အထွေထွေညီလာခံ
ဘဝမုန်တိုင်းဘေးမှ ခိုလှုံရာရှာခြင်း
ဧပြီ ၂၀၂၀ အထွေထွေညီလာခံ


ဘဝမုန်တိုင်းဘေးမှ ခိုလှုံရာရှာခြင်း

ယေရှုခရစ်တော်နှင့်သူ၏အပြစ်ဖြေခြင်းဟာ ကျွန်တော်တို့အားလုံး၏လိုအပ်ချက်နှင့်ကျွန်တော်တို့ဘဝကိုပျက်စီးနေသောအမှတ်မထင်မုန်တိုင်းများရဲ့ ခိုလှုံရာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ထောင်ကိုးရာခုနှစ်အလယ်ပိုင်းတုန်းက ကောလိပ်တက်နေစဉ်မှာ၊ ကျွန်တော်ဟာ ချီလီရှိစန်တီရေဂိုမီးသတ်ဌာန၏ စတုတ္ထကုပ္မဏီမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီမှာ အမှုထမ်းတုန်းက၊ ညစောင့်တာဝန်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ မီးသတ်ရုံမှာ ကျွန်တော်နေခဲ့ပါတယ်။ နှစ်ကုန်ခါနီးလာတဲ့အခါမှာ ကျွန်တော့ကို နှစ်သစ်အကြိုနေ့ညမှာ မီးသတ်ရုံမှာ ရှိရမယ်လို့ ဝာာဝန်ပေးခဲ့တယ်၊ ဘာကြောင့်လဲဆိုလျှင်၊ အဲဒီနေ့မှာ အမြဲတမ်းလိုလို အရေးပေါ် တစ်ခုခု ရှိတတ်လို့ပါပဲ။ အံ့အားသင့်သွားပြီး၊ တကယ်လား လို့ ကျွန်တော်ပြန်မေးခဲ့ပါတယ်။

ဒီလိုနဲ့ပဲ၊ ညသန်းခေါင်ရောက်တော့၊ စန်တီရေဂိုမြို့လယ်မှာ မီးပန်းတွေစဖောက်တာကို ကျွန်တော့အဖော်တွေနဲ့အတူ စောင့်ကြည့်ရတာကို သတိရပါတယ်။ ကျွန်တော်တို့ဟာ နှစ်သစ်ဆုတောင်းများဖြင့် တစ်ယောက်ကိုတစ်ယောက်ဖက်ခဲ့ကြပါတယ်။ ရုတ်တရက်၊ မီးသတ်ရုံက ခေါင်းလောင်းတွေက အရေးပေါ်တစ်ခုရှိနေတဲ့အကြောင်း အချက်ပေးရင်း စမြည်လာခဲ့တယ်။ ကျွန်တော်တို့လည်း လက်နက်ကိရိယာတွေယူပြီး မီးသတ်ကားပေါ်ခုန်တက်ခဲ့ကြတယ်။ ကျွန်တော်တို့အရေးပေါ်နေရာကို သွားတော့၊ နှစ်သစ်ကိုဆင်နွှဲနေကြတဲ့ လူအုပ်တွေကို ဖြတ်သွားတဲ့အခါ၊ အစိုးရိမ်မဲ့၊ အပူအပင်မဲ့နေတာကို ကျွန်တော်သတိပြုမိခဲ့ပါတယ်။ သူတို့တတွေဟာ သက်တောင့်သက်သာနဲ့ နွေးထွေးတဲ့ နွေညကိုကြည်နူးနေကြပါတယ်။ ဒါပေမယ့် အဲဒီနားလေးမှာ၊ ကျွန်တော်တို့ကူညီဖို့ အလောတကြီးလုပ်နေတဲ့ လူတွေကတော့ ဒုက္ခအကြီးအကျယ်ရောက်နေကြပါတယ်။

ကျွန်တော်တို့ဘဝတွေ တစ်ခါတစ်လေမှာ အတော်လေးအဆင်ပြေနိုင်ကြသော်လည်း၊ ကျွန်တော်တို့ရဲ့ခံနိုင်ရည်ကို ကုန်ဆုံးစေမယ့်၊ မမျှော်လင့်တဲ့၊ စိန်ခေါ်မှုတွေနဲ့ မုန်တိုင်းတွေကို ရင်ဆိုင်ရမယ့်အချိန်ဆိုတာ ကျွန်တော်တို့အယောက်တိုင်းအတွက် ရောက်လာမယ် ဆိုတာကို ဒီအတွေ့အကြုံက ကျွန်တော့ကို သတိပြုမိစေပါတယ်။ ကိုယ်၊ စိတ်၊ မိသားစုနဲ့ အလုပ်အကိုင် စိန်ခေါ်မှုတွေ၊ သဘာဝဘေးတွေ၊ အခြား သေရေးရှင်ရေး ကိစ္စတွေဟာ၊ ဒီဘဝမှာ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် မုန်တိုင်းတွေရဲ့ ဥပမာအချို့ဖြစ်ပါတယ်။

မုန်တိုင်းတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာ၊ ကျွန်တော်တို့ဟာ စိတ်ပျက်၊ ကြောက်ရွံ့မှုခံစားချက်တွေကို အကြိမ်ကြိမ် ကြုံတွေ့ကြရပါတယ်။ “ယုံကြည်ခြင်းဟာ ကြောက်ရွံ့ခြင်းအတွက် ဖြေဆေးဖြစ်တယ် လို့ ဥက္ကဌရပ်ဆဲလ်အမ်၊” နယ်လဆင်က ပြောခဲ့ပါတယ်။—ကျွန်ုပ်တို့၏ကိုယ်တော်ရှင် ယေရှုခရစ်တော်ကို ယုံကြည်ခြင်း(သင်၏ယုံကြည်ခြင်းကို ပြခွင့်ပေးပါLiahona မေ ၂၀၁၄၊ ၂၉)။ လူတွေရဲ့ဘဝတွေကို သက်ရောက်တဲ့ မုန်တိုင်းတွေကို ကျွန်တော်မြင်ခဲ့ရလို့၊ ကျွန်တော်တို့ကို တိုက်ခတ်တဲ့ မုန်တိုင်းက ဘယ်လိုဟာမျိုးဖြစ်ပါစေ၊—အဲဒါအတွက် အဖြေရှိသည်ပဲဖြစ်ဖြစ်၊ အဆုံသတ်သွားတော့မှာပဲဖြစ်ဖြစ်၊ —ခိုလှုံရာတစ်ခုတည်းသာရှိတဲ့အကြောင်းနဲ့၊ မုန်တိုင်းအမျိုးအစား မှန်သမျှအတွက် အဲဒီတစ်ခုတည်းသာဖြစ်တဲ့အကြောင်း ကျွန်တော်သုံးသပ်မိပါတယ်။ ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံရှင်အဘပေးထားတဲ့ ဒီတစ်ခုတည်းသောခိုလှုံရာကတော့ ကျွန်တော်တို့ရဲ့ ကိုယ်တော်ရှင်ယေရှုခရစ်တော်နဲ့ သူ့ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာဖြစ်ပါတယ်။

ကျွန်တော်တို့အထဲက ဘယ်သူမှ ဒီမုန်တိုင်းတွေကနေ လွတ်ငြိမ်းခွင့် မရှိပါဘူး။ မော်မုန်ကျမ်းထဲက ပရောဖက် ဟေလမန်က အခုလိုသွန်သင်ခဲ့ပါတယ် ဘုရား “သခင်၏သားတော်၊ ခရစ်တော်ဖြစ်သည့် ငါတို့ရွေးနှုတ်ရှင်၏ ကျောက်ပေါ်မှာ သင်တို့၏အုတ်မြစ်ကို တည်ဆောက်ရမည့်အကြောင်း၊ သတိရကြလော့၊ သတိရကြလော့။ လူသားတို့တည်ဆောက်လျှင် လဲကျနိုင်ခြင်းမရှိရာ အုတ်မြစ်တည်းဟူသော မြဲမြံသောအုတ်မြစ်ဖြစ်သည့် ထိုကျောက်ပေါ်မှာ သင်တို့ကို တည်ဆောက်ထားသောကြောင့်၊ နတ်ဆိုးသည် သူ၏ပြင်းစွာသောလေ၊ အမှန်စင်စစ်၊ လေပွေထဲ၌ သူ၏မြားတံတို့ကို လွှတ်သဖြင့်၊ အမှန်စင်စစ်၊ သူ၏အလုံးစုံသောမိုးသီးနှင့် မုန်တိုင်းတို့က သင်တို့အပေါ် တိုက်လေသောအခါ၊ သင်တို့ကို ဝမ်းနည်းပူဆွေးခြင်းချောက်နှင့် အဆုံးမရှိသည့်အမင်္ဂလာများထံသို့ ဆွဲ၍ချဖို့ တန်ခိုးရှိလိမ့်မည်မဟုတ်” (ဟေလမန် ၅း၁၂)။

မုန်တိုင်းတွေကို ကြံ့ကြံ့ခံတာနဲ့ပတ်သက်လို့ ကိုယ်တိုင်အတွေ့အကြုံတွေရခဲ့သူ အသင်းလူကြီး “ရောဘတ်ဒီဟေးလ်စ်က ပြောခဲ့ပါတယ်၊ဒုက္ခဝေဒနာဆိုတာ အများနဲ့ဆိုင်ပါတယ်၊ ဒုက္ခဝေဒနာကို ကျွန်တော်တို့ဘယ်လို တုံ့ပြန်သလဲဆိုတာက တစ်ဦးချင်းနဲ့ဆိုင်ပါတယ်။ ဒုက္ခဝေဒနာက ကျွန်တော်တို့ကို နှစ်လမ်းထဲက တစ်လမ်းဆီကို ပို့ဆောင်နိုင်ပါတယ်။ အဲဒါက ယုံကြည်ခြင်းနဲ့ပေါင်းထားတဲ့ ခွန်အားဖြည့်ပေးခြင်းနဲ့ သန့်စင်စေခြင်းအတွေ့အကြုံ တစ်ခုဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ်၊ ကိုယ်တော်ရှင်ရဲ့ အပြစ်ဖြေခြင်းမင်္ဂလာယဇ်ကို ကျွန်တော်တို့ယုံကြည်ခြင်းမရှိကြလျှင် ကျွန်တော်တို့ဘဝမှာ အဖျက်အားတစ်ခု ဖြစ်နိုင်ပါတယ်” (“သင်၏ဝမ်းနည်းမှုသည် ဝမ်းမြောက်မှုသို့ ပြောင်းလိမ့်မည်၊” Ensign၊ နို၊ ၁၉၈၃၊ ၆၆)။

ယေရှုခရစ်တော်နဲ့ သူ့ရဲ့အပြစ်ဖြေခြင်းမင်္ဂလာက ပေးတဲ့ ခိုလှုံရာမှာ မွေ့လျော်ဖို့ဆိုလျှင်၊ ကျွန်တော်တို့ဟာ အကန့်အသတ်ရှိတဲ့ လောကီနာကျင်မှုအပေါင်းကို ကျော်လွှားဖို့ အခွင့်ပေးတဲ့ယုံကြည်ခြင်းနဲ့ သူ့ကို ယုံကြည်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ပြုသမျှမှာ သူ့ဆီကို လာမယ်ဆိုလျှင် သူက ကျွန်တော်တို့ရဲ့ ဝန်တွေကို ပေါ့စေမှာဖြစ်တဲ့အကြောင်း ကတိထားတော်မူခဲ့ပါတယ်။

ငါ့ထံသို့ လာကြလော့ လို့ သူကပြောပါတယ်။ ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါသည် ချမ်းသာပေးမည်။

ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့၊ ငါ့ထံ၌ နည်းခံကြလော့၊ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်နှလုံးရှိ၏၊ သင်တို့စိတ်ဝိညာဉ်သည် သက်သာခြင်းကို ရလိမ့်မည်။

အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏၊ ငါ့ဝန်လည်းပေါ့၏ (မဿဲ ၁၁း၂၈–၃၀၊ see also မောဇိယ ၂၄း၁၄–၁၅တွင်လည်းကြည့်ပါ)

ယုံကြည်ခြင်းရှိသူအဖို့ ရှင်းပြစရာမလို ဆိုတဲ့ စကားရှိပါတယ်။ ယုံကြည်ခြင်း မရှိသူအဖို့ ရှင်းပြစရာမရှိနိုင်ပါဘူး။ (ဒီဆောင်ပုဒ်ဟာ သောမတ်အကိုင်နာရဲ့စကားဖြစ်ပေမယ့်လည်း သူသွန်သင်ခဲ့တဲ့အရာတွေအကြောင်း စကားပြေတစ်ခုဖြစ်ပါတယ်။) ဒါပေမယ့်၊ ကျွန်တော်တို့မှာ ဒီနေရာမြေကြီးပေါ်မှာရှိတဲ့ အရာတွေအကြောင်း အကန့်အသတ်နဲ့သာ နားလည်ခြင်းရှိကြပါတယ်၊ ဘာကြောင့်လဲ။. ဆိုတဲ့မေးခွန်းအတွက် ကျွန်တော်တို့မှာ အဖြေတွေမရှိတာ အကြိမ်ကြိမ်ပါပဲ။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲ။ ကျွန်တော့ မှာဘာကြောင့်ဒီလိုဖြစ်ရတာလဲ။ ကျွန်တော်ဘာကို သင်ယူရမှာလဲ။ အဖြေတွေက ကျွန်တော်တို့ကို ဝေ့လည်လည်လုပ်နေတဲ့အခါ၊ ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ကယ်တင်ရှင်က ပရောဖက်ဂျိုးဇက်စမစ်ကို လစ်ဘာတီအကျဉ်းထောင်ထဲမှာ ဖော်ပြခဲ့တဲ့ စကားတွေဟာလုံးဝသက်ဆိုင်တဲ့အရာတွေဖြစ်ပါတယ်၊

ငါ့သား၊ သင်၏စိတ်ဝိညာဉ်ကို ငြိမ်းချမ်းခြင်းရှိစေလော့။ သင်၏ ဒုက္ခနှင့် ဆင်းရဲဒုက္ခများသည် ခဏသာရှိလိမ့်မည်။

ထို့နောက်တွင်၊ သင်သည် ကောင်းစွာကြံ့ကြံ့ခံလျှင်၊ ဘုရားသခင်သည် သင့်ကို အထက်၌ ချီးမြှောက်လိမ့်မည် (ဩဝါဒနှင့် ပဋိညာဉ်များ ၁၂၁း ၇–၈)။

လူတွေ ယေရှုခရစ်တော်ကို အမှန် ယုံကြည်ကြသော်လည်းပဲ၊ အဓိကမေးစရာကတော့၊ ကျွန်တော်တို့ သူ့ကို ယုံကြည်ခြင်း ရှိမရှိ၊ ပြီးတော့ ကျွန်တော်တို့ကို သူသွန်သင်ပေးတဲ့၊ ကျွန်တော်တို့လုပ်ဆောင်ဖို့ တောင်းဆိုတဲ့ အရာတွေကို ကျွန်တော်တို့ ယုံကြည်ခြင်းရှိမရှိ ဆိုတာပါပဲ။ ကျွန်တော့မှာ ဖြစ်နေတာနဲ့ပတ်သက်လို့ ယေရှုကဘာများသိမှာလည်းလို့ တစ်ယောက်ယောက်က တွေးကောင်းတွေးနိုင်ပါတယ်။ ကျွန်တော်ပျော်ရွှင်ဖို့ လိုအပ်တဲ့အရာကို သူဘယ်လိုများ သိသလဲ။ အမှန်ပါပဲ၊ ပရောဖက်ဟေရှာယ ရည်ညွှန်းဟောပြောခဲ့တဲ့ ကျွန်တော်တို့ရဲ့ ရွေးနှုတ်ရှင်နဲ့ ကြားဝင်ဖြန်ဖြေသူပဲဖြစ်ပါတယ်။

သူသည် လူတို့၏မထီမဲ့မြင်ပြုခြင်း၊ ငြင်းပယ်ခြင်းကို ခံရ၏၊ ဝမ်းနည်းမှုများသောသူ၊ ဝမ်းနည်းပူဆွေးမှုနှင့် ကျွမ်းဝင်သောသူဖြစ်၏။

သူက အမှန်ပင် ကျွန်တော်တို့ရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ခံစားပြီး၊ ကျွန်တော်တို့ရဲ့ ဝမ်းနည်းမှုတွေကို ဆောင်ယူသွားခဲ့ပါတယ်။

ထိုသူသည် ငါတို့၏လွန်ကျူးခြင်းများကြောင့် ဒဏ်ရာရခဲ့၏၊ ငါတို့၏ဒုစရိုက်များကြောင့်၊ အနာတရဖြစ်ခဲ့၏၊ ငါတို့၏ငြိမ်းချမ်းခြင်းကို ဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍၊ သူခံရသောဒဏ်ချက်ဖြင့် ငါတို့အနာငြိမ်းကြ၏ (ဟေရှာယ ၅၃း ၃–၅)။

တမန်တော်ပေတရုကလည်း ကယ်တင်ရှင်အကြောင်း ကျွန်တော်တို့ကို အခုလို သွန်သင်ခဲ့ပါတယ် ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ။ ဒဏ်ချက်တော်အားဖြင့် သင်တို့သည် အနာငြိမ်းကြ၏ (ပေတရုဩဝါဒစာ ပဌမစောင်၂း၂၄)။

ပေတရုဟာ သူကိုယ်တိုင်ရဲ့ အသက်စတေးခြင်း ချဉ်းကပ်လာပြီဖြစ်သော်လည်း၊ သူ့စကားတွေဟာ ကြောက်ရွံ့ခြင်း သို့မဟုတ် အဆိုးမြင်ခြင်းနဲ့ ပြည့်မနေပါဘူး။ အဲဒီအစား၊ သန့်ရှင်းသူတို့ကို အမျိုးမျိုးသောသွေးဆောင်ခြင်းတို့ဖြင့် ဝန်လေးကြသော်လည်း ရွှင်လန်းဝမ်းမြောက်ကြ ရန်သူသွန်သင်ခဲ့ပါတယ်။ ပေတရုက ကျွန်တော်တို့ကို သွန်သင်ခဲ့တာကတော့ [ကျွန်တော်တို့ရဲ့] ယုံကြည်ခြင်းကို စစ်ကြောခြင်း… မီးဖြင့်စုံစမ်းသော်လည်း၊ ယေရှုပေါ်ထွန်းတော်မူသောအခါ၊ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းတော်သို့၊ ပြီးတော့ ကျွန်တော်တို့စိတ်ဝိညာဉ်တွေရဲ့ ကယ်တင်ခြင်းသို့ ပို့ဆောင်ပါလိမ့်မယ် (ပေတရုဩဝါဒစာ ပဌမစောင် ၁း၆–၇၊၉)။

ပေတရုက ဆက်ပြောခဲ့ပါတယ်။

“ချစ်သူတို့ သင်တို့ကို စုံစမ်းစရာဖို့ ယခုခံရသောမီးစစ်ခြင်းအရာကိုကား၊ သင်တို့၌ အံ့ဩဖွယ်သောအရာဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩခြင်းမရှိကြနှင့်၊”

သင်တို့သည် ခရစ်တော်၏ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍၊ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ခြင်းဖြင့် ဝမ်းသာကြမည်အကြောင်း ရွှင်လန်းဝမ်းမြောက်ကြလော့ (ပေတရုဩဝါဒစာ ပဌမစောင် ၄း၁၂–၁၃)။

ဥက္ကဌ ရပ်ဆဲလ်အမ်နယ်လဆင်က သွန်သင်ခဲ့ပါတယ် သန့်ရှင်းသူတွေဟာ အခြေအနေတိုင်းမှ ပျော်ရွှင်နိုင်ကြပါတယ်၊ ကျွန်တော်တို့ဘဝတွေရဲ့ အာရုံစိုက်မှုဟာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအစီအစဉ်၊ ပြီးတော့ ယေရှုခရစ်တော်နှင့် သူ့ရဲ့ဧဝံဂေလိတရားတော်အပေါ်မှာ ရှိတဲ့အခါ၊ ကျွန်တော်တို့ဘဝမှာ ဘာတွေပဲဖြစ်နေနေ—ဒါမှမဟုတ် မဖြစ်ဘဲပဲနေနေ—ဝမ်းမြောက်မှုကို ကျွန်တော်တို့ ခံစားနိုင်ကြပါတယ်။ ဝမ်းမြောက်မှုက သူ့ဆီကလာတာ၊ သူ့ကြောင့်ဖြစ်လာတာပါ။ သူဟာ ဝမ်းမြောက်မှုအပေါင်းရဲ့ အရင်းအမြစ်ဖြစ်ပါတယ် (ဝမ်းမြောက်မှုနှင့် ဝိညာဉ်ပကတိရှင်သန်ခြင်းLiahona နို၊ ၂၀၁၆၊ ၈၂)။

မှန်တာပေါ့ဗျာ၊ ကျွန်တော်တို့ဟာ ဒါတွေကို မုန်တိုင်းကျတဲ့အခါမှာ အသုံးချတာထက် မုန်တိုင်းအလယ်ကို ကျွန်တော်တို့ မရောက်တဲ့အချိန်မှာ ပြောရတာက ပိုပြီးလွယ်ပါတယ်။ ဒါပေမယ့်၊ သင်တို့ရဲ့ ညီအစ်ကိုအဖြစ်၊ ကျွန်တော်မျှော်လင့်တာကတော့၊ ကျွန်တော်တို့ဘဝတွေကို တိုက်ခတ်နေတဲ့ မုန်တိုင်းတွေက ဘယ်လိုဟာတွေပဲဖြစ်နေပါစေ၊ ယေရှုခရစ်တော်နဲ့ သူ့ရဲ့အပြစ်ဖြေခြင်းမင်္ဂလာတို့ဟာ ကျွန်တော်တို့အားလုံးလိုအပ်တဲ့ ခိုလှုံရာဖြစ်တယ်ဆိုတာကို သိရတာ ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာကို သင်တို့နဲ့ ကျွန်တော်ရိုးသားစွာဝေငှချင်တယ်ဆိုတာကို သင်တို့ ခံစားနိုင်တယ်ဆိုတာပါပဲ။

ကျွန်တော်တို့အားလုံးဟာ ဘုရားသခင်ရဲ့ သားသမီးများ ဖြစ်တဲ့အကြောင်း၊ သူ ကျွန်တော်တို့ကို ချစ်တယ် ဆိုတဲ့အကြောင်း၊ ပြီးတော့ ကျွန်တော်တို့ဟာ အဖော်မဲ့ မဟုတ်တဲ့အကြောင်း ကျွန်တော်သိပါတယ်။ သူက ကျွန်တော်တို့ရဲ့ ဝန်တွေကို ပေါ့စေနိုင်တယ်၊ သင်တို့ရှာနေတဲ့ ခိုလှုံရာ ဖြစ်နိုင်တယ်ဆိုတာကို လာပြီးကြီးကြဖို့ သင်တို့ကို ကျွန်တော်ဖိတ်ခေါ်ပါတယ်။ အခြားသူများကိုလည်း သူတို့ အလွန်လိုချင်တမ်းတနေတဲ့ ခိုလှုံရာကို ရှာတွေ့ကြစေဖို့ လာပြီးကူညီကြပါ။ ဘဝမုန်တိုင်းတွေကို ခုခံရာမှာ သင်တို့ကို ကူညီမယ့်၊ ဒီခိုလှုံရာမှာ ကျွန်တော်တို့နဲ့အတူ လာပြီးနေကြပါ။ သင်တို့လာမယ်ဆိုလျှင်၊ သင်တို့မြင်ရမယ်၊ ကူညီမယ်၊ နေကြမယ်ဆိုတာ ကျွန်တော့နှလုံးသားမှာ သံသယမရှိပါဘူး။

ပရောဖက်အယ်လမာက သူ့သား ဟေလမန်ကို အခုလို သက်သေခံခဲ့ပါတယ်၊ ဘုရားသခင်ကို ကိုးစားသောသူမှန်သမျှ သူတို့၏စုံစမ်းခံရခြင်းများ၊ သူတို့၏ဒုက္ခများ၊ သူတို့၏ဆင်းရဲဒုက္ခများကျရောက်ချိန်၌ ထောက်မတော်မူခြင်းခံရလျက်၊ နောက်ဆုံးသောနေ့ ၌ ချီးမြှောက်တော်မူခြင်း ခံရလိမ့်မည်ဖြစ်ကြောင်း ငါအမှန်သိ၏(အယ်လမာ ၃၆း၃)။

ကယ်တင်ရှင်ကိုယ်တိုင်က မိန့်တော်မူခဲ့ပါတယ်။

သင်တို့၏စိတ်နှလုံးကို နှစ်သိမ့်စေကြလော့။ အကြောင်းမူကား၊ ခပ်သိမ်းသော လူတို့ သည် ငါ၏လက်ထဲ၌ ရှိ၏။ ငြိမ်ဝပ်လျက် နေကြလော့၊ ငါသည် ဘုရားသခင်ဖြစ်ကြောင်းကို သိကြလော့။

သို့ဖြစ်၍၊ သေခြင်းသို့တိုင်အောင်ပင် ကြောက်ခြင်းမရှိနှင့်။ အကြောင်းမူကား၊ ဤလောက၌ သင်တို့၏ဝမ်းမြောက်ခြင်းသည် မပြည့်စုံ၊ သို့ရာတွင် ငါ့၌ သင်တို့၏ဝမ်းမြောက်ခြင်းသည် ပြည့်စုံ၏ (ဩဝါဒနှင့် ပဋိညာဉ်များ ၁၀၁း၁၆-၃၆)။

အချိန်များစွာမှာ ကျွန်တော့နှလုံးသားကို ထိတဲ့ ငြိမ်လော့၊ ဝိညာဉ် ဆိုတဲ့ ဓမ္မသီချင်းမှာ ကျွန်တော်တို့စိတ်ဝိညာဉ်တွေအတွက် နှစ်သိမ့်စေတဲ့ သတင်းစကားတစ်ခု ရှိပါတယ်။ စာသားက အခုလိုဖြစ်ပါတယ်။

ငြိမ် လော့၊ ဝိ ညာဉ်၊ အချိန်မြန်နေလေပြီ

ငါတို့ ကိုယ်တော် နှင့် အစဉ်ရှိချိန်

စိတ်ပျက် ပူဆွေးနဲ့ ကြောက်ခြင်းတို့ ပျောက်ဆုံး၊

ဝမ်းနည်း မေ့တာ ၊ သန့်စင် မေတ္တာ ဝမ်းမြောက်ရာ။

ငြိမ်လော့၊ ဝိညာဉ်၊ ပြောင်းလဲ မျက်ရေ စီးသွားပေ။

ဘေးမခ ကောင်းချီးရလို့ တွေ့ကြစို့။ (ဓမ္မသီချင်းများနံ၊ ၁၂၄)။

ကျွန်တော်တို့တတွေဟာ ဘဝမုန်တိုင်းတွေကို ရင်ဆိုင်ကြတဲ့အခါ၊ အကောင်းဆုံးအားထုတ်ကြ၊ ယေရှုခရစ်တော်နဲ့ သူ၏အပြစ်ဖြေခြင်းမင်္ဂလာကို ကျွန်တော်တို့ရဲ့ ခိုလှုံရာအဖြစ် မှီခိုကြလျှင်၊ ကျွန်တော်တို့ ရှာနေတဲ့ သက်သာခြင်း၊ နှစ်သိမ့်ခြင်း၊ ခွန်အား၊ ဣန္ဒြေစောင့်ခြင်းနဲ့ ငြိမ်းချမ်းတို့ဖြင့်၊ ဒီနေရာ မြေကြီးပေါ်က ကျွန်တော်တို့ရဲ့အချိန်ကုန်တဲ့အခါ၊ ကျွန်တော်တို့သခင်ရဲ့ စကားများဖြစ်တဲ့ သစ္စာရှိသောငယ်သားကောင်း၊ သင်၏သခင်နှင့် အတူ စည်းစိမ်ကို ဝင်စားလော့ ဆိုတာကို ကြားရမှာဖြစ်တဲ့အကြောင်း … ကျွန်တော်တို့နှလုံးသားမှာ သေချာခြင်းတို့ဖြင့် ကောင်းချီးခံစားရကြမှာဖြစ်ပါတယ် (မဿဲ ၂၅း၂၁ )။ ယေရှုခရစ်တော်၏နာမတော်အောက်၌၊ အာမင်။