှာ ကမ္ဘာတစ်ဝန်းမှာ ဆက်ကပ်ထားတဲ့ဗိမာန်တော် ၁၆၈ ခုရှိပါတယ်။ အခြားဗိမာန်တော်တွေကတော့ စီစဉ်ခြင်းနဲ့ ဆောက်လုပ်ရေးအဆင့် အသီးသီးမှာ ရှိကြပါတယ်။ ဗိမာန်တော်အသစ်တစ်ခု တည်ဆောက်ရန် အစီအစဉ်တွေကို ကြေညာတဲ့အခါမှာ၊ ကျွန်တော်တို့ရဲ့ သန့်ရှင်းမွန်မြတ်သောသမိုင်းရဲ့ တစ်စိတ်တစ်ဒေသဖြစ်လာပါတယ်။

ကျွန်တော်တို့ရဲ့ ဗိမာန်တော်တွေအားလုံးကို ခဏပိတ်ထားတဲ့အချိန်မှာ ဗိမာန်တော်အသစ်တွေကို ကြေညာရတာ ထူးဆန်းသယောင်တော့ရှိပါတယ်။

ဆယ်စုနှစ်ကျော်တစ်ခု အလွန်တုန်းက၊ ဥက္ကဌဝီလ်ဖို့ ဝုဒရပ်က ကျွန်တော်တို့အခြေအနေမျိုးကို ကြိုပြီးတော့မြင်ခဲ့ပါတယ်၊ ၁၈၉၃ ခုနှစ်မှာ ဖော်ပြခဲ့တဲ့၊ သူ့ရဲ့ ဆော့လိတ်ဗိမာန်တော်ဆက်ကပ်ခြင်းဆုတောင်းမှာမှတ်တမ်းတင်ထားတဲ့အတိုင်းပါပဲ။ ဒီမှတ်သားလောက်တဲ့ ဆုတောင်းမှ ကောက်နှုတ်ချက်များကို သင်တို့ထဲက အချို့ လူမှုကွန်ယက်မှာ မကြာသေးမီက မြင်ခဲ့ကြလောက်ပြီးပါပြီ။

“ကိုယ်တော်၏လူမျိုးတို့ ဒီသန့်ရှင်သောအိမ်တော်ထဲကို ဝင်ရောက်ခွင့် ရှိကြတဲ့အခါ…သူတို့ဟာ စိုးရိမ်ကြ၊ ဒုက္ခရောက်ကြပါတယ်၊ အခက်အခဲတွေနဲ့ဝိုင်းနေကြပါတယ်…သူတို့မျက်နှာတွေကိုလည်း ကိုယ်တော်ရဲ့ သန့်ရှင်းသောအိမ်တော်ဆီကို လှည့်ပြီး၊ လွတ်မြောက်ခြင်းအတွက်၊ အကူအညီအတွက်၊ သူတို့ကိုယ်စားကိုယ်တော်ရဲ့တန်ခိုး ဆန့်တန်းစေဖို့အတွက် ကိုယ်တော်ကို တောင်းလျှောက်ကြပါတယ်၊ ကိုယ်တော်ရဲ့ သန့်ရှင်းသောဌာနမှ ကရုဏာတော်ဖြင့် ငုံ့ကြည့်တော်မူပါမည့်အကြောင်း ကိုယ်တော်ကို ကျွန်ုပ်တို့ တိုးလျှိုးတောင်းပန်ကြပါ၏…သူတို့၏တောင်းလျှောက်ခြင်းများကိုလည်း နားထောင်တော်မူပါ။ သို့မဟုတ်လျှင် ကိုယ်တော့လူမျိုးတို့၏ သားသမီးတို့သည်၊ လာမည့်နှစ်များ၌၊ တစ်နည်းနည်းဖြင့်၊ ဤနေရာမှ ကွဲပြားကြပါလိမ့်မည်၊… သက်သာခြင်းနှင့် ကယ်လွှတ်ခြင်းကို သူတို့ထံ ဆန့်တန်းပါမည့်အကြောင်း၊ သူတို့သည်လည်း မိမိတို့နက်စွာသော ဒုက္ခနှင့် ဝမ်းနည်းခြင်းတို့မှ ကိုယ်တော်ထံ တောင်းလျှောက်ကြပါလိမ့်မည် သူတို့တောင်းလျှောက်ခြင်းများကို နားထောင်၍၊ သူတို့တောင်းသည့် ကောင်းချီမင်္ဂလာများကိုလည်း သူတို့ကို ပေးပါမည့်အကြောင်း… ကိုယ်တော်ကို အကျွန်ုပ်တို့ နှိမ့်ချစွာအနူးအညွတ်တောင်းပန်ကြပါ၏။”

