ကျမ်းစာများ
အယ်လမာ ၄၉


အခန်းကြီး ၄၉

ကျူးကျော်တိုက်ခိုက်သော လာမန်အမျိုးသားတို့သည် အင်အားခိုင်မာအောင်ပြုထားသော အမ္မုန်နိဟမြို့နှင့် နောဧမြို့တို့ကို သိမ်းယူရန် မတတ်နိုင်ဘဲရှိ၏—အာမလိခိယသည် ဘုရားသခင်ကို ကျိန်ဆဲလျက်၊ မော်ရော်နိုင်း၏အသွေးကို သောက်ခြင်းငှာ ကျိန်ဆို၏—ဟေလမန်နှင့် သူ၏ညီအစ်ကိုတို့သည် အသင်းတော်ကို ဆက်၍ခွန်အားဖြည့်ပေးကြ၏။ ဘီစီ ၇၂ ခန့်။

ယခုတွင်၊ အချိန်တန်​လာသော​အခါ၊ တစ်ဆယ်ကိုး​နှစ်မြောက်​နှစ်၏၊ တစ်ဆယ်တစ်လ တစ်ဆယ်ရက်​မြောက်နေ့တွင်၊ အမ္မုန်နိဟ​ပြည်ဆီသို့ လာမန်​အမျိုးသားတို့၏​တပ်များ ချဉ်းကပ်​လာလေသည်ကို မြင်ရလေ၏။

ရှုဦးလော့၊ မြို့ကို ပြန်လည်​တည်ဆောက်လေ၏၊ မော်ရော်နိုင်းသည်လည်း မြို့၏​နယ်နိမိတ်​အနီး၌ တပ်​တစ်တပ်ကို နေရာ​ချထား၏။ သူတို့​ကိုယ်ကို လာမန်​အမျိုးသားတို့၏ မြားများနှင့် ကျောက်ခဲတို့မှ ကာကွယ်ခြင်းငှာ၊ ပတ်ပတ်လည်၌ မြေကြီးတို့ကို စုပုံလေ၏။ အကြောင်းမူကား၊ ရှုလော့၊ ထိုသူတို့သည် ကျောက်ခဲများဖြင့်​လည်းကောင်း၊ မြားတို့ဖြင့်​လည်းကောင်း တိုက်ခိုက်ကြ၏။

ရှုလော့၊ အမ္မုန်နိဟ​မြို့ကို ပြန်လည်​တည်ဆောက်လေကြောင်း ငါပြော​ပြ၏။ ထိုမှတစ်ပါး၊ ငါ​ဆိုသည်ကား၊ ထိုမြို့ကို တစ်စိတ်​တစ်ပိုင်းမျှသာ ပြန်လည်​တည်ဆောက်​ထားလေ၏။ လာမန်​အမျိုးသားတို့သည် ထိုမြို့ကို လူတို့၏​ဒုစရိုက်ကြောင့် တစ်ကြိမ်​ဖျက်ဆီး​ခဲ့လေပြီ​ဖြစ်၍၊ သူတို့​အတွက် ဖမ်းဖို့​လွယ်ကူသော​သားကောင်​တစ်ကောင် တစ်ဖန်​ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ကြ၏။

သို့ရာတွင်၊ ရှုလော့၊ သူတို့၏​စိတ်ပျက်ခြင်းမှာ အလွန်​ကြီးမားလှလေပြီ။ အကြောင်းမူကား၊ ရှုလော့၊ နီဖိုင်း​အမျိုးသားတို့က သူတို့​ပတ်ပတ်လည်၌ အလွန်​မြင့်သည့် မြေကြီး​တာရိုးကို တူး၍​တည်ဆောက်လေသဖြင့်၊ လာမန်​အမျိုးသားတို့သည် ကျောက်ခဲများနှင့် မြားတို့ဖြင့် ထိရောက်အောင်​မပစ်နိုင်ကြ။ သူတို့၏​တံခါး​ပေါက်နေရာ​မှတစ်ပါး၊ လာလည်း​မလာနိုင်ကြ။

