အထွေထွေညီလာခံ
ပြန်လည်ဆောင်ယူခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း သတင်းစကားကို ဝေငှခြင်း
ဧပြီ ၂၀၂၀ အထွေထွေညီလာခံ


ပြန်လည်ဆောင်ယူခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း သတင်းစကားကို ဝေငှခြင်း

အထူးသဖြင့်ပြန်လည်ဆောင်ယူခြင်းဟာ ကမ္ဘာကြီးနှင့်သက်ဆိုင်ပြီး ၎င်း၏သတင်းစကားဟာ ယနေ့အလျင်လိုနေပါပြီ။

ဤအထွေထွေညီလာခံမှတစ်ဆင့် ကျွန်တော်တို့ဟာ ဟိုးရှေးရှေးက ပရောဖက်ပြုဟောထားခဲ့တဲ့ အရာခပ်သိမ်းတို့ကို “ပြန်လည်အပ်နှင်းခြင်း၊”၏ ပြီးပြည့်စုံခြင်းအကြောင်း၊ “အရာခပ်သိမ်းတို့ကို ခရစ်တော်၌ အတူတကွ” ဆောင်ယူခြင်းအကြောင်း၊ ဧဝံဂေလိတရားတော်အပြည့်အစုံ၊ ယဇ်ပုရောဟိတ်အခွင့်နှင့် ယေရှုခရစ်တော်၏အသင်းတော် မြေကြီးသို့ ပြန်လာခြင်းအကြောင်း တို့ကို ကျွန်တော်တို့ဟောပြောကြ၊ ဝမ်းမြောက်စွာ သီဆိုကြပါတယ်၊ အဲဒီအရာအားလုံးကို “ပြန်လည်ဆောင်ယူခြင်း” ဆိုတဲ့ခေါင်းစဉ်ထဲမှာ ကျွန်တော်တို့ ဖော်ကျူးကြပါတယ်။

သို့သော်လည်း ပြန်လည်ဆောင်ယူခြင်းဆိုတာ ဒီနေ့မှာ ကျွန်တော်တို့ ရွှင်လန်းဝမ်းမြောက်ကြတဲ့အရာတွေသာ မဟုတ်ပါဘူး။ ဗျာဒိတ်တော်တွေဟာ ဂျိုးဇက်စမစ်တစ်ဦးတည်းအတွက်သာ မဟုတ်ပါဘူး “ဉာဏ်ပညာ ကိုလိုသော” သောသူမှန်သမျှအတွက် ပေးထားတဲ့ အလင်းနဲ့ သမ္မာတရားဖြစ်ပါတယ်။ မော်မုန်ကျမ်းဟာ လူသားတွေရဲ့ဥစ္စာပစ္စည်းဖြစ်ပါတယ်။ ကယ်တင်ခြင်းနဲ့ ချီးမြှောက်ခြင်းတို့ရဲ့ ယဇ်ပုရောဟိတ်အခွင့်ဘိသိက်မင်္ဂလာများကို လူ့ဇာတိဘဝမှာ နေထိုင်တော့ခြင်းမရှိတဲ့သူများ အပါအဝင်၊ လူတိုင်းအတွက် ပြင်ဆင်ထားခဲ့ပါတယ်။ ယေရှုခရစ်တော်၏ နောက်ပိုင်းကာလ သန့်ရှင်းသူများအသင်းတော်နဲ့ ၎င်း၏ ကောင်းချီးမင်္ဂလာများဟာ ရရှိလိုသောသူအားလုံးအတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်၏ဆုကျေးဇူးဆိုတာ လူတိုင်းအတွက်ဖြစ်ပါတယ်။ အထူးသဖြင့်ပြန်လည်ဆောင်ယူခြင်းဟာ ကမ္ဘာကြီးနှင့်သက်ဆိုင်ပြီး ၎င်း၏သတင်းစကားဟာ ယနေ့အလျင်လိုနေပါပြီ။

သို့ဖြစ်၍၊ သေသူတို့၏ ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ပေါ်စေခြင်းငှာ၊ လူဇာတိအတိုင်း သူ၏အသက်ကိုစွန့်၍၊ ဝိညာဉ်တော်၏တန်ခိုးအားဖြင့်၊ တစ်ဖန်ပြန်၍ယူတော်မူသည့် သန့်ရှင်းသောမေရှိယ၏ ကောင်းမှုများ၊ ကရုဏာတော်နှင့် ကျေးဇူးတော်တို့အားဖြင့် မှတစ်ပါး၊ ဘုရားသခင်၏ မျက်မှောက်တော်၌၊ အဘယ်သူမျှ မနေနိုင်သည်ကို သိကြစေကြောင်း၊ မြေကြီးပေါ်မှာနေထိုင်သူတို့အား ဤအရာတို့ကို ဖော်ပြခြင်းသည်ကား၊ အလွန်အရေးကြီးလှပေစွတကား။