ညီအစ်ကိုမောင်နှမများခင်ဗျာ၊ ဗိမာန်တော်တွေပိတ် ထား လို့ ကျွန်တော်တို့ရဲ့ စိတ်ပူကြတဲ့ ကာလအတွင်းမှာ၊ သင်တို့ရဲ့ ပဋိညာဉ်တွေကို ရိုသေလေစားကြသမျှ၊ သင်တို့ရဲ့ ဗိမာန်တော်ပဋိညာဉ်များနဲ့ ဝိညာဉ်ပကတိအပ်နှင်းခြင်းတို့ရဲ့ တန်ခိုးကို ချဉ်းကပ်နိုင်ကြပါသေးတယ်။ ဗိမာန်တော်နဲ့ထိုက်တန်တဲ့ ဘဝမှာဆက်နေဖို့၊ သို့မဟုတ် ဗိမာန်တော်နဲ့ထိုက်တန်သောသူဖြစ်လာစေဖို့ ဗိမာန်တော်တွေပိတ်ထားတဲ့ဒီအချိန်ကို ကျေးဇူးပြု၍အသုံးပြုပါ။

ဗိမာန်တော်အကြောင်းကို သင်တို့မိသားစုနဲ့၊ သင်တို့မိတ်ဆွေတွေနဲ့ ပြောကြပါ။ ယေရှုခရစ်တော်ဟာ ကျွန်တော်တို့ဗိမာန်တော်ထဲမှာ လုပ်ဆောင်တဲ့အရာတိုင်းရဲ့ ဗဟိုဖြစ်လို့၊ သင်တို့ဟာ ဗိမာန်တော်အကြောင်းကို ပိုပြီးစဉ်းစားတာနဲ့အမျှ၊ သူ့အကြောင်းကို ပိုပြီးစဉ်းစားနေပါလိမ့်မယ်။ သင်တို့အပ်နှင်းခံထားရတဲ့—သို့မဟုတ် သင်တို့အပ်နှင်းခံရမယ့်တန်ခိုးနဲ့ အသိပညာအကြောင်းကို သင်ယူဖို့ လေ့လာကြပါ ဆုတောင်းကြပါ။

ယနေ့အောက်ပါနေရာဒေသများမှာ တည်ဆောက်မဲ့ဗိမာန်တော်အသစ်ရှစ်ခုအစီအစဥ်ကို ကျွန်တော်တို့ဝမ်းမြောက်စွာကြေညာပါမယ်။ ဘာဟာ ဘလန်ကာ၊အာဂျီတီးနား။ ထော်လဟက်ဆီး၊ဖလော်ရီဒါ။လူဘန်ဘရှိ၊ကွန်ဂိုပြည်သူ့ဒီမိုကရေစီနိုင်ငံ။ပထ်ရှ်ဘရှ်၊ပတ်နယ်ဗန်နီးယား။ဘန်နင်စီးတီး၊နီဂီရီးယား။ဆိုင်ရေကပ်စ်၊ ယုဒ။ဒူဘိုင်း၊အာရပ်ပြည်ထောင်စုနယ်ပယ် နှင့် ရှမ်ဟိုင်း၊တရုတ်ပြည်သူ့သမ္မတနိုင်ငံ။

အဲ့ဒီနေရာဒေသရှစ်ခုမှာ၊ အသင်းတော်ဗိသုကာပညာရှင်များက ဒေသဆိုင်ရာများနှင့်အလုပ်လုပ်ရပါမယ်၊ ဒါမှသာ ဗိမာန်တော်သည်အသီးသီသောအ​ဖွဲ့အစည်းများနှင့် ညီညွတ်ပြီးလှပသောထပ်ပေါင်းအရာတစ်ခုဖြစ်ပါလိမ့်မယ်။