ယခု​အကြိမ်တွင်၊ လာမန်​အမျိုးသားတို့၏​ဗိုလ်ချုပ်မင်းတို့သည် နီဖိုင်း​အမျိုးသားတို့၏ လုံခြုံရာ​နေရာတို့ကို​ပြင်ဆင်သော​ဉာဏ်ပညာကြောင့် လွန်စွာ​အံ့ဩလေ၏။

ယခုတွင်၊ လာမန်အမျိုးသားတို့၏​ခေါင်းဆောင်တို့သည် သူတို့​အရေ​အတွက် များလှခြင်းကြောင့်၊ ထင်မှတ်လေသည်မှာ၊ အထူးသဖြင့်၊ ယခင်က​ပြုလေသကဲ့သို့ပင်၊ လာ၍​တိုက်ခိုက်ရန် အထူးအခွင့်​အရေး​ရရှိလိမ့်မည်ဟု ထင်မှတ်ကြ၏။ ထိုမှတစ်ပါး၊ သူတို့​ကိုယ်ကို ဒိုင်းများဖြင့်​လည်းကောင်း၊ ရင်အုပ်​တန်ဆာများဖြင့်​လည်းကောင်း ပြင်ဆင်လေ၏။ ထို့အတူ၊ သူတို့​ကိုယ်ကို သားရေ​အဝတ်တန်ဆာများ၊ အမှန်စင်စစ်၊ အဝတ်​မရှိခြင်းကို​ဖုံးခြင်းငှာ အလွန်​ထူသော​အဝတ်တန်ဆာများဖြင့်လည်း ပြင်ဆင်ကြ၏။

ထိုကဲ့သို့​ပြင်ဆင်ခဲ့ခြင်း​ရှိ၍၊ သူတို့​ညီအစ်ကိုများကို လွယ်ကူစွာ​အနိုင်ရလျက်၊ ကျွန်ခံရာ​ထမ်းပိုးဖြင့်​လွှမ်းမိုးကြ၊ သို့မဟုတ်၊ သူတို့​အလို​ဆန္ဒ​အတိုင်း၊ ကွပ်မျက်လျက် သိမ်းရုံး​သတ်ဖြတ်ရ​လိမ့််မည်ဟု ထင်​မှတ်ကြ၏။

သို့ရာတွင်၊ ရှုလော့၊ သူတို့​အကြွင်းမဲ့ အံ့ဩသည်မှာ၊ လေဟိ၏​သားမြေးတို့၌ မသိခဲ့​ရဖူးလေသည့် နည်းလမ်းဖြင့် သူတို့​တစ်ဖက်တွင် ပြင်ဆင်လေခြင်းပေတည်း။ ယခုတွင်၊ သူတို့သည် လာမန်​အမျိုးသားတို့​တစ်ဖက်၌ မော်ရော်နိုင်း၏​သွန်သင်ခြင်းများ​အတိုင်း စစ်တိုက်ရန် ပြင်ဆင်လေ၏။

ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ စစ်တိုက်ခြင်း​အတွက်​သူတို့၏​ပြင်ဆင်ရာ​နည်းလမ်းကို လာမန်​အမျိုးသားတို့ကသော်​လည်းကောင်း၊ အာမလိခိယ​အမျိုးသားတို့ကသော်​လည်းကောင်း လွန်စွာ​အံ့ဩ​ရ၏။

၁၀ ယခုတွင်၊ အာမလိခိယ​မင်းကြီးသည် သူ၏​တပ်ဦးမှ​နေ၍ နီဖိုင်း​ပြည်မှ ဆင်းလာလေလျှင်၊ အမ္မုန်နိဟ​မြို့တွင်၊ လာမန်​အမျိုးသားတို့ကို၊ နိဖိုင်း​အမျိုးသားတို့အား တိုက်ခိုက်ကောင်း၊ တိုက်ခိုက်​စေလိမ့်မည်။ အကြောင်းမူကား၊ ရှုလော့၊ သူ့​လူမျိုးတို့​၏အသွေးကို ဂရုစိုက်ခြင်း​မရှိ။