ပရောဖက်၏အစ်ကို ဆင်မြူရယ်လ်စမစ်၊ သူ၏ လွတ်အိတ်ထဲကို လောလောလတ်လတ်ပုံနှိပ်ထားသော မော်မုန်ကျမ်းစာအုပ်များနဲ့ထည့်ပြီး၊ ကျမ်းစာအသစ်ကို ဝေငှဖို့ ခရီးစထွက်ခဲ့တဲ့နေ့ကတည်းက၊ သန့်ရှင်းသူတို့ဟာ “ဤအရာတို့ကို မြေကြီးပေါ်မှာနေထိုင်သူတို့အား ဖော်ပြဖို့” ရပ်တန့်ခြင်းမရှိဘဲ အလုပ်လုပ်ခဲ့ကြပါတယ်။

၁၉၂၀ ခုနှစ်မှာ၊ တမန်တော်တစ်ဆယ်နှစ်ပါး အဖွဲ့ဝင် အသင်းလူကြီး ဒေးဗစ်အိုမက်ကေးက အသင်းတော်၏ သာသနာပြုနှစ်ရှည်ခရီးကို စတင်ခဲ့ပါတယ်။ ၁၉၂၁ ခုနှစ် မေလရောက်တော့၊ သူဟာ ဆမိုးဝါး၊ ဖက်ဂလီရှိ သုဿန်ငယ်လေးထဲမှာ သောမတ်နဲ့ စာရာဟီလတန်တို့ရဲ့ သမီးနဲ့ သားနှစ်ယောက်၊ ကလေးငယ်သုံးယောက်ရဲ့ ကောင်းစွာထိန်းသိမ်းထားတဲ့ သင်္ချိုင်းသုံးခုရှေ့မှာ ရပ်နေခဲ့ပါတယ်။ ဒီကလေးငယ်လေးတွေဟာ—အကြီးဆုံးက နှစ်နှစ်ရှိပြီး—သောမတ်နဲ့ စာရာ ၁၈၀၀ ခုနှစ်နောက်ပိုင်းမှာ လူငယ်သာသနာပြု စုံတွဲအနေနဲ့ အမှုတော်ဆောင်နေတုန်းမှာ သေသွားခဲ့ကြတာပါ။

အသင်းလူကြီး မက်ကေးဟာ ယုတကနေမထွက်ခွာခင်မှာ၊ ယခု မုဆိုးမဖြစ်နေတဲ့ စာရာကို၊ ဆမိုးဝါးရှိ သူမရဲ့ ကလေးတွေရဲ့ သင်္ချိုင်းကို သူသွားကြည့်မယ်လို့ ကတိပေးခဲ့ပါတယ်၊ အဲဒီနေရာကို သူမပြန်မသွားနိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ အသင်းလူကြီးမက်ကေးက သူမဆီကို စာပြန်ရေးခဲ့ပါတယ်၊ “ညီအစ်မ ဟီလတန်၊ သင့် ကလေးငယ်သုံးယောက်ဟာ တိတ်ဆိတ်ငြိမ်သက်စွာရှိကြတယ် … လွန်ခဲ့တဲ့နှစ်သုံးဆယ်နီးပါးက စတင်ခဲ့တဲ့ သင့်ရဲ့ မွန်မြတ်သောသာသနာပြုအလုပ်ကို ဆက်လုပ်ပါ”။ အဲဒီနောက်မှာ၊ သူရဲ့ကိုယ်ပိုင်သီကုံးထားတဲ့ စာပိုဒ်တပိုဒ်ကို ထပ်ရေးခဲ့ပါတယ်၊

ချစ်သောလက်များဖြင့် သူတို့ရဲ့သေနေသော မျက်လုံးများကို ပိတ်ထားပြီ၊

ချစ်သောလက်များဖြင့် သူတို့ရဲ့ ခြေလက်ကလေးတွေကို နေရာချထားပြီ၊

သူတစိမ်းတို့၏လက်များဖြင့် သူတို့ရဲ့နှိမ့်ချသောသင်္ချိုင်းများကို တန်ဆာဆင်ထားပြီ၊

သူတစိမ်းတို့အားဖြင့်ဂုဏ်ပြုခံရ၊ သူတစိမ်းတို့အားဖြင့်ငိုကြွေးမြည်တမ်းကြ၏

ဒီအကြောင်းကတော့၊ ပြန်လည်ဆောင်ယူခြင်း သတင်းစကားကို ဝေငှဖို့လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ က အချိန်၊ ဘဏ္ဍာနဲ့ ဘဝတွေကို ပေးဆပ်ခဲ့တဲ့ အကြောင်းကို ပြောပြတဲ့ အထောင်အသောင်းထဲက တစ်ခုဖြစ်ပါတယ်။ ပြည်သား၊ အမျိုးစု၊ အသီးသီးဘာသာစကားကို ပြောသူများများနဲ့ လူမျိုးမှန်သမျှဆီကို ရောက်ရှိဖို့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာဆိုရင် လက်ရှိ အချိန်ပြည့်သာသနာပြု အမှုတော်ဆောင်ဝာာဝန်ကို ထမ်းဆောင်နေကြတဲ့ ၆၈၀၀ ကျော်ရှိတဲ့၊ လူငယ်အမျိုးသား၊ အမျိုးသမီးတွေနဲ့ စုံတွဲများ အားဖြင့်၊ လာပြီးကြည့်ဖို့ ဖိလိပ္ပုရဲ့ ဖိတ်ခေါ်ခြင်းကို ပဲ့တင်ထပ်ကြသူ အသင်းတော်အသင်းသားတို့အားဖြင့်၊၊ ပြီးတော့၊ အဲဒီအားထုတ်မှုကို ကမ္ဘာတစ်ဝန်းမှာ ထောက်မဖို့ နှစ်စဉ်အသုံးပြုတဲ့ ဒေါ်လာသန်းပေါင်းများစွာတို့အားဖြင့် သက်သေခံသည့်အတိုင်း ဒီနေ့မှာ မပျောက်မပျက်ရှိနေပါတယ်။

ကျွန်တော်တို့ရဲ့ ဖိတ်ခေါ်ခြင်းတွေအတင်းအကျပ်ပြုရခြင်း မရှိတဲ့အချိန်မှာ၊ လူတွေအတင်းအကြပ်ရှာကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ကြပါတယ်။ ပထမ သင်၏ချစ်ခြင်း၊ ဒုတိယ သင့်၏ဥပမာ ပြီးတော့ တတိယ သင်၏မော်မုန်ကျမ်းအသုံးပြုမှု ဤအရာသုံးခုအနည်းဆုံးလိုအပ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်။

ပထမအနေနဲ့၊ ကျွန်တော်တို့ရဲ့ဖိတ်ခေါ်ခြင်းတွေဟာ ကိုယ်ကျိုးရှာတဲ့အရာတစ်ခု မဖြစ်ရပါဘူး၊ ကိုယ်ကျိုးမငဲ့တဲ့ချစ်ခြင်း၊ ကြောက်ရွံ့ခြင်းကို ဖယ်ရှား တဲ့ချစ်ခြင်းရဲ့ ဖော်ပြချက်တစ်ခု ဖြစ်ရပါမယ်။ ဒီချစ်ခြင်း၊ မေတ္တာလို့ထင်ရှားတဲ့၊ ခရစ်တော်ရဲ့ စင်ကြယ်သောချစ်ခြင်းဟာ ကျွန်တော်တို့ရဲ့ တောင်းဆိုရမယ့်အရာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဒီချစ်ခြင်းနဲ့ပြည့်နိုင်ကြစေဖို့ စိတ်နှလုံးအစွမ်းရှိသမျှဖြင့် ခမည်းတော်ထံ ဆုတောင်းကြ ဖို့ ဖိတ်ခေါ်ခံရ၊ မိန့်မှာခံရကြပါတယ်။

ဥပမာတစ်ခုအနေနဲ့၊ ဆမိုးဝါး အပီယာသာသနာကို ဦးစီးတဲ့ မိမိခင်ပွန်း၊ ဥက္ကဌဖရန်စစ်ဟိုချင်းနဲ့အတူ လောလောဆယ် အမှုတော်ဆောင်နေတဲ့ ညီအစ်မ လန်းနက်ဟိုချင်း ပြန်ပြောပြတဲ့ အတွေ့အကြုံတစ်ခုကို ကျွန်တော်ဝေငှပါတယ်။ ညီအစ်မ ဟိုချင်းပြန်ပြောပြတောကတော့၊

လွန်ခဲ့တဲ့နှစ်တွေတုန်းက၊ ကျွန်မတို့ မိသားစုငယ်လေး ဟာဝိုင်ယီ၊ လေအီးမှာရှိတဲ့ အိမ်ငယ်လေးဆီကို ရွှေ့ပြောင်းခဲ့ကြ ပါတယ်။ ကျွန်မတို့အိမ်မှာ ကားထားတဲ့အဖီကို အလုပ်ရုံအခန်းငယ်တစ်ခု အဖြစ် ပြောင်းပြီးတော့၊ အဲဒီမှာ ဂျွန်နသန်ဆိုတဲ့သူ နေပါတယ်။ ဂျွန်နသန်က တခြားနေရာမှာ ကျွန်မတို့ရဲ့ အိမ်နီးချင်း ဖြစ်ခဲ့ဖူးပါတယ်။ အဲဒါက တိုက်ဆိုင်မှုမဟုတ်ဘူး၊ ကိုယ်တော်ရှင်က ကျွန်မတို့ကို အတူ ထားခဲ့တာလို့ တွေးပြီးမှ၊ အသင်းတော်မှာ ကျွန်မတို့ရဲ့ လှုပ်ရှားမှုများနဲ့ အသင်းသားအဖြစ်တို့နဲ့ ပတ်သက်လို့ ပိုပြီးပွင့်ပွင့်လင်းလင်းရှိဖို့ ကျွန်မတို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဂျွန်နသန်က ကျွန်မတို့ရဲ့ မိတ်ဆွေအဖြစ်ကို ကြိုက်ပါတယ်၊ ကျွန်မတို့မိသားစုနဲ့ အတူရှိရတာကိုလည်း နှစ်သက်ပါတယ်။ သူက ဧဝံဂေလိတရားတော်သင်ယူရတာကို ကြိုက်ပါတယ်၊ ဒါပေမယ့် အသင်းတော်မှာ ကတိကဝတ်ပြုဖို့ကို တော့ စိတ်မဝင်စားပါဘူး။