ဒူဘိုင်းမှာ ဗိမာန်တော်အတွက်အစီအစဥ်ကတော့၊ ကျွန်ုပ်တို့၏ကြီးမြတ်သော ကျေးဇူးတင်လွှာနှင့် သူတို့ရဲ့တန်ဖိုးကြီးလှသောဖိတ်ကြားမှုဖြင့် အကြောင်းကြားမှုရှိပါမယ်။

ရှမ်ဟိုင်းရဲ့အစီအစဥ်အတွက်ဆက်သွယ်မှုက အလွန်အရေးကြီးပါတယ်။ လွန်ခဲ့သောနှစ်ရာစုကတည်းက၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဗိမာန်တော်ထိုက်တန်မှုရှိသော အသင်းသားများဟာ ဟောင်ကောင်တရုတ်ဗိမာန်တော်မှာ တတ်ရောက်ခဲ့ကြပါတယ်။ သို့သော် ဂျူလိုင် ၂၀၁၉မှာ၊ ဗိမာန်တော်ကို လိုအပ်သောပြုပြင်မွမ်းမံမှုများနှင့် ရေရှည်စီမံကိန်းအတွက် ပိတ်ထားခဲ့တယ်။

ရှမ်ဟိုင်းမှာ၊ ဗိမာန်တော်၏အခွင့်အာဏာများမှာတရုတ်အသင်းသားများဆက်လက်ပါဝင်နိုင်ဖို့ ခေတ်မီဆန်းသစ်တဲ့အစည်းအဝေးနေရာတစ်ခုထောက်ပံပေးပါမယ်၊ —တရုတ်ပြည်သူ့လူများနှင့် —သူတို့နှင့်သူတို့၏ဘိုးဘွားများအတွက်

နိုင်ငံတိုင်းမှာ၊ ဒီအသင်းတော်ဟာ လေးစားဖို့၊ လိုက်နာဖို့နှင့် ဥပဒေတွေကိုထောက်ခံဖို့ သူ့အသင်းသားများကိုသင်ကြားပေးပါတယ်။ မိသားစု၊ ကောင်းမွန်သောမိဘဖြစ်ခြင်းနှင့် နိုင်ငံသားကောင်း များ၏အရေးကြီးမှုတွေကို ကျွန်တော်တို့သင်ကြားပေးပါတယ်။ တရုတ်ပြည်သူ့လူများ၏စည်းကမ်းများနှင့်ဥပဒေများကို ကျွန်ုပ်တို့လေးစားသောကြောင့်၊ အသင်းတော်ဟာ အဲ့မှာရှိနေသောပြောင်းလဲလာသောသာသနာပြုများကိုစေလွှတ်ခဲ့ပါဘူးဆိုရင်၊ ယခုလိုကျွန်တော်တို့ပြုလုပ်နိုင်ပါ့မလား။

ပြည်နှင်ဒဏ်ခံရသူများနှင့် ဘုရားရှိခိုးမည့်တရုတ်လူမျိုးများအတွက် သီးခြားတွေ့ဆုံရန် ဆက်လက်လုပ်ဆောင်သွားပါမယ်။ အဲ့မှာအသင်းတော်၏ဥပဒေဆိုင်ရာအချက်အလက်များက ကျန်ရှိနေပါမယ်မပြောင်းလဲပါဘူး။ အစဦး၌ ရုပ်ပိုင်းဆိုင်ရာအသုံးပြုမှုတွင်၊ ချိန်းဆိုမှုဖြင့်သာ ဝင်ထွက်မှုတ်တမ်းတင်ထားပါလိမ့်မယ်။ ရှမ်ဟိုင်းမှာရှိမဲ့သခင့်အိမ်တော်ဟာ တခြားနိုင်ငံကကမ္ဘာ့လှည့်ခရီးသည်များအတွက် ဦးတည်ရာတစ်ခုဖြစ်သင့်ပါ။

ဒီဗိမာန်တော်ရှစ်ခုက သေခြင်းကန့်လန့်ကာရဲ့ နှစ်ဖက်စလုံးမှာရှိတဲ့ လူများစွာတို့ရဲ့ ဘဝတွေကို ကောင်းချီးပေးပါလိမ့်မယ်။ ဗိမာန်တော်တွေဟာ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်အပြည့်အစုံကို ပြန်လည်ဆောင်ယူခြင်းရဲ့ အဓိကအပိုင်းတစ်ပိုင်းဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းနဲ့ သဘောထားကြီးခြင်းတို့အားဖြင့်၊ ဗိမာန်တော်ကောင်းချီးမင်္ဂလာတွေကို နေရာတိုင်းရှိ သူ့သားသမီးများနဲ့ ပိုနီးရာကို ဆောင်ယူနေပါတယ်။

ပြန်လည်ဆောင်ယူခြင်း ဆက်၍ရှိနေသမျှ၊ ဘုရားသခင်ဟာ ဒီနေရာမြေကြီးပေါ်ရှိ သူ့နိုင်ငံတော်နဲ့ စပ်ဆိုင်တဲ့ ကြီးမြတ်သော၊ အရေးကြီးသောအရာများစွာတို့ကို ဆက်ပြီးဖော်ပြလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ အဲဒီနိုင်ငံတော်ကတော့ ယေရှုခရစ်တော်၏ နောက်ပိုင်းကာလသန့်ရှင်းသူများ အသင်းတော် ဖြစ်ပါတယ်

ချစ်သောညီအစ်ကိုမောင်နှများခင်ဗျာ၊ သင်တို့အတွက် ကျွန်တော့ချစ်ခြင်းကို ဖော်ပြပါတယ်။ ဒီစိတ်ပင်ပန်းခြင်းနဲ့ မသေချာခြင်းတို့ရဲ့၊ ပြီးတော့ အခွင့်အာဏာကို ကျွန်တော့ကို ပေးထားတဲ့အချိန်မှာ၊ ကျွန်တော့အနေနဲ့ သင်တို့အပေါ်မှာ တမန်တော်ကောင်းချီးမင်္ဂလာကို အပ်နှင်းလိုပါတယ်။

ငြိမ်းချမ်းခြင်းနဲ့ ကိုယ်တော်ရှင်၌တိုးလာသောယုံကြည်ခြင်းတို့ဖြင့် သင်တို့ကို ကျွန်တော်ကောင်းချီးပေးပါတယ်။

နောင်တရဖို့နဲ့ကုန်လွန်နေတဲ့ နေ့တိုင်းမှာသူနဲ့ပိုပြီးတူလာစေဖို့ ဆန္ဒဖြင့် သင်တို့ကိုကျွန်တော်ကောင်းချီးပေးပါတယ်။

ပရောဖက်ဂျိုးဇက်စမစ်ဟာ ယေရှုခရစ်တော်ရဲ့ ဧဝံဂေလိတရားတော်ကို အပြည့်အစုံ ပြန်လည်ဆောင်ယူခြင်းရဲ့ ပရောဖက်တစ်ပါးဖြစ်ကြောင်း သိကြစေဖို့ သင်တို့ကို ကျွန်တော်ကောင်းချီးပေးပါတယ်။

သင်တို့မှာ သို့မဟုတ် သင်တို့ချစ်သောသူများမှာ နေမကောင်းတာရှိတယ်ဆိုလျှင်၊ အနာငြိမ်းစေခြင်းကောင်းချီးမင်္ဂလာကို ကိုယ်တော်ရှင်ရဲ့ အလိုတော်အတိုင်း ကျွန်တော်ထားခဲ့ပါတယ်။

ကျွန်တော်အခုလိုကောင်းချီးပေးပါတယ်၊ သင်တို့တစ်ယောက်ချင်းစီတိုင်းအတွက် ကျွန်တော့ချစ်ခြင်းဖော်ပြမှုကို နောက်တစ်ကြိမ်ထပ်လောင်းလျက်၊ ယေရှုခရစ်တော်၏နာမတော်အားဖြင့်၊ အာမင်။