ကျမ်းစာများ
၃ နီဖိုင်း ၃၀


အခန်းကြီး ၃၀

နောက်ပိုင်း​ကာလ​တပါး​အမျိုးသားတို့သည် နောင်တ​ရ၍၊ ခရစ်တော်​ထံသို့​လာပြီးလျှင်၊ ဣသရေလ​အမျိုးသားတို့နှင့်​အတူ ရေတွက်​ခံရရန် မိန့်တော်မူခြင်းကို ခံရကြ၏။ အေဒီ ၃၄–၃၅ ခန့်။

စေ့စေ့နားထောင်ကြလော့၊ အို တပါး​အမျိုးသားတို့၊ သင်တို့နှင့်​စပ်လျဉ်း၍ ငါ​ပြော​ပြရမည့်​အကြောင်း၊ မိန့်တော်မူ​လေသော​သူတည်း​ဟူသော ယေရှု​ခရစ်တော်၊ အသက်​ရှင်​တော်မူသည့် ဘုရားသခင့်​သားတော်၏ နှုတ်ကပတ်တော်တို့ကို ကြားနာကြလော့။ အကြောင်း​မူကား၊ ငါ​ရေးရမည့်​အကြောင်း သူ​မိန့်​တော်မူ​လေသည်မှာ၊

ခပ်သိမ်းသော အသင်​တပါး​အမျိုးသား​တို့၊ သင်တို့၏ ဆိုးညစ်သော​လမ်းတို့ကို ကျောခိုင်း ကြလော့။ ထို့အတူ၊ သင်တို့၏ဆိုးသော​အမှုများမှ၊ သင်တို့၏​မုသား​ပြောခြင်းနှင့် လှည့်​စားခြင်းများမှ၊ ထို့အတူ သင်တို့၏ မတရားသော​မေထုန်​အမှုများမှ၊ ထို့အတူ သင်တို့၏​လျှို့​ဝှက်သော စက်ဆုပ်​ရွံရှာဖွယ်​အမှုများမှ၊ ထို့အတူ သင်တို့၏​ရုပ်တု​ကိုးကွယ်ခြင်းများ၊ ထို့အတူ သင်တို့၏​လူ့​အသက်​သတ်ခြင်းများမှ၊ ထို့အတူ သင်တို့​၏ဘာသာ​ရေးဖြင့်​ကိုယ်​ကျိုး​ရှာခြင်းများ၊ ထို့အတူ သင်တို့၏​ဂုဏ်ပြိုင်ခြင်းများ၊ ထို့အတူ သင်တို့​၏ရန်တွေ့ခြင်းများ၊ ထို့အတူ သင်တို့၏​ဆိုးညစ်ခြင်း​ခပ်သိမ်းနှင့် စက်ဆုပ်​ရွံရှာဖွယ်​အမှုများမှ နောင်တ​ရကြလော့။ ထို့အတူ ငါ့ထံသို့ လာကြလော့။ ထို့အတူ ငါ၏​နာမတော်၌ ဗတ္တိဇံ​ခံကြလော့။ သင်တို့၏​အပြစ်များမှ​လွှတ်ခြင်း​အခွင့်ကို ရ​ရှိနိုင်ကြ​စေကြောင်း၊ ထို့အတူ၊ သန့်ရှင်းသော​ဝိညာဉ်တော်နှင့် ပြည့်ကြ​စေကြောင်း၊ ဣသရေလ​အမျိုးသားများ​ဖြစ်သည့် ငါ၏​လူမျိုးတို့နှင့်​အတူ ရေတွက်​ခံ​ရနိုင်ကြ​စေကြောင်းတို့ပင်​တည်း။