၁၁ သို့ရာတွင်၊ ရှုလော့၊ အာမလိခိယသည် တိုက်ပွဲသို့ သူကိုယ်တိုင် ဆင်းမလာပေ။ ရှုဦးလော့၊ သူ၏​ဗိုလ်ချုပ်မင်းတို့သည် အမ္မုန်နိဟ​မြို့တွင် နီဖိုင်း​အမျိုးသားတို့ကို မတိုက်ခိုက်ဝံ့ကြ။ အကြောင်းမူကား၊ နီဖိုင်း​အမျိုးသားတို့၌ အမှု​အမျိုးမျိုး၏ ပြုမူ​ကျင့်ကြံပုံကို မော်ရော်နိုင်းက ပြောင်းလဲ​လေသဖြင့်၊ လာမန်​အမျိုးသားတို့သည် သူတို့၏​ဆုတ်ခွာရာ​နေရာတို့၌ စိတ်ပျက်၍၊ လာ​မတိုက်​ခိုက်နိုင်ကြ။

၁၂ ထို့ကြောင့်၊ သူတို့သည် တောရိုင်းထဲသို့ ဆုတ်ခွာကြ၏၊ သူတို့၏​ရိက္ခာတပ်ကို​ခေါ်၍၊ နောဧ​ပြည်ဆီသို့၊ နီဖိုင်း​အမျိုးသားတို့ကို ဆန့်ကျင်​တိုက်ခိုက်ရန် သူတို့​အတွက် ဒုတိယ​အကောင်းဆုံး​နေရာ​ဖြစ်မည်ဟု ထင်မှတ်လျက်၊ ချီတက်ကြ၏။

၁၃ အကြောင်းမူကား၊ မော်ရော်နိုင်းက အင်အား​ခိုင်မာစေ​ခဲ့လေကြောင်း၊ သို့မဟုတ်၊ ထိုပြည်​ပတ်ဝန်းကျင်​တစ်ခုလုံး​ရှိမြို့တိုင်း​အတွက် လုံခြုံရာ​ခံတပ်များ တည်ဆောက်ခဲ့​လေကြောင်းကို သူတို့​သိခြင်း​မရှိ။ ထို့ကြောင့်၊ သူတို့သည် ခိုင်မာသော​သန္နိဌာန်ဖြင့် နောဧပြည်သို့​ဆက်၍ ချီတက်ကြ၏။ အမှန်စင်စစ်၊ သူတို့၏​ဗိုလ်ချုပ်မင်းတို့သည် ရှေ့သို့​တက်လာ၍၊ ထိုမြို့မှ​လူတို့ကို ဖျက်ဆီးမည့်​အကြောင်း ကျိန်​ဆိုကြ၏။

၁၄ သို့ရာတွင်၊ ရှုလော့၊ သူတို့​အံ့ဩသည်မှာ၊ ယခင်က အားနည်းသော​နေရာ​ဖြစ်ဖူးလေသည့် နောဧမြို့သည် ယခုတွင်၊ မော်ရော်နိုင်းကြောင့်၊ အားကြီး​လာခြင်းပေတည်း၊ အမှန်စင်စစ်၊ အမ္မုန်နိဟ​မြို့၏​အင်အား​ထက်ပင် သာလွန်လေ၏။

၁၅ ယခုမူကား၊ ရှုလော့၊ ဤအမှုမှာ မော်ရော်နိုင်း၏​ဉာဏ်ပညာ ဖြစ်၏။ အကြောင်းမူကား၊ သူတို့သည် အမ္မုန်နိဟ​မြို့ ၌ ကြောက်လန့်ခဲ့​လိမ့်မည့်​အကြောင်းကို သူ​တွေးမြင်ခဲ့​လေ၏။ ထို့အတူ၊ နောဧမြို့​သည်လည်း ယခင်က ထိုပြည်၏​အားအနည်းဆုံးသော​အရပ် ဖြစ်ဖူးလေသော​ကြောင့်၊ ထိုအရပ်သို့ စစ်တိုက်ရန် သူတို့​ချီတက်လိမ့်မည်။ ထိုကဲ့သို့​အားဖြင့်၊ ဤအမှုများသည် သူ၏​အလို​ဆန္ဒများ​အတိုင်း ဖြစ်လေ၏။

၁၆ ရှုဦးလော့၊ မော်ရော်နိုင်းသည် လေဟိကို ထိုမြို​ရှိလူတို့​အပေါ်မှာ ဗိုလ်ချုပ်မင်း​အဖြစ် ခန့်အပ်ထားလေ၏။ ထိုသူ​သည်ကား၊ ဇိဒုန်​မြစ်၏​အရှေ့​ဘက်ရှိ​ချိုင့်ဝှမ်း၌ လာမန်​အမျိုးသားတို့နှင့် တိုက်ခိုက်ခဲ့သော​လေဟိပင်တည်း။

၁၇ ယခုမူကား၊ ရှုလော့၊ အချိန်တန်​လာသော​အခါ၊ လေဟိက ထိုမြို့ကို ကွပ်ကဲ​အုပ်ချုပ်သည်ကို လာမန်​အမျိုးသားတို့ တွေ့​ရှိလေလျှင်၊ သူတို့​တစ်ဖန်​စိတ်ပျက်လေ၏။ အကြောင်းမူကား၊ သူတို့သည် လေဟိကို လွန်စွာ​ကြောက်ရွံ့၏။ သို့သော်လည်း၊ သူတို့၏​ဗိုလ်ချုပ်မင်းတို့သည် ထိုမြို့ကို တိုက်ခိုက်ရန် ကျိန်ဆိုခြင်းဖြင့် ကျိန်ခဲ့ပြီ။ ထို့ကြောင့်၊ သူတို့၏​တပ်များကို ခေါ်ဆောင်ခဲ့​ကြ၏။

၁၈ ယခုတွင်၊ ရှုလော့၊ စုပုံ​ထားလေသော​တာရိုး၏​မြင့်ခြင်းနှင့်၊ ပတ်လည်၌ တူး​ထားလေသော​ကျုံး၏​အနက်ကြောင့်၊ လာမန်​အမျိုးသားတို့သည် တံခါး​ပေါက်နေရာ​မှတစ်ပါး၊ သူတို့၏​လုံခြုံရာ​ခံတပ်ထဲသို့ တံခါး​ပေါက်နေရာမှ​ဝင်ခြင်း​မှတစ်ပါး၊ အခြား​အဘယ်​လမ်းဖြင့်မျှ၊ မဝင်​ရောက်နိုင်ကြ။

၁၉ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်း​အမျိုးသားတို့သည် ခံတပ်သို့​အခြား​အဘယ်လမ်းဖြင့်​မဆို ဝင်ပြီး တက်လာရန် အားထုတ်သော​သူမှန်သမျှ​အပေါ်သို့ ကျောက်ခဲ၊ မြားတို့ဖြင့် ပစ်ခြင်းဖြင့် ဖျက်ဆီးခြင်းငှာ ပြင်ဆင်ခဲ့လေ၏။

၂၀ သူတို့သည် ထိုကဲသို့အားဖြင့်၊ အထူးသဖြင့်၊ သူတို့၏​အား​အကြီးဆုံးသော​သူများ​ပါဝင်သည့် အဖွဲ့​တစ်ဖွဲ့သည် သူတို့၏​ဓားများနှင့် သူတို့၏​လောက်လွှဲတို့ဖြင့်​ပြင်ဆင်လျက်၊ သူတို့၏​လုံခြုံရာ​နေရာထဲသို့ တံခါး​ပေါက်နေရာမှ ဝင်လာရန် အားထုတ်သူ​မှန်သမျှကို တိုက်ချခြင်းငှာဖြစ်လေ၏။ ထိုကဲ့သို့​အားဖြင့်၊ သူတို့သည် လာမန်​အမျိုးသားတို့​တစ်ဖက်၌ သူတို့ကိုယ်ကို ကာကွယ်ရန် ပြင်ဆင်လေ၏။

၂၁ ဤသို့အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့၏ ဗိုလ်ချုပ်တို့သည် တံခါး​ပေါက်နေရာရှေ့သို့ သူတို့​တပ်များကို ဦးဆောင်၍၊ နီဖိုင်း​အမျိုးသားတို့ကို တိုက်ခိုက်​ရန်၊ သူတို့၏လုံခြုံရာနေရာထဲသို့ ဝင်ရန် အစပြုကြ၏။ သို့ရာတွင်၊ ရှုလော့၊ အချိန်နှင့်အမျှ ပြန်၍​မောင်းထုတ်​ခံရသဖြင့်၊ ကြီးစွာသော​သိမ်းရုံး​သတ်ဖြတ်ခြင်းဖြင့် ကွပ်မျက် ခံရကြလေ၏။

၂၂ ယခုတွင်၊ သူတို့သည် ထိုလမ်းကြောင်း​အားဖြင့် နီဖိုင်း​အမျိုးသားတို့ကို အနိုင်​မရနိုင်ကြောင်း၊ တွေ့ရှိလျှင်၊ သူတို့​တပ်များ​အတွက် လမ်းကြောင်း​ရရှိနိုင်​စေခြင်းငှာ​လည်းကောင်း၊ တိုက်ခိုက်ရန် တူညီသော​အခွင့်အလမ်း ရရှိနိုင်​စေခြင်းငှာ​လည်းကောင်း သူတို့၏​မြေကတုတ်များကို တူးဖြို​စပြု၏။ သို့ရာတွင်၊ ရှုလော့၊ ဤသို့ ကြိုးစား​အားထုတ်ရာတွင်၊ သူတို့ကို ပစ်လေသည့် ကျောက်ခဲများနှင့်၊ မြားတို့အားဖြင့် ပယ်ရှင်း​ခံရလေ၏။ မြေကတုတ်ကို ဖြိုချခြင်း​အားဖြင့်၊ တွင်းများကို ဖို့ခြင်း​အစား၊ သူတို့၏​အသေကောင်​အချို့နှင့် ဒဏ်ရာ​ရသောကိုယ်တို့ဖြင့် ပြည့်လေ၏။

၂၃ ထိုကဲ့သို့အားဖြင့်၊ နီဖိုင်း​အမျိုးသားတို့သည် သူတို့​ရန်သူများကို လုံးဝ​အနိုင်​ရလေ၏။ ထိုကဲ့သို့​အားဖြင့်၊ လာမန်​အမျိုးသားတို့သည် သူတို့​ဗိုလ်ချုပ်မင်း​ခပ်သိမ်းတို့ ကွပ်မျက်​ခံရလေသည့်​တိုင်အောင်ပင် နီဖိုင်း​အမျိုးသားတို့ကို ဖျက်ဆီးရန် ကြိုးစား​အားထုတ်ကြ၏။ ထိုမှတစ်ပါး၊ လာမန်​အမျိုးသား​တစ်ထောင်ကျော် အကွပ်​မျက်​ခံရလေ၏။ အခြား​တစ်ဖက်တွင်မူကား၊ နီဖိုင်း​အမျိုးသားတို့​အထဲ၌ ကွပ်မျက်​ခံရလေသူ တစ်ဦးမျှ​မရှိ။

၂၄ လမ်းကြောင်းကို ဖြတ်လာသော လာမန်​အမျိုးသားတို့၏​မြားများဆီသို့ ရင်ဆိုင်လေသည့်၊ ဒဏ်ရာ​ရလေသူ အယောက်​ငါးဆယ်ခန့် ရှိလေ၏။ သို့ရာတွင်၊ သူတို့​ဒိုင်းများ၊ သူတို့​ရင်အုပ်​တန်ဆာများ၊ သူတို့​ဦးခေါင်း​တန်ဆာများဖြင့် ကာကွယ်​ထားလေသဖြင့်၊ သူတို့​ဒဏ်ရာများမှာ သူတို့​ခြေထောက်များ၌ ရရှိလျက်၊ ၎င်းတို့မှ များစွာတို့သည် အလွန်​ပြင်းထန်၏။

၂၅ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ လာမန်​အမျိုးသားတို့သည် သူတို့​ဗိုလ်ချုပ်မင်း​ခပ်သိမ်းတို့ ကွပ်မျက်​ခံရလေသည်ကို တွေ့မြင်​ရလေလျှင်၊ တောရိုင်းထဲသို့ ထွက်​ပြေးသွားကြ၏။ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူတို့၏​ကြီးစွာသော ဆုံးရှုံးခြင်း​အကြောင်းကို နီဖိုင်း​အမျိုးသား​ဇာတိ​ဖြစ်သူ၊ သူတို့​မင်းကြီး အာမလိခိယအား ပြောပြခြင်းငှာ၊ နီဖိုင်း​ပြည်သို့ ပြန်လာကြ၏။

၂၆ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ သူသည်လည်း နီဖိုင်း​အမျိုးသားတို့​အပေါ်၌ သူ့​အလို​ဆန္ဒ​မပြည့်လေသောကြောင့်​လည်းကောင်း၊ သူတို့ကို ကျွန်ခံရာ​ထမ်းပိုးသို့ လွှမ်းမိုးခြင်း​မပြုရလေသောကြောင့်​လည်းကောင်း သူ့လူများကို လွန်စွာ​အမျက်​ထွက်၏။

၂၇ ထိုမှတစ်ပါး၊ သူသည် လွန်စွာ​အမျက်​ထွက်၍၊ ဘုရားသခင်ကို ကျိန်ဆဲ၏၊ မော်ရော်နိုင်း​ကို​လည်း သူ့​အသွေးကို သောက်မည့်​အကြောင်း ကျိန်ဆိုခြင်းဖြင့် ကျိန်၏။ ဤသို့​ပြုသည်မှာ၊ မော်ရော်နိုင်းသည် သူ့​လူမျိုးတို့​ဘေးလွတ်ရာ​အတွက် ပြင်ဆင်ရာ၌ ဘုရားသခင်၏​ပညတ်တော်များကို စောင့်ထိန်း​လေသောကြောင့်​ပေတည်း။

၂၈ ဤသို့​အားဖြင့်​အချိန်တန်​လာသော​အခါ၊ အခြား​တစ်ဖက်တွင်၊ နီဖိုင်း​လူမျိုးတို့သည်သူတို့​ဘုရားသခင်​ကိုယ်တော်ရှင်ကို ကျေးဇူးတော်​ချီးမွမ်းကြ၏၊ သူတို့ကို ရန်သူများ​လက်မှ ကယ်လွှတ်​တော်မူရာ၌၊ သူ၏​အတု​မရှိသော​တန်ခိုးတော်ကြောင့်ပေတည်း။

၂၉ ထိုကဲ့သို့​အားဖြင့်၊ နီဖိုင်း​လူမျိုးတို့​အပေါ် တရား​သူကြီးများ​အုပ်စိုးခြင်း တစ်ဆယ်ကိုး​နှစ်မြောက် ပြီးဆုံး၏။

၃၀ ထိုမှတစ်ပါး၊ ဟေလမန်၊ ရှိဗလုန်၊ ကော်ရန်တန်၊ အမ္မုန်နှင့် သူ၏​ညီအစ်ကိုတို့​အားဖြင့်​လည်းကောင်း၊ ဘုရားသခင်၏​သန့်ရှင်းသော​အသင်း​အားဖြင့် ခန့်ထား​ခံရလျက်၊ နောင်တရခြင်း အလို့ငှာ၊ ဗတ္တိဇံ​ခံလျက်၊ လူတို့၌ ဟောပြော​စေခြင်းငှာ စေလွှတ်​ခံရသော​သူခပ်သိမ်းတို့​အားဖြင့်​လည်းကောင်း သူတို့ထံသို့ ဟောကြားလေသည့် ဘုရားသခင်၏​နှုတ်ကပတ်တော်​အပေါ်​ထားသည့် ပမာဏပြုခြင်းနှင့် လုံ့လဝီရိယတို့ကြောင့်၊ သူတို့၌ အဆက်​မပြတ်ငြိမ်းချမ်းခြင်း​ရှိလျက်၊ အသင်းတော်ထဲ၌ အလွန်​ကြီးစွာသော အောင်မြင်ခြင်း​ရှိလေ​သတည်း။