“အချိန်တန်လာတဲ့အခါမှာ၊ ဂျွန်နသန်မှာ ကျွန်မတို့ရဲ့ ကလေးတွေဆီကနေ ‘အန်ကယ်ဂျွန်နသန်’ ဆိုတဲ့ ချစ်စနိုးနာမည်ကို ရခဲ့ပါတယ်။ ကျွန်မတို့မိသားစု ဆက်ပြီးကြီးလာတာနဲ့အမျှ၊ ကျွန်မတို့ရဲ့ကိစ္စတွေမှာ ဂျွန်နသန်ရဲ့ စိတ်ဝင်စားမှုလည်း ကြီးလာခဲ့ပါတယ်။ မွေးနေ့ပွဲ၊ ကျောင်းပွဲများနဲ့ အသင်းတော် လှုပ်ရှားမှုများသို့ ဖိတ်ခေါ်ခြင်းတွေကလည်း မိသားစုအိမ်တွင်းညနေ များနဲ့ ကလေးဗတ္တိဇံအထိ ရောက်လာခဲ့ပါတယ်။

“တစ်နေ့မှာ ဂျွန်နသန်ဆီက ဖုန်းခေါ်တာကို ကျွန်မကြားခဲ့ရပါတယ်။ သူ့မှာ အကူအညီလိုနေတယ်။ သူ ဆီးချိုရောဂါရတယ်၊ ခြေထောက်မှာ ပြင်းထန်တဲ့ အနာကလည်း တိုးတိုးလာလို့ သူ့အသက်ချမ်းသာစေဖို့ရာ ဖြတ်ပစ်ဖို့လိုလာခဲ့တယ်။ ကျွန်မတို့မိသားစုနဲ့ အိမ်နီးချင်း အသင်းတော်စု အသင်းသားတွေ သူ့ကို အဲဒီဒုက္ခရောက်တဲ့အချိန်တစ်လျှောက် ကူညီခဲ့ကြပါတယ်။ ဆေးရုံမှာ ကျွန်မတို့ အလှည့်ကျ စောင့်ခဲ့ကြတယ်၊ ယဇ်ပုရောဟိတ်အခွင့်ကောင်းချီးမင်္ဂလာတွေကိုလည်း ပေးခဲ့ကြတယ်။ ဂျွန်နသန် နလန်ထလာတဲ့အချိန်မှာ၊ လူမှုသက်သာရေးညီအစ်မတွေရဲ့ အကူအညီနဲ့ သူ့အခန်းကို ကျွန်မတို့ သန့်ရှင်းရေးလုပ်ခဲ့ကြတယ်။ ယဇ်ပုရောဟိတ်အခွင့်ညီအစ်ကိုတွေက သူ၏တံခါးပေါက်သို့ လျှောက်လမ်းတစ်ခုနှင့် ရေချိုးခန်းထဲတွင် လက်ရန်းများကို ဆောက်လုပ်ပေးခဲ့ကြပါတယ်။ ဂျွန်နသန်အိမ်ကို ပြန်ရောက်တဲ့အခါ စိတ်လှုပ်ရှားမှုနဲ့ ပြည့်နေခဲ့ပါတယ်။

“ဂျွန်နသန်က သာသနာပြု သင်ခန်းစာကို တစ်ဖန်သင်ယူစပြုခဲ့ပါတယ်။ နှစ်သစ်ကူးမတိုင်မီ သီတင်းပတ်မှာ၊ သူက ကျွန်မကို ခေါ်ပြီးတော့ နှစ်သစ်ကူးအကြိုနေ့မှာ မင်း ဘာလုပ်မှာလဲ လို့မေးပါတယ်။ ကျွန်မတို့ နှစ်ပတ်လည်ပါတီအကြောင် သူ့ကို ကျွန်မသတိပေးခဲ့ပါတယ်။ ဒါပေမယ့်သူက ငါ့ဗတ္တိဇံမှာ မင်းကို လာစေချင်တယ် လို့ ပြန်ပြောခဲ့ပါတယ်။ ဒီနှစ်သစ်ကို ငါကောင်းကောင်းမွန်မွန်စချင်တယ် လို့ သူက ပြန်ပြောခဲ့ပါတယ်။ လာပြီးကြည့်ပါ လာပြီးကူညီပါ၊ ပြီးတော့ လာပြီးနေပါ ဆိုတဲ့ နှစ်ပေါင်း ၂၀ ပြီးတဲ့နောက်မှာ ဒီအဖိုးတန်စိတ်ဝိညာဉ်ဟာ ဗတ္တိဇံခံဖို့ အဆင်သင့်ဖြစ်ခဲ့ပါတယ်။

“၂၀၁၈ ခုနှစ်တွင်၊ ဆမိုးဝါး၌ သာသနာနယ်ဥက္ကဌနှင့် အဖော်အဖြစ် ကျွန်မတို့ ခေါ်သွင်းခံခဲ့ရေသာအချိန်တွင်၊ ဂျွန်နသန်၏ကျန်းမာရေးမှာ ယိမ်းယိုင်လာခဲ့ပါသည်။ သူ့ကို ကျွန်မတို့ပြန်လာတဲ့အထိ အားတင်းထားပို့ ကျွန်မတို့တောင်းဆိုခဲ့ပါသည်။ သူဟာတစ်နှစ်နီးပါး ဆက်ပြီးနေခဲ့ပါတယ်၊ သို့သော်လည်း ကိုယ်တော်ရှင်က သူ့ကို အိမ်ကိုပြန်လာဖို့ ပြင်ဆင်နေခဲ့ပါပြီ။ သူဟာ ၂၀၁၉ ခုနှစ် ဧပြီလမှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါသည်။ ကျွန်မ၏သမီးများသည် သူတို့၏ အန်ကယ်ဂျွန်နသန်’၏အသုဘအခမ်းအနားကို တက်ရောက်ခဲ့ကြပြီး၊ သူ၏ဗတ္တိဇံတုန်းက ကျွန်မတို့ဆိုခဲ့ကြတဲ့သီချင်းကိုပဲ ဆိုခဲ့ကြပါသည်”

ပြန်လည်ဆောင်ယူခြင်းအကြောင်း သတင်းစကားကို အောင်မြင်စွာဝေငှခြင်းအတွက် လိုအပ်တဲ့ ဒုတိယလိုအပ်ချက်ကို သင်၏ဖိတ်ခေါ်ခြင်းကို တစ်စုံတစ်ယောက်အတွက် နှစ်သက်စဖွယ်ဖြစ်စေမယ့်ဟာက ဘယ်အရာဖြစ်သလဲဆိုတဲ့ ဒီမေးခွန်းနဲ့ ကျွန်တော်အစပြုလိုပါတယ်။ အဲဒါက သင်၊ သင့်ဘဝရဲ့ ပုံသက်သေမဟုတ်ဘူးလား။ ပြန်လည်ဆောင်ယူခြင်းအကြောင်း သတင်းစကားကို ကြားလို့ လက်ခံခဲ့သူများစွာတို့ဟာ ကနဦးမှာ အသင်းသားတစ်ဦးမှာ သို့မဟုတ် ယေရှုခရစ်တော်၏အသင်းတော်မှ အသင်းသားများမှာ သူတို့ရှုမြင်ခဲ့ရတဲ့အရာအားဖြင့် စိတ်ဝင်စားစေခဲ့ကြရပါတယ်။ အဲဒါက အခြားသူတွေကို သူတို့ဆက်ဆံတဲ့ပုံစံ၊ သူတို့ပြောတဲ့ သို့မဟုတ် မပြောတဲ့အရာ၊ ခက်ခဲတဲ့အခြေအနေတွေမှာ သူတို့ဖော်ပြတဲ့ မြဲမြံခြင်း၊ သို့မဟုတ် သူတို့ရဲ့မျက်နှာထား သက်သက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အဲဒါက ဘာပဲဖြစ်ပါစေ၊ ကျွန်တော်တို့ရဲ့ ဖိတ်ခေါ်ခြင်းတွေ၊ ဖိတ်ခေါ်ရာဖြစ်လာစေဖို့ ပြန်လည်ဆောင်ယူထားတဲ့ ဧဝံဂေလိတရားတော်ရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို နားလည်ပြီး စွမ်းနိုင်သမျှ အကောင်းဆုံး ကျင့်သုံးဖို့ ကျွန်တော်တို့လိုအပ်တယ်ဆိုတဲ့အချက်ကို ရှောင်လို့မရပါဘူး။ အဲဒါက ယနေ့ခေတ်မှာ အစစ်အမှန်အဖြစ် ရည်ညွှန်းလေ့ရှိတဲ့အရာဖြစ်ပါတယ်။ ခရစ်တော်၏ ချစ်ခြင်း ကျွန်တော်တို့အထဲမှာ ရှိလျှင်၊ အခြားသူတွေက သူတို့အတွက် ကျွန်တော်တို့ရဲ့ ချစ်ခြင်းဟာ အစစ်အမှန် ဖြစ်ကြောင်းကို သိကြမှာဖြစ်ပါတယ်။ သန့်ရှင်းတော်ဝိညာဥ်တော်၏အလင်း ကျွန်တော်တို့အထဲမှာ လောင်ကျွမ်းနေလျှင်၊ ခရစ်တော်၏အလင်းသည် အခြားသူ တွေဆီမှာတဖ​န် မီးမွှေးသလိုဖြစ်နေပါ့လိမ့်မည်။၁၀ သင်၏ဖိတ်ခေါ်ခြင်းအတွက် သင်က ပိုပြီး အစစ်အမှန်ဖြစ် စေတဲ့အရာတွေက ယေရှုခရစ်တော်၏ ဧဝံဂေလိတရားတော်အပြည့်အစုံ၏ ဝမ်းမြောက်ခြင်းကိုတွေ့ကြုံစေပါတယ်။

ကျွန်တော်ညွှန်ပြလိုတဲ့ တတိယလိုအပ်ချက်ကတော့၊ ဒီနောက်ဆုံး ဧဝံဂေလိသာသနာအတွက် ကိုယ်တော်ရှင် စီရင်ထားတဲ့ ပြောင်းလဲခြင်းလက်နက်၊ မော်မုန်ကျမ်းကို သင့်လျော်စွာအသုံးပြုခြင်းဖြစ်ပါတယ်။ အဲဒါက ဂျိုးဇက်စမစ်ရဲ့ ပရောဖက်ဆိုင်ရာ အမှုတော်ဆောင်တာဝန်၏ စမ်းသပ်နိုင်သော သက်သေခံနဲ့ ယေရှုခရစ်တော်၏ မြင့်မြတ်ခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းတို့ရဲ့ သက်သေခံဖြစ်ပါတယ်။ ကျွန်တော်တို့ကောင်းကင်ဘုံရှင်အဘရဲ့ ရွေးနှုတ်ခြင်းအစီအစဉ်အကြောင်း ပြသခြင်းဟာ မယှဉ်နိုင်တဲ့အရာဖြစ်ပါတယ်။ သင်ဟာ မော်မုန်ကျမ်းကို ဝေငှတဲ့အခါ၊ ပြန်လည်ဆောင်ယူခြင်းကို ဝေငှပါတယ်။

ဂျေဆင်အိုလဆင်ဟာ ဆယ်ကျော်သက်အရွယ်တုန်းက၊ ခရစ်ယာန်တစ်ယောက်ဖြစ်မလာစေဖို့ မိသားစုဝင်တွေနဲ့ အခြားသူများရဲ့ အထပ်ထပ် သတိပေးတာကို ခံခဲ့ရပါတယ်။ ယေရှုခရစ်တော်၏နောက်ပိုင်းကာလသန့်ရှင်းသူများအသင်းတော်မှ အသင်းသားများဖြစ်တဲ့ သူငယ်ချင်းကောင်းနှစ်ယောက်ရှိခဲ့ပါတယ်။ အခြားသူတွေက ယေရှုခရစ်တော်၌ ယုံကြည်ခြင်းကို ဆန့်ကျင်လျက် ဂျေဆင်အပေါ် ငြင်းခုံမှုတွေကို သူ့သူငယ်ချင်း ရှေရာနဲ့ ဒေဗီတို့က တလေးတစားဆန့်ကျင် တုန့်ပြန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့၊ သူတို့က မော်မုန်ကျမ်း တစ်အုပ်ကို ပေးပြီးလို့ပြောကြပါတယ်၊ “ဒီစာအုပ်က မင်းမေးခွန်းတွေကို အဖြေပေးလိမ့်မယ်။ ကျေးဇူးပြု၍ ဖတ်ကြည့်ပါ ။ သူကလည်း အဲဒီကျမ်းကို စိတ်မပါတပါနဲ့ လက်ခံခဲ့ပြီး၊ ကျောပိုးအိတ်ထဲမှာ ထည့်ထားခဲ့တယ်၊ အဲဒီကျမ်းလည်း အိတ်ထဲမှာ လပေါင်းများစွာရှိနေခဲ့တယ်။ သူက အဲဒီစာအုပ်ကို သူ့မိသားစုမြင်နိုင်မယ့် အိမ်မှာ ချန်မထားခဲ့ချင်ဘူး၊ ရှေရာနဲ့ ဒေဗီကိုလည်း စာအုပ်ကိုပြန်ပေးခြင်းဖြင့် စိတ်မပျက်စေချင်ဘူး။ နောက်ဆုံးမှာ၊ သူဟာ အဲဒီကျမ်းကို မီးရှို့ပစ်ဖို့ အဖြေရှာခဲ့တယ်။

တစ်ညမှာ၊ လက်တစ်ဖက်မှာ မီးခြစ်နဲ့၊ အခြားတစ်ဖက်မှာ မော်မုန်ကျမ်းနဲ့၊ သူဟာ စာအုပ်ကို မီးနဲ့တေ့ခါနီးမှာ ငါ့ကျမ်းကို မီးမရှို့နဲ့ လို့ဆိုတဲ့အသံကို သူ့စိတ်ထဲမှာ ကြားလိုက်တယ်။ လန့်ပြီး သူတန့်သွားတယ်။ အဲဒီနောက်၊ သူအသံကို စိတ်ထဲမှာ ထင်ရောင်မိတာဖြစ်မယ်လို့ တွေးပြီး၊ မီးခြစ်ကို ခြစ်ဖို့ တစ်ဖန်ကြိုးစားတယ်။ တစ်ဖန်၊ အသံက သူ့စိတ်ထဲကို ဝင်လာပြန်တယ်၊ မင်းအခန်းကို သွားပြီး ငါ့ကျမ်းကို ဖတ်။ ဂျေဆင်ဟာ မီးခြစ်ကို လွှင့်ပစ်ပြီး၊ သူ့အိပ်ခန်းကို ပြန်သွားခဲ့တယ်၊ မော်မုန်ကျမ်းကို ဖွင့်ပြီး၊ စဖတ်ခဲ့တယ်။ သူဟာ တစ်နေ့ပြီးတစ်နေ့၊ မနက်ခင်းစောစောအချိန်တိုင်းမှာ ဆက်ဖတ်ခဲ့တယ်။ ဂျေဆင်ဟာ အဆုံးကို ရောက်တာနဲ့ ဆုတောင်းခဲ့တယ်၊ သူရေးမှတ်ခဲ့တယ် ကျွန်တော့ဦးခေါင်းထိပ်မှ ခြေဖဝါးအထိ ဝိညာဉ်တော်နဲ့ ပြည့်နေတယ်။ အလင်းအပြည့်အစုံကို ကျွန်တော်ခံစားရတယ်။ ကျွန်တော့်ဘဝမှာ တွေးဖူးသမျှထဲမှာ အရွှင်လန်းအားအရဆုံးဖြစ်တယ်။ သူဟာ ဗတ္တိဇံခံဖို့ ကြိုးစားခဲ့ပြီး၊ နောက်ပိုင်းမှာ သူကိုယ်တိုင်သာသနာပြုတစ်ယောက် ဖြစ်ခဲ့ပါတယ်။

စစ်မှန်သောချစ်ခြင်းနဲ့ ရိုးသားမှု ရှိပေမယ့်လို့ ပြောဆိုခြင်းမရှိဘဲနှင့် ပြန်လည်ဆောင်ယူခြင်း အကြောင်း သတင်းစကားကို ဝေငှဖို့ ကျွန်တော်တို့ရဲ့ အများဆုံး မဟုတ်လျှင်တောင်မှ၊ များစွာသော ဖိတ်ခေါ်ခြင်းတွေဟာ ငြင်းဆိုခံရပါလိမ့်မယ်။ သို့သော်လည်း၊ ဒါကိုတော့ သတိရပါ၊ လူတိုင်းဟာ အဲဒီလိုဖိတ်ခေါ်မှုအတွက် ထိုက်တန်ပါတယ်—ခပ်သိမ်းသောတို့ဟာ ဘုရားသခင်အဖို့ အတူတူပင်ဖြစ်ပါတယ်၁၁ ရလဒ်က ဘာပဲဖြစ်ဖြစ် ကိုယ်တော်ရှင်က ကျွန်တော်တို့ပြုလုပ်တဲ့ အားထုတ်မှုတိုင်းကို ကျေနပ်ပါတယ်၊ ငြင်းဆိုခံရတဲ့ ဖိတ်ခေါ်မှုတစ်ခုဟာ ကျွန်တော်တို့ အသင်းအဖွဲ့ အဆုံးသတ်ဖို့ အကြောင်းပြချက်မဟုတ်ပါဘူး၊ ဒီနေ့မှာ စိတ်ဝင်စားမှု မရှိခြင်းဟာ အနာဂတ်နေ့အချို့မှာ စိတ်ဝင်စားစရာအဖြစ် ကောင်းကောင်းပြောင်းသွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ရဲ့ချစ်ခြင်းက တည်မြဲပါတယ်။

ပြန်လည်ပြင်ဆင်မှုတွင် ပြင်းထန်စွာ စစ်ဆေးခြင်းနှင့်စွန့်လွှတ်ခြင်းများဖြစ်ပေါ်လာမည်ကို ကျွန်တော်တို့မေ့လို့မရပါဘူး။ အခြားနေ့ အတွက်အဓိကအရာဖြစ်ပါတယ်။ ယနေ့အထင်ရှားဆုံးထဲကတစ်ခုဖြစ်သော ကောင်းကင်နှင့် မြေကြီးတဖန်ပေါင်းစီးခြင်းဖြစ်တဲ့ ပြန်လည်ဆောင်ယူခြင်းအသီး​အပွင့် တွေမှာ ကျွန်တော်တို့ဝမ်းမြောက်နိုင်ပါတယ်။၁၂ လွန်ခဲ့သောနှစ်ပေါင်းများစွာ ကဥက္ကဌ ကော်ဒန် ဘီ ဟင်ဂလီသည်မြင့်မြတ်သောယဇ်ပရောဟိတ်အခွင့်အာဏာနှင့် မိသားစုထာဝရအတူပေါင်းစည်းမှုပြုလုပ်ခြင်းသည် ပြန်လည်ဆောင်ယူခြင်း၏ ဝမ်းနည်းမှု၊ ဝေဒနာဒုက္ခ နှင့်နာကျင်မှုများထက် သာ၍ထိုက်တန်မှုအရှိဆုံးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။၁၃

ပြန်လည်ဆောင်ယူခြင်းရဲ့ ကတိကတော့ ယေရှုခရစ်တော်အားဖြင့် ရွေးနှုတ်ခြင်းဖြစ်ပါတယ်။ ယေရှုခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းဟာ၊ တကယ်တော့၊ သူ့ဆီကိုလာမယ့်သူခပ်သိမ်းကို ရွေးနှုတ်ဖို့—သူတို့ကို ဝမ်းနည်းခြင်းမှ၊ တရားမမျှတခြင်းမှ၊ အပြစ်မှ၊ ပြီးတော့ သေခြင်းမှပင် ရွေးနှုတ်ဖို့ သူ့မှာ တန်ခိုးရှိကြောင်း သက်သေပြချက်ဖြစ်ပါတယ်။ ဒီနေ့ဟာထန်းတနင်္ဂနွေနေ့ဖြစ်ပါတယ်၊ ဒီနေ့ကနေ တစ်ပတ်ရှိလျှင် အီစတာနေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အပြစ်များကို ဖြေလွှတ်ဖို့ ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းနဲ့ သေခြင်းကို ကျွန်တော်တို့ သတိရကြ၊ အမြဲသတိရကြပါတယ်၊ ပြီးတော့ အဲဒီအံ့ဩဖွယ်အကောင်းဆုံးတနင်္ဂနွေနေ့တွေကို၊ ကိုယ်တော်ရှင်ရဲ့နေ့၊ သေခြင်းမှ သူထမြောက်ရာနေ့အဖြစ် ကျွန်တော်တို့ ကျင်းပကြပါတယ်။ ယေရှုခရစ်တော်၏ရှင်ပြန်ထမြေက်ခြင်းကြောင့်၊ ပြန်လည်ဆောင်ယူခြင်းမှာ အဓိပ္ပာယ်ရှိပါတယ်၊ ကျွန်တော်တို့ဘဝတွေမှာ အဓိပ္ပာယ်ရှိပါတယ်၊ ပြီးတော့ အရေးအကြီးဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုမှာ အဓိပ္ပာယ်ရှိပါတယ်။

ဂျိုးဇက်စမစ်၊ ပြန်လည်ဆောင်ယူခြင်းရဲ့ ကြီးစွာသောပရောဖက်က ရှင်ပြန်ထမြောက်ခဲ့သော၊ အသက်ရှင်သောခရစ်တော်အကြောင်း ကျွန်တော်တို့ခေတ်အတွက် ထိရောက်သော သက်သေခံချက်ကို ပေးပါတယ်။ ဘုရားသခင်၏လက်ယာမှာ သူအားကျွန်တော်တို့မြင်တွေ့နိုင်ပါတယ်။၁၄ နာဇရက်မြို့သား ယေရှုဟာ ကတိတော်လာ မေရှိယ၊ ဘုရားသခင်၏တစ်ပါးတည်းသောသားတော်၊ ပြီးတော့ ခပ်သိမ်းသောလူသားတို့အတွက် ရှင်ပြန်ထမြောက်သော ရွေးနှုတ်ရှင် ဖြစ်တဲ့အကြောင်း၊ ဂျိုးဇက်ရဲ့ သက်သေခံချက်အပေါ်၊ ပြီးတော့ သူ့ရှေ့မှ ခပ်သိမ်းသော တမန်တော်များနဲ့ ပရောဖက်များ၊ သူ့နောက်မှ ရှိခဲ့တဲ့ ခပ်သိမ်းသော တမန်တော်များနဲ့ ပရောဖက်များရဲ့ သက်သေခံချက် အပေါ် ကျွန်တော့်ရဲ့ သက်သေကို နှိမ့်ချစွာ ထပ်ပေါင်းလိုက်ပါတယ်။

“ပြန်လည်ဆောင်ယူခြင်းသတင်းစကားကို ဆုတောင်းခြင်းထက်သန်စွာနဲ့ လေ့လာပြီး၊ ယုံကြည်ခြင်းနဲ့ဆောင်ရွက်သူတွေဟာ၊ အဲဒီသတင်းရဲ့ မြင့်မြတ်ခြင်းအကြောင်းနဲ့ ကတိပေးထားတဲ့ ကျွန်တော်တို့ကယ်တင်ရှင်၊ ယေရှုခရစ်တော်ရဲ့ ဒုတိယအကြိမ်ကြွလာတော်မူခြင်းအတွက် လောကကိုပြင်ဆင်ဖို့ ရည်ရွယ်ချက်အကြောင်း သူတို့ရဲ့ ကိုယ်ပိုင်သက်သေကို ရရှိဖို့ ကောင်းချီးခံစားရမယ်ဆိုတဲ့ အဲဒီကြေညာချက်ကို ကျွန်တော်တို့ အတည်ပြုပါတယ်။”၁၅ ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းက သူ့ရဲ့ ကတိတော်တွေကို သေချာစေပါတယ်။ ယေရှုခရစ်တော်၏နာမတော်အောက်၌၊ အာမင